Pages

Subscribe:

Ads 468x60px

Saturday, January 7, 2012

စိတ်ကြည်လင်စေဖို့ အကောင်းဆုံး Website များ



ယနေ့ခေတ်ကြီးဟာ ပြိုင်ဆိုင်မှုခေတ် (Hyper Competition Age)ကြီး ဖြစ်တာနဲ့အညီ လူတိုင်းလူတိုင်းဟာ နေ့စဉ်ဘ၀၊ နေ့စဉ်လုပ်ငန်းခွင်တွေမှာ စိတ်ဖိစီးမှု (Pressures) များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို များမြှောင်လှတဲ့ လူမှုကိစ္စတွေကြားမှာ မိမိတို့ရဲ့ စိတ်ကို ခေတ္တအနားပေးလိုကြသူတွေအတွက် ဒီတစ်လ Internet Travelling ကဏ္ဍမှာ ကမ္ဘာ့အကောင်းဆုံး Fresh Mind Websites လေးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကဲ ကိုယ့်ရဲ့စိတ်တွေကို Fresh-up လုပ်လိုက်ကြရအောင်။
www.ahajokes.com
ဟာသအတိုအထွာလေးတွေ အားတက်စရာ အဆို အမိန့်လေးတွေ၊ Funny Photo လေးတွေ၊ တိရိစ္ဆာန်တွေ၊ ကလေး လေးတွေရဲ့ ချစ်စဖွယ်အသံလေးတွေကို ကြည့်ရှုနားဆင်နိုင်ကြ မယ့် ကမ္ဘာ့အကောင်းဆုံး website ပါ။ ဥပမာ- IBM ရဲ့ Chairman Thomcs Waston ရဲ့ ၁၉၄၃ ခုနှစ်က ဟာသအမြောက်ဆုံး ခုလို Quotation လေးတွေကိုလည်း ရယ်ရွှင်သုတဖြစ်ဖွယ် ဖတ်ရှု ကြရမှာပါ။

www.pankplace.com
ဒီ site လေးမှာတော့ သားသားမီးမီးနဲ့ ချစ်သူတွေကို ချစ်စရာထူးဆန်းတဲ့ အရုပ်ကလေးတွေကို ပေးဖို့ ၀ယ်ယူနိုင် ပါတယ်။ ဒီဆိုက်ပေါ်မှာရှိတဲ့ အရုပ်အားလုံးဟာ သာမန်ရိုးရိုး အရုပ်မဟုတ်ပဲ ဟာသ Funny Idea တစ်ခုခုနဲ့ လုပ်ထားတဲ့အရုပ် တွေချည်းပါပဲ။ ဒီကနေ လှမ်းမ၀ယ်နိုင်ပေမယ့်ဝင်ပြီး ကြည့်ရှု ရယ်မောနိုင်ကြပါတယ်။
Freefunpages.com
စိတ်ကြည်နူးရယ်ရွှင်ဖွယ် Fun Pictures တွေ၊ Funny animations တွေကို တ၀ကြီး ကြည့်ရှုခံစားနိုင်ကြ မှာပါ။ ဒါ့အပြင် စိတ်ကြည်နူးဖွယ်၊ စိတ်ဓာတ်တက်ြွက ခွန်အားဖြစ်ဖွယ် ကဗျာလေးတွေကိုလည်း ဖတ်ရှုခံစားနိုင် တာမို့၊ ကိုယ်ဖတ်ပြီးရင်လည်း ကိုယ့်ရဲ့ချစ်သူခင်သူ ဖတ်စေ ချင်သူတွေကို ဝေမျှပေးနိုင်ပါသေးတယ်။ ဥပမာ ဒီလို ကဗျာလေးတွေဆို ကိုယ့်ကောင်မလေးဆီ Forward လုပ်ပေးလိုက်ရင် တော်တော်အမှတ်တရ ဖြစ်စေမှာပါ။
www.123Opticalillusions.com
ဒီ site မှာတော့ အမြင်အာရုံကို အမျိုးမျိုး လှည့်စားထားတဲ့ 2D, 3D ရုပ်ပုံတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ်။ ဘ၀မှာ အဆင်မပြေမှုတွေကို ချွေးသိပ်ဖို့ ပျော်ရွှင် စရာလေးတွေ ဖန်တီးပြီး ရယ်မောပျော်ရွှင်နိုင်ဖို့နဲ့ သိပ်စိတ် ညစ်နေတဲ့အခါ ဒီပုံလေးတွေကို ကြည့်ပြီးခေါင်းစားလိုက် တော့ စိတ်ထွက်ပေါက်လေးတစ်ခု ရတာပေါ့။
www.funofun.com
ဒီ site မှာလည်း ရယ်ရွှင်ဖွယ်မျိုးစုံ စိတ်ကြည်နူးဖွယ် မျိုးစုံကို ခံစားနိုင်ကြပါတယ်။ Funny tips လေးတွေ၊ Funny Postcard လေးတွေကို အခမဲ့ download ရရုံသာမက Funny Application Form လေးတွေ ဥပမာ - "Application to date my daughter" ဆိုတာ မျိုးလေးတွေကိုပါ ကြည့်ရှုခံစားနိုင်ကြပါတယ်။
အရင်လတွေကဆိုရင် ၀က်ဆိုက်အညွှန်းလေးဟာ များပေမယ့် အခုအခါ အကြောင်းအားလျော်စွာ ၅ ခုပဲ တင်ပြနိုင်တာကို စာဖတ်သူအား အနူးအညွတ်တောင်းပန်ပါတယ်။ အင်တာနက်ပေါ်မှာ ၀က်ဆိုက်တွေ သန်းနဲ့ချီ များပြားပေမဲ့ မြန်မာလူငယ်တွေနဲ့သင့်တော်တဲ့ ဆိုက်ကလေးတွေ ရွေးချယ်စီစစ်ပြီး အကြံပြုရေးသားထားခြင်း ဖြစ်ပါတယ်။
Ref:http://www.knowledgebridge.net

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...