မေမေ့မေတ္တာ
- သန္ဓေတည်မှ ထာဝရတိုင်
မေတ္တာမဏ္ဍိုင် မယိမ်းယိုင်ပဲ
စဉ်သာခိုင်မြဲ ပေးဆပ်ဆဲကြောင့်
ကျေးဇူးကြီးတာ မေ့မေတ္တာ။
- မွေးဖွားစဉ်တွင် နာကာကျဉ်လည်း
သားငယ်ငိုသံ ကြားရပြန်လျှင်
နာကျဉ်မှုများ မေ့ကာသွားပြီး
ပြုံးပီတိများ ဝေကာသွားသော
မေမေ့မေတ္တာ မိုးထက်မှာ။...................
မေမေ့မေတ္တာ မိုးထက်မှာ။...................
- ငယ်စဉ်တောင်ကျေး ကလေးဘဝ
မပီကလာ ပီကလာဖြင့်
မေ့ရင်ခွင်ကြား ဆိုစကားများ
အမေ့နားဝယ် သကာပျားနှယ်
ထင်မှတ်မှားရ ချိုလွန်းလှ။
- အိပ်စက်နားစဉ် မှက်ခြင်မသန်း
အေးချမ်းသုခ ပြည့်စုံလှစွာ
အိပ်စက်နိုင်ရန် အဖန်ဖန်သာ
စောင့်ရှောက်လာတာ မေ့မေတ္တာ။
- တတ်ပညာစုံ တောင်ပံစုံ၍
မေ့ရင်ခွင်အား ခြေစုံကန်သွား
ကျောခိုင်းသွားကြောင့်
မေ့ရင်ကွဲကာ ငိုညည်းပါငြား
တစ်နေ့ နေ့ မှာ မေ့ရင်ခွင်သို့ 
ပြန်လှည့်ကာသာ လာမည်ဆိုက
နှုတ်တစ်ခွန်းမှ ဟရန်မလို
မေ့ရင်ခွင်ထက် ခိုနားစက်ရင်း
အေးချမ်းစွာသာ နေလှည့်ပါ။
- သားသမီးဘက် မေတ္တာပျက်လည်း
သူမပျက်နိုင် မယိမ်းယိုင်ပဲ
မေတ္တာပြည့်လျှံ မေ့ရေကန်ကား
သောက်သုံးမကုန် ခပ်မကုန်နိုင်
နာမခေါ်တာ မေ့မေတ္တာ။
- နှလုံးအိမ်ထက် ခိုမှေးစက်ရန်
အေးမြအလင်း ဆောင်ကြဉ်းရင်းဖြင့်
လူ့ လောကထဲ လှမ်းလာရဲအောင်
နွေးထွေးမှုဖြင့် ကြိုဆိုရစ်ခဲ့
သဲစွဲချစ်တာ မေ့မေတ္တာ။
- ကြင်နာခြင်းရိပ် ခိုနားအိပ်ရန်
မပိတ်တံခါး မရှိဓါးနှင့်
ပီတိဖြင့်သာ ကြိုလင့်ပါမည့့််
ကျေးဇူးကြီးတာ မေ့မေတ္တာ။
- ဘ၀ရေလှိုင်း ကြမ်းစေမမှု
သည်ဥတုဝယ် သည်လိုနားမည်
သည်သုခအား ငါသာစံမည်
စိတ်ဝယ်မထား ချစ်သောသားနှင့်
မိမိဘ၀ တစ်ထပ်တည်းဖြင့်
ချစ်လျက်နေတာ မေ့မေတ္တာ။
- သားသမီးများ ပူမီးလောင်ငြား
နှစ်ဆအားဖြင့် ခံစားသည့်တိုင်
ထုတ်ဖော်မပြ နှစ်သိမ့်တာကြောင့်
အေးမြလှတာ မေမေတ္တာ။
- ငါးနှစ်ရှစ်ဖြင့် ဖြူစင်ဝင့်ထည်
ပန်းစုံကြွယ်ဝအေးချမ်းလှသည့်
စမ်းဥယျာဉ်ဖြင့် ပမာတင့်သည့်
ကျေးဇူးကြီးတာ မေ့မေတ္တာ။
- နေမင်းရောင်ခြည် ထွန်းလင်းသည်လည်း
တစ်နေ့ နေ့ ဝယ် ဤနယ်ပယ်မှ
ဧကန်အမှန် ကွယ်ပျောက်ရန်မှာ
သေချာသည်တည့်
မေမေ့မေတ္တာ အရောင်ဝါကား
ထာဝစဉ်သာ ထွန်းကာလင်းပြီး
ထိုရောင်စဉ်များ ပျောက်မသွားတာ
ကမ္ဘာဆုံးတိုင် မြဲမကဏ္ဍိုင်တည့်။
- ဘော်ဖြူငွေသွေး ထွန်းလင်းအေးမြ
တိမ်ခိုးကင်းစင် ကြည်လင်ရွှင်ပြ
ဝင်းပပဖြင့် သာစွရှုမငြီး
တင့်တင့်တယ်တယ် နှစ်လိုဖွယ်ဖြင့်
- သော်တာငွေလ ရောင်လင်းစွလည်း
မမှီလှပါ မေ့မေတ္တာ။
- တောင်မြင့်မိုရ်ထက် မြင့်ကာမြတ်လှ
ကျေးဇူးကြီးတာ မေ့မေတ္တာ။
- သမုဒ္ဒရာ ကျယ်ဝန်းပါလည်း
တုနှိုင်းမမှီ စံမမှီသည့်
ကျေးဇူးကြီးတာ မေ့မေတ္တာ။
- ကမ္ဘာကမ္ဘာ ဤကမ္ဘာဝယ်
လူဖြစ်လာရန် အကြောင်းကံကား
လွန်စွာမှပင် ခက်လှချေ၏။
လူဖြစ်လျှင်လည်း မြင့်မြတ်ဆုံးသော
ဗုဒ္ဓဘာသာ ဖြစ်လာရန်မှာ
သာ၍မျှပင် ခက်မှချေ၏။
ထိုမျှခက်ခဲ ဘ၀ထဲမှ
ဗုဒ္ဓဘာသာ ကိုးကွယ်လာကာ
သံသရာမီး ပူလောင်ငြီးငွေ့ 
အေးမြရိပ်မှန် ဗုဒ္ဓထံပါး
ခိုနားဝင်ရန် သင်ကြားပေးကြောင့်
ကျေးဇူးကြီးတာ မေ့မေတ္တာ။
- မေမေ့မေတ္တာ ဤကမ္ဘာဝယ်
တုပဖွယ်ရာ ရှာသာရှာလည်း
မတွေ့ နိုင်ဘု သည်မြေထုဝယ်
ထိုမျှမက
ဇမ္ဗူလေးကျွန်း အားကုန်သွန်း၍
ရှာဖွေကြည့်လည်း မေမေ့မျှလောက်
ပေးဆပ်ဝံ့သူ ဖြူစင်လှသူ
နစ်နာခံသူ ကြင်နာသူမှာ
ရှာဖွေမတွေ့ နိုင်ပေတည့် ။
0 comments:
Post a Comment