
တကယ်တော့ USB Flash Drive ဆိုတာဟာ USB 1.1 သို့မဟုတ် 2.0 နည်းပညာကို ထည့်သွင်းအသုံးပြုထားတဲ့ Memory Storage Device တစ်ခုပဲ ဖြစ်ပါတယ်။ USB Drive တွေဟာ ယခင်အသုံးပြုနေတဲ့ Floppy Disk တွေထက် ပိုမို အရွယ်အစား သေးငယ်ပြီး မြောက်များစွာသော Data တွေကို ထည့်သွင်းသိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင်ရွေ့ပြောင်းလိုအပ်တဲ့ အချက်အလက်၊ ရုပ်ပုံ၊ သီချင်းနဲ့ အခြားအရာတွေကို Drive ထဲသို့ ဖြစ်စေ Drive ထဲမှဖြစ်စေ ရွှေ့ပြောင်းနိုင်တယ် ဆိုတာကိုတော့ သိပြီး ဖြစ်ပါလိမ့်မယ်။
ကောင်းကျိုးတွေ အနေနဲ့ဆိုရင်တော့ သယ်ဆောင်ရလွယ်ကူပြီး စွမ်းဆောင်ရည် ပြည့်ဝတာကို အဓိကထား ပြောဆိုရမှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အလွန်ပေါ့ပါးပြီး 1GB မှ 64GB ထိ သင်နှစ်သက်လိုအပ်ရာ ပမာဏထိ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့လည်း USB Drive တွေ အနေနဲ့ အမျိုးအစားနဲ့ သိုလှောင်သိမ်းဆည်းနိုင်မှု ပမာဏပေါ် မူတည် ပြီး ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါတယ်။ အခြား Storage Device တွေလိုပဲ Data ပျက်စီး ဆုံးရှုံးမှု အန္တရာယ်ကတော့ ရှိနေပြီး ၎င်းတို့ဟာ အလွန်ပေါ့ပါး သေးငယ် တာကြောင့် အလွယ်တကူ ပျက်စီးဆုံးရှုံး နိုင်ပါတယ်။
အကောင်းဆုံး အနေနဲ့ကတော့ Memory Device တွေကိုသာ အဓိကထားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်တွေကို သာရွေးချယ်ဝယ် ယူသင့်ပါတယ်။ အောက်မှာ ဖော်ပြတဲ့ အမျိုးအစားတွေကိုတော့ သင် USB Drive ဝယ်ယူမယ်ဆိုရင် အဓိက ရွေးချယ် သင့်ပါတယ်။

ကောင်းကျိုး - သက်တမ်း ငါးနှစ် အာမခံ ပေးထားပြီး မယုံကြည်နိုင်လောက်အောင်ပဲ ပေါ့ပါးလှပါတယ်။ စွမ်းဆောင်မှုအားကလည်း ပြီးပြည့်စုံပါတယ်။
ဆိုးကျိုး - ဈေးနှုန်း ကတော့ အတော်လေး များနေပါတယ်။

Centon DSP 4GB-007 Data Stick Pro
ကောင်းကျိုး - သက်တမ်းကို အာမခံ ပေးထားပြီး Windows နှင့် Mac မှာ အသုံးပြုနိုင်ပါတယ်။
ဆိုးကျိုး - အခြား Device တွေလောက် အသုံးမဝင်ပါဘူး။ Data တွေ အလွယ်တကူ ဆုံးရှုံးနိုင်ပြီး အမြဲ မှန်ကန်မှု မရှိပါဘူး။

Transcend 8GB Jetfash V10
ကောင်းကျိုး - သက်တမ်းကို အာမခံ ပေးထားပြီး ဖိုင်တွေကို Password ချခြင်းနဲ့ ချုံ့ခြင်းကို ပြုလုပ်နိုင်ပါတယ်။
ဆိုးကျိုး - လျှင်မြန်တဲ့ အရှိန်ဖြင့် ပြောင်းရွှေ့ခြင်း မပြုနိုင်ဘဲ ပြောထားတဲ့ အရှိန်ထက်လည်း နှေးကွေးတာကို တွေ့ရပါတယ်။

OCZ Rally2 8GB
ကောင်းကျိုး - သက်တမ်းကို အာမခံ ပေးထားပြီး အခြား Drive တွေထက် မမြန်ဘူးဆိုရင်တောင် Reading Speed က 35MBps နဲ့ Writing Speed က 15MBps မှာ ရှိနေပါတယ်။ Mac တွေမှာပါ အသုံးပြုနိုင်ပြီး Intall လုပ်စရာမလိုပဲ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
ဆိုးကျိုး - အဖုံးက လွယ်ကူစွာ ပျောက်ဆုံး နိုင်တဲ့အတွက် စိတ်မချရပါဘူး။ ဒီအမျိုးအစား Drive ကို ဝယ်ယူမယ်ဆိုရင်တော့ Lighter Wallet လေး တစ်ခုရှိဖို့ လိုအပ်ပါလိမ့်မယ်။

HP V100W 4GB
ကောင်းကျိုး - သက်တမ်းနှစ်နှစ်အာမခံ ပေးထားပြီး လုပ်ငန်းတွေကို လျှင်မြန်အကျိုး ရှိစွာ ဆောင်ရွက်နိုင်ပါတယ်။
ဆိုးကျိုး-စွမ်းဆောင်ရည်ကောင်းမွန်ပေမယ့် သိပ်ပြီး မြန်ဆန်တာတော့ မဟုတ်ပါဘူး။

Patriot Xporter XT Boost 4GB
ကောင်းကျိုး - သက်တမ်းကို အာမခံပေးထားပြီး Windows, Mac နဲ့ Linux တို့မှာ အလွယ်တကူ အသုံး ပြုနိုင်ပါတယ်။ ပြည့်စုံကောင်းမွန်ပြီး Data ဖတ်နှုန်းကတော့ အတော်လေး မြန်ပါတယ်။ တည်ငြိမ်ကောင်းမွန်တဲ့ စွမ်းဆောင်မှုကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ဆိုးကျိုး - Writing Speed ပိုမို ကောင်းမွန်ရန် လိုအပ်ပြီး ပိုမိုလေးလံတဲ့ သွင်ပြင် ရှိပါတယ်။

ကောင်းကျိုး - သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြင့် မည်သည့်ရာသီဥတုနှင့် အပူချိန်ကို မဆို ခံနိုင်ရည်ရှိပါတယ်။ လျှင်မြန် အကျိုးရှိစွာ လုပ်ဆောင်နိုင်ပြီး PC နှင့် Mac တွေမှာ အသုံးပြုနိုင်ပါတယ်။
ဆိုးကျိုး - တခြားပစ္စည်းတွေ နှစ်နှစ်နှင့် အထက် အာမခံပေးနေချိန်မှာ တစ်နှစ်သာ အာမခံပေးထားပါတယ်။ အဖုံးကလည်း အလွယ်တကူ ကျွတ်ထွက်နိုင်ပြီး ပါးလွှာပေါ့ပါးကာ ပျက်စီးနိုင်တဲ့ ပုံစံ ဖြစ်ပါတယ်။

ကောင်းကျိုး - သက်တမ်းနှစ်နှစ်အာမခံပေးထားပါတယ်။ လှပသေသပ်တဲ့ ပုံစံနဲ့ လည်ပင်းမှာ ဆွဲထားနိုင်ဖို့ ကွင်းကလေးပါဝင်ပါတယ်။
ဆိုးကျိုး - Sandisk Dive တွေဟာ Over Package စတစ်တွေကြောင့် ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေ သိပ်မဖြစ်လှပါဘူး။

A-Data 4GB PD30
ကောင်းကျိုး - သက်တမ်းကို အာမခံ ပေးထားပါတယ်။ Data တွေကို လျင်မြန်စွာ ဖတ်နိုင်ပြီး ဆန်းသစ်တဲ့ ပုံစံက Drive ကို အကာအကွယ်ပေးထားပါတယ်။ Windows နဲ့ Mac နဲ့ Linux တို့မှာ အသုံးပြုနိုင်ပါတယ်။
ဆိုးကျိုး - Writing Speed ပိုမို ကောင်းမွန်ရန် လိုအပ်ပါတယ်။
Ref: Internet
0 comments:
Post a Comment