camera အများစုဟာ storageအတွက် SD(Secure Digital),SDHC(Secure Digital High Capacity)
card တွေသုံးရပါတယ်(သည်၂မျိုးမှာ card size အတူတူပဲဖြစ်ပြီး
SDHC ဆိုတာ SD ရဲ့ next generation - high capacity ဖြစ်ပါတယ်)
Sony camera တွေကတော့ တမူထူးခြားပြီးSony ရဲ့ PRO DUO Media ဆိုတဲ့
card ကိုသုံးပါတယ် ...size မတူပါ ..
USB stickထိုးသလိုပဲ PC/laptop မှာတိုက်ရိုက် ထိုးပြီးသုံးနိုင်ပါတယ် ..
sony ရဲ့card ကတော့ card reader ခံပြီးသုံးရမှာပါ .
(Sony ပရိတ်သတ်တွေ ကျနော့်ဝိုင်းဆဲတော့မယ် တော်ဦးစို့)
SD card အကြောင်းပဲ ဆက်ပြောပါရစေ ..
ကျနော်တို့ card ၀ယ်ရင် 2GB, 4GB ,8GB အစရှိသဖြင့်capacityကိုပဲကြည့်ဝယ်ကြတာများပါတယ် ..
တခါတလေ 8GB က 4GB ထက်ဈေးပေါနေတာမျိုးတွေ့ဖူးကြမှာပါ
..အော် brand ကွာလို့ပဲလေဆိုပြီး အမှုမဲ့အမှတ်မဲ့ နေခဲ့ကြပါတယ်
အဲ့သည့် card လေးတွေ ကို သေချာကြည့် ကြည့်ပါ ..
အ၀ိုင်းလေးတခုပါပြီးအဲ့သည့်အ၀ိုင်းလေးထဲမှာ 2,4, 6,10 တခုခု ရေးထားပါလိမ့်မယ်. .
အဲ့ဒါ class ကိုပြောတာပါ class2, class 10 အစရှိသဖြင့်ပေါ့..
အဲ့ဒါ data transfer rate ကိုပြောတာပါခင်ဗျား..
2ဟာ အနှေးဆုံးဖြစ်ပြီး 10 က အမြန်ဆုံး အကောင်းဆုံး ဖြစ်ပါတယ် အဲ့ ..
ဈေးလည်း အမြင့်ဆုံးပေါ့ခင်ဗျ ...
capacity ပိုများတဲ့ class 2ဟာ 2GB class 10 ထက် ဈေးပိုပေါတာ မဆန်းတော့ဘူးပေါ့..
data transfer speedကဘယ်နေရာမှာ စကားပြောသလဲဆိုVideoရိုက်တဲ့နေရာမှာပါခင်ဗျား ..
class 2 card နဲ့ Full HD/ stereoရိုက်မယ်ဆို 15seconds, 30 seconds,
ပဲရိုက်လို့၇မှာဖြစ်ပါတယ်ပြီးရင် auto stopသွားပါလိမ့်မယ်
နောက်တခါထပ်ရိုက်လည်းအဲ့လိုပဲထပ်ဖြစ်ဦးမှာပါ ...
image processing speed ကို data transfer speedက လိုက်မမီလို့ အဲ့လိုဖြစ်ရတာပါ
ကင်မရာ ပျက်လို့ မဟုတ်ပါဘူးခင်ဗျား ..
အဲ့သည်လောက် resolution ရိုက်မယ်ဆိုရင် Class 6 လောက်ဆို cover ဖြစ်ပါတယ်
class 10 ၀ယ်ရင်တော့ အကောင်းဆုံးပေါ့ခင်ဗျား
(ကျနော် တကယ် ဒုက္ခရောက်ပြီးမှ သိခဲ့ရတာပါ ..
Class 2 နဲ့ full HD ရိုက်မိပြီး ကျနော့် ကင်မလာ ကြွသွားပြီ ထင်မိတာကိုးဗျ)
ဒါကတော့Class အလိုက် Speed တွေကိုဖော်ပြထားတာပါ။
Class | Speed |
---|---|
Class 2 | 2 MB/s |
Class 4 | 4 MB/s |
Class 6 | 6 MB/s |
Class 10 | 10 MB/s |
Class | Minimum Speed |
2 | 2MB/s |
4 | 4MB/s |
6 | 6MB/s |
8 | 8MB/s |
10 | 10MB/s |
ဒီအပိုင်း တွေကိုဖတ်ပြီးရင် သူငယ်ချင်း အနေနဲ့ ကိုယ် ဘာအဓိကရိုက်မှာလဲ
ဘယ်လို features တွေက အဓိက ကျသလဲဆိုတာကို သေချာသိပြီး
ကိုယ်ကိုယ်တိုင် ရွေးချယ် ၀ယ်ယူနိုင်အောင် scenario လေးတွေနဲ့ ရေးပေးချင်လို့ပါ ..
ဈေးနှုန်းသတ်မှတ်ပြီး အဲ့သည့် ဘောင်အတွင်းက ၀င်အောင် ၀ယ်မယ် ဆိုရင်
တချို့သော features တွေလက်လွှတ်ရမှာပါ
အဲ့သည့်တော့ ဘာကိုလက်လွှတ်ခံနိုင်မလဲ ဘာကိုတော့ လက်လွှတ်မခံနိုင်ဘူးလဲဆိုတာ
သေချာသိရင်အ၀ယ်မမှားတော့ဘူးပေါ့ဗျာonline ပေါ်က
professionals' camera review sites
တွေကိုလည်း ညွှန်းပေးချင်ပါသေးတယ် ..
သူတို့က ဘယ် company/ brandကိုမှ မှီခိုမှု မရှိဘဲ
consumer rights ကို အလေးထားတဲ့ volunteer pros: တွေ ဖြစ်ပြီး
compare & contra တွေပါလုပ်ပေးတတ်လို့
ကိုယ်ရွေး ထားတာ ရဲ့ alternative တွေပါ အလွယ်တကူ ရှာဖွေနိုင်ကြောင်း
အမြည်းပေးရင်း နိဂုံးချုပ်ရပါသည် ခင်ဗျား..
0 comments:
Post a Comment