Pages

Subscribe:

Ads 468x60px

Wednesday, January 4, 2012

“လွတ်လပ်ရေးနေ့”





ဒီကနေ့ ဇန္နဝါရီလ ၄ ရက်နေ့ဟာလွတ်လပ်ရေးနေ့ ဖြစ်တာမို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေးကိုကြိုးပမ်းမှု သမိုင်းမှာ စွမ်းစွမ်းတမံ တိုင်းပြည်အတွက် ပေးဆပ်ခဲ့ပြီး လွတ်လပ်ရေးကို ရယူပေးခဲ့ကြတဲ့ မြန်မာ့သူရဲကောင်း အပေါင်းကို ဒီနေရာကနေ လေးစားစွာ သတိတရ ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်။
နိုင်ငံတော်အလံသစ်နှင့်အတူနိုင်ငံတော်သီချင်းလေးပါ။



၆၃ နှစ်ပြည့် မြန်မာ့ လွတ်လပ်ရေး နေ့ အခါသမယ တွင် မဟာဗန္ဓုလ ပန်းခြံတွင်း ရှိ လွတ်လပ်ရေး ကျောက်တိုင် နှင့် မြို့ တော်ခန်းမ ကို တွေ့ ရစဉ်
၆၄ နှစ်ပြည့် မြန်မာ့ လွတ်လပ်ရေး နေ့ အခါသမယ တွင် မဟာဗန္ဓုလ ပန်းခြံတွင်း ရှိ လွတ်လပ်ရေး ကျောက်တိုင် နှင့် မြို့ တော်ခန်းမ ကို တွေ့ ရစဉ်

(၆၄)နှစ်မြောက်..ဇန်န၀ါရီလေးရက် လွတ်လပ်ရေးနေ့
အမှတ်တရ  ရှိနေ အစဉ်
ရွှေတိုင်းမြန်ပြည်  သာယာဖို့ အရေး
ဖခင်ပေးတဲ့   လွတ်လပ်ရေး
အစဉ်အဆက်.. ထိန်းသိမ်းတတ်အောင်
နောင်လာနောင်သား  မှတ်သားကျင့်ဆောင်
ရပ်ရွာအနှံ.... မမေ့တတ်အောင်
ပျော် ရွှင်စရာ  ပြိုင်ပွဲများနှင့်
လွတ်လပ်ရေးသယုဒ်... စုပေါင်းဖော်ဆောင်။
ယနေ့  အထိတိုင်  မမေ့နိုင်အောင်
ကစားပွဲနှင့်....စည်းလုံးချင်းဆောင်
မြို့  ရွာအနှံ..ဋ္ဌာနအနှံ...လွတ်လပ်ရေး ဂုဏ်ဆောင်

ဗိုလ်ချူပ်ပေးတဲ့  အလံတော်ကိုထောင်။
ဂုဏ်ထူးဆောင်ကို  ဦးညွှတ်မိပေါ့်
တိုင်းတပါးသား တိုက်ထုတ်နေသယောင်
မြင်ယောင်လွမ်းမိ မမေ့နိုင်ပေါင်
အလံပေါင်းစုံ လွတ်လပ်ရေး ဖေါ်ဆောင် ဒို့တိုင်းဋ္ဌာနီ..(၆၄)နှစ်မြောက်..
လွတ်လပ်ရေး  နေ့  အလံထူထောင်။
 လွတ်လပ်ရေးနေ့
ဖခင်ဗိုလ်ချူပ် မမေ့နိုင်အောင်
နိုင်ငံတော်ကြီးဝပြော နေသယောင်
လွတ်လပ်ရေးနေ့  အလံတော်ထူထောင်....
နိုင်ငံတော်ကြီး ၀ပြော မှုဆောင်။
အောင်ဆန်းဇာနည်  ပြည်ချစ်သားကို  ဘယ်သူမှလဲ မမေ့နိုင်ပေါင်
ယနေ့အထိ ရင်ထဲစိတ်ဝယ် မျှော်ရည်မှန်းလို့
တမ်းတမိတယ်  ဖခင်ဗိုလ်ချုပ်ရယ်။

မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့တို့၏ လက်အောက်ခံ ကိုလိုနီ ဘ၀မှ ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်. . . မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်သော နိုင်ငံအဖြစ် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်မှစ၍ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်. . . သို့သော ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အင်္ဂလိပ်၏ နယ်ချဲ့စစ်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး နောက် ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရသည်။

သူ့ကျွန်အဖြစ် မခံလိုသူ တိုင်းရင်းသားများသည် ရရာလက်နက် ၊ လူသူစုစည်း၍ နေရာအနှံ့မှာ ထကြွပုန်ကုန် ကြသည်. . သို့သော် မအောင်မြင်ခဲ့ပေ. . . ၁၉၀၀ ပြည့်နှစ် လွန်မြောက်ပြီးသည့်နောက် ၀ိုင်အမ်ဘီအေ။ ဂျီစီဘီအေ အသင်းများ တည်ထောင်ကာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် စည်းရုံးလှုပ်ရှားခဲ့ကြသည်. . . ၁၉၂၀ပြည့်နှစ်တွင် ပထမတက္ကသိုလ် ကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ တို့ ဆင့်ကဲ ပေါ်ပေါက်ခဲ့သည်. . ထို့နောက် တို့ဗမာအစည်းအရုံး တည်ထောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင် ဆောင်ရွက်ကြသည်. . .

ယင်းနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းပြီး ဂျပန်၏ အကူအညီနှင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ပါသည်. . . ဂျပန်နှင့်ပူးပေါင်း၍ ဗြိတိသျှ တို့ကို တိုက်ခိုက်ခဲ့သည်. . သို့သော် ကျားကြောက်လို့ ရှင်ကြီးကိုး ၊ရှင်ကြီးကျားထက်ဆိုး ဆိုသကဲ့သို့ ဖက်ဆစ်ဂျပန်သည် နယ်ချဲ့အင်္ဂလိပ်ထက် ရက်စက် ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့သည်. .

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ သုံးနှစ်တာ ဖက်ဆစ်တို့ နှိပ်စက်ညှဉ်းပန်းသည့် ဒဏ်ကို မြန်မာတို့ခံခဲ့ရသည်. . . ၁၉၄၅ခုနှစ် ၊မတ်လတွင် ပြည်သူတစ်ရပ်လုံး ပါဝင့်သည့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်. . . ဖက်ဆစ်တို့ မြန်မာ့မြေပေါ် မှ မရှုမလှ ဆုတ်ခွာသွားကြရသည်. . ထိုအခါ ဗြိတိသျှ မဟာမိတ်တပ်များ ရောက်လာပြီး ဆက်လက် အုပ်ချုပ်ရန်ရည်ရွယ်ခဲ့သည်. . . သို့သော် မြန်မာပြည်သူလူထုသည် လုံးဝ လွတ်လပ်ရေးကိုသာ လိုချင်ကြသည်. . ကျွန်ဘ၀တွင် ဆက်လက် မနေလိုကြတော့ချေ။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအင်အား ကြီးမားမှု၊ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုတို့ကြောင့် လွတ်လပ်ရေး ပန်းတိုင်သည်. . နီးသည်ထက် နီးကပ်လာခဲ့သည်. . . တစ်နှစ်အတွင်း လွတ်လပ်ရေး ရတော့မည်ဟု သိရှိထားချိန် ၁၉၄၇ ခုနှစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်. . မြန်မာပြည်သူတို့အတွက် အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှု ကြီးဖြစ်ခဲ့ရသည်. .

သို့သော တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံး ညီညွတ်မှု အားမာန် ဖြင့် ဆက်လက်ကြိုးပမ်းခဲ့ရာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာပြည် လွတ်လပ်ရေး ရခဲ့သည်. . လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ စတေးခဲ့ရသည်. . . အမျိုးသား ခေါင်းဆောင်များ၏ အသက်ကို ပေးခဲ့ရသည်. . လွတ်လပ် ရေးအတွက် မြုပ်နှံခဲ့ရသော အရင်းအနှီးကား ကြီးမားလှပေသည်. .

လွတ်လပ်ရေးဆိုသည်မျာ လေနှင့်လည်းတူသည် ရေနှင့်လည်းတူသည်၊ ကျန်းမာခြင်းနှင့်လည်း တူသည် လေကို အလွယ်တကူ ရှုရှိုက်နေရစဉ်၌ လေ၏တန်ဖိုးကို မသိနိုင် ထိုနည်းတူပင် ရေ၏တန်ဖိုး၊ ကျန်းမာခြင်း၏ တန်ဖိုးတို့ကိုလည်း အဆင်သင့်ရနေချိန်နှင့် သွားလာ လုပ်ကိုင်နေရချိန်၌ အရေးမထားမိတတ်ကြချေ။

လွတ်လပ်ရေးသည်လည်း ထို့အတူပင်ဖြစ်သည် . . . လွတ်လပ်နေချိန်၌ လွတ်လပ်ခြင်း၏ တန်ဖိုးကို မသိနိုင် လွတ်လပ်ရေး ဆုံးရှုံးချိန်ကျမှသာလွတ်လပ်ခြင်း၏ အရသာနှင့် တန်ဖိုးကို ကောင်းစွာ သိရှိနိုင်သည်. . .

မြန်မာတို့ လက်ဝယ်ရရှိပြီးသော လွတ်လပ်ရေးကို ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းထားဖို့ လိုသည်. . လွတ်လပ်သော လူမျိုးတစ်မျိုး၏ တာဝန်မှာ လွတ်လပ်ရေးနှင့် ထိုက်တန် အောင် နေတတ်ရသည်. . စည်းနှင့် ကမ်းနှင့် နေတတ်ရသည်. . လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးလာမည့် ပြည်တွင်းပြည်ပ အဖျက်ရန်မှန်သမျှကိုလည်း အမြဲ တစေ သတိထား၍ ရှင်းလင်းသုတ်သင်နေရသည်. . . သို့မှာသာ လွတ်လပ်ရေး အဓွန့်ရှည်၍ ပြည်သူတို့၏ဘ၀ သာယာဝပြောမည် ဖြစ်ပေသည်. .

လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလျှက်

ဒေါ်နုကြည်( မဟာဝိဇ္ဖာ)

လွတ်လပ်ရေးအလံတင်အခမ်းအနား Video ကြည့်ရန်
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...