Pages

Subscribe:

Ads 468x60px

Saturday, January 7, 2012

ဆယ်ကျော်သက်တို့အတွက် အကောင်းဆုံး TEEN ၀က်ဘ်ဆိုဒ်များ



ယနေ့ ...လူငယ်၊ နောင်ဝယ် ...လူကြီးလို့ဆိုတဲ့အတိုင်း ဆယ်ကျော်သက် လူငယ်လူရွယ် (Teens) တွေဟာ တိုင်းပြည်ရဲ့အနာ ဂတ်အင်အား (Future Force) တွေ ဖြစ်ပါတယ်။ အထူးသဖြင့် စာရေး သူတို့နိုင်ငံမှာ online Media, Internet ကို အများဆုံးထိတွေ့သုံးစွဲနေ တာလည်း ဆယ်ကျော်သက် လူငယ်လူရွယ်တွေပါပဲ။ အင်တနာက်ဆို တာကလည်း လူငယ်လူရွယ်တွေအတွက် အကျိုးရှိစရာတွေများသလို အကျိုးယုတ်စရာ အန္တရာယ်တွေကလည်း ဒုနဲ့ဒေးမို့ ဒီတစ်လ Knoledge Bridge ပရိသတ်လူငယ်တွေအတွက် ကမ္ဘာ့အကောင်းဆုံး Teen Websites များကို တင်ပြပေးလိုက်ရပါတယ်။




နာမည်နဲ့အညီ ဆယ်ကျော်ဆက် Teen တွေအတွက် ဗဟို Center Help Line အနေနဲ့ Service ပေးထားတဲ့ Website တစ်ခုပါ။ လူငယ်လူရွယ်တွေ ကိုယ်တိုင်ပါဝင်ရေးသား လုပ်ဆောင်လို့ရတဲ့ အစီ အစဉ်ပေါင်းများစွာကို တင်ဆက်ပေးထားပါတယ်။ လူငယ်များနဲ့ပါတ် သက်ပြီး ကမ္ဘာ့အကောင်းဆုံး Teen Website တစ်ခုပါ။




www.espin.com

ကမ္ဘာကျော် ဆယ်ကျော်သက် social networking website တစ် ခုပါ။ Member ၀င်ပြီး ကမ္ဘာအရပ်ရပ်က သူငယ်ချင်းတွေနဲ့ အသိသုတ တွေဖလှယ်နိုင်သလို၊ ဉာဏ်စမ်း fun quizzes တွေကိုလည်း ၀င်ဖြေကြည့် ပြီး တစ်ပွဲတစ်လမ်း အကဲစမ်းလို့ ရပါသေးတယ်။


www. toneteen.com

ဒီ site ကတော့ ဆယ်ကျော်သက် လူငယ်တွေရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု (Body Finess) ကို အထူး High-Light လုပ်ဖော်ပြပေးထားတဲ့ website ပါ။ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် Body Fitness လေ့ကျင့်ခန်း မျိုးစုံကို ရုပ်ပုံတွေနဲ့ အသေးစိတ် ၀င်ရောက်လေ့လာနိုင်ပါတယ်။ စိတ် ဓာတ်ကြံ့ခိုင်မှုဟာ ကိုယ်ခန္ဓာကြံ့ခိုင်မှုကအစပြုတာမို့ ... မြန်မာလူ ငယ်တိုင်း ၀င်ရောက်လေ့လာသင့်တဲ့ Website တစ်ခုပါ။


www.teenspot.com

ဒီ site ကလည်း ဆယ်ကျော်သက်တွေ အကြိုက် chatting အထူးပြု social Networking Website တစ်ခုပါ။ ဒါ့အပြင်တခြား Music တွေ၊ Movies တွေ Download လုပ်နိုင်ပြီး ပြိုင်ပွဲ(Contests)တွေကိုလည်း ၀င်ပြိုင်လို့ ရပါသေးတယ်။


www.teenvoices.com

ဒီ site ကတော့ ထူးထူးခြားခြား ဆယ်ကျောက်သက်ကောင် မလေး (Teenage Girls) တွေ ဖန်တီးထားတဲ့ ၀တ္ထု၊ဆောင်းပါးတွေ၊ ကဗျာတွေ၊ Movies တွေ Reviews တွေကို ဖော်ပြပေးထားပါတယ်။ ကိုလူပျိုကာလ သားတွေအကြိုက်တွေ့မယ့် Website တစ်ခုပေါ့။


www.girlynation.com

ကဲ ...ကိုလူပျိုတို့အတွက် ပြီးသွားတော့ ဒီ site က မမချော တွေအတွက်ပါ။ ကမ္ဘာကျော် မိတ်ကပ်နဲ့ အလှအပ မဂ္ဂဇင်းကြီးဖြစ်တဲ့ Girly Nation Magazine ရဲ့ Website ဖြစ်ပြီး မိတ်ကပ် Tips တွေ၊ Tricks တွေ၊ အလှကုန်ပစ္စည်းအကြောင်းတွေ၊ Dating Advice ကအစ ကြည့်ရှု နိုင်ကြပါတယ်။ လှအိုးကွဲတို့အကြိုက်ပေါ့။



www.cyberteens.com

ဒီဆိုက်ကတော့ Cyber မျိုးဆက်လူငယ်တွေအတွက် Game အထူးပြု Website တစ်ခုဖြစ်ပြီး။ တခြား Creativity ပိုင်းဆိုင်ရာ Features တွေ၊ Poetry ပိုင်း၊ fiction ပိုင်းဆိုင်ရာတွေလည်း ပါဝင်ပါ တယ်။

www.teengrowth.com

ဆယ်ကျော်သက်များရဲ့ ကျန်းမာရေး (Health) နဲ့ပတ်သက်ပြီး အထူးပြု Website တစ်ခုပါ။ Body, Emotions, Heatlh, Doctor, Friends, Sports, Danger, School, Family, Sex စတဲ့ ခေါင်းစဉ်အမျိုးမျိုး အောက်မှာ လူငယ်ရေးရာကျွမ်းကျင်ပညာရှင်များရဲ့ အသိသုတတွေ၊ အဖိုးတန် အကြံ ပြုချက်တွေကို တစုတဝေးတည်း လေ့လာနိုင်ပါတယ်။




လင်းသိုက်ညွန့်(မြန်မာ့မြေ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...