၆)Functions

Function ကတော့ များလေ စုံလေ ကောင်းလေပေါ့ဗျာ
function တွေကို ၃ပိုင်းပိုင်းကြည့် လို့ရပါတယ်
1) fully auto modes တခါတလေမှာ modes(presets) လို့လည်း ခေါ်ကြပါသေးတယ်
ရုပ်ပုံလေးတွေနဲ့ ပြပေးတတ်ပါတယ်

ဥပမာ လူဦးခေါင်းပုံလေးဆို portrait preset
တောင်တန်းပုံလေးဆို landscape စသည်ဖြင့်ပေါ့ .

face-recognition functionတွေ ..
Face-priority AF ဖန်ရှင်တွေ....
smile-detection functionတွေထိ ပါဝင်တတ်ကြပါတယ်

ISO အမြင့် ကို auto ချိန်ညှိပေးမယ့် night-portraits နဲ့
shutter speed အမြင့်ကို auto ချိန်ညှိပေးမယ့်

Sports mode တို့လည်း ပါဝင်မှာပါ
flash off mode နဲ့ program mode တွေလည်း အပါအ၀င်ဖြစ်ပါတယ်
model တခုကနေ တခု သိပ်ပြီး သိသိသာသာ ကွာခြားမှု မရှိပါဘူး

2) semi-auto modes (or) creative manual mods
ဒါတွေကိုတော့ စာသားနဲ့ ဖော်ပြပေးတတ်ပါတယ်
TV - time value mode ပါ ..
shutter speed ကို user စိတ်ကြိုက်fix ထားပြီး ကျန် variable ၂ခု (aperture, ISO ကို
အလိုအလျောက် ချိန်ညှိခိုင်းတာ ပါ)
AV - aperture value mode ပါ .. aperture ကို fix, ကျန်၂ခု ကို auto



A-Dep - focus point များများ မိဖို့ သုံးတဲ့ mood လို့ပဲ အကြိမ်းဖျင်း ပြောပါရစေ
Example of A-DEP


3) manual mode - variables အားလုံးကို သူငယ်ချင်းအနေနဲ့ manual ချိန်ညှိရမှာ
ဖြစ်ပါတယ်။
Manual mode နဲ့ semi-auto mode တွေ မပါဝင်တဲ့ ကင်မရာတွေရှိပါတယ် ...
M (Manual)
touch screen အချို့မှာ auto ကလွဲလို့ ဘာမှ လုပ်မရပါ ..

အထက်မှာ ဆိုခဲ့သလို အများစုဟာ functionပိုင်းအရ သိပ်မကွာကြတော့ပါဘူး ..

သည်တော့ additional functions တွေပါတဲ့ camera လေးတွေ ရွေးမယ်ဆို၇င်လည်း
ပျော်စရာကောင်းမှာပါ ..
မျက်နှာပေါ်မှာ ဦးထုပ်။ သရဖူ. မျက်မှန် စတာလေးတွေ
အလိုအလျောက်တပ်ပေးတဲ့ functionမျိုး ..
(web cam softwareများနှင့်ဆင်တူပါသည်..)
image mode မှာ sepia, dye, cold tone စတာတွေ ပြောင်းပေးနိုင်တာတွေ
နောက်ပြီး fake fisheye effect တွေ vignetting ထည့်လို့၇တာတွေ ရှိပါသေးတယ် ...
Fish Eye effect

fake fish-eye view
အကောင်းဆုံးကတော့ ဆိုင်ကိုသွား .ကိုယ်တိုင်စမ်းကြည့်ပြီးမှ ၀ယ်ယူသင့်ပါတယ်
ဆက်ရန်-
0 comments:
Post a Comment