၁).ကိုယ် ၀ယ်မယ့်ဈေးကို ကိုယ်တိုင် သတ်မှတ်ပါ
"အောက်" သူငယ်ချင်းအတော်များများ တွေ့ဖူးပါတယ် ..၃သိန်းအောက် ...၂သိန်းအောက် ကင်မရာ ရှာပေးပါ ဆိုပြီးတော့ ဘယ်လောက်အောက် ဆိုပြီး ပြောတတ်ကြတာပါ ...တကယ်က ဒါဟာ upper bound တခုတည်း ပါ .. ကျနော့် အမြင်က lower bound ကိုလည်း သတ်မှတ်သင့်ပါတယ် ...ဥပမာ ၃သိန်း နဲ့ ၃သိန်းခွဲ ကြား ဆိုပြီးတော့ ပေါ့..
"လောက်" ဒါနောက်ထပ် မူကွဲ တမျိုးပါ ...၂သိန်းလောက် ၃သိန်းလောက် ဆိုပြီး averageဖြတ်ပြောတတ်တဲ့သူငယ်ချင်းတွေအတွက်ပါ.. ဟုတ်ပါပြီ ..လောက်ဆိုတာက အဲ့ဒါထက် အဲ့ဒါအောက် ဘယ်လောက် ဆိုတာ မပါတော့ ရှာရရွေးရခက်လှပါတယ်... ၃သိန်းလောက် ဆိုပါစို.. သူလိုချင်တဲ့ spect နဲ့ ၃သိန်း ၃သောင်းတန်လောက် တွေ့တယ်ဆိုပါစို့ သူက ၃သောင်း ကို လိုက်မလား ငြင်းမလား မသိတဲ့အတွက် ရှာမော ကြီး ဖြစ်ရပါတယ်..


အားလုံး global brands ကြီးတွေပါခင်ဗျား ... သည် price range, သည် spect မှာ သူက သာသွားလိုက် ဟိုprice range.ဟို spectမှာ ကိုယ် ကသာသွားလိုက် နဲ့ပါ ...အကောင်းဆုံးဆိုတာ သူငယ်ချင်းကြည့်တဲ့ point of view ပေါ်မှာပဲ မူတည်ပါတယ် ဈေးအရလား .ပေါ့ပါးမှုလား ..zoom လား functionလား ... လား... လား .... အဲ့သည့်တော့သည် brand မှ သည်brand ဆိုတာမျိုး နဲ့ ဟို brandကြီးတော့ ကိုင်ချင်ပါဘူး ဆိုတဲ့ brand အစွဲကိုခနချထားပြီး ရှေ့ဆက်ကြည့်ရအောင်..
၃). Portability Vs Powerfulness
ဒါ အမျိုးသမီးတွေနဲ့ ပိုဆိုင်တဲ့ အချက် ဖြစ်ပါတယ် (အမျိုးသမီးအားလုံးကို မဆိုလိုပါ ကိုယ်တွေ့ ကြုံဖူးတာ များလို့ပါ)
laptop Vs desktop ဆိုတာ လိုပါပဲ ...သေးချင်တယ် လှချင်တယ် portable ပေါ့ဗျာ..
DSLR ကိုမမှီပေမယ့် သည် price range အရ features တွေပြည့်ချင်တယ် ဆိုရင်တော့ powerfulness ကိုရွေး မယ်ပေါ့..portable နဲ့ powerful ကိုဥပမာပြောရရင်

Fuji Finepix F550EXR Digital Camera
Cameraman တယောက် အနေနဲ့ recommend လုပ်ပါဆိုရင်တော့ ကင်မလာဆြာ/ ဆြာမ စတိုင်ကျ လှပ ဖို့ထက်ပုံကောင်းကောင်းထွက်ဖို့ ကို အသားပေးချင်ပါတယ် ...ဓါတ်ပုံရိုက်တယ်ဆိုတာ ပြန်မရနိုင်တော့တဲ့ တိုတောင်းလှတဲ့ အခိုက်အတန့် လေးတွေကို မှတ်တမ်းတင်တာပဲ မဟုတ်လား ...ဟုတ်ကဲ့ ကျနော် powerfulness ဘက်တော်သားပါ..
(ခုနောက်ပိုင်း သူငယ်ချင်းမိန်းကလေးများ ကို ကင်မလာ လိုက်မ၀ယ်ပေးဖြစ်တော့ပါ)
၎). Extra Features
၎.၁ Touch panel

ဟုတ်ကဲ့ touch ခေတ် ဆိုတော့ သိပ်တော့ မပြောလိုပေမယ့် touch feature ရဲ့ အားနည်းချက်ကို နည်းနည်းထောက်ပြပါရစေ..
touch နဲ့ ရိုက်တာ ခလုပ်နှိပ် ရိုက်တာထက် ပုံထွက် ဘာမှ ပိုမကောင်းလာပါခင်ဗျား.. နောက်တချက် အဲ့သည့် touch screen က ပျက်လွယ်ပါတယ်.. ရေစိုတာ အစင်းထင်တာ တွေကြောင့် သုံးမရတော့တာတွေ တွေ့ဖူးပါသည် .
.နောက်ဆုံးအချက်ကိုပြောပါဆိုရင်တော့ touch feature ပါတဲ့ camera ဟာ same feature, touch မပါတဲ့ အခြား model ထက် ဈေး အနည်းငယ်ပိုပေးရတတ်ပါတယ်
၎.၂ GPS & Upload features


ခုနောက်ပိုင်း ဒါတွေ ခေတ်ထ လာပြန်ပါတယ် ..ဘယ်မှာ ရိုက်ထားတယ် ဆိုတဲ့ recordပါတာမျိုး.ခုရိုက်ခုတင် ဆိုတာမျိုး ...ေ တွပေါ့ ..တနိုင်ငံလုံး internet access ရတဲ့ခေတ်ရောက်ရင်တော့ these features are sexy for me ပေါ့ဗျာ ...ခုတော့ those don't
make a sense နဲ့ပဲ ဖြတ်ချ ပါရစေ..
၎.၃ Other features
(3D paperဆိုတာ ကျနော်တို့ ငယ်ငယ်ကသုံးခဲ့တဲ့ ရောင်ပြေးလေးတွေပါတဲ့ လှုပ်လိုက်ရင် အရုပ် ပြောင်းသွားတဲ့ ကော်ပေတံလေးတွေ လိုပါပဲ )
ကျနော် သဘောကျတဲ့ features တွေလည်းရှိပါတယ်..ဥပမာ Olympus Tough series တွေပါ (Touch မဟုတ်ပါဆြာ တို့ Tough မာကျောမှု ဖြစ်စ်ပါသည်) တခြား technical ပိုင်းတွေ သူ့price range အတွင်းမှာတခြား model တွေနဲ့ သူမသာ ကိုယ်မသာပဲဗျာထားတော့
သူ့ အားသာချက်တွေက ၅ပေလောက် အမြင့်က ပြုတ်ကျလို့ရတယ်ဗျာ ရေအောက် ၁မီတာခွဲထိ စိမ်လို့ရတယ် .3D TVမှာ တပ်ရင် 3D imageရမယ်ဗျာ
...ပြီး ဈေးချိုတယ်.. (မှန်တာပြောရရင် secondary camera အနေနဲ့TOUGH 8010 μ ၀ယ်ဖို့ချောင်းနေပါသည် ...)
၅). Battery
နောက်ဆုံး အနေနဲ့ကတော့ဘယ် category ထဲထည့် ရမှန်းမသိလို့ batteryကိုသီးခြားရေးဖြစ်ပါတယ်ဗျ...




နောက်ပိုင်းမှ rechargable batteryခြောက်တွေ ခေတ်စားလာတာပါ ..

ဓါတ်ခဲဝယ်ထည့်ရတဲ့ ဒုက္ခကင်းသွားပေမယ့် ကိုယ်ဝယ်ထားတဲ့model ကို ၂နှစ်လောက် အသုံးပြုပြီးနောက်ပိုင်း ဓါတ်ခဲ/ charger ပျက်သွားတဲ့အခါမှာ
အစားထိုးပြန်ဝယ်ရတဲ့နေရာမှာ အခက်အခဲေ တွ့ရတတ်ပါတယ်
နိုင်ငံခြားက အသိမိတ်ဆွေတွေကို တကူးတက မှာယူရတာမျိုး တဖက်ကလည်း ဓါတ်ခဲခြောက်လေးတလုံးအတွက်အလုပ်အပျက်ခံပြီးရှာမပေးနိုင်တာ
ကသိကအောက်နိုင်တာတွေတွေ့ဖူးပါတယ်

ဒါ့ကြောင့် ခုထက်ထိလည်း ဓါတ်ခဲခြောက် အပေါ်မှီခိုမှုကင်းတဲ့universal battery size ဖြစ်တဲ့ AA or AAA တွေနဲ့သုံးရတဲ့ model တွေထုတ်နေဆဲ ဆိုတာ တွေ့ရပါတယ် ..

Fujifilm finepix "S"series တွေကို ဥပမာပေးရပါမယ်..သူငယ်ချင်းဟာ လျှပ်စစ်မီး မရှိမယ့် တောထဲတောင်ထဲ ခရီးသွားမယ် ၂-၃ရက် ကြာမယ် မှတ်တမ်းဓါတ်ပုံတွေ
ရိုက်ချင်တယ် .. ဒါမျိုး situation မှာ သည်လို မော်ဒယ်တွေက သိပ်အသုံးဝင်ပါတယ်ခင်ဗျား
technical point of view ကို ဒုတိယပိုင်း အနေနဲ့ သီးခြားရေးသွားပေးပါ့မယ်ခင်ဗျ
(ကျနော့် ကိုယ်ပိုင်opinion အရ ကင်မရာ မော်ဒယ်လ် တချို့အား ဝေဖန်သလို ရှုံ့ချသလို ဖြစ်သွားမယ်ဆိုရင် အနှီမော်ဒယ် လက်ဝယ်ရှိကြတဲ့သူငယ်ချင်းအပေါင်းတို့စိတ်မဆိုးကြပါနဲ့လို့ တောင်းပန်အပ်ပါသည်ခင်ဗျား..)
ဆက်ရန် -
0 comments:
Post a Comment