ဒီနေရာမှာတော့ တရားဓမ္မစာစုလေးတွေ ဖော်ပြသွားပေးပါ့မယ်။
ချီးမွမ်းတာကို
သိပ်ဝမ်းသာလွန်းရင် နောင်အခါ ကဲ့ရဲ့တာကြားရရင် စိတ်မချမ်းမသာဖြစ်မှာပါပဲ။
မည်သည့်အလုပ်ပဲ လုပ်လုပ် သူများချီးကျူးတာခံချင်လို့ သူများအကောင်းပြောတာ
ခံချင်လို့ ထိုအလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ထိုပုဂ္ဂိုလ်ဟာ ကျွန်စိတ်ရှိတဲ့သူပဲ
ဖြစ်နေမှာပါ၊ အလုပ်တစ်ခုခုကို တကယ်လုပ်သင့် လုပ်ထိုက်လို့ဆိုပြီး အသိစိတ်ရှိရှိ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နေတယ်ဆိုရင် ထိုစိတ်မျိုးဟာ သခင်စိတ် လို့
သတ်မှတ်ကြပါတယ်။
အရှင်ဝရသာမိ(မုံရွာ)