Pages

Subscribe:

Ads 468x60px

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Saturday, February 25, 2012

ဒါနဥပပါရမီ သွေးလှူဒါန်းရန်နိုးဆော်လွှာ

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJQOYqXNErDi94-qXdp6AI2v0s77Zq_eVh5GxyMjmEq5jsWo9xxQejfBa-IVlkt-eSwffSXi5BnjXZl5AHqEXuNkCFGh7rbPT3N8trtZ1J1XGPSq_r5pBLyzqq5USRzzaR5c-jDvQ-lw/s400/Donate+Blood.jpg
ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။
စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။
ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။
ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။
အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။

Thursday, December 29, 2011

လူကြီးတစ်ယောက်ရှိသင့်သည့် ကိုယ်အလေးချိန်ဇယား

လူကြီးတစ်ယောက်ရှိသင့်သည့် ကိုယ်အလေးချိန်ဇယား
အရပ်
ပေ/လက်မ
လက်မ
အနည်းဆုံး
ပေါင်
အများဆုံး
ပေါင်
၎' ၈" ၅၆" ၈၉ ၁၁၂
၎' ၉" ၅၇" ၉၂ ၁၁၆
၎' ၁၀" ၅၈" ၉၆ ၁၂၀
၎' ၁၁" ၅၉" ၉၉ ၁၂၄
၅' ၀" ၆၀" ၁၀၂ ၁၂၈
၅' ၁" ၆၁" ၁၀၆ ၁၃၂
၅' ၂" ၆၂" ၁၀၉ ၁၃၇
၅' ၃" ၆၃" ၁၁၃ ၁၄၁
၅' ၄" ၆၄" ၁၁၇ ၁၄၆
၅' ၅" ၆၅" ၁၂၀ ၁၅၀
၅' ၆" ၆၆" ၁၂၄ ၁၅၅
၅' ၇" ၆၇" ၁၂၈ ၁၆၀
၅' ၈" ၆၈" ၁၃၂ ၁၆၄
၅' ၉" ၆၉" ၁၃၅ ၁၆၉
၅' ၁၀" ၇၀" ၁၃၉ ၁၇၄
၅' ၁၁" ၇၁" ၁၄၃ ၁၇၉
၆' ၀" ၇၂" ၁၄၇ ၁၈၄
၆' ၁" ၇၃" ၁၅၂ ၁၈၉
၆' ၂" ၇၄" ၁၅၆ ၁၉၅
၆' ၃" ၇၅" ၁၆၀ ၂၀၀
၆' ၄" ၇၆" ၁၆၄ ၂၀၅
၆' ၅" ၇၇" ၁၆၉ ၂၁၁
၆' ၆" ၇၈" ၁၇၃ ၂၁၆
၆' ၇" ၇၉" ၁၇၈ ၂၂၂

Sunday, November 13, 2011

အရေးပါလှ ကာယဗလ



သူငယ်ချင်းတို့ရေ .......
ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတ ဆိုင်ရာ ပို့စ်လေးတွေ အများအပြားတင်ထားကြတဲ့သူတွေ ပေါများလှ ပါတယ်....
ဒါလေးကတော့ မြန်မာ့ယဉ်ကျေးမှုတွင် ဗလငါးတန်ရှိသည့်အနက် “ကာယဗလ“ “Physical Strength" လေးပါ...
ကာယဗလဆိုသည်မှာလည်း ကျန်းမာရေး တွင် အခြေခံပါသည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး “Health is Wealth" ဟုပင် ဗုဒ္ဓက ဟောပြဆုံးမ ခဲ့ပါသည်။
ကျန်းမာရေးမရှိက ပျော်ရွှင်မှုလည်းမရှိ အောင်မြင်မှုလည်း နတ္ထိဖြစ်ပေမည်။ ထို့ကြောင့်ပင် အင်္ဂလိပ်အခေါ်အဝေါ်အရ Without health, there is no happiness nor success ဟုဆိုကြပါသေးသည်။ မည်သို့ပင် ဆိုပါစေ ကျန်းမာမှုမရှိက ဘာမျှမရှိနိုင်တော့ဘူးဆိုတာ သူငယ်ချင်းတို့လဲ သိနိုင်မှာပါ။
ကာယဗလနှင့် ပြည့်စုံရန်မှာ ကျန်းမာရေးနှင့် ညီညွှတ်အောင်နေထိုင်တတ်ရမည်။ တွေရာစား၍ မရ။ ကြုံရာသောက်၍လည်း မဖြစ်ပေ။ မြန်မာစကားပုံ အဆိုအရ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဆိုစကားရှိသည်မဟုတ်ပါလား။
Don't dig you grave with your teeth.မဆင်မခြင်စားပါက မိမိသေတွင်း မိမိတူးသည်နှင့် တူတတ်ပါသည်။ သဗ္ဗေသတ္တာ အာဟာရဌိတိကာ ရုပ်ကို အာဟာရကစောင့်ပါသည်။ သို့ဖြစ်၍ စားတတ်ဖို့ အရေးကြီးပါသည်။

Thursday, October 27, 2011

Be Aware Take Care


Be HIV Free

ARVအသုံးပြုခြင်းဖြင့်မည်ကဲ့သို့ကောင်းကျိုး၊ဆိုးကျိုးရှိသည်ကိုဗီဒီယိုဖြင့်ဖော်ပြထားပါသည်။မြန်မာလိုဘာသာပြန်ထားသဖြင့်အားလုံးအတွက်အဆင်ပြေလိမ့်မည်။
 


Related Posts Plugin for WordPress, Blogger...