Pages

Subscribe:

Ads 468x60px

Showing posts with label နေ့ထူးနေ့မြတ်များ. Show all posts
Showing posts with label နေ့ထူးနေ့မြတ်များ. Show all posts

Saturday, May 5, 2012

ကဆုန်လ

ကဆုန်လhttp://i.pbase.com/g3/30/692330/2/124005141.BG88Sf9O.jpg



ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စကားပန်း (Talauma Spongocarpa) ဖြစ်သည်။ကဆုန်လတွင် ထင်ရှားသော ပွဲတော်မှာ ညောင်ရေသွင်းပွဲ ဖြစ်သည်။

Tuesday, March 6, 2012

တပေါင်းလပြည့်( မြတ်ဗုဒ္ဓ ကပိလ၀တ် ပြည်တော်ဝင် အခါတော်နေ့)

 နောက်တစ်ရက်တွင် ကပိလ၀တ်မြို့တော်အတွင်းသို့ ဆွမ်ခံဝင်လာသော မြတ်စွာဘုရားအား ယသော်ဓရာနှင့် သားတော် ရာဟုလာ နန်းတော်လေသာဆောင်မှ ဖူးမြှော်နေကြပုံ


ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓ၀င် အကြောင်းအရာများ များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။ အဘယ့်ကြောင့် ဆိုသော် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း အပါအ၀င် တနိုင်ငံလုံးတွင် မအေးလွန်း မပူလွန်းသော တပေါင်းလပြည့် နေ့၌ ဘုရားပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရားပွဲ၊ ၀ိပဿနာ ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့် အမျိုးပေါင်းစုံလင်သော ကုသိုလ်ကောင်းမှုပွဲတော်များကို ဘိုးဘေးဘီဘင် လက်ထက်များကတည်းက နေရာ အနှံ့ ကျင်းပလေ့ရှိခဲ့ကြပြီး ယနေ့အထိတိုင်  ကုသိုလ်ကောင်းမှုများ ကြိုးစားနေကြသည်ကို တွေ့မြင်ရသည်မှာကြည်နူး စရာအတိ ဖြစ်ပါသည်။

Tuesday, February 7, 2012

တပို့တွဲ့လပြည့် ( သြ၀ါဒပါတိမောက်အခါတော်နေ့ )

  




(ဤကျောက်စာတော်သည် ရွှေတိဂုံစေတီပြတိုက်ရှေ့တွင်ရှိသည်
ဦးဘသော်ကောင်းမှုဖြစ်သည် မင်္ဂလာဗြူဟာ၏မြန်မာပြန်မူဖြစ်သည် ၊
သွားတက္ကသိုလ်မှထုတ်ဝေ၍မေတ္တာဗြူဟာအဖွဲ့မှဖြန့်ဝေသည်
စေတီတော် သိမ်တော်တို့၌ထိုကျောက်စာကိုရေးထိုးပူဇော်ကြရန်တိုက်တွန်ထားပါသည် )

မြန်မာ့ တို့၏၁၂ လ ရာသီလများတွင်ဗုဒ္ဓနှင့်ပတ်သက်သော ထူးခြားသည့်အဖြစ်အပျက်
တခုပါရှိမြဲဖြစ်သည်၊ တပို့လပြည့်နေသည်လည်း ဗုဒ္ဓသာသနာတော်တွင်တိုက်ဆိုင်မှုနှင့်အလွန်
ထူးခြားသောအချက် ၄ ချက်ရှိခဲ့သည်၊
၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည့်-သြ၀ါဒပါတိမောက်ကိုဟောကြားတော်မူခြင်း
၂။ အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
၃။ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
၎၊ ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့သည်မည်သူမှပင့်ဘိတ်ထားခြင်းမရှိဘဲစုဝေးရောက်ရှိလာကြသည
့်အတွက်ထိုနေ့တွင်သြ၀ါဒပါတိမောက်ကို ဟောခြင်း
ဤသို့အင်္ဂါ ၄ ရပ်နှင့်ပြည်စုံသောကြောင့်တပို့တွဲလပြည်နေ့သည်နေ့ထူးနေ့မြတ်တနေ့ဖြစ်
ပါသည်၊ထိုနေ့တွင်သြ၀ါဒပါတိမောက်ဂါဌာကိုဟော်တော်မူသောကြောင့် တန်ပို့တွဲလပြည့်နေကို ”သြ၀ါဒပါတိမောက်”အခါတော်နေ့ဟုသတ်မှတ်ကြပါသည် ၊

Sunday, January 8, 2012

အမေနေ့ ဖြစ်ပေါ်လာပုံ



သူငယ်ချင်းတို့ရေ........ကျတော်တို့တတွေ ...ကမ္ဘာ့ပြက္ခဒိန်ကုန်ခါနီးတော့ နှစ်ကူးအတွက် ပျော်ပါးဖို့ ကြိုတင်ကြံနေတဲ့အချိန် ကျတော်တို့ မြန်မာပြက္ခဒိန်လေးမှာတော့ ချမ်းအေးလှတဲ့ ပြာသိုလ်လလေး ရောက်လာပါပြီ..ပြာသိုလ်လလေးမှာ ဖြူစင်လှတဲ့ နှင်းပွင့်လေးတွေကျဆင်းပြီး အေးချမ်းလှပါတယ်...ထိုသဘာဝတရားကို အခြေခံကာ.... စာရေးဆရာ ဒါရိုက်တာ ဘဘဦးသုခက ကျတော်တို့ကို လူဖြစ်အောင် ၀မ်းနဲ့ ၉ လ လွယ်ကာ မွေးဖွားပေးခဲ့တဲ့ အမေ့ရဲ့ မေတ္တာတရားကို ပုံဖော်ထားတဲ့....
*****အမေ့နေ့ *****

ကို ကျင်းပခဲ့ပါတယ်..အဲဒီနေ့ဟာ ပြာသိုလ်လပြည့်နေ့ပါ...အမေ့ရဲ့ အရိပ်ဟာ အေးချမ်းပြီး ..မေတ္တာတရားဟာ ဖြူစင်ကာ.. ထာဝရပြည့်ဝနေဆိုတာ ပုံဖော်ထားတဲ့ ***** အမေ့နေ့***** လေးဟာ ဒီလလေးထဲမှာမို့ ..သူငယ်ချင်းတို့ရေ..ကျတော်တို့ *****အမေနေ့*****လေးမှာလည်း ကျတော်တို့ အမေ့ကျေးဇူးကို ကိုယ်နိုင်တဲ့ အနေအထားကနေ ပုံဖော်ပြသပြီး အမေ့ကို ကျေးဇူးဆပ်ကြရအောင်လားဗျာ.....

ပြာသိုလပြည့်(အမေ့နေ့)



ဒီနေ့ ပြာသိုလဆန်း ၁၄ရက်။ မနက်ဖြန် ပြာသိုလပြည့်နေ့ ဟာ ဘဘဦးသုခ သတ်မှတ်ခဲ့တဲ့ အမေ့နေ့ပါ။ အမေ ဆိုတဲ့ အသံကြားလိုက်ရင် ကျွန်တော့် ရင်ထဲမှာ ကြက်သီးတဖြန်းဖြန်းထစေတယ်။ အမေ့နေ့မှ သား သတိရတာမဟုတ်ပါဘူးအမေ။ သားအသက်ရှင်နေ့တဲ့ နေ့ရက်တိုင်း၊ အချိန်တိုင်း အမေ့ကျေးဇူးတရားကို အမြဲ အောက်မေ့တမ်းတနေပါတယ်အမေ။ အမေဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုရလာတာဟာ တော်ရုံသတ္တိနဲ့ ရလာတာ မဟုတ်ဘူးအမေ။ ယောက်ျားလေး၊ မိန်းကလေးလား မသိပေမယ့် ကိုယ့်ရင်သွေးကို ချစ်တဲ့စိတ်ကြောင့် ပူ၊ငန်၊စပ်၊ခါး အကုန် ရှောင်ရှားကြရတယ်မဟုတ်လားအမေ။ သားတော့ ကိုယ်စားချင်တာကို ၁၀လ၊ ၉သီတင်း မရှောင်နိုင်သေးပါဘူးအမေ။ နောက်ပြီး မီးဖွားနေရတဲ့အချိန်ပေါ့အမေ။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုတဲ့ အတိုင်း အသက်ကို မရဏမင်းဆီမှာ အပေါင်ထား၊ သား၊သမီး ကိုချစ်တဲ့စိတ်ကြောင့်သာ မရဏမင်းကို အနိုင်ရခဲ့တာ မဟုတ်လားအမေ။ ဟော..ကြည့်။ ဖ၀ါးလက်နှလုံး၊ပခုံလက်နှစ်သစ် အရွယ်ကလေးကတည်းက အခုလို ကြီးလာခဲ့တဲ့အထိ စောင့်ရှောက်ခဲ့တဲ့ အမေ့ကို ကျေးဇူးမတင်၊ဘယ်သူကျေးဇူးတင်ရမလဲ အမေ။ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ။ စကားကို တီတီတာတာ မပြောတက်သေးခင်၊ အဖေ၊အမေ ခေါ်တက်အောင်၊ ဘုန်းကြီးတွေ့ရင် ဦးတော် ချတက်အောင်၊ အဲဒီကတဆင့် လိမ္မာယဉ်ကျေးအောင် သင်ပေးခဲ့တာ အမေပဲလေ။ သားက အလိုက်မသိတက်ဘူးအမေ။ ည သန်းခေါင် အချိန်လည်း ထငိုချင် ငိုတက်သေးတာ၊ အိပ်ရာထဲလည်း အပေါ့၊အလေး သွားတက်သေးတယ်အမေ။ ဒါပေမယ့် အမေက တချက် မငြီးငြူခဲ့ဘူး။ နောက်ပြီး သားမကောင်းဘူးအမေ။ အမေ့ဆီမှာ ပိုက်ဆံမရှိတာ မရှိတာ သားမစဉ်းစားပဲနဲ့ ရေခဲမုန့် စားချင်ပါတယ် တဂျီဂျီအော်ငိုတော့လည်း အမေ မျက်နှာတချက်မပျက်ခဲ့ဘူးအမေ။ ၀ယ်ကျွေးခဲ့တယ်။ အရုပ်ကြီးကြီးမြင်ရင် လိုချင်တဲ့ သားကိုလည်း အမေပဲ ဖြည့်ဆည်းပေးခဲ့တာပဲအမေ။ ဟော..အရွယ်ရောက်လာတော့။ ဥစ္စာအမွေတော့ မပေးနိုင်ဘူး သားရေ၊ ပညာအမွေတော့ ရအောင်ပေးမယ်ဆိုပြီး ပညာသင်ပေးခဲ့တယ်အမေ။ ဒါကြောင့် သား ဘယ်တုန်းကမှ "အမေရာ နားမလည်ပဲနဲ့ ၀င်မပြောပါနဲ့လို့ " တစ်ခွန်းမပြောခဲ့ဘူးအမေ။ ဟုတ်တယ်အမေ။ အမေက အင်ဂျင်နီယာအကြောင်းတွေ မသိဘူး၊ အင်တာနက်ကို မသိဘူး၊ ဒါပေမယ့် အမေက သားတို့ကို ချစ်တဲ့ အချစ်က ဘာနဲ့ ဖွဲ့နွဲ့လို့ နိုင်မလဲအမေ။ ဘယ်လို ချယ်မှုန်းပြနိုင်မလဲအမေ။ ဒါကြောင့် နားမလည်ရင် ၀င်မပြောနဲ့လို့ မပြောရက်ဘူးအမေ။ အဲလိုမျိုး ပြောတဲ့ သူတွေကိုလည်း ဘာကြောင့်မှန်း မသိဘူး။ ကြည့်လို့မရဘူးအမေ။ ဘာလို့လဲဆိုတော့ အမေ့ကြောင့်သာ ဒီပညာတက်ခဲ့ရတာလေ။ အမေ..။

မေမေ့မေတ္တာ


 အမေများနေ့ ကို ဂုဏ်ပြုပြီး ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်... အမေများအားလုံး  စိတ်ချမ်းသာ ကိုယ်ကျန်းမာမှုအပေါင်းနဲ့  ပြည့်စုံပါစေလို့ လည်း ဆုတောင်းပေးလိုက်ပါတယ်...
မေမေ့မေတ္တာ         
- သန္ဓေတည်မှ ထာဝရတိုင်                    
 မေတ္တာမဏ္ဍိုငမယိမ်းယိုင်ပဲ                 
စဉ်သာခိုင်မြဲ ပေးဆပ်ဆဲကြောင့်          
ကျေးဇူးကြီးတာ မေ့မေတ္တာ။                
 - မွေးဖွားစဉ်တွငနာကာကျဉ်လည်း            
သားငယ်ငိုသံကားရပြန်လျှင်               
 နာကျဉ်မှုများ မေ့ကာသွားပြီး                
ပုံးပီတိများ ဝေကာသွားသော              
မေမေ့မေတ္တာ မိုးထက်မှာ။...................

အမေ များ နေ့

 


အခု ကျွန် တော် ပြော ချင် တဲ့ အကြောင်း အရာ လေး က တော့ ကမ္ဘာ ပေါ် က လူ သား အား လုံး နဲ့  သက် ဆိုင် တဲ့ နေ့  လေး အကြောင်း ပါ ပဲ… ဘာ နေ့  လည်း ဆို တာ သိ ကြ ပါ သ လား …..ဖြေ ကြည့် ကြ ပါ ဦး ….နေ့  ထူး နေ့  မြတ် ထဲ က တစ် ခု ပေါ့ …ဘုန်းကြီးတွေ နဲ့  လည်း သက် ဆိုင် သ လို …ပုတ်ရပာန်း မင်း ကြီး တွေ ….တမ္ဘာ ပေါ် က နာမည် ကြီး ပုဂ္ဂိုလ် တွေ နဲ့ လည်း သက် ဆိုင် တဲ့ နေ့  လေး တစ်နေ့  ပါ …တမ္ဘာ ပေါ် မှာ ရှိ တဲ့  အတန်းအစား အနိမ့် အမြင့် မရွှေး လူ သား အား လုံး နဲ့  သက် ဆိုင် ပါ တယ် ..အဲ့ နေ့  က တော့ ဒီ နှစ် ၂၀၁၂ မေ လ၈  ရက် နေ့  မှာ ကျ ရောက် တဲ့  နေ့  လေး ပါ ပဲ…..သိ ကြ ပါ သ လား …..

အမေများနေ. အမှတ်တရ ( ပြာသို လပြည်နေ. )





For Mother's Day


မိဘတွေကို ကြည့်ရင်ကိုယ့်ရဲ့ပုံရိပ်ကိုမြင်ရတယ်

မိဘတွေရှိနေကြသေးရင်….
တစ်ရက်….မီးဖိုချောင်ဟာအရင်လိုမသန့်ရှင်းတော့ရင်….
တစ်ရက်….ပန်းကန်ဆေးတာမပြောင်တော့ရင်….
တစ်ရက်….အိုးခွက်တွေဟာအရင်လိုမတောက်ပြောင်တော့ရင်….
တစ်ရက်….ပန်းပင်တွေဟာပေါင်းမြက်တွေနဲ့ဖြစ်နေရင်….
တစ်ရက်….ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်….
တစ်ရက်….ဟင်းတွေငန်လာရင်….
တစ်ရက်….အရာရာကိုမေ့လွယ်လာရင်….
တစ်ရက်….အလေ့ထေတွေဟာပျက်ပြယ်ကုန်ရင်….
တစ်ရက်….သစ်သီးတွေစားရတာကိုမကြိုက်တော့ရင်….
တစ်ရက်….ဆန်ပြုတ်စားရတာကြိုက်လာရင်….
တစ်ရက်….အသွားအလာအရမ်းနှေးကွေးလာရင်….
သူတို့ကအအေးမိရုံလောက်ပဲဆိုပြီး မနေပါနဲ့…အဲဒါဟာ…အိုလာတာပါ…..
တစ်ရက်….သူတို့အပြင်မထွက်တော့ရင်…
သူတို့တကယ်အိုလာပါပြီ။

Wednesday, January 4, 2012

မြန်မာ့လွတ်လပ်ရေးကြေငြာစာတမ်း


2012 ဇန်န၀ါရီလ 4ရက်နေ့ ရောက်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံလွတ်လပ်ရေးရတာ 64 နှစ်တိုင်ခဲ့ပါပြီ
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြေငြာစာတမ်းပါ
သိပြီးတဲ့လူတွေလည်းရှိသလို မသိသေးတဲ့လူတွေလည်းရှိမှာပါ
ဖတ်ကြည့်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးတဲ့စိတ် အားအင်တွေဖြစ်ပေါ်လာတယ်လို့ ခံစားရပါတယ် ဖတ်ကြည့်ပါဦးဗျာ
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားမြင်ကွင်း
Related Posts Plugin for WordPress, Blogger...