Pages

Subscribe:

Ads 468x60px

Showing posts with label စိတ်အားဖြည့်စာစဉ်များ. Show all posts
Showing posts with label စိတ်အားဖြည့်စာစဉ်များ. Show all posts

Saturday, January 7, 2012

သင်သာ အကောင်းဆုံး ဖြစ်ပါစေ



ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။

သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။

သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။

ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။

အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။

ကျွနုပ်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။

ဦးဆောင်ရသည် ဖြစ်စေ၊ နောက်လိုက်ရသည် ဖြစ်စေ မိမိရောက်ရာကနေ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။

အရေးကြီးတဲ့ အချက်ကတော့ ကြီးကြယ်တဲ့ အလုပ်ကိုပဲ ဖြစ်စေ၊ အသေးအဖွဲ သေးငယ်တဲ့ အလုပ်ဖြစ်စေ အစွမ်းကုန် လုပ်ဖို့ပါပဲ၊ မည်သည့် အလုပ်မဆို အတတ်နိုင်ဆုံး ကြိုးစားပါ။

Thursday, December 15, 2011

မိဘ နှင့်သားသမီး ကြားက ငွေရေး ကြေးရေး ကိစ္စ

မိဘ နှင့်သားသမီး ကြားက ငွေရေး ကြေးရေး ကိစ္စ 
















မိဘ ဆိုတာ သတ္တဝါ တိုင်းလိုလိုမှာ ရှိကြပေမယ့် မိဘက သားသမီး အတွက် တာဝန်ယူ၊ ပြုစု၊ သင်ကြားပေးတတ် တာတွေ ကိုတော့ လူအပါအဝင် တချို့ သတ္တဝါ တွေမှာပဲ တွေ့ရ တတ်ပါတယ်။ ဒီလိုတာဝန်ယူ၊ ပြုစု၊သင်ကြားပေး တတ်တဲ့ အထဲကမှ ကာလအပိုင်း အခြားတစ်ခုရောက်ရင်တော့ တာဝန် တွေရပ်ပြီး သားခွဲတတ်ကြတာ ဓမ္မတာ ပါ။ သားမခွဲဘဲ တစ်သက်လုံးတာဝန် ယူတတ်တာတော့ "လူ" သတ္တဝါပဲ ရှိမယ်ထင်ပါတယ်။

Tuesday, December 13, 2011

အိုမြန်မာ...ပြည်မွန်သားကောင်းပီသဖို့



အိုဘယ့်မြန်မာ  အိုမြန်မာတို့
သေချာစေ့ငှ  ရှေးရူ့ကြလော့
စားမူနေမူ  အစုစုကြောင့်
သူ့ရပ်ဌာနေ  ငါတို့နေစဉ်
ဒို့ပြေဒို့ရွာ   ဒို့သာသနာနဲ့
ဒို့ရဲ့ဘာသာ  ဒို့မြန်မာကို
သိက္ခာနွမ်းညိုး အဖြစ်မျိုးတွေ
မပြုလေနဲ့။
အိုဘယ့်မြန်မာ  အိုမြန်မာတို့
တွေးကာကြံလေ  ကြံပါလေ
မပြေလည်သေး စီးပွားရေးကြောင့်
မိဝေးဖဝေး  နေရပါလည်း
ကိုယ့်စာရိတ္တ မပျက်ရအောင်
ထိန်းသိမ်းကြလေ ထိန်းပါလေ။
အိုဘယ့်မြန်မာ အိုမြန်မာတို့
မြန်မာတို့တွေ မျိုးနွယ်ဆွေနဲ့
တိုင်းပြေကိုယ်စား  သင်ကားမည်၏
သင်၏လုပ်ရပ် အဆိုးဖက်လျှင်
ဂုဏ်ပျက်မည်မှာ  သင့်တိုင်းရွာတည်း။
ထို့ကြောင့်သင်တို့  သင့်တိုင်းမြို့ကို
မချို့ဂုဏ်ပါ  ထွန်းတောက်ဖြာအောင်
ပြည်မွန်သားကောင်း  ပီသဖို့။
ကြိုးစားပါလေ  မိတ်ဆွေတို့

ဝန်ခံချက်။ယခုကဗျာကို၂၅ရက်၁၂ပိုင်း၂၀၀၉တုန်းကပီနန်မြို့စာပေဟောပြောပွဲမှာဆရာချစ်ဦးညို  ပြောသောကဗျာရေးမယ်ဆိုရင်ကိုယ့်ရေးမယ့်အကြောင်းအရာကိုကြည့်ရတယ်ဆိုသောစကားနှင့်ဆရာဇော်ဂျီ၏ဒို့တိုင်းပြည်ကဗျာအားဖတ်ပြီးအတွေးပွားမိသမျှ ရေးသားခြင်းဖြစ်ပါသည်။

Sunday, December 4, 2011

အားနည်းချက်တစ်ခုပေါ် ဘယ်တော့မှ အခွင့်ကောင်း မယူမိပါစေနဲ့


ဒုက္ခရောက်တဲ့အခါမှာ ကိုယ့်ကို စိတ်သက်သာမှုရအောင် ကယ်နိုင်မဲ့သူဟာ ကိုယ်ပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားကလည်း ဟောတယ်။
“အတ္တာဟိ အတ္တနော နာထော။”
“မိမိသည်သာလျှင် မိမိ၏ ကိုယ်းကွယ်ရာ အားထားရာဖြစ်၏။”
“ကောဟိ နာထော ပရော သိယာ။”
“သူတစ်ပါးသည် မိမိအတွက် ကိုးကွယ်ရာ အားထားရာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း”
Related Posts Plugin for WordPress, Blogger...