လူဘ၀ရောက်လာပြီဆိုကတည်းကအဲဒီသူဟာသေဖို့မွေးဖွားပေးလိုက်သလိုပါ။သေဖိုအတွက်အစာဆိုတဲ့ထမင်းစားပြီးတော့ရှင်သန်အောင်နေလာခဲ့ရတယ်။လူတွေစိတ်မှာသေချင်းတရားဆိုတာမသိစိတ်တစ်ခုနဲ့ ဖုံးကွယ်ထားခဲ့တယ်။မသိစိတ်ကတော့ချစ်ချင်းမေတ္တာ၊ ပျော်စရာ၊စိတ်ညစ်စရာ၊သောက၊လောဘ၊ဒုက္ခတွေနဲ့ မသေခင်အတွင်းလည်ပတ်နေကြတယ်၊သေချင်းတရားဆိုတဲ့မိစ္ဆာကောင်ကြီးကိုလူတိုင်းကြောက်ပါတယ်။ကျွန်တော်လည်- ကြောက်ပါတယ်။ဒါပေမယ့်
ကျွန်တော်တို့ကလူဆိုတော့လည်းသေချင်းနဲ့မွေးလာပြီလေလူတိုင်းကွေ့သွားလို့မရတဲ့သေခြင်းတရားကိုမသေအောင်လုပ်မယ်ဆိုရင်တော့တရားအားထုတ်ပါလို့တိုက်တွန်းချင်ပါတယ်။ကျွန်တော်တို့အပါအ၀င်၃၁ဘုံသားတို့ရဲ့ရုပ၊်နာမ်ခန္ဓာဟာစက္ကန့်တိုင်း၊မိနစ်တိုင်းသေနေတာပါ...ဒါကြောင့်မို့လို့သေချင်းတရားကိုပွားများချင်းဟာ...နေ့စဉ်နေတိုင်းပွားများရမယ့်မရဏာနုဿာတိတရားလို့မြတ်စွာဘုရားကအနုဿာတိတရား(၁၀)ပါးထဲမှာဟောကြားခဲ့ပါတယ်။ငယ်ငယ်တုန်းကကြားနေရတဲ့ ရှေးစာဆိုလိုလို၊ဘုရားဟောသလိုလိုနဲ့ပထမအရွယ်မှာပညာရှာ၊ဒုတိယအရွယ်မှာဥစ္စာရှာ၊တတိယအရွယ်မှာတရားရှာဆိုတဲ့စကားကိုလူတော်တော်များများကလက်ခံပြီးပြောလေ့ရှိပါတယ်....အမှန်တော့ဒီစကားကိုဘယ်ဘုရားကမှဟောကြားခဲ့တာမဟုတ်ပါဘူး.....တရားဆိုတာအချိန်တိုင်းရှာသင့်ပါတယ်....တရားဆိုတာအားမှလုပ်ရတဲ့အလုပ်လဲမဟုတ်ပါဘူး....လူတွေအကုန်လုံးမအားမလပ်တဲ့ကြားထဲကပဲသေသွားရတာပါ...."ကျွန်တော်၊ကျွန်မကတော့အားပြီ၊ သေတော့မယ်"ဆိုပြီး သေသွားတဲ့မသာတစ်ယောက်မှမရှိပါဘူး....ဘယ်အရွယ်ထိနေရမလဲမပြောနဲ့မနက်ဖြန်ဆိုတာတောင်ငါ့အတွက်သေချာရဲ့လားဆိုတဲ့အသိနဲ့...တရားဆိုတာကို နှလုံးသွင်းသင့်ပါတယ်။အရွယ်(၃)ပါးလုံးမှာတရားရှာသင့်ကြောင်းကိုဆရာတော်အရှင်ဆန္ဒာဓိက၊ဆရာတော်အရှင်အာစာရာလင်္ကာရနဲ့ဆရာတော်အရှင်ဇနကာဘီဝံသစတဲ့ဆရာတော်ကြီးများရေးထားတဲ့စာအုပ်တွေမှာဖတ်နိုင်ပါတယ်၊၊ဒီသေခြင်းတရားနဲ့ပတ်သတ်ပီးတော့ကျွန်တော်မှတ်သားဖူးတဲ့ပို့လေးတစ်ပုဒ်ကိုတင်ပြချင်ပါတယ်။
ရွှေမင်းဝံဆရာတော်ကြီးရဲ့တရားဟောထဲကပါတာလေးတစ်ခုကိုတင်ပြပေးလိုပါတယ်။ရန်ကုန်မဟာစည်သာသနာ့ရိပ်သာမှာ“ဟိတေသီ’’သာသနာ့အကျိုးတော်ဆောင်အဖွဲ့အစည်းတစ်ခုရှိပါတယ်....ဆရာတော်ကအဲဒီအဖွဲမှာအမျိုးသမီးယောဂီတွေကိုတရားစစ်တာဝန်ယူနေရတော့အမျိုးသမီးတစ်ယောက်ကအစပိုင်း၃ပတ်လောက်မှာတရားထိုင်နေရင်းမျက်ရည်တွေကျကျနေတာကိုသတိထားမိပါတယ်....နောက်ကျတော့တရားမှတ်တာ၊စင်္ကြန်လျှောက်တာကအစအဲဒီအမျိုးသမီးဟာတော်တော်ကိုအမှတ်ကောင်းလာတာကိုတွေ့ရတော့ဆရာတော်ကြီးက"အော်...သူတရားမှတ်လို့ရသွားပြီ"ဆိုပြီးဒီလိုပဲနေလိုက်ပါတယ်၊၊နောက်ဆုံးမှာအဲဒီအမျိုးသမီးဟာမဟာစည်တရားရိပ်သာရဲ့ဥာဏ်စဉ်တရားကိုနာခွင့်ရခဲ့ပါတယ်၊၊ နောက်ယောဂီတွေပြန်ဖို့လာနှုတ်ဆက်တော့အဲဒီ့အမျိုးသမီးကိုတွေ့တော့ဆရာတော်ကမေးပါတယ်"ဘာလို့မျက်ရည်တွေကျနေတာလဲ"၊ဘာတွေမြင်လို့လဲဆိုတော့အမျိုးသမီးကဖြေပါတယ်..."တပည့်တော်အကြွေးလာဆပ်တာပါဘုရား"ဆိုပြီးသူ့ရဲ့အဖြစ်ကိုရှင်းပြပါတော့တယ်....
၁၀တန်းဖြေပြီးထားတဲ့အချိန်လေးမှာတရားအားထုတ်ချင်လို့ဆိုပြီးကောင်မလေးတစ်ယောက်ကမိဘတွေဆီမှာခွင့်တောင်းပါတယ်.....၁၀တန်းအောင်စာရင်းမထွက်သေးတဲ့အချိန်လေးမှာတရားစခန်းဝင်ချင်လို့ပါ၊သူငယ်ချင်းတွေနဲ့လည်းတိုင်ပင်ပြီးပါပြီပေါ့၊မိဘတွေကလဲခွင့်မပြုပါဘူးဒီအရွယ်ဟာတရားစခန်းဝင်ရမယ့်အရွယ်မဟုတ်ဘူးဆိုပြီခွင့်မပြုပါဘူး......ကောင်မလေးကလည်းအဲဒါကိုပဲ နေ့တိုင်းတောင်းဆိုနေတော့လည်းစိတ်ပြောင်းအောင်ဆိုပြီး...ခရီးသွားကြမယ်ဆိုပြီးမိသားစုလိုက်ခရီးသွားကြဖို့လုပ်ကြရော....ကောင်မလေးကခရီးကပြန်လာပြီးလည်း"အမေ...သူငယ်ချင်းတွေလဲရှိသေးတယ်သမီးအောင်စာရင်းမထွက်ခင်လေးဝင်ပါရစေ"ဆိုပြီးထပ်တောင်းဆိုပါတယ်....မိဘတွေကလဲခွင့်မပြုပါဘူး...
သူ့သမီးလေးဟာဒီအတိုင်းပဲနေ့တိုင်းတောင်းဆိုနေတော့ အောင်စာရင်းထွက်ပြီးရင်ခွင့်ပြုမယ်ဆိုပြီးရိပ်သာမှာစာရင်းသွားပေးခဲ့ပါတယ်၊၊တစ်နေ့တော့"အမေ...ရိပ်သာကသူငယ်ချင်းတွေဒီနေ့ညနေယောဂီထွက်မယ်...သမီးသွားပြီးကြည့်ချင်တယ်"လို့ပြောတော့မနက်ဖြန်ဆိုရင်လည်း၁၀တန်းအောင်စာရင်းကထွက်တော့မယ်ဆိုတော့အမေက"ကဲ..ဒီတစ်ခါတော့သွားချင်လည်းသွား"ဆိုပြီးခွင့်ပြုလိုက်ပါတယ်....အဲဒီမှာပဲ ကောင်မလေးကညနေရောက်တော့ဖီးလိမ်းပြင်ဆင်ပြီးအိမ်ကအထွက်busကားပေါ်ကနေအဆင်း၊လမ်းဖြတ်အကူးမှာဟိုဘက်ကအရှိန်နဲ့မောင်းလာတဲ့ကားနဲ့တိုက်မိပြီးနေရာမှာတင်ပွဲချင်းပြီးသေခဲ့ပါတယ်....အဲဒီတော့မှမိဘတွေဟာယူကြုံးမရဖြစ်ပြီးငါတို့သမီးကိုငါတို့သတ်မိပြီ....တကယ်လို့သူလုပ်ချင်တာလေးကိုသာပေးလုပ်လိုက်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးနောင်တကြီးစွာရကြပါတယ်....နောက်နေ့အောင်စာရင်းထွက်တော့သူတို့သမီးလေးဟာ၃ဘာသာဂုဏ်ထူးနဲ့အောင်ပါရော....အဲဒီတော့အမေကငါ့သမီးတင်ထားတဲ့အကြွေးကိုငါဆပ်မယ်ဆိုပြီး...သမီးအတွက်ပေးထားတဲ့စာရင်းထဲမှာသူ့သမီးအတွက် ယောဂီဝင်ပြီးတရားအားထုတ်တာပါဘုရား"ဆိုပြီးဆရာတော်ကိုရှင်းပြပါတယ်။အဲဒီမှာဆရာတော်ကအရွယ်သုံးပါးလုံးမှာတရားရှာသင့်ကြောင်း၊တရားအရိပ်ထက်အေးမြတဲ့အရိပ်ဆိုတာမရှိဘူးဆိုပြီးတရားဒါန ပေးလှူခဲ့ပါတယ်၊၊
အဲဒီကလေးလေးဟာတကယ်လို့သာတရားရိပ်သာဝင်ခွင့်ရခဲ့မယ်ဆိုရင်ကံတရားအလှည့်အပြောင်းအရကျလာမယ့် သေခြင်းဆိုးဘေးကြီးကနေလွတ်မြောက်နိုင်ပါတယ်။(ကောင်းသောသေခြင်းမဟုတ်လို့ သေခြင်းဆိုးလို့ခေါ်တာပါ)၊၊အခုတော့မြင့်မြတ်လှတဲ့နိဗ္ဗာန် ရောက်ကြောင်းတရားကိုအားထုတ်ခွင့်မရပဲနဲ့ကလေးဘ၀မှာတင်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်ဒါ့ကြောင့်ပထမအရွယ်မှာတင်တရားရှာခြင်းအလုပ်ကိုလုပ်သင့်ပါတယ်။လူတစ်ယောက်မှာတရားနဲ့ပတ်သတ်တဲ့ဥာဏ်ပါရမီဘယ်လောက်ပါတယ်ဆိုတာဘုရားမှတပါးဘယ်သူမှမသိနိုင်ကြပါဘူး။တကယ်လို့ကိုယ့်မှာဒီလိုပါရမီဥာဏ်ထူးပါခဲ့ရင်ဒီဘ၀မှာအားထုတ်မှဒီအကျိုးကိုခံစားရမှာပါ။တကယ်လို့မပါခဲ့ရင်လည်းဒါဟာသံသရာအတွက်မျိုးစေ့တစ်ခုဖြစ်သွားမှာပါ။ကိုယ့်အတွက်ဘာမှဆုံးရှုံးမှုမရှိနိုင်ပါဘူး။ဒီအားထုတ်ခွင့်လက်လွှတ်ဆုံးရှုံးမှသာကိုရမယ့်တရားအရသာသိခြင်းဆိုတဲ့အခွင့်အရေးကြီးတစ်ခုကိုဆုံးရှုံးသွားမှာဖြစ်ပါတယ်။အရွယ်တိုင်းမှာတရားရှာရမယ်ဆိုတဲ့စကားနဲ့ပတ်သတ်လို့ဘုရားဟောကြားခဲ့တဲ့တရားတွေအများကြီးရှိတာလူတိုင်းလည်းဖတ်ဖူးသိဖူးမှာပါ။ဒါလေးကတောဓမ္မဒါနအနေနဲ့ ပြောပြခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ဟာchattingတက်ဖို့၊သီချင်းတွေနားထောင်ဖို့ကိုအချိန်၁နာရီကျော်ကျော်၊၂နာရီကျော်ကျော် ပေးချင်ပေးကြမယ်၊ကိုယ့်ရဲ့ နောက်ဘ၀အတွက်ပါမဲ့တရားအလုပ်ကိုလုပ်ဖို့ကျတော့အချိန်မပေးချင်ကြပါဘူး၊တရားဆိုတာဟာတောထဲသွားပြီးတရားအားထုတ်မှတရားရတာမဟုတ်ပါဘူး...နေ့တိုင်းအိမ်မှာတင်အိမ်သုံးတရားကိုကျင့်လို့ရပါတယ်၊ဘုရားကိုဆွမ်း၊ ရေချမ်း၊ပန်း၊ဆီမီးကပ်တာ....အဖေ၊အမေကိုဝတ်ကြီးဝတ်ငယ်ပြုစုတာအဲဒါတွေကဒါနကုသိုလ်ရစေပါတယ်၊ကိုယ့်ရဲ့ငါးပါးသီလကိုအတက်နိုင်ဆုံးထိန်းသိမ်းတာကလဲသီလကုသိုလ်ပါ၊၁၀မိနစ်လောက်ဘုရားရှေ့မှာထိုင်ပြီးတရားရှုမှတ်(meditation)လုပ်နိုင်တာကလဲဘာဝနာဆိုတဲ့ကုသိုလ်ကိုရစေတဲ့တရားတွေပါပဲ.......
ဘယ်အရာပဲဖြစ်ဖြစ်...တည်မြဲမနေပါဘူး...ကောင်းတာပြီးရင်ဆိုးတာလာမယ်...ဆိုးတာပြီးရင် ကောင်းတာလာနိုင်ပါတယ်....ဖြစ်ပြီးရင်ပျက်ဆိုတဲ့...တရားအရတနေ့ကျရင် မျောက်မူးလဲတို့အပါအ၀င်လူတွေဟာဒီလမ်းအတိုင်းသွားကြရမှာပါပဲ.....အဲဒီတော့ သေဖို့အတွက်ဘာလုပ်ပြီးပြီလဲ.....သေဖို့အတွက်ရောအဆင်သင့်ဖြစ်ပြီလားဆိုပြီး၅မိနစ်လောက်ဆင်ခြင်ကြည့်လိုက်ပါ၊သေခြင်းတရားကိုဆင်ခြင်မှုဟာဘ၀မှာလိုအင်ဆန္ဒတွေမများဖို့ကိုလဲအထောက်အကူဖြစ်စေပါတယ်လိုအင်တွေများလေလေအဲဒါတွေကိုအကောင်အထည်ဖော်နေရလို့....လောဘအပူတွေနဲ့ပင်ပန်းလှပါတယ်....တစ်နေ့သေရမှာပဲ...ဒါတွေဟာငါသေသွားတော့ရော..ငါ့နောက်ကိုပါမှာလားဆိုပြီးဆင်ခြင်မိတဲ့လူဟာငါနောက်ကိုဘယ်အရာကပါလာမှာလဲဆိုတာကိုလဲဆက်လက်ပြီးဆင်ခြင်မိမှာပါပဲ.....သေသွားခဲ့ရင်ကိုယ်နောက်ကိုယူသွားနိုင်တာကကိုယ်လုပ်ထားတဲ့ကောင်းမှုနဲ့မကောင်းမှုပါပဲ။ဘယ်အချိန်သေမလဲမသိတဲ့ဟောဒီလောကကြီးထဲမှာအချိန်ရှိခိုက်လုံ့လစိုက်ပြီး ကောင်းမှုတစ်ခု နေ့တိုင်းပြုနိုင်ရင်ဒီဘ၀အတွက်ပါမဟုတ်ဘူးသံသရာတလျှောက်အကျိုးရှိသွားမှာပါ။
မသွားဘဲသာ နီး၍လာ…
…ဆုတ်ကပ်ကာလ လူ့ဘ၀ဟူသည် တကယ်ပင် ခဏကလေးတွေ့ကြုံရသည့် တစ်ကွေ့ကလေးမျှသာဖြစ်ချေသည်။ အသက်တစ်ရာပြည့်အောင်နေရဖို့ပင် မလွယ်တော့ချေ။ နတ်ဗြဟ္မာတို့၏ သက်တမ်းဖြင့် ယှဉ်၍ ရေတွက်လျှင် နာရီပိုင်း၊ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းကလေးမျှသာရှိသဖြင့် အသက်တိုတောင်း နည်းပါးလွန်းလှသည်။ ဆုတ်ကပ်ကာလ လူ့ဘ၀၌ သားအမိ၊ သားအဖ၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုး မိတ်ဆွေ စသည်ဖြင့် ဘ၀တစ်ကွေ့ကလေးမှာ ခဏကလေးသာ တွေ့ဆုံခွင့်ရကြလေသည်။ သူရောကိုယ်ပါ မြို့ရွာအတွင်း ထိုထိုဤဤအရပ်သို့ ကိစ္စရှိ၍ သွားလာကြသည့်အခါ လမ်းတစ်ကွေ့္ပ၌ မြင်ဖူးသူ၊ မမြင်ဖူးသူ လူအများကို တွေ့ဆုံဖူးကြပေသည်။ တွေ့ဆုံစဉ် စက္ကန့်၊ မိနစ်ပိုင်းအတွင်း စိတ်ထားမတတ်လျှင် လမ်းတစ်ကွေ့ကလေးမှာပင် အကုသိုလ်အပူထုပ် တစ်ပွေ့ကြီးယူမိတတ်ကြ၏။ စိတ်ထားတတ်သူကား လမ်းတစ်ကွေ့ကလေး၌ တွေ့ဆုံခိုက် ကုသိုလ်စွမ်းအား စွမ်းအားတစ်ပွေ့ကြီးရအောင် ယူနိုင်ပေသည်။ ထို့အတူ ဘ၀သံသရာတစ်ကွေ့ဝယ် ခဏတွေ့ခိုက်မှာလည်း စင်ကြယ်မြင့်မြတ်သောစိတ်ထားဖြင့် ကိုယ့်ကြောင့်လည်း သူချမ်းသာအောင်၊ သူ့ကြောင့်လည်း ကိုယ်စွမ်းအားတက်အောင် နေတတ်၊ ထိုင်တတ်၊ အသုံးချ တတ်မှ လူ့ဘ၀ရကျိုးနပ်ပေမည်။
…ဖြစ်လာပြီးနောက် မသေနိုင်သူဟူ၍ လုံးဝမရှိချေ။ ဖြစ်လာခြင်းသည် ပျက်ဖို့သာဖြစ်၏။ ဘ၀ခန္ဓာကပင် ဖြစ်-အို-နာ-သေ ဆင်းရဲမျိုးစုံတို့၏ တည်ရာဖြစ်ပေသည်။ အတိတ်ကလည်း ဘ၀များစွာ ရခဲ့ပြီဖြစ်၍ အကြိမ်များစွာ မရေမတွက်နိုင်အောင် သေခဲ့လှပြီ။ ယခုဘ၀၌လည်း ဧကန်သေရမည်သာတည်း။ နောက်အနာဂတ်၌လည်း ဘ၀တွေရလာသလောက် သေရပေ လိမ့်ဦးမည်။
…မသွားဘဲနီးလာသည်မှာ သုသာန်ဖြစ်၍ သွားပါလျက်ဝေးနေသည်မှာ နိဗ္ဗာန်ဖြစ်သည်။ သုသာန်သို့ မည်သူမျှမသွားချင်။ သွားလည်းမသွားကြ။ သို့သော် အို နာ သေကြိုးက ဆွဲသွားသဖြင့် တစ်ချိန်ထက်တစ်ချိန်အမြဲ နီးကပ်လာနေသည်။ နိဗ္ဗာန်ကို နှုတ်ဖြင့်တောင်းမိသော်လည်း စိတ်ဝင်စားမှု မလေးနက်လှသဖြင့် လက်တွေ့အကျင့်ကို ထိထိရောက်ရောက် မကျင့်မိ၍ တစ်စတစ်စ လမ်းပျောက်ကာ ပို၍ ပို၍ နိဗ္ဗာန်နှင့် ဝေးသွားတတ်သည်။ ဘ၀ခန္ဓာရနေသမျှ မလိုချင်သော သေဆုံးပျက်စီးမှု ဆင်းရဲကို ထပ်တလဲလဲ ရနေဦးမည်သာတည်း။ မရဏဆင်းရဲသည် တစ်ဦးတစ်ယောက်တည်း၏ ဆင်းရဲလည်းမဟုတ်။ တစ်ဘ၀တည်းသာ တွေ့ရသည့် ဆင်းရဲလည်းမဟုတ်။ ဘ၀တိုင်းကြုံတွေ့ရသည့် သတ္တ၀ါတိုင်း၏ ဘုံဆိုင်ဆင်းရဲသာဖြစ်သည်။
…ယခုရနေသော မိမိခန္ဓာသည် သက်တမ်းအချိန်အားဖြင့် တိုတောင်းနည်းပါးလွန်းသဖြင့် ကဲ့ရဲ့ထိုက်သော်လည်း ဗုဒ္ဓသာသနာနှင့် တွေ့ကြုံခိုက်ဖြစ်၍ လူ့ဘ၀လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အတိအကျသုံးနိုင်သောကြောင့် အချိန်တိုင်း တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှသည်ကိုမူကား အထူးသတိထားရမည်ဖြစ်သည်။ ဦးခေါင်းမီးလောင်ခံရသူသည် အခြားကိစ္စများကို ခဏရပ်ထား၍ မီးငြိမ်းဖို့သာ ပဓါနထား ကြိုးစားရသကဲ့သို့ ဆင်းရဲမှုတရားခံ အပူ၊ အခိုး၊ အငွေ့များ ငြိမ်းအောင် ကျင့်ဖို့အရေးသည် မိမိတို့၏ ပဓါနကိစ္စပေတည်း။ နည်းမှန်လမ်းမှန်ကိုကား ဧကန်တွေ့နေကြပြီဖြစ်သည်။
…ရောဂါမျိုးစုံနှင့် သက်မဲ့သက်ရှိ အနှောက်အယှက်မျိုးစုံတို့က တိုတောင်းလှသည့်အသက်ကလေးကို ဖျက်ဆီးပစ်ရန် ၀ိုင်းဝန်းခြိမ်းခြောက်နေကြသည်။ သက်တမ်းစေ့အောင်နေရမည်ဟု မည်သူကမျှ အာမ မခံ၊ တာဝန်မယူနိုင်ချေ။ အနှေးနှင့် အမြန်သာကွာမည်။ သေရမည်ကတော့ ဧကန်ဖြစ်၏။ သေပြီးနောက်လည်း အ၀ိဇ္ဇာနှင့် တဏှာဟူသော ဘ၀နှောင်ကြိုး မပြတ်သေးလျှင် ဘ၀ခန္ဓာအသစ်ကို ထပ်မံရရှိဦးမည်။ ဘ၀ခရီးဆက်ရဦးမည်။ ဘ၀ခရီးဆက်လျှင်လည်း ကိုယ်သွားချင်သလို မသွားရဘဲ ကိုယ့်မှာရှိသလိုသာ သွားရမည်ဖြစ်၍ ကိုယ်သွားလိုသောပုံစံဖြင့် သွားနိုင်အောင် ကိုယ်ပိုင်ကောင်းမှုကို အချိန်မီ ကြိုးစားပြုလုပ်ရမည်ဖြစ်ပေသည်။
မေတ္တာဖြင့်…
အေးအေးမိုးမိကူး
ကျေဇူးအထူးတင်ရှိပါတယ်
ReplyDeleteလူတိုင်းလွှဲမှားပြီး
သေဖို့ပြောကြရင် အမင်္ဂလာတဲ့
ဒီပို့ကိုကျွန်တော် အားလုံးအတွက်
ရှယ်ပေးလိုက်ပါမယ်
သာဓု သာဓု သာဓု
ရှယ်ပေးလိုက်ပါတယ် အရမ်းကောင်းပါတယ်
ReplyDelete