ဒီနေရာမှာတော့ တရားဓမ္မစာစုလေးတွေ ဖော်ပြသွားပေးပါ့မယ်။
မနက်ခင်းကို မွေးကင်းစ ဘုရားအလောင်းတော်က ဤ လို ကြိုဆိုတယ်။ မင်္ဂလာနံနက်ခင်းမှာ ဘုရားလောင်းလိုပဲ လက်ညိုးထောင်နိုင်ကြပါစေ
အမျိုးသားများအတွက် ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့ပုံ

အမျိုးသမီးများအတွက် ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့ပုံခြေ ၊လက် ၊နှာဖူး ၊ တဒေါင် ၊ဒူး ငါးဦးညီညွတ်စေ.........
* သင့်အသက်တွေ ကြီးနေပြီ၊
လောဘ-ဒေါသ-မောဟတွေ ကြီးနေတုန်းပဲလား။
* သင့်သွားတွေ ကျိုးနေပြီ၊
မာန်မာနတွေ မကျိုးသေးဘူးလား။
* သင့်အသားတွေ တွန့်နေပြီ၊
မကောင်းမှုမှာ မတွန့်သေးဘူးလား။
* သင့်အင်အားတွေ လျော့ပါးနေပြီ၊
သင့်တဏှာဆန္ဒတွေ မလျော့သေးဘူးလား။
* သင့်ဆံပင်တွေ ဖြူကုန်ပြီ၊
သင့်စိတ်တွေ မဖြူသေးဘူးလား။
* သင့်မျက်စိတွေ မှုန်ဝါးနေပြီ၊
သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား။
(Credit to Internet)

အမျိုးသမီးများအတွက် ထိခြင်းငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့ပုံ
ခြေ ၊လက် ၊နှာဖူး ၊ တဒေါင် ၊ဒူး ငါးဦးညီညွတ်စေ.........* သင့်အသက်တွေ ကြီးနေပြီ၊
လောဘ-ဒေါသ-မောဟတွေ ကြီးနေတုန်းပဲလား။
* သင့်သွားတွေ ကျိုးနေပြီ၊
မာန်မာနတွေ မကျိုးသေးဘူးလား။
* သင့်အသားတွေ တွန့်နေပြီ၊
မကောင်းမှုမှာ မတွန့်သေးဘူးလား။
* သင့်အင်အားတွေ လျော့ပါးနေပြီ၊
သင့်တဏှာဆန္ဒတွေ မလျော့သေးဘူးလား။
* သင့်ဆံပင်တွေ ဖြူကုန်ပြီ၊
သင့်စိတ်တွေ မဖြူသေးဘူးလား။
* သင့်မျက်စိတွေ မှုန်ဝါးနေပြီ၊
သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား။
(Credit to Internet)

အိုးမလုပ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်ခပ်နှိပ်၊ မှတ်တံဆိပ်ကား၊
မပျက်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထွေထွေသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊
ကိုယ်စီခပ်နှိပ်ကြစေသတည်း။
(အရှင်ဇနကာဘိဝံသ)
အိုးတွင်ခပ်နှိပ်၊ မှတ်တံဆိပ်ကား၊
မပျက်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထွေထွေသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊
ကိုယ်စီခပ်နှိပ်ကြစေသတည်း။
(အရှင်ဇနကာဘိဝံသ)

မသေသောသူနှင့် သေနေသောသူ
ရုပ် ပင်ပန်းခြင်းကို သင့်လျော်သော အိပ်စက်အနားယူခြင်းဖြင့် ဖြေဖျောက်ပါ။
စိတ်ပင်ပန်းမှု ကို တတ်နူိုင်သလောက် တရားမှတ်၊တရားထိုင်ခြင်း ဖြင့် ဖြေဖျောက်ပါ။
သီလမလုံခြုံ ပါကကြောက်ရွံ့မှု နှင့် စတင်သိကျွမ်းရမည်။
ရုပ် နာမ်အစု ငါးခု ခန္ဓာ သေမျိုးသာ (ဘ၀တစ်ကွေ. ခဏတွေ.)
* မနာရလို ငါကဆိုလဲ၊မရဘဲ၊ မလွဲနာကြရ။
* မအိုရလို။ ကိုယ်က ဆိုလဲ။
မရဘဲ၊ မလွဲ အိုကြရ။
* မသေရလို။ ငါကဆိုလဲ၊
မရဘဲ၊ မလွဲ သေကြရ။
* နှစ်ဝ နာမ်ရုပ်၊ ထိုကိုယ်ပုပ်အား၊
ဖြစ်ချုပ်ကြိမ်ဖန်၊ ဖောက်ပြန် ဖောက်လွဲ
တည်မမြဲ၊ ငါလည်းသေမည် ပ။
* ရုပ် နာမ် အစု၊ ငါးခုခန္ဓာ၊ သေမျိုးသာ၊
သူငါ အားလုံး သေကြရ။
* အတိတ်ကလဲ(ရှေးတုန်းကလဲ)
ချုပ်ပျောက်စဲ ၊ မလွဲ သေခဲ့ရ၊၊
* ခုခါတွင်လဲ၊ ချုပ်ပျောက်စဲ၊
အမြဲ သေနေကြ။
* နောင်ခါတွင်လဲ ၊ မခိုင်မြဲ ၊
မလွဲ သေမည်ပ။
* သူများတွေလဲ၊ သေမျိုး ဘဲ၊
မလွဲ သေနေကြ။
* တို.တတွေလဲ၊ သေမျိုးဘဲ၊
မလွဲ သေမည်ပ။
* မသေမီတွင်။ အထုပ်ပြင်၊
ကြိုတင်ကြိုးစားမှ ။
* အားကိုးစရာ၊ ပြည့်စုံပါ၊
သေခါစိတ်အေးရ။
* ဘ၀တစ်ကွေ.၊ ခဏတွေ.၊
မမေ့ရ အောင် ကြိုးစားကြ။
တိပိဋက ယောဆရာတော်

ပထမ လူ ကြည်ညိုအောင်နေ၊
ဒုတိယ နတ် ကြည်ညိုအောင်နေ၊
တတိယ မိမိကိုယ်ကို မိမိကြည်ညိုအောင်နေပါ။
Behave Well Behave well so that
Fisrt, people have a high esteem for you,
Second, celestial beings,
devas have esteem for you,
And third, you have esteem for yourself.
(မဟာဂန္ဓာရုံဆရာတော်)
ဒုတိယ နတ် ကြည်ညိုအောင်နေ၊
တတိယ မိမိကိုယ်ကို မိမိကြည်ညိုအောင်နေပါ။
Behave Well Behave well so that
Fisrt, people have a high esteem for you,
Second, celestial beings,
devas have esteem for you,
And third, you have esteem for yourself.
(မဟာဂန္ဓာရုံဆရာတော်)

အိုးမလုပ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်ခပ်နှိပ်၊ မှတ်တံဆိပ်ကား၊
မပျက်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထွေထွေသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊
ကိုယ်စီခပ်နှိပ်ကြစေသတည်း။
(အရှင်ဇနကာဘိဝံသ)
အိုးတွင်ခပ်နှိပ်၊ မှတ်တံဆိပ်ကား၊
မပျက်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထွေထွေသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည်၊
ကိုယ်စီခပ်နှိပ်ကြစေသတည်း။
(အရှင်ဇနကာဘိဝံသ)
ရဟန်းတို့ ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ…
- မကောင်းမှု မှ ရှက်ခြင်း "ဟီရိ" လည်းကောင်း
- မကောင်းမှု မှ ထိတ်လန့်ခြင်း "သြတ္တပ္ပ" လည်းကောင်း တို့ တည်း။
ရဟန်းတို့ ဤ ဖြူစင်သော တရားနှစ်မျိုးတို့သည် လောကကို မစောင့်ရှောက်ကုန်ငြားအံ့၊ ယင်းသို့ မစောင့်ရှောက်သော် ဤလောက၌ အမိ ဟူ၍လည်းကောင်း၊ မိကြီး မိထွေး ဟူ၍ လည်းကောင်း၊ "ဦးရီး၏ မယား" ဟူ၍ လည်းကောင်း၊ ဆရာ၏ မယားဟူ၍ လည်းကောင်း၊ ရိုသေလေးစားအပ်သူ တို့၏မယားဟူ၍လည်းကောင်း မထင်ရှား မသိသာကုန်ရာ။
ယင်းသို့ မသိသာကုန်သော် လောကသည် ဆိတ်များ သိုးများကဲ့သို့ လည်းကောင်း၊ ကြက် ၀က်တို့ ကဲ့သို့လည်းကောင်း၊ အိမ်ခွေး တောခွေးတို့ ကဲ့သို့ လည်းကောင်း ရောရှက်ခြင်းသို့ ရောက်ရာ၏။
ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်သောကြောင့် အမိ ဟူ၍လည်းကောင်း၊ မိကြီး မိထွေး ဟူ၍ လည်းကောင်း၊ ဦးရီး ၏ မယားဟူ၍ လည်းကောင်း၊ ဆရာ၏ မယားဟူ၍ လည်းကောင်း၊ ရိုသေလေးစား အပ်သူတို့၏မယား ဟူ၍လည်းကောင်း ထင်ရှားသိသာကုန်၏ ဟု မိန့်တော်မူ၏။
------------------------------ ------------------------------ ----(စရိယ သုတ်)

------------------------------

အိပ်ရာ ၀င်သော် သတိရလို့ ဗုဒ္ဓ ဓမ္မ သံဃရယ်။
ကိုကွယ်ပါတယ် စိတ်မှာ ညွတ်လို့ နှုပါ တွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်၍ မှန်မှန်မပြတ် ရွတ်ပါ့ကွယ်
ဘေးအန္တရယ် ရန်စွယ်ကင်းလို့ ကောင်းခြင်း သုခ ရလိမ့်မယ်။
ဗုဒ္ဓ ကြောင်းရာ ကောင်းစွာ သိမှ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူက ဟောညွန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။
အကျိုးနှင့်ကံ ဝေဘန်တတ်မှ ကံကောင်း ကံမြတ်ပြုလိမ့်မည်။
သရဏဂုံ တည်ရုံမျှဖြင့် ဥပါသက ဖြစ်ပါပြီ။
ကိုယ်ကျင့် သိက္ခာ လုံခြုံကြဘို့ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုတ်တွေ ရှောင်သွေခွဲလို့ သုစရိုတ်လဲ စုံအညီ။
ဆွမ်းပန်း ရေတော် မီးတော်ကပ်၍ နေ့စဉ်မလပ် ပြုသင့်သည်။
သိရုံမျှနှယ် တယ်မကောင်းဘူ့၊ လူကောင်းဖြစ်ဘို့ လိုကြတယ်။
လူကောင်းဖြစ်အောင် ဆရာမြတ်သို့ မကြာကပ်လို့ မေးပါ့ကွယ်။
မေးသော် ဖြေရန် ဆရာကောင်းလဲ တရွာတကျောင်း ရှိသင့်တယ်။
တရားစစ်မှန် ကျင့်ကြံကြမှ ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့ ဆင်းရဲဒုက္ခ ရောက်ရသည်။
ယခုတဖန် အမှန်လမ်းသို့ အမြန်လှမ်းဘို့ ချိန်တော်ပြီ။
သို့မှ တိုင်းပြည် ဘာသာရေးကြောင့် သာယအေးဆေး ရှိလိမ့်မည်။
(အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာသာ သင်ခန်းစာ (အမှတ်-၂၆-ကျမ်းစာ)မှ )

အနှစ်တစ်ရာ သက်ရှည်ကြာလည်း
ခေမာအမတ မမြင်ရသော်
ဘ၀ဤဇာတ် ကယ်မမြတ်ဘူး။
ဝိပဿနာ အခြေပါ၍
လေးဖြာမဂ်စု၊ ဥာဏ်စက္ခုဖြင့်
ဓုဝဧကန် နေရဗာန်ကို
ဝေဖန်မြင်က တစ်ရက်မျှလျှင်
ဇီဝရှည်လျင်း တည်နေခြင်းက
လွန်မင်းသာစွ မြတ်ထွတ်လှဟု
ဇိနဘုရား ဟောမိန့်ကြားသည်
တရားကြီးသင့် လှပြီးတကား။
------------------------------ --------မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး
ခေမာအမတ မမြင်ရသော်
ဘ၀ဤဇာတ် ကယ်မမြတ်ဘူး။
ဝိပဿနာ အခြေပါ၍
လေးဖြာမဂ်စု၊ ဥာဏ်စက္ခုဖြင့်
ဓုဝဧကန် နေရဗာန်ကို
ဝေဖန်မြင်က တစ်ရက်မျှလျှင်
ဇီဝရှည်လျင်း တည်နေခြင်းက
လွန်မင်းသာစွ မြတ်ထွတ်လှဟု
ဇိနဘုရား ဟောမိန့်ကြားသည်
တရားကြီးသင့် လှပြီးတကား။
------------------------------

၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာတည်း။ (ဒုက္ခ)
၂။ သင်္ခါရတွင်၊ အကောင်းထင်၊ ခင်မင်သမုဒယတည်း။ (သမုဒယ)
၃။ ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်တည်း။ (နိရောဓ)
၎။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မင်္ဂပေတည်း။ (မဂ္ဂ)
မဟာစည်ဆရာတော်
ဝိပဿနာရှုနည်း အကျဉ်းချုပ်မှ

ငါစွဲ ဆိုတဲ့ အတ္တကြီးကိုင်ထားနေသမျှ ငါတို့ အတွက် အမှန်တရားဆိုတာ လက်ဖမိုးနဲ့ လက်ဝါးပြင်လို့ ဘဲ နီးလျှက်နဲ့ ဝေးနေမှာဘဲ
ပုညကြိယာဝတ္ထု ၁၀-ပါး

(၁) ဒါနဆိုတာ-မိမိကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လှူဒါန်းတာ။
* ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။
(၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့် ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
* ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။
(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို စိတ်ဖြင့် ပွားများအားထုတ်တာ။
* စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။
(၄) အပစာယန-ဆိုတာ ဘုရား တရား သံဃာ ဆရာ မိဘ အသက်-ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတာ
* ရိုသေပြုတာ၊ အပစာ၊ မှန်စွာမည်ပေသည်။
(၅) ဝေယျဝစ္စ-ဆိုတာ ရတနာသုံးပါး၊ ဆရာမိဘများ၊ ဂုဏ်သိက္ခာကြီးမားသော ပု၈္ဂိုလ်တို့၏ ၀တ်ကြီးဝတ်ငယ်တို့ကို ပြုလုပ်ပေးတာ။
* ကြီးငယ်အမှု၊ ပြုလုပ်ပေးတာ၊ ဝေ(ယျာ)၀စ္စာ၊ မှန်စွာမည်ပေသည်။
(၆) ပတ္တိဒါန-ဆိုတာ မိမိပြုတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှဝေတာ။
* အမျှဝေတာ၊ ပတ္တိဒါ၊ မှန်စွာမည်ပေသည်။
(၇) ပတ္တာနုမောဒန-ဆိုတာ သူတပါးတို့ အမျှဝေတဲ့အခါ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တာ။
* ၀မ်းမြောက်နုမော်၊ သာဓုခေါ်၊ မှတ်နော် ပတ္တာနုမောဒါ။
* ၀မ်းမြောက်ဝမ်းသာ၊ ခေါ်ဆိုတာ၊ ပတ္တာနုမောဒါ။
(၈) ဓမ္မဿဝန-ဆိုတာ တရားစကား နာကြားတာ။
* တရားနာတာ၊ (ဓမ္မ) သ၀နာ၊ မှန်စွာမည်ပေသည်။
(၉) ဓမ္မဒေသနာ-ဆိုတာ စွမ်းနိုင်သမျှ တရားဟောတာ။
* တရားဟောတာ၊ (ဓမ္မ) ဒေသနာ၊ မှန်စွာမည်ပေသည်။
(၁၀) ဒိဋ္ဌိဇုကမ္မ-ဆိုတာ အယူကို ဖြောင့်မတ်စွာ ယူတာ။
* ဖြောင့်စွာယူတာ၊ (ဒိဋ္ဌိ)ဇုကတာ၊ မှန်စွာမည်ပေသည်။
ပုညကြိယာဝတ္ထု ၁၀-ပါးကို အကျဉ်းချုပ်လိုက်သော် ဒါန၊ သီလ၊ ဘာဝနာ ၃-ပါး၌ ပါဝင်သွားကြပေသည်။
* ပတ္တိ-ပတ္တာ၊ ဒါနမှာ၊ သွင်းကာယူရသည်။
* ပစာ-ဝေယျာ၊ သီလမှာ၊ သွင်းကာယူရသည်။
* နာ-ဟော-ဖြောင့်စွာ၊ ဘာဝနာ၊ သွင်းကာယူရသည်။
(သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်)
အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
အို... နတ်သား သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်း၊ ပညာရှိတို့ကို မှီဝဲဆည်း ကပ်ခြင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ ဟူ၍ မှတ်လေလော့။
(မင်္ဂလသုတ်)

* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။
* လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။
* လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။
* မျက်နှာကြည်လှ၊ စိတ်တည်ရ၊ ပွားက ဤမေတ္တာ။
* အိပ်-နိုး-ချမ်းသာ၊ အိပ်မက်မှာ၊ ကောင်းစွာ မက်တတ်ပါ။
* သေချိန်ကာလ၊ မတွေရ၊ သေက ထက်နတ်ရွာ။
* မေတ္တာကျေးဇူး၊ ဆွတ်၍ခူး၊ အထူးပွားများရာ။
* ကိုယ်နှင့်မခြား၊ မေတ္တာပွား၊ အများသတ္တ၀ါ။
* အများသတ္တ၊ ချမ်းသာမှ၊ ရကြ ကိုယ့်ချမ်းသာ။
(စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး)

သူယုတ်မာတို့၏ တရားတို့သည် ဤခုနစ်မျိုးတို့တည်း။
၁။ ယုံကြည်မှု 'သဒ္ဓါတရား' မရှိ၊ (ရတနာ ၃-ပါးအပေါ်)
၂။ အရှက်မရှိ၊ (မကောင်းမှုပြုရမည်ကို)
၃။ မထိတ်လန့်တတ်၊ (မကောင်းမှုပြုရမည်ကို)
၎။ အကြားအမြင် နည်းပါး၏၊
၅။ ပျင်းရိ၏၊
၆။ သတိ လွတ်ကင်း၏၊ (ကောင်းမှုပြုရန်)
၇။ ပညာမဲ့၏။
ရဟန်းတို့ သူယုတ်မာတို့၏ တရားတို့သည် ဤခုနစ်မျိုး တို့တည်းဟု မိန့်တော်မူ၏။
(နဝမ၊ အသဒ္ဓမ္မသုတ်၊ သမဏ၀ဂ်၊ အင်္ဂုတ္တိုရ်။)

သူတော်ကောင်းတို့
စီးပွါးချမ်းသာ၏ အကြောင်းဖြစ်သော
အဖန်ဖန် အောက်မေ့ခြင်း 'အနုဿတိ'တို့သည် ဤခြောက်မျိုးတို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ...
၁။ ဘုရား ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
၂။ တရား ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
၃။ သံဃာ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။
၎။ သီလ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၅။ စွန့်ကြဲ ပေးကမ်းခြင်း ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၆။ နတ်တို့၏ သဒ္ဓါတရားနှင့် မိမိ၏ သဒ္ဓါတရားကို အဖန်ဖန် အောက်မေ့ခြင်း။
သူတော်ကောင်းတို့ (စီးပွါးချမ်းသာ၏) အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်းတို့သည်
ဤခြောက်မျိုးတို့ပင်တည်း ဟု မိန့်တော်မူ၏။
(အနုဿတိဋ္ဌာနသုတ်၊ အာဟုနေယျဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)

၁။ မကောင်းသော မိတ်ဆွေခင်ပွန်း ရှိသူသည် လည်းကောင်း၊၂။ မကောင်းသော အပေါင်း အဖော်ရှိသူသည် လည်းကောင်း၊
၃။ မကောင်းသော အလေ့အကျင့် ကျက်စားရာ ရှိသူသည် လည်းကောင်း၊
ဤလောကမှ လည်းကောင်း၊ တမလွန်လောကမှ လည်းကောင်း
နှစ်ပါးစုံသော လောကမှ ပျက်စီးခြင်းသို့ လျှောကျတတ်၏။
(သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။)
တစ်နေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့မိန့်တော်မူသည်။ရဟန်းတို့ နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသော နံနက်ခင်း ဖြစ်ပေ၏။အလားတူပင် နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား
ကောင်းသောနေ့ခင်း ဖြစ်ပေ၏။
ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသောညချမ်းအခါ ဖြစ်ပေ၏။
ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် ကောင်းသောနက္ခတ်နှင့်လည်း ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း ကောင်းစွာပူဇော်ခြင်းမည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍ ပွားစည်းသော အကျိုးတို့ကို ရကုန်၏။
အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍ ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း။
( ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ် )
“စာတတ်တယ်ဆိုတာ အာဂုံနှုတ်တက်ဆောင်နိုင်ရုံမျှကို ခေါ်တာမဟုတ်ဘူး။ နားလည်သဘောပေါက်အောင် ကြည့်ရှုနိုင်စွမ်းကိုခေါ်တာ ... ”
(မဟာဂန္ဓာရုံဆရာတော်)
ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)
ငါ့ကိုယ် ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။
ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းသင့်ပြီ။
ငါးခုခန္ဓာ၊ ရုပ်နာမ်မှာ၊ မှန်စွာ မှတ်သင့်ပြီ။
သမ္မသန၊ ဉာဏ်အစ၊ ထင်လှသင့်ကြပြီ။
( ထွဋ်ခေါင်ဆရာတော် )
အမိုက်နင့်ပြင် ရှိသေးလိမ့်လား
ငါးအာရုံဘင်အစု၊ ခင်မှုနှင့်နေ့ကုန်
နင်ယခုမေ့ပုံကို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ လောကဘုံမှာ၊ မျောရရုံရှိတော့ခမန်း။
အောက်အ၀ီစိသောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မြော်စမ်းနင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်းပိုထက်သာပို။
သည်လောက စရိုက်အိုကို၊ မလိုက်လိုရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ အခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
(လယ်တီဆရာတော်ဘုရားကြီး)
ကိုယ့်ကိုယ် အပြစ် ၊ ကိုယ်သာစစ်၍ ၊
အနှစ်ကိုရှာ ၊ သာသနာဝယ် ၊
မှန်ရာလိုက်ရေး ၊ ကိုယ်သာတွေးသို့ ၊
ကိုယ်မှု ကိုယ်တာ ၊ ကိုယ့်ပြစ်တာကို ၊
ကိုယ်သာမိမိ ၊ ကိုယ့်ဉာဏ်သိ၏ ။
ကိုယ်၏ကျင့်တာ ၊ ကိုယ့်သိက္ခာကို ၊
ကိုယ်သာလိမ်ကြည့် ၊ ကိုယ်သာသိ၏ ၊
ကိုယ်၏မက်တာ ၊ ကိုယ့်တဏှာကို ၊
ကိုယ်သာလက်ရှိ ၊ ကိုယ်ရိပ်မိ၏ ။

ကိုယ်နှင့်လည်းစာ၊
သတ္တ၀ါကို၊
ကြင်နာလှစေ၊
သူ့အသက်ကို ချစ်ပါလေ။
( ရှင်မဟာရဋ္ဌသာရ ဆုံးမစာ)

အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့် အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။
( ဓမ္မပဒ-စိတ္တ၀ဂ်)
လောက၌ မကောင်းမှုပြုသောသူအား ဆိတ်ကွယ်ရာအ၇ပ်မည်သည် မရှိ။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။
(တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)
သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍ စားသကဲ့သို့
ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင်
ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။
(ဓမ္မပဒ၊ မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)
လယ်တီ ဆရာတော်ဘုရားကြီး၏ သံဝေဂ ဒွေးချိုး
တစ်နေကွယ် သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များရင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်သွားပါလိမ့်…………….တားမရဘူး။
“ကူးစက်တဲ့ရောဂါ၊ နူနာရောဂါတို့ စွဲကပ်နေတဲ့လူ အနီးအပါးကို မကပ်ချင်ကြသလိုပဲ ဒေါသဖြစ်နေတဲ့သူ၊
ဒေါသကြီးတဲ့သူရဲ့ အနီးအပါးလည်း မကပ်ချင်ကြဘူး ”
(မဟာစည်ဆရာတော်)

၁။ သေမင်းကိုကွဲ့၊ မိတ်ဆွေဟဲ့၊ ဖွဲ့၍မရချေ။
၂။ မသေလိုပြန်၊ လာဘ်ထိုးခံ၊ အမှန်မရချေ။
၃။ မရဏဆိုး၊ သေမင်းမျိုး၊ စစ်ထိုးမရချေ။
၎။ သေမင်းကိုမူ၊ ပြိုင်သည့်လူ၊ နိုင်သူမရှိချေ။
၅။ သေမင်းထံမှောက်၊ လူတိုင်ရောက်၊ သက်ပျောက်ဇီဝိန်ကြွေ။
( တေသကုဏဇာတ်)

နာတာထဲမှာ၊ ငါ မပါ၊ နာတာ သက်သက်သာ။
သိတာထဲမှာ၊ ငါ မပါ၊ သိတာ သက်သက်သာ။
နာသိ နာသိ၊ ငါ မရှိ၊ မှတ်သိ ဒိဋ္ဌိကွာ။
ဒိဋ္ဌိကွာရာ၊ ဉာဏ်ဝင်လာ၊ ရှုတာ ၀ိပဿနာ။
၁။ ကြီးငယ် နှစ်ပါး၊ ထိုလူများ၊ မမှား သေရမည်။
၂။ ဗာလ ပဏ္ဍိတ၊ ထိုနှစ်ဝ၊ မုချ သေရမည်။
၃။ ဆင်းရဲ ချမ်းသာ၊ ထိုနှစ်ဖြာ၊ မှန်စွာ သေရမည်။
၎။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ ချုပ်ပျောက် သေရမည်။
(ဒသရထဇာတ်)
“အလုံးစုံသော သတ္တ၀ါတွေ
ဘေးရန် ကင်းကြပါစေ၊
စိတ်ဆင်းရဲ ကင်းကြပါစေ၊
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
မိမိတို့ခန္ဓာဝန်ကို
ချမ်းသာစွာနဲ့ ရွက်ဆောင်နိုင်ကြပါစေ ...”
လမ်းဘေးမှာ လူသားများစွန့် ပစ်ထားသော အမှိုက်ပုံ၌ ပေါက်ရောက်နေသော
ကြာပန်းသည်.
အမှိုက်၏ အညစ်အကြေးများ မငြိကပ်၊ မညစ်ပေပဲ မြင်ရသူတိုင်း
လိုချင်မက်မောလောက်အောင်
လွန်စွာမွှေးကြိုင်သောပင်ကိုယ်အနံ့ ဖြင့် လှပတင့်တယ်နေသကဲ့သို့ ၊
ထို့ အတူ ဘုရားရှင်၏တပည့်သည် လောကသားများနှင့် မငြိကပ်၊မရောထွေးပဲ
အကန်းသဖွယ်ဖြစ်သော ပုထုဇဉ်လူများအလယ်မှာ ကျယ်ပြန့် သောအသိဥာဏ်ဖြင့် လွန်စွာတင့်တယ်လှပေ၏ ။
အရှုင်ဇ၀န...
"တနိုင်သာသနာ..."
ဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။
(ပုဗ္ဗဏှသုတ်)

ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း။
(ပုဗ္ဗဏှသုတ်)

[ပြဿဒါး၊ရက်ရာဇာ မရွေးသင့်]
“နက္ခတ်ကောင်းမကောင်းတွက်ချက်စဉ်းစားနေသော လူမိုက်ကို အခွင့်အရေးအကျိုးစီးပွါးများက ကျော်လွန်သွားလေသည်။ အကျိုးစီးပွါးကိုလိုချင်သူအတွက် အကျိုးရှိသောအလုပ် သည်ပင်လျှင်နက္ခတ်ကောင်းဖြစ်၏။ ကောင်းကင်က ကြယ်တာရာတို့ကဘာလုပ်နိုင်ကြမည်နည်း။”
(ဇာတက၊နက္ခတ္တဇာတ်)
"လက်ရှိခန္ဓာ မတွယ်တာနှင့်၊ နောင်လာဘဝ၊ မတောင်းတဘဲ၊ ကြောင့်ကြစွဲဖြင့်၊ အမြဲမပြတ်၊ ဝိပဿနာ၊ လေ့လာကြိမ်ကြိမ်၊ အာစိဏ္ဏကံ၊ ဖြစ်ကြောင်းဖန်မူ၊ ထိုသည့်သူကား၊ အယူမလွဲ၊ ဂတိမြဲ၏။"
(မိုးကုတ်ဆရာတော်)
ရဟန္တာဟုတ်မဟုတ် ဘယ်လို အကဲခတ်မလဲ.
မဂ်လေးပါးက ဒုစရိုက်တရားဆယ်ပါး ကို ပယ်တဲ့ အခါမှာ……….
၁။ သောတာပတ္တိမဂ်က ကာယဒုစရိုက်သုံးပါး၊ မုသာဝါဒ ဆိုတဲ့ ၀စီဒုစရိုက် တစ်ပါး၊ မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ မနောဒုစရိုက်တစ်ပါး၊ အဲဒီး ငါးပါကိုသာ ပယ်နိုင်သေးတာ။
၂။ သကဒါဂါမိမဂ် က ပိသုဏ၀ါစာ နဲ့ ဖရုသ၀ါစာဆိုတဲ့ ၀စီဒုစရိုက် နှစ်ပါး၊ ဗျာပါဒဆိုတဲ့ မနောဒုစရိုက်တစ်ပါး၊ အဲဒီ ဒုစရိုက်သုံးပါးကို အားနည်းရုံသာပယ် နိုင်သေးတာ ဖြစ်တယ်။ ၃။ အနာဂါမ်မိမဂ်က ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ နဲ့ ဗျာပါဒ၊ အဲဒီ ဒုစရိုက်သုံးပါးကို လုံးဝပယ်လိုက် နိုင်တယ်။
၎။ အရဟတ္တမဂ်ကတော့ သမ္ဖပ္ပဆိုတဲ့ ၀စီဒုစရိုက်တစ်ပါး နဲ့ အဘိဇ္ဈာဆိုတဲ့ မနောဒုစရိုက် တစ်ပါး အဲဒီဒုစရိုက် နှစ်ပါးကို အကြွင်းမဲ့ ပယ်သတ် ပစ်လိုက်လို့ ရဟန္တာ များဟာ (တရားနဲ့ စပ် တဲ့ စကားမှတပါး အခြားသော) တိရစ္ဆာနကထာ ခေါ်တဲ့ အပိုစကားတွေကို မပြောကြားတော့ ဘူးလို့ မှတ်ပေတော့၊ အဲဒါဟာ ရဟန္တာ အကဲခတ်နည်းပဲ။
-------------------------- အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသ

သူတစ်ပါးတို့အား မျက်ကွယ်တစောင်း ချောင်းမြောင်းကဲရဲ့
သူ့တည့်တည့်တွင်လည်း သူမခံချင် အပြစ်တင်စော
အလျင်အမြန် ကဲ့ရဲ့ပြောဆိုခြင်းကို မပြုကြဘဲ၊
မိမိ အပြစ်ကို သာ အမြဲ ရှု၍နေကြမှ
ပစ္စုပ္ပန် သံသရာ ချမ်းသာစွာနေရသည်။
--------------------------------- ညောင်ရွှေကန်ကြီး ဆရာတော်ဘုရား

“သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။”
(အရှင်ဇနကာဘိဝံသ)

“သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။”
(အရှင်ဇနကာဘိဝံသ)

“လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်။”
(အရှင်ဇနကာဘိဝံသ)

“များသောအားဖြင့် သတ္တ၀ါတွေဟာ ဒီဘ၀ကသေသွားရင် အပါယ်လေးပါးရောက်ကြရတာက များတယ်၊ အပါယ်လေးပါးရောက်ရတာက ပိုပြီးကြောက်စရာကောင်းတယ်၊ လူ့ဘ၀မှာ ဒုက္ခများစွာခံပြီး အပါယ်သွားရမယ်၊ သတ္တ၀ါတွေက ဒုက္ခကို ဒုက္ခမှန်း မသိကြဘူး၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေရင် သုခလို့ ထင်နေကြတယ်၊ အိမ်ကလေးနဲ့ တရားသဖြင့် သုခပါပဲ၊ ခုခေတ်က စိန်,နီလာ,ပိုးဖဲ,ကတ္ထီပါတွေ ၀တ်ဆင်လာကြရင် ချီးမွမ်းကြတယ်၊ သာယာကြတယ်၊ ဖျင်ကြမ်းကို ၀တ်နေရင်လည်း ဖြစ်တာပါပဲ၊ ဘာမှမထူးပါဘူး၊ ဒီလူ ဒီလူပါပဲ၊ အတူတူနဲ့ အနူနူချည်းပဲ။”
(အရှင်ဇနကာဘိဝံသ)

၁။ လူတို့နေရာ၊ ဤဌာနာ၊ တဏှာအုပ်စိုးသည်၊
၂။ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်၊
၃။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သား၊ မကယ်နိုင်ပြီ၊
၎။ ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမည်၊
၅။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကများလှပြီ၊
၆။ ခဏမဆဲ၊ အိုစမြဲ၊ ငါလဲသေဘက်နီးခဲ့ပြီ၊
၇။ ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြိုက်တော့မည်၊
၈။ မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်သည်၊
၉။ ဒါန၊ သီလ၊ ဘာဝနာ လမ်းသာထွင်လိမ့်မည်၊
၁၀။ မဂ္ဂင်ဖောင်ကြီး၊ အမြန်စီးခရီး၊ ထွက်တော့မည်၊
(အရှင်ဇနကာဘိဝံသ)

“ရှေးသူတော်ကောင်းတွေက ဒီခန္ဓာဝန်ကို ချုံ့ကြတယ်၊ ခုခေတ်လူတွေက ဒီခန္ဓာဝန်ကို ချဲ့နေကြတယ်၊ ဒီခန္ဓာဝန်ကို ဘယ်သူက ချဲ့တာလဲ၊ လက်သည်ရှာကြည့်တော့ အ၀ိဇ္ဇာ တဏှာကို တွေ့ရမယ်၊ အ၀ိဇ္ဇာ တဏှာနဲ့ ချဲ့နေတာပဲ၊ ခန္ဓာဝန်ကျယ်တာကို လူတွေက ချီးမွမ်းကြတယ်။”
“သူများသွားတဲ့ လမ်းကို လိုက်မနေကြနဲ့၊ မကောင်းဘူး၊ သံသရာမှာ ကိုယ့်လမ်းနဲ့ကိုယ်သွားးကြရမှာ၊ မကောင်းတဲ့လမ်းကျယ်ကြီးလိုက်နေရင် အပါယ်ရောက်ရမယ်၊ ဒီခန္ဓာဝန်ကြီးထမ်းနေရတာ မအေးဘူး၊”
(အရှင်ဇနကာဘိဝံသ)
"သူတော်ကောင်း အင်္ဂါ လေးပါး" ၁။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း) ကို မမေးလျှင် မပြော၊ မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောဆိုခြင်း။ ၂။ သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးပဲနှင့်ပင် ပြောခြင်း၊ မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာ ပြောခြင်း။
၃။ မိမိ၏ ဂုဏ်ကျေးဇူးးမဲ့ (မကောင်းကြောင်း) ကို မမေးပဲနှင့်ပင် ပြောခြင်း၊ မေးလျှင်လည်း ထိန်ချန်မထားဘဲ ပြည့်စုံစွာ ပြောခြင်း။၎။ မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးဘဲနှင့် မပြော၊ မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း။
"သူယုတ်မာ အင်္ဂါ လေးပါး" ၁။သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း) ကို မမေးဘဲနှင့်ပင် ပြောကြားတတ်ပြီး၊ မေးလျှင်လည်း ချဲ့ကား၍ ပြောတတ်ခြင်း။ ၂။ သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးလျှင် မပြောဘဲ မေးလျှင် လျှော့ပေါ့၍ ပြောခြင်း။
၃။ မိမိ၏ ဂုဏ်ကျေးဇူးးမဲ့ (မကောင်းကြောင်း) ကို မမေးလျှင် မပြော၊ မေးလျှင်လည်း လျှော့ပေါ့ထိန်ချန်၍ ပြောခြင်း။ ၄။ မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးဘဲနှင့် ပြောကြားတတ်သည်။ မေးလျှင် ချဲ့ကား၍ ပြောကြားတတ်ခြင်း။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ သပ္ပုရိသသုတ်)
မေတ္တာရှင်(ရွှေပြည်သာ)မေတ္တာဖြင့်စီးပွါးရှာခြင်း စာ ၈၁

ပစ္စည်းလေးပါ ဟူသည် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး တို့ပင်ဖြစ်သည်။ ထိုပစ္စည်းလေးပါးတို့ကို မသုံးစွဲပဲလည်းနေ၍မဖြစ်၊ သုံးစွဲရမည်သာဖြစ်သည်။ သုံးစွဲသော အခါ လောဘ၊ ဒေါသ စသော အကုသိုလ်တရားများ မ၀င်နိုင်အောင် ထိုပစ္စည်းတို့နှင့် ဆိုင်ရာ သဘောကို ဆင်ခြင်၍ သုံးဆောင်ရမည် ဟု ဆိုလိုသည်။
ဆင်ခြင်ဟန်ကား ……..
သင်္ကန်း
---------
ချမ်းပူကိုဖျက် ခြင်မှက်လေနေ ကင်းမြွေလွဲသုန်
ဟိရိဂုဏ်ကို ကုန်စေတတ်စွာ ကိုယ်အင်္ဂါကို
လုံပါစေလို ကိုယ်ကိုစမ္ပယ် ဆင်ပြင်မယ်ဟု
စိတ်ဝယ်မသန်း ဤသင်္ကန်းကို ဖုံးလွှမ်းသုံးဆောင်ပါ သတည်း။
ဆွမ်း
-----
ဤသည့်စားဖွယ် အမယ်မယ်ကို မြူးရယ်မာန်ကြွ
လှပရေဆင်း ပြည့်ဖြိုးခြင်းငှါ မသုံးပါဘူး
လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်သည် ရှည်အောင်တည်လျက်
အသက်မျှတမ်း မမောပန်းငြား ဘုရားသာသနာ
ကျင့်နှစ်ဖြာကို ကျင့်ပါနိုင်စေ ဝေဒနာဟောင်းသစ်
မဖြစ်စေရ ယာပိုက်မျှလစ် ခပ်သိမ်းပြစ်ကို
မဖြစ်လေအောင် ချမ်းမြေ့အောင်ဟု သုံးဆာင်မှီဝဲပါသတည်း။
ကျောင်း
---------
ချမ်းပူကိုဖျက် ခြင်မှက်လေနေ ကင်းမြွေဝေးမှု
ဥတုဘေးဘျမ်း မသန်းကင်းစင် စိတ်ကြည်လင်ကြောင်း
နေရာကျောင်းကို ကိန်းအောင်းမှီခိုပါသတည်း။
ဆေး
-----
ကျင်နာခံခက် နှိပ်စက်ဖိစီး ဖြစ်ပြီးဖြစ်လာ
ဝေဒနာကို စွန့်ခွါပယ်လျင်း ဆင်းရဲကင်း၍
လူမင်းမြတ်စွာ သာသနာကို ကြည်သာရွှင်လန်း
ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်းသုံးဆောင်ပါသတည်း။
(မဟာဝိသုဒ္ဓါရုံဆရာတော်၏ လင်္ကာ)မင်းကွန်းဆရာတော်ကြီး (မဟာဗုဒ္ဓ၀င်)

လက်တွေ့လုပ်ပါ
-------------------
တရားဆိုတာ တရားအတိုင်းကျင့်မှ အကျိုးရတယ်၊ နို့မဟုတ်ရင် ဟင်းမွှေယောက်မကြီးနဲ့ အတူတူပဲ၊ သုဘရာဇာ တွေအဖို့ အသုဘတွေ့နေပါလျက်၊ ဆရာဝန်တွေလည်း သုံးဆယ့်နှစ် ကောဋ္ဌာသကို သိကြပါလျက်၊ နို့ပေမယ့် တွေ့တာသိတာပဲရှိတယ်။
Like a ladle
-------------
In practicing the Dhamma, you must take the Dhamma as such. Otherwise, you will be like the ladle that has contact will food but does not know it's taste. Cemetery workers have daily contact with dead bodies. Doctors have to deal with human anatomy. But they do not gain a deep conviction of the Dhamma.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

ပညာမာန်
စာပေတက်ကျွမ်းသူတို့၏ မာန်ကို ပညာမာန် ဟုခေါ်သည်။ စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကိုသင့်မှန်း သိဖို့ရာ အလိမ္မာပေးထားသော ပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရာ အလိမ္မာပေးသော ပညာတည်း။ သို့ပါလျက် ထိုပညာကို အကြောင်းပြု၍ မတော်မတရားကြီးမားသော မာန်မာနဖြစ်ရခြင်းမှာ လွန်စွာရှက်ဖွယ် ကောင်းလှ၏။ ယခုကာလ၌ သူများထံမှ တဆင့်သင်ယူ၍ တတ်သိရသော စာပေပညာလည်း ထူးခြားသော အတတ်မဟုတ်သေးပါ။ အကြောင်းညီညွတ်၍ ဆရာကောင်းထံ သင်ကြားရလျှင် အများပင် တတ်နိုင်ပါသည်။
သို့ဖြစ်၍ အကြောင်းမညီညွတ်သဖြင့် မသင်ကြရသူ၊ အထူးဥာဏ်ထိုင်းသူများကို တွေ့ရသောအခါ မောက်မော်ဝါကြွားမည့်အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တဆင့်သင်ပြပေးဖို့သာသင့်ပါသည်။ ရှေးတုန်းကအတော်ထင်ရှားသော ဆရာတော်တစ်ပါးသည် လွန်ခဲ့သောဘ၀က စိတ်ရှည် လက်ရှည် စာချဖူးသဖြင့် ယခုဘ၀မှာ လောကဓမ္မ ၂ ရပ်၌ ထင်ရှားကျော်ကြားသော ကျမ်တတ်ပုဂ္ဂိုလ်ကြီး တစ်ပါးဖြစ်လာရပါသတဲ့။ ထို့ကြောင့်တတ်သိသောပညာကို သံသရာအတွက် အသုံးပြုကြပါလေ။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)

စံကင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်
------------------------------ -----------------
ဒီခန္ဓာကိုယ်ကြီးဟာ မရေမတွက်နိုင်တဲ့ ဘေးအန္တရာယ်တွေရှိတယ်။
အဆိပ်ပင်ကြီးနဲ့ ဥပမာတူတယ်…………
အလုံးစုံသော ဘေးရန်တွေရဲ့ စုဝေးတည်နေရာဖြစ်တယ်။
အမှန်စင်စစ်တော့ ဒုက္ခအစုအပုံကြီးပဲ။ ဒီခန္ဓာကိုယ်ကြီးရှိနေသမျှ ဘယ်သူမှ သံသရာဆင်းရဲတွေ မလွတ်နိုင်ဘူး………..

* ကိုယ့်ကိုကိုယ်သာ ဆုံးမရာ လွန်စွာအခက်ဆုံး။
* အရွယ်ရှိခိုက် လုံ့လစိုက် ကျင့်လိုက်ဥာဏ်ထက်တုန်း။
* မိုးကုန်ခါမှ ထွန်ကိုချ ဗလာနောက်ပိတ်ဆုံး။
* ဆင်ခြေဆင်လက် ချိန်ရွှေ့တွက် အခက်ကြုံကြအုံး။
* တဏှာလှဲ့သမျှ ငုံခံကြ ဘ၀သံသာလုံး။
* မေ့လျော့ပေါ့တန် အသေခံ တရံဘယ်မဆုံး။
* ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာ မှန်စွာဥာဏ်လက်သုံး။
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး
“ဥဘော သဒ္ဓါ ၀ဒညူစ၊
သညတာ ဓမ္မဇီဝိနော၊
တေ ဟောန္တိ ဇာနိပတယော၊
အညမည ပိယံဝဒါ”
“ဇနီးမောင်နှံရယ်လို့ ဖြစ်လာရင် နှစ်ယောက်လုံး သဒ္ဓါတရား တူမျှရတယ်၊ အသိဥာဏ် တူမျှရတယ်၊ ကိုယ်ကျင့်သီလ ကောင်းရမယ်၊ တရားသဖြင့် ရောင်းဝယ်ဖောက်ကား စားသောက်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုရင်လည်း ချစ်ဖွယ်သောစကားကိုပဲ ပြောရမယ်”
(အရှင်ဇနကာဘိဝံသ၏ နံနက်ခင်းသြ၀ါဒများမှ)

- နာမ်လိမ္မာမှ ရုပ်သက်သာမည်။
- နာမ်မလိမ္မာ ရုပ်နာလိမ့်မည်။
- နာမ်မအေး ရုပ်ခွေးဖြစ်လိမ့်မည်။ (ဟံသာဝတီဆရာတော်ဘုရားကြီး)
ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်
-------------------------------------------------
- လောဘဖက်လျှင် ဒါနခက်သည်။
- မကြောက်မရှက်လျှင် သီလခက်သည်။
- သုတမဖက် မလေ့ကျက်လျှင် ၀ိပဿနာခက်သည်။
- မသိအစ၊ သိက အဆုံး၊ ကိစ္စတုံး၏။
- မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်။
- တွယ်ရင်လည်းဘေး၊ ပြယ်လျှင်အေးသည်။
- အမှန်ကျန နည်းကောင်းရလျှင် ယုံယုံ ကြည်ကြည်သာအားထုတ်၊
- သည့်ထက်ကောင်းသောအလုပ် တစ်လောကလုံးမှာ မရှိ။
မျက်ကန်းကြည်ညိုခြင်းသည် ဓမ္မမဟုတ်ပေ။ မျက်ကန်းယုံကြည်ခြင်းသည် ဓမ္မမဟုတ်ပေ။ အစဉ်းစား အဆင်ခြင်ဥာဏ် မပါသော သဒ္ဒါသည် ဓမ္မကိုပျက်စီးအောင်ပြုလုပ်သည်။
*************************
Blind devotion is not Dhamma, nor is blind belief. Faith that arises without understanding is the downfall of Dhamma. (ဦးဂိုအင်ကာ)
တရားအားထုတ်သူအတွက် အင်္ဂါ ၅-ပါး
၁။ ယုံကြည်မှု (သဒ္ဓါ ) တရားနှင့် ပြည့်စုံရပါမည်။
၂။ တရားအားထုတ် နိုင်စွမ်းသည် ကျန်းမာရေးနှင့်လည်း ပြည့်စုံရပါမည်။
၃။ ဖြောင့်မတ်မှန်ကန်သော စိတ်ထားရှိရမည်။
၎။ အားထုတ်နိုင်သည့် ၀ီရိယတရား ရှိရမည်။
၅။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိမြင်နိုင်စွမ်းသော ပညာနှင့်လည်း ပြည့်စုံရပါမည်။
ဖောင်းပိန်ဝါယောမှ မဂ်ဖိုလ်သို့
“ဘုန်းကြီးတို့ကတော့ ထိုင်နေဆဲမှာ အထင်ရှားဆုံးဖြစ်ပြီး ရှုမှတ်လို့လည်းလွယ်တဲ့ ဝမ်းဗိုက်ထဲက တွေ့ထိလှုပ်ရှားမှုက စပြီး ရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်။ ဝမ်းဗိုက်က တောင့်တင်းလှုပ်ရှားတာဟာ ဝါယောဓာတ်ပဲ။ အဲဒီ ဝါယောဓာတ်ကို အရပ်သုံးစကားဖြင့် ဖောင်းတယ်ပိန်တယ်လို့မှတ်ဖို့ ညွှန်ကြားနေပါတယ်။
ညွှန်ကြားတဲ့အတိုင်း ရိုသေစွာ ရှုမှတ်ကြတဲ့ ယောဂီတွေဟာ ခုနစ်ရက် အတွင်းလောက်မှာပင် သမာဓိ အားရှိပြီး စိတ္တဝိသုဒ္ဓိလည်း ပြည့်စုံသဖြင့် ရုပ်နာမ် နှစ်ပါးကိုလည်း ကိုယ်ပိုင် ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။
ဒါလောက်တွင်လည်း မကသေးပါဘူး။ အကြောင်းနဲ့ အကျိုးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိပြီးတော့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။
ဝိပဿနာဉဏ် ရင့်သန်တဲ့အခါ ဒွါရ ခြောက်ပါးက ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို ဖြစ်စဉ်အတိုင်း လိုက်၍ ရှုသိနိုင်တဲ့အပြင် ဝိပဿနာဉာဏ် ပြည့်စုံလို့ အရိယမဂ်ဖိုလ်ဉာဏ်ပါ ပြည့်စုံပြီလို့ ယုံကြည် စိတ်ချရလောက်တဲ့ ယောဂီတွေလည်း ထောင်ပေါင်းများစွာ ရှိနေပါပြီ။”
(မဟာစည် ဆရာတော်၊ သက္ကပဉှသုတ် စာ ၄၆)
ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ
- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။ စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။ မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
- ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။ မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
- ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။ မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
- စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။ ၀ိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)
ချမ်းသာလိုလျှင် စိတ်ကိုပြင်
ရုပ်ကိုသာပြင်၊ နာမ်မပြင်၊ ရင်တွင်မအေးပါ။
ရုပ်ကိုမပြင်၊ နာမ်ကိုပြင်၊ ရင်တွင်အေးသည်သာ။
ရုပ်နာမ်ပေါ်တွင် ဥာဏ်ကယ်လျှင် အစဉ်အေးသည်သာ။ ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော် ကောက်နှုတ်ချက်များ)
ပါရမီမလို
ပါရမဆိုတာ ဘုရားအတွက်လိုတယ်၊ ပစ္စေကဗုဒ္ဓအတွက်လိုတယ်။
လက်ယာတော်ရံ၊ လက်ဝဲတော်ရံတွေအတွက်လည်း လိုတယ်။
အသီတိသာဝကတွေအတွက်လည်း လိုတယ်။
အဲဒီဆုကြီးတွေကို မပန်ဘူး၊ ရိုးရိုးသာဝကအဖြစ်နဲ့ နိဗ္ဗာန်ကိုယူမယ်ဆိုတဲ့သူတွေအတွက် ပါရမီတွေ နောက်ထပ်ဖြည့်ဖို့မလိုဘူး။ ပြည့်နေပြီ။ အလုပ်လုပ်တော့။

အရှင်အာနန္ဒာ
---------------
အရှင်အာနန္ဒာသည်-
(၁) ဗဟုသုတရှိသော သာဝကတို့တွင် အသာဆုံးအမြတ်ဆုံး ဟူသော ဗဟုသုတဧတဒဂ်။
(၂) သတိရှိသော သာဝကတို့တွင် အသာဆုံးဟူသော သတိမန္တဧတဒဂ်။
(၃) အသိပညာရှိသော သာဝကတို့တွင် အသာဆုံးအမြတ်ဆုံး ဟူသော ဂတိမန္တဧတဒဂ်။
(၄) လုံလရှိသော သာဝကတို့တွင် အသာဆုံး အမြတ်ဆုံး ဟူသော ဓိတိမန္တဧတဒဂ်။
(၅) အလုပ် အကျွေး သာဝကတို့တွင် အသာဆုံး အမြတ်ဆုံး ဟူသော ဥပဋ္ဌာကဧတဒဂ်
ဟူ၍ ဧတဒဂ် ငါးတန်ကို ရတော်မူသည်။
ကောက်နုတ်ချက် (အပ္ပမာဒကထာ- ကျော်လှိုင်)
ကောင်းမှု ပြုနည်း
အရှင်အာနန္ဒာမထေရ်သည် ပရိတ်မရွတ်မှီ ဘုရားဂုဏ်တော်ကို အတော်စုံအောင်ဆင်ခြင်သည်ဆိုရာ တခြားပရိတ်ရွတ်သူများလည်း ဤအချက်ကို လေးနက်စွာ မှတ်သားလိုက်နာသင့်သည်။
ပရိတ်ရွတ်ရာ၌ သာမက မည်သည့်ကောင်းမှု ပြုရာ၌ မဆို ရှေးဦးစွာ ဘုရားရှင်ကို အောက်မေ့ခြင်းမှာ အစဉ်ပြုထိုက်သော တာဝန်တစ်ရပ် ပင်ဖြစ်ပေသည်။
သပြေကန် ဆရာတော်ကြီး

လူ့ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ။
လူ့ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ မေးလာရင် ကောင်းသည့်ဓာတ်များ တိုးပွားအောင် ကြိုးစား မိဖို့ အရေးကြီးပါတယ်။
ထိုဓာတ်များတိုးပွား လာသည်နှင့် အမျှ မိမိတို့၏ သန္တာန်တွင် ကောင်းသော ဓာတ်များအဖြစ်ဖြင့် ကိန်းအောင်းလိုက်ပါ၍ နောင်အကြောင်းညီညွတ်ပါက ကောင်းကျိုးချမ်းသာပေးပြီးလျှင် သာသနာတော်၌ နောက်ဆုံးအကောင်းဆုံးဖြစ်သော မဂ်ဖိုလ် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါလိမ့်မည်။
----------------------------------------------သပြေကန် ဆရာတော်ကြီး
စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို “ဥပုသ်စောင့်သည်” ဟုခေါ်၏။
ယောစ---------------အကြင်သူသည်ကား။
ဥဒယဗ္ဗယံ------------အဖြစ်အပျက်ကို၊
အပဿံ--------------မမြင်ပါပဲ၊
ဝဿသတံ---------- အနှစ်တစ်ရာတစ်သက်တာပတ်လုံး၊
ဇီဝေ----------------- ပကတိအတိုင်းသာ အသက်ရှင်လျက်နေရ၏၊
တဿ----------------ထိုသူ၏၊
တတော--------------ထိုအနှစ်တစ်ရာပတ်လုံး အသက်ရှင်ရသည်ထက်၊
ဥဒယဗ္ဗယံ------------အဖြစ်အပျက်ကို၊
ပဿတော-----------မြင်သောသူ၏၊
ဧကာဟံဇီဝိတံ-------တစ်နေ့တစ်ရက်မျှအသက်ရှင်ရခြင်းသည်၊
သေယျော------------သာ၍ကောင်းမြတ်ပေ၏။
(ဓမ္မပဒပါဠိတော်)

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿူပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
………………………………………..
အကုသိုလ်များ၊ ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား၊ ဖြစ်ပွားစုံစေ၊
မိမိစိတ်ဓာတ်၊ ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး၊ ဘုရားဆုံးမပေ။ (ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး)

စိတ်ရှင်းရင်.......ဘ၀ရှင်းတယ် (ဆရာတော် ဦးဇောတိက)

“ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ။”
(ပထမလယ်တီဆရာတော်ကြီး)
“ကြည့်လိုက်မယ် ဆိုလို့ရှိယင်လေ၊ စိတ်က ငါ၊ ငါ့သားပဲ၊ ငါ့သမီးပဲ၊ ငါ့ဇနီးပဲ၊ ငါ့အရှင်ပဲ၊ ငါ့မြေးပဲလို့ ဆိုတဲ့ ဒီအမြဲ ဒီအစွဲတွေကြောင့် ရုပ်နာမ်ဓမ္မ သင်္ခါရကို မမြင်ဘဲနဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ သူ့ သဘာဝအတိုင်း ဖြစ်ပြီးလျှင် ချုပ်သွားကြတာတွေ ကြည့်ပြီးတော့ အမှန် စင်စစ်က ရုပ်နာမ်ဓမ္မတို့ ဖြစ်ကြ ချုပ်ကြတာကို ကိုယ်ကကြားကဝင်ပြီးတော့ ငါ့သားကွယ်လွန်တယ်၊ ငါ့သမီးကွယ်လွန်တယ်၊ ငါ့ဇနီး ကွယ်လွန်တယ်၊ ငါ့အမေ၊ ငါ့အဖေ ကွယ်လွန်တယ်၊ ငါ့အဘိုး အဘွား၊ သမီး၊ သား၊ ဇနီးမယားတွေ ထည့်ထည့်ပြီးတော့ စဉ်းစားလို့ ဆင်းရဲပြီးတော့ နေရတယ်။ ရုပ်နာမ်ဓမ္မ သင်္ခါရကို မြင်အောင်ကြည့်လို့ရှိယင်ဖြင့် သားသမီး ဆိုတာ မရှိဘူး၊ ဇနီးဆိုတာ မရှိဘူး၊ မိဘဆိုတာ မရှိဘူးလို့ ကောင်းကောင်းကြီး နားလည်သွားမယ်။”
(မင်းကွန်းဆရာတော်ဘုရား)
ဒါနပြုခြင်းသည် စည်းစိမ်ရွှေငွေ၌ ကပ်ငြိတွယ်တာနေသော
လောဘကို သတ်ဖြတ်ပယ်ရှားပစ်ရန်အတွက်ဖြစ်သည်။
အလှူရှင်အဖြစ် ထင်ပေါ်လိုခြင်း၊ လူသိများလိုခြင်းသည်
လောဘတစ်မျိုးပင်ဖြစ်သည်။
စည်းစိမ်ရွှေငွေ၌ တွယ်တာကပ်ငြိသောလောဘကိုပယ်သတ်ပြီး
နာမည်ကြီးလိုသောလောဘကို ပြန်လည်ဖက်တွယ်ခြင်းသည်
မြင့်မြတ်သော ပါရမီရှင်တို့ ၏ ကျင့်စဉ်ဖြစ်သော
ဒါနကို ကုန်သည်ဆန်ဆန် အရောင်းအ၀ယ်လို သဘောထားရာ ရောက်ပေသည်။
အရှုင် ဇ၀န(ရွှေပြည်သာ)
ကလျာဏ ကာရီ ကလျာဏံ
ပါပကာရီ စ ပါပကံ။
ကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သောသူသည်
ကောင်းကျိုး ချမ်းသာသုခကို ရရှိ သုံးဆောင်ခံစားရ၏။
မကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သော သူသည် မကောင်းကျိုး
ဆင်းရဲ ဒုက္ခကို ရရှိသုံးဆောင် ခံစားရ၏။

(ဇာတက-ပါ-ပအုပ်၊ ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလဝဂ်)
အတ္တာနမေဝ ပထမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။
ရှေးဦးစွာသာလျှင် မိမိကိုယ်ကို
သင့်လျှော်သောအကျင့်၌ တည်စေရာ၏။
ထိုနောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊
ပညာရှိသည် သူတစ်ပါး ကဲ့ရဲ့ခြင်းဖြင့်
မညစ်နွမ်းစေရာ။
(ဓမ္မပဒ၊ အတ္တဝဂ်။)တုံးတံတားလျှောက်စဉ်၊
အရပ်တစ်ပါးကို မကြည့်နှင့်
ချောက်ထဲ ကျလိမ့်မည်။
သံသရာတံတား လျှောက်စဉ်၊
သူတစ်ပါးအပြစ်ကို မကြည့်နှင့်၊
အပါယ်လေးပါး ချောက်ထဲသို့
ကျလိမ့်မည်။
(ရွှေကျင်ဆရာတော်)
မြတ်ဗုဒ္ဓ၏
ဓမ္မအနှစ်၊ တရားစစ်တို့
နွမ်းညစ်သေးသိမ်၊ မမှေးမှိန်ခင်
အလိမ်အညာ၊ မှားမိစ္ဆာတို့
များစွာထောင်သောင်း၊ အားမကောင်းခင်
ဘက်ပေါင်းစုံမှ၊ နည်းလမ်းချ၍
ဝါဒမှားယွင်း၊ အမိုက်သင်းကို
ပယ်ရှင်းချေမှုန်း၊ ပပျောက်သုဉ်းဖို့
အားလုံးတာဝန်ရှိသည်တကား။ ။

(အမှတ် ၇၃၊ ဓမ္မရံသီမဂ္ဂဇင်း၊ ချမ်းမြေ့သာရ၏ ကဗျာမှ )
- ပစ္စည်းနှင့် အဂါင်္ခြေလက် တစ်ခုခု အန္တရာယ်တွေ့လျှင်
အဂါင်္ခြေလက် အထိမခံနှင့်၊ ပစ္စည်း အပျက်ခံ။
- အဂါင်္ခြေလက် နှင့် အသက် တစ်ခုခုအန္တရာယ်တွေ့လျှင်
အသက်အထိမခံနှင့်၊ အဂါင်္ခြေလက် အပျက်ခံ။
- အသက်နှင့် သီလ တစ်ခုခု အန္တရာယ်တွေ့လျှင်
သီလ အထိမခံနှင့်၊ အသက် အပျက်ခံ။
…………………………………………………..(ဘုန်းတော်ကြီး ဦးသီလ) ဘုရားစကား နားထောင်ပါ
ဘုရားစကား နားမထောင်ဘဲ၊ ဘုရားသာသနာ ၀င်ခိုရုံမျှဖြင့် ဘုရားမကယ်နိုင်။
********************************
Heed the Buddha's Words
The Buddha cannot save you if you take shelter in this Sasana without heeding His words.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
------------------------------------------------
လူဟူသည်
အကျိုးရှိ အကျိုးမဲ့ကို ခွဲခြားသိနိုင်မှ လူ၊
မသိရင် လူ မဟုတ်
************************
အပြစ်ရှိ အပြစ်မဲ့ကို ခွဲခြားသိနိုင်မှ လူ၊
မသိရင် လူမဟုတ်
************************
အကျိုးရှိ အပြစ်မဲ့ကို ကြံ၊ ပြော၊ လုပ် မှသာ အလံတံခွန်များ
လွှင့်တင်ထားသလို တလူလူ မြင့်တက်နိုင်လို့ လူ လို့ ခေါ်ရပါတယ်။
(မဟာဗောဓိမြိုင် ဆရာတော်)
"ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ တန်ခိုး တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊ ထိုနေ့တွက်၊ သက်သက်ဝမ်း နည်းဖွယ်။" (မဟာဂန္ဓာရုံဆရာတော်)

စေတီထိုက်သော ပုဂ္ဂိုလ်လေးမျိုး--------------------------------------
ချစ်သား အာနန္ဒာ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် စေတီတည်ထိုက်ကုန်၏။ လေးမျိုးတို့ဟူသည်မှာ -
၁။ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားရှင်ကို စေတီတည်ထိုက်၏။၂။ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။၃။ မြတ်စွာဘုရား၏ သာဝက(အရိယာ) ကို စေတီ တည်ထိုက်၏။၎။ စကြ၀တေးမင်းကို စေတီတည်ထိုက်၏။ဤလေးမျိုးတို့ဖြစ်သည်။
မင်းကွန်းဆရာတော်ကြီး (မဟာဗုဒ္ဓ၀င်)
ဤကမ္ဘာလောကတွင် တစ်ဦးတစ်ယောက်သည် သီလဂုဏ်ကို ဖြူစင်သန့်ရှင်းအောင် သတိ ၀ီရိယ ဖြင့် ထိန်းကျောင်းသင့်သည်။ အဘယ့်ကြောင့်ဆိုသော် သီလဂုဏ်ကို ကောင်းစွာဖြည့်ကျင့်သောအခါ သီလဂုဏ်က အားလုံးသောအောင်မြင်မှုများကို လက်တစ်ကမ်းသို့ ယူဆောင်လာတော့သည်။
----------------------------------------------------------------------------
Here in the world one should train carefully to purify virtue; for virtue when will cultivated brings all success to hand.
-------------------------------------------- (Gemstones of the good Dhamma)
နွေးထွေးကြင်နာစွာ ဆွေးနွေးပါ
------------------------------ ----
ဒကာကြီးရယ်
သဘောထားကွဲလွဲမှု ဆိုတာက ဓမ္မတာအတိုင်း
လူ့လောကမှာ ရှိတာမျိုးပေါ့…
သူ့ဘက်၊ ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောကြရမှာပေါ့။
ဒါပေမယ့် ငယ်သူက ကြီးသူနဲ့ ပြောကြတဲ့အခါ သဘောကွဲလွဲချက်ပင် ဖြစ်စေကာမူ
ဂါရဝေါစနဲ့ ပြောရတယ်။
ကြီးသူကလည်း ငယ်သူနဲ့ပြောကြတဲ့အခါ သဘောထားကွဲလွဲချက်ပင်ဖြစ်စေကာမူ
ငါကအကြီးပဲဆိုပြီး အထက်စီးနဲ့မပြောရဘူး နိဝါတောစ နဲ့ပြောရတယ်
------------------------------ -----------------(မင်းကွန်းတိပိဋက ဆရာတော်ကြီး)

ချစ်တတ်ပါစေ မနှစ်ပါလေနှင့်
------------------------------ ---
မိဘကောင်းတို့သည် သားသမီးများကို ပစ္စည်းဥစ္စာထက် အလိမ္မာနှင့် ပညာကိုပေးကာ ချီးမြှောက်တတ်ကြ၏။
ဥစ္စာဟူသည် ပျက်စီးတတ်၏။ ပညာနှင့် အလိမ္မာတို့သည် မပျက်မစီး ထာဝရတည်၍ ကောင်းကျိုးကိုလည်း ရှည်ကြာစွာပေးတတ်၏။
ထို့ကြောင့်ထိုချီးမြှောက်မှုမှာ မှန်ကန်သော ချီးမြှောက်မှုဖြစ်သည်။
ထိုကဲ့သို့ ချီးမြှောက်သော မိဘတို့သည် သားသမီးတို့ ကို တကယ်ချစ်သော သားသမီးတို့၏ မိတ်ဆွေစစ်များတည်း။
သားသမီးတို့ကို အလိုလိုက်၍၊ မဆုံးမတတ်သော မိဘများသည် ချစ်ရာမရောက် နှစ်ရာရောက်၍ ရန်သူများမည်ပေသည်။
------------------------------ ----------------သပြေကန် ဆရာတော်ကြီး

- ကြိုက်သလောက်သာ ပေးလှူပါ၊ ကိုယ်သာ ပဓာန။
- နိုင်သလောက်သာ စောင့်ထိန်းပါ၊ ကိုယ်သာ အဓိက။
- လိုသလောက်သာ စူးစိုက်ပါ၊ ကိုယ့်မှာ အခွင့်ရ။
- မြင်သလောက်သာ ရှုပွားပါ၊ ကိုယ့်မှာ စွမ်းအားရ။
- ကိုယ့်ကိုယ်ကို မြှင့် လုပ်ပိုင်ခွင့်၊ လမ်းဖွင့် ကြိုးစားကြ။
------------------------------ ---------တိပိဋကဓရ (ယော) ဆရာတော်

ပယ်ရန် အင်္ဂါငါးပါး
-------------------
၁။ နှစ်သက်လိုချင် ကြွေးမြီတင်၊ အလျင်ပယ်ဖျောက်လေ။
၂။ စိတ်ပျက် စိတ်ဆိုး ရောဂါမျိုး၊ နှိမ်ချိုးပယ်ဖျောက်လေ။
၃။ ထိုင်မှိုင်း ပျင်းရိ ချုပ်နှောင်မိ၊ မှတ်သိ ပယ်ဖျောက်လေ။
၎။ ပျံ့လွင့်ပူပန် သူ့ကျွန်ခံ၊ အမြန်ပယ်ဖျောက်လေ။
၅။ ယုံမှားဒွိဟ လမ်းနှစ်ခွ၊ တွေ့ကပယ်ဖျောက်လေ။
……………………………………................ .....(ကျေးဇူးရှင်မဟာစည်ဆရာတော် ဘုရားကြီး)

အရူးလွယ်အိတ်
------------------
အရူးများဟာ သူတို့အိတ်ထောင်ထဲမှာ အထုပ်လေးတွေပြည့်လို့နေတယ်။ ဆေးလိပ်တို၊ အ၀တ်စုတ်၊ သံဘူး၊ သံခွက်၊ ငါးခြောက်မှီးတို၊ ခရမ်းချဉ်သီး၊ ငရုတ်သီးပုပ်က အစ မကောင်းဆိုးရွားတာမှန်သမျှ စုံရာကထပ်လို့ပဲ။
ဒီအရူးဟာ သူ့အထုပ်ကလေးတွေ ထမ်းပိုးပြီးလှည့်လည်သွားလာနေတာ ပဲ။ သူ့အထုပ်လေးတွေကို နှစ်ခြိုက်လွန်းလို့ လက်ကတောင်မချဘူး။ တခြားသူတွေက၊ လူကောင်းတွေက လုယူမယ်များလုပ်တော့ ဘယ့်နှယ့်များမှတ်နေမယ်ထင်လဲ။ မကြိုက်ဘူး၊ သဘောမကျနိုင်ဘူး၊ အလွန်စိတ်ဆိုးတယ်၊ လူကောင်းတွေကို သူကပြန်ပြီး ရန်မမူရင် ကံကောင်းလို့အောက်မေ့။
ဒီဥပမာလိုပဲ၊ ဒကာတို့တတွေလည်း ဒီအတိုင်းဘဲဆိုရင် မမှားပါဘူး။ ပုထုဇဉ်ဆိုတော့ အကာင်းကို မရှိဘူး။ တစ်ကိုယ်လုံးရူးနေတာပါ။ တစ်ကိုယ်လုံးရူးတော့ သားထုပ်၊ သမီးထုပ်၊ ပစ္စည်းထုပ်ကလေးတွေ ကိုယ်စီပိုက်ထားကြ၊ လုမယ်လုပ်ရင် မကြိုက်နိုင်ကြဘူးပေါ့ ရှင်းကြပလား။
-------------------------- အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး 
သူတော်ကောင်းတို့၏ လှူခြင်းငါးမျိုး
------------------------------ --------
၁။ လှူဘွယ်ဝတ္တုကို စင်ကြယ်ကောင်းမွန်အောင် စီမံပြုပြင်၍ လှူဒါန်းခြင်း။
၂။ စိတ်ထဲမှာ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း (လှူဘွယ်ဝတ္တုကို ဂရုတစိုက် စိတ်၌ ထား၍ လှူဒါန်းခြင်း)
၃။ မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း (အစမထင် သံသရာတခွင်၌ လက်ခြေကို မရသည့်ဘ၀ကား များလှပြီ၊ လက်ခြေအင်္ဂါပြည့်စုံသည့် ယခုဘ၀၀ယ် ရသောလက်ဖြင့် ဘ၀မှ လွတ်မြောက်ရေးကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင်ကိုင်တွယ်၍ လှူဒါန်းခြင်း)
၎။ ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးတို့ ကဲ့သို့ မဟုတ်ပဲ ဂရုတစိုက် လှူဒါန်းခြင်း။
၅။ ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာ ပညာရှေ့သွားပြု၍ လှူဒါန်းခြင်း။
------------------------------ -----------------------------မ င်းကွန်းဆရာတော်ကြီး (မဟာဗုဒ္ဓ၀င်)
အတင်းအဖျင်း ကင်းရှင်းပါစေ
------------------------------ --
မေတ္တာနှင့်
တစ်လောကလုံးကို ဖြန့်ပြီး
စိတ်ရှင်းရှင်းထား နေတတ်သူဟာ
အမှိုက်သရိုက်နဲ့တူတဲ့
သူ့ကြောင်းကိုယ်အကြောင်း
ရှုပ်ရှုပ် ယှက်ယှက် တွေကို
မစဉ်းစားဘူး။
ကိုယ့်လာပြောလည်း
နားမထောင်ဘူး
စိတ်ကိုရှင်းရှင်းထားမှ
ချမ်းသာတယ်။
---------------------- (အရှင် ဦးဥတ္တမသာရ ဆရာတော်ကြီး)
ပ၀ိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။
တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။
Having tasted the flavor of Dhamma in seclusion and the flavor of peace in tranquility, one is without distress, free from the bad, drinking the flavor of the joys of Nibbana.

မိမိအပြစ်ပြသူကို ရွှေအိုးပေးလာသူဟုမှတ်
------------------------------ ------------------
အကြင်သူသည် ကိုယ့်အပြစ်ကို မြင်တတ်သောသူ ကို အကယ်၍သိနေငြားအံ့၊ ထိုသူကို "ကိုယ့်အပြစ် မြင်နိုင်ရန်အတွက်" ချဉ်းကပ်မှီဝဲရာ၏။ ထိုစကား သင့်လျော်၏။ အဘယ့်ကြောင့်နည်း။ ကိုယ့်အပြစ်ကို မြင်နိုင်ခဲသောကြောင့်တည်း။
သူတော်ကောင်းစိတ်ရှိသူသည် မြင်နိုင်ခဲသော ကိုယ့်အပြစ်ကို အကြင်သူတစ်ယောက်က ဖော်ပြပြောဆိုငြားအံ့။ "ထိုလူကား၊ ငါ့အား ရခဲသော ရတနာရွှေကို ပေးသူပါတကား" ဟု စိတ်ထားရာ၏။
--------------------- အရှင်တိဿရ မဟာထေရ်

ချစ်စရာဟာ ဒုက္ခ
-------------------
လောကမှာ အချစ်ဆုံးအရာဟာ ဒုက္ခအပေးဆုံး။
ချစ်စရာ တစ်ခုသာရှိရင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခလည်းများ၊ ချစ်စရာမရှိတော့ရင် ဒုက္ခမရှိတော့ ဟူ၍မှတ်…..
______________________________ _____________________
Love and Trouble
-----------------------
What one loves best gives one worst trouble. For every love-object there is trouble. Many love-objects, many troubles. No love-object, no trouble.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသသံသရာဆိုတာ နိဗ္ဗာန်အထိ သွားရမယ့် ရုပ်နာမ်အစဉ်ကို ခေါ်တယ်။
ထိုခရီးအရှည်ကို ကြည့်တတ်ရင် တခါတခါ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ
အဆန်းမဟုတ်တော့ဘူး။
ဒါကြောင့် ခရီးစဉ်မပျက်အောင် သွားတတ်တဲ့ အသိဉာဏ်သာ အရေးကြီးတယ်။
တဘ၀ကလေး၊ တခဏကလေး မကြည့်နဲ့၊ နိဗ္ဗာန်အထိ သွားရမယ့် သံသရာဘ၀အရှည်ကြီးကို ကြည့်ပါ။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
စာပေကျမ်းဂန် အတတ်ပညာတို့သည်
မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
အိမ်တို့သည်
ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
ပျင်းရိခြင်းသည်
အဆင်း-လှပခြင်း၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
မေ့လျော့ခြင်းသည်
စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
(ဓမ္မပဒ၊ မလ၀ဂ်၊ လာယုဒါယီဝတ္ထု) မြေတစ်ပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၎င်း၊
နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊
တစ်လောကလုံးကို အစိုးရသည်ထက်၎င်း၊
သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
( ဓမ္မပဒ လောက၀ဂ်၊ အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)
သတိထားပြီး စိတ်ကို စောင့်ရှောက်ရမည်၊ အဘယ်အချက်လေးခုနည်း ဆိုသော်---
( ၁ ) တပ်မက်စရာအာရုံတို့၌ ငါ့စိတ်ကို မတပ်မက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( ၂ ) အမျက်ထွက်စရာကိစ္စတို့၌ ငါ့စိတ်သည် အမျက်မထွက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( ၃ ) တွေဝေစရာကိစ္စတို့၌ ငါ့စိတ်သည် မတွေဝေစေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( ၄ ) မာန်ယစ်စရာအကြောင်းတို့၌ ငါ့စိတ်သည် မာန်မယစ်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
ရဟန်းတို့ မိမိအကျိုးစီးပွားကို အလိုရှိသောသူသည် ဤအချက်လေးခု၌ မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( စတုက္ကအင်္ဂုတ္တိုရ်၊ တတိယပဏ္ဏာသက ၃-ကေသိဝဂ်၊ ၇-အာရက္ခသုတ် )
ရဟန်းတို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုး ရှိ၏။
၁။ အခါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောမည်။
၂။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ၊ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ ပြောမည်။
၃။ သိမ်သိမ်မွေ့မွေ့ ဖြစ်စေ၊ ကြမ်းကြမ်းထမ်းထမ်း ဖြစ်စေ ပြောမည်။
၎။ အကျိုးသင့် အကြောင်းသင့် ဖြစ်စေ၊ အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲဖြစ်စေ ပြောမည်။
၅။ မေတ္တာစိတ်ဖြင့် ဖြစ်စေ၊ ဒေါသစိတ်ဖြင့် ဖြစ်စေ ပြောမည်၊
ဤသို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုးရှိ၏။
ရဟန်းတို့ သင်တို့ကို ပြောဆိုသောသူတို့သည် အခါဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အခါမဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဟုတ်မှန်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
မဟုတ်မမှန်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
သိမ်မွေ့စွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ကြမ်းထမ်းစွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် အားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
မေတ္တာစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဒေါသစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ရဟန်းတို့ ထိုသို့ စကားပြောပုံ ပြောနည်း ငါးမျိုးဖြင့် ပြောဆိုရာ၌လည်း သင်တို့သည် ဤသို့ ကျင့်သုံးရမည်၊
သူ့ပြောဆိုချက်ကြောင့် ငါတို့သည် စိတ်တမျိုးတမည် မဖြစ်ကုန်အံ့၊
ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကုန်အံ့၊
သူ့အကျိုးစီးပွားကို ငဲ့ညှာလျက် မေတ္တာစိတ်ထားကာစိတ်မဆိုးဘဲ နေကြကုန်အံ့၊
ထိုပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ် ပို့လွှတ်၍ နေကုန်အံ့၊
ထိုပုဂ္ဂိုလ်ကို မူ-ထား၍ တလောကလုံးရှိ သတ္တ၀ါအားလုံးကို မေတ္တာစိတ်၏ အာရုံအဖြစ်ထားလျက်
အပိုင်းအခြားမရှိ ကျယ်ပြန့်သော ရန်ပြုလိုမှု၊ ဒုက္ခဖြစ်စေလိုမှု ကင်းသော မေတ္တာစိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့-ဟူ၍
ကျင့်သုံးရမည်။
( မူလပဏ္ဏာသ ၃-သြပမ္မ၀ဂ်၊ ၁-ကကစူပမသုတ် )
( အနိစ္စ၊ ဒုက္ခ၊ အနတ္တ )
Remember friends, as you pass by, as you are now,
so once were I, as I am now.
So You must be prepared yourselves and follow me'
မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။
နေမ၀င်ခင် ရိက္ခာပြင်ပါ။
၁။ သေမင်းကိုကွဲ့၊ မိတ်ဆွေဟဲ့၊ ဖွဲ့၍မရချေ။
၂။ မသေလိုပြန်၊ လာဘ်ထိုးခံ၊ အမှန်မရချေ။
၃။ မရဏဆိုး၊ သေမင်းမျိုး၊ စစ်ထိုးမရချေ။
၎။ သေမင်းကိုမူ၊ ပြိုင်သည့်လူ၊ နိုင်သူမရှိချေ။
၅။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ သက်ပျောက်ဇီဝိန်ကြွေ။
( တေသကုဏဇာတ်)
နာတာထဲမှာ၊ ငါ မပါ၊ နာတာ သက်သက်သာ။
သိတာထဲမှာ၊ ငါ မပါ၊ သိတာ သက်သက်သာ။
နာသိ နာသိ၊ ငါ မရှိ၊ မှတ်သိ ဒိဋ္ဌိကွာ။
ဒိဋ္ဌိကွာရာ၊ ဉာဏ်ဝင်လာ၊ ရှုတာ ၀ိပဿနာ။
၁။ ကြီးငယ် နှစ်ပါး၊ ထိုလူများ၊ မမှား သေရမည်။
၂။ ဗာလ ပဏ္ဍိတ၊ ထိုနှစ်ဝ၊ မုချ သေရမည်။
၃။ ဆင်းရဲ ချမ်းသာ၊ ထိုနှစ်ဖြာ၊ မှန်စွာ သေရမည်။
၎။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ ချုပ်ပျောက် သေရမည်။
(ဒသရထဇာတ်)

" မေတ္တာပွားရင် ဒေါသကိုဖယ်မယ်။
ကရုဏာပွားရင် သောကကိုဖယ်မယ်။
မုဒိတာပွားရင် ဣဿာကိုဖယ်မယ်။
ဥပေက္ခာပွားရင် စိတ်ထိခိုက်ခြင်း နဲ့
စိတ်ငြိကပ်ခြင်း ကို ဖယ်မယ်။ " - သီတဂူဆရာတော်
" ဗုဒ္ဓကို တပည့်များက ကြည်ညိုလေးစား
ရတဲ့ အချက် " - ဗုဒ္ဓ
---------------------------------------------
*- အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရားနှင့်ပြည့်စုံခြင်း။
*- ထူးခြားတဲ့ အသိအမြင်ရှိခြင်း။
*- ပညာဥာဏ်ကြီးမား ထက်မြတ်မှု့ရှိခြင်း။
*- သစ္စာတရားနဲ့ ပတ်သက်တဲ့ ဥာဏ်အမြင်
ရှင်လင်းတိကျပိုင်နိုင်ခြင်း။
*- စွမ်းရည်မြင့်မားသော တန်ခိုးသတ္တိတို့ဖြင့်
ပြည့်စုံခြင်း။ ကျင့်စဉ်ကို ပေါက်မြောက်အောင်
မြင်နိုင်အောင် လမ်းညွှန်ပြသပေးနိုင်ခြင်း။
- ဗုဒ္ဓ
* * *
" သတိပဋ္ဌာန်တရားကို ထိမိပေါက်မြောက်
အောင် ကျင့်သုံးနိုင်သူသည် ထူးခြားကဲမွန်
သော ဥာဏ်အမြင်တို့ကို ရရှိကာ (နိဗ္ဗာန်)
ပန်းတိုင်ကြီးကို ဆိုက်ရောက်နိုင်ပေ၏။ "
- ဗုဒ္ဓ
* * *
( ဗုဒ္ဓနှစ်-၂၆၀၀ ပြည့် ယမန်နေ့ည အထူး
ဓမ္မသဘင်တွင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဟောကြားတော်မူသော တရားတော်မှ
ကောက်နုတ်ဖော်ပြ ပူဇော်အပ်ပါသည်။ )
" ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့်
သိကြားမင်းသည် နတ်တကာတို့ထက်
မြတ်သောအကြီးအမှူး အဖြစ်သို့ရောက်၏။
ကုသိုလ်ကောင်းမှု၌ မမေ့လျော့သော
သတိတရားကိုပညာရှိတို့ ချီးမွမ်းကုန်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို
ပညာရှိတို့ အမြဲကဲ့ရဲ့ ကုန်၏။ " - ဗုဒ္ဓ
" တည်တံ့သော စိတ်လည်း မရှိ၊
သူတော်ကောင်းတရားကိုလည်း မသိ၊
ယုံကြည်ခြင်း တည်းဟူသော သဒ္ဓါတရားလည်း
မခိုင်မာသော သူမှာလောကီ လောကုတ္တရာပညာ
မပြည့်စုံလေ။ " - ဗုဒ္ဓ
" ဗုဒ္ဓရှင်တော်မြတ်၏ နောက်ဆုံးစကား "
" ပစ္စပ္ပန် အကျိုးလည်းမသိ၊
သံသရာအကျိုးလည်း နားမလည်ကြတဲ့
အသိဥာဏ်ပညာမဲ့ လူမိုက်ပုဂ္ဂိုလ်တွေဟာ
ကိုယ့်ကို ခါးစပ်ခံခက်တဲ့အကျိုးတွေ
ဆင်းရဲပင်ပန်းတဲ့ အကျိုးတွေပေးမယ့်
မကောင်းမှု အကုသိုလ်ကံတွေကို
စိတ်လိုလက်ရ ပြုလုပ်ရင်း
ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူသဖွယ်
အဖြစ်မျိုးနဲ့ ရှင်သန်လှည့်လည်နေကြပါတယ်။ " - ဗုဒ္ဓ "တရားတွေ နှလုံးသွင်း အားထုတ် မထားသူ ဆိုလျင် တရားတွေ အကောင်းအဆိုး မသိ.. မသိတော့ မဟုတ်တာတွေ သဘောကျ တယ်။ အခုခေတ် အနေနဲ့ ဆိုလို့ရှိရင် ကြည့်ရင် ဗုဒ္ဓဘာသာ အပြင်ဘက်ကနေ ဝေဖန်တဲ့ စာတွေ ဘာတွေ ရှိပါတယ်။ ဟိုစာတွေ ဒီစာတွေ ။ အဲဒီဟာတွေကို သိပ်ပြီးတော့ သဘောကျကြ တယ်...ခေတ်မီတယ် ဆိုပြီးတော့ ... စာတွေကို သိပ်ပြီးတော့ လိုက်စားကြတယ်။ ဟိုဝါဒ ဒီဝါဒတွေ သိပ္ပံပညာတွေ ဘာတွေ.. ဒါတွေကို ..သိပ်ပြီးတော့ လိုက်စားကြတယ်..။ စီးပွားရေးအနေ အသက်မွေး ၀မ်းကျောင်း အနေနဲ့တော့ မလွှဲသာ မရှောင်သာရင်တော့ လိုက်ရမှာပေါ့။ ဘာမဟုတ်ဘဲနဲ့ ..တစ်ချို့က တကယ့်ကို အနှစ်သာရကြီး ထင်ပြီးတော့ လိုက်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်.။ အဲဒါတွေကတော့ တယ်နေရာမကျဘူး။ " - မဟာစည်ဆရာတော်
" သူတော်ကောင်းတို့နှင့် တစ်ကြိမ်တစ်ခါမျှ ဆုံဆည်းပေါင်းသင်းရခြင်းသည်
အလွန်ကောင်းမြတ်လှပေ၏။ ပေါင်းသင်းလိုက်ရသောသူကို သူတော်ကောင်း
တို့သည် အမြဲမပြတ်စောင့်ရှောက်၍ နေ၏။
သူယုတ်မာတို့နှင့် ကြိမ်ဖန်များစွာ ပေါင်းသင်းဆုံဆည်းရပါသော်လည်း
ထိုသူယုတ်မာတို့သည် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်။ " - ဗုဒ္ဓ
"၁ - ဘုရားအဆုံးအမတော်သည် မိမိ၌သာ တည်လျက် တစ်ပါးသူတို့အား
မဖြန့်ပါမူ သာသနာတည်သော်လည်း သန့်ကားသန့်၏။ ပြန့်မည်ကား မဟုတ်။
၂ - သူတစ်ပါးချည်းသာ တည်စေ၍ မိမိ၌မတည်သူကား ပြန့်ကားပြန့်၏။
တည်မည်မဟုတ်။ တည်သော်မှ ကြည်မည်မဟုတ်။ သန့်လည်း သန့်မည် မဟုတ်၊ ပြန့်ဖို့လည်း အခြေခံမကောင်းသဖြင့် မသေချာ။
၃ - မိမိ သူတစ်ပါး နှစ်ဦးသားလုံး၌ တည်စေသူကား တည်လည်းတည်၊ ပြန့်လည်းပြန့်၊ သန့်လည်းသန့်မည်သာတည်း။
၎- မိမိသူတစ်ပါး နှစ်ဦးသားလုံး၌ မတည်စေသူကား ၊ တည်မှမတည်သော သန့်ပြန့်ဖို့ကား စဉ်းစားဖို့ပင် မလိုတော့ချေ။
ဤကား (သာသန)၀န်ထမ်းလောက၏ အလွှာလေးမျိုးတည်း။ " - မဟာဗောဓိမြိုင်ဆရာတော်
" သက်မဲ့သာသနာပြုလုပ်ငန်းဖြင့် သာသနာတည်ရန် ကြိုးစားရာ၌ သက်မဲ့သာသနာကား
ကိုယ်ပြုသလိုတည်မှာကား သေချာ၏။ သို့သော်လည်း ယင်းသက်မဲ့၌ သိတတ်သော အသိဥာဏ်၊ စေတနာဥာဏ်များ ကင်းမဲ့သဖြင့် သက်ရှိမပါနိုင်ပြီ။
အကယ်၍ သက်ရှိသာသနာပြုလုပ်ငန်း ပြုရာ၌ အောင်မြင်ပါမူကား သက်ရှိ၌ သာသနာတည်သလောက် အသိဥာဏ်၊ စေတနာဥာဏ်များ ဖွံ့ဖြိုးတိုးတက်လာ
စေပြီးဖြစ်သဖြင့် သက်ရှိမှ သက်မဲ့လည်းပါစေနိုင်သည်သာဖြစ်၏။ " - မဟာဗောဓိမြိုင်ဆရာတော်
ကိုယ့်စကားမှ ကိုယ်နားမထောင်ပါဘဲလျက် တစ်ဘက်သားကို နားထောင်ခိုင်းသည်မှာအလွန်မလွယ်ကူသော အလုပ်မျိုးပင် ဖြစ်၏။
သို့ကြောင့် - ကိုယ့်စကား ကိုယ်နားထောင်ပါ။ ပြီးမှ ကိုယ့်စကား သူများနားထောင်အောင် ကြိုးစားပါဟူ၏။ " - မဟာဗောဓိမြိုင်ဆရာတော်
" သာသနာပြုလုပ်ငန်းဟူသည် ဘုံဗိမာန် နန်းပြသာဒ်ကြီးများ ထီးထီးမားမား ပေါ်ပေါက်လာစေခြင်းလည်းမဟုတ်၊ လူစည်ကားစေခြင်း၊ ပစ္စည်းလာဘ်သပ်ပကာ ပေါများစေခြင်းလည်းမဟုတ်။ ဘုရားရှင်၏
အဆုံးအမဖြစ်သော သာသနာသုံးရပ်တို့ကို ကိုယ်တိုင်လည်း
ထိုးထွင်းသိ၊ တစ်ပါးသူတို့အားလည်း သိစေခြင်းဟု ဖြေဆိုအပ်၏။
ထိုသို့သိစေခြင်းဖြင့် - ဝေနေယျအစားစားတို့သည် မိမိ၏ အရိုင်းစိတ်ကို
သီလ၌ တည်လျက် ယဉ်လိုခြင်း၊ အယဉ်စိတ်ကို သမာဓိ၌တည်လျက် ငြိမ်လိုခြင်း၊ အငြိမ်စိတ်ကို ပညာ၌တည်လျက် သိလိုခြင်းများ တဖွားဖွားကိန်းစေနိုင်၏။ " - မဟာာဗောဓိမြိုင်ဆရာတော်
"မဂ္ဂင် ၈-ပါးကိုလည်း သဘောတူပေါင်းရုံး၍ အကျဉ်းရုံးပြရချေသော်
သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးဆင့် မှန်သောကျင့်စဉ်သာတည်း။
၁- သီလသာသနာ - ကျင့်စဉ် မှန်ကန်စေရန် ဆုံးမထားသောစကား။
၂- သမာဓိသာသနာ - ကျင့်စဉ်၌ စိတ်တည်စေရန် ဆုံးမထားသောစကား။
၃- ပညာသာသနာ - ကျင့်စဉ်၌ ကွဲပြားစွာသိစေရန် ဆုံးမထားသောစကား။
ဤသိက္ခာသုံးပါး အကျင့်မြတ်ပေတည်း။ (ဤကား သာသနာတည်း )။ " - မဟာဗောဓိမြိုင်ဆရာတော်
" ကိုယ်ကျင့်သိက္ခာ ခိုင်မာအောင် တည်ဆောက်ရန် မကြိုးစားဘဲ ပညာတတ်ဖြစ်အောင် ကြိုးစားခြင်းသည် ဖြတ်လမ်းဖြစ်သဖြင့် လောကအတွက် ကြီးမားသော အန္တရယ်ကို ယူဆောင်ရာ ရောက်တတ်ပါ၏ ။ " - ဆရာကြီးဦးရွှေအောင်
၃။ မကောင်းသော အလေ့အကျင့် ကျက်စားရာ ရှိသူသည် လည်းကောင်း၊
ဤလောကမှ လည်းကောင်း၊ တမလွန်လောကမှ လည်းကောင်း
နှစ်ပါးစုံသော လောကမှ ပျက်စီးခြင်းသို့ လျှောကျတတ်၏။
(သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။)
တစ်နေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့မိန့်တော်မူသည်။ရဟန်းတို့ နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသော နံနက်ခင်း ဖြစ်ပေ၏။အလားတူပင် နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား
ကောင်းသောနေ့ခင်း ဖြစ်ပေ၏။
ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသောညချမ်းအခါ ဖြစ်ပေ၏။
ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် ကောင်းသောနက္ခတ်နှင့်လည်း ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း ကောင်းစွာပူဇော်ခြင်းမည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍ ပွားစည်းသော အကျိုးတို့ကို ရကုန်၏။
အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍ ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း။
( ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ် )
ကောင်းသောနေ့ခင်း ဖြစ်ပေ၏။
ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသောညချမ်းအခါ ဖြစ်ပေ၏။
ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် ကောင်းသောနက္ခတ်နှင့်လည်း ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း ကောင်းစွာပူဇော်ခြင်းမည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍ ပွားစည်းသော အကျိုးတို့ကို ရကုန်၏။
အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍ ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း။
( ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ် )

“စာတတ်တယ်ဆိုတာ အာဂုံနှုတ်တက်ဆောင်နိုင်ရုံမျှကို ခေါ်တာမဟုတ်ဘူး။ နားလည်သဘောပေါက်အောင် ကြည့်ရှုနိုင်စွမ်းကိုခေါ်တာ ... ”
(မဟာဂန္ဓာရုံဆရာတော်)
ရေကြောင့်ဖြစ်သော အညစ်အကြေးကိုရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ငါ့ကိုယ် ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။
ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းသင့်ပြီ။
ငါးခုခန္ဓာ၊ ရုပ်နာမ်မှာ၊ မှန်စွာ မှတ်သင့်ပြီ။
သမ္မသန၊ ဉာဏ်အစ၊ ထင်လှသင့်ကြပြီ။
( ထွဋ်ခေါင်ဆရာတော် )
အမိုက်နင့်ပြင် ရှိသေးလိမ့်လား
ငါးအာရုံဘင်အစု၊ ခင်မှုနှင့်နေ့ကုန်
နင်ယခုမေ့ပုံကို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ လောကဘုံမှာ၊ မျောရရုံရှိတော့ခမန်း။
အောက်အ၀ီစိသောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မြော်စမ်းနင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်းပိုထက်သာပို။
သည်လောက စရိုက်အိုကို၊ မလိုက်လိုရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ အခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
(လယ်တီဆရာတော်ဘုရားကြီး)
ကိုယ့်ကိုယ် အပြစ် ၊ ကိုယ်သာစစ်၍ ၊
အနှစ်ကိုရှာ ၊ သာသနာဝယ် ၊
မှန်ရာလိုက်ရေး ၊ ကိုယ်သာတွေးသို့ ၊
ကိုယ်မှု ကိုယ်တာ ၊ ကိုယ့်ပြစ်တာကို ၊
ကိုယ်သာမိမိ ၊ ကိုယ့်ဉာဏ်သိ၏ ။
ကိုယ်၏ကျင့်တာ ၊ ကိုယ့်သိက္ခာကို ၊
ကိုယ်သာလိမ်ကြည့် ၊ ကိုယ်သာသိ၏ ၊
ကိုယ်၏မက်တာ ၊ ကိုယ့်တဏှာကို ၊
ကိုယ်သာလက်ရှိ ၊ ကိုယ်ရိပ်မိ၏ ။
ကိုယ့်ကိုယ် အပြစ် ၊ ကိုယ်သာစစ်၍ ၊
အနှစ်ကိုရှာ ၊ သာသနာဝယ် ၊
မှန်ရာလိုက်ရေး ၊ ကိုယ်သာတွေးသို့ ၊
ကိုယ်မှု ကိုယ်တာ ၊ ကိုယ့်ပြစ်တာကို ၊
ကိုယ်သာမိမိ ၊ ကိုယ့်ဉာဏ်သိ၏ ။
ကိုယ်၏ကျင့်တာ ၊ ကိုယ့်သိက္ခာကို ၊
ကိုယ်သာလိမ်ကြည့် ၊ ကိုယ်သာသိ၏ ၊
ကိုယ်၏မက်တာ ၊ ကိုယ့်တဏှာကို ၊
ကိုယ်သာလက်ရှိ ၊ ကိုယ်ရိပ်မိ၏ ။

ကိုယ်နှင့်လည်းစာ၊
သတ္တ၀ါကို၊
ကြင်နာလှစေ၊
သူ့အသက်ကို ချစ်ပါလေ။
( ရှင်မဟာရဋ္ဌသာရ ဆုံးမစာ)

အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့် အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။
( ဓမ္မပဒ-စိတ္တ၀ဂ်)

လောက၌ မကောင်းမှုပြုသောသူအား ဆိတ်ကွယ်ရာအ၇ပ်မည်သည် မရှိ။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။
(တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)

သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍ စားသကဲ့သို့
ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင်
ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။
(ဓမ္မပဒ၊ မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)

လယ်တီ ဆရာတော်ဘုရားကြီး၏ သံဝေဂ ဒွေးချိုး
တစ်နေကွယ် သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များရင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်သွားပါလိမ့်…………….တားမရဘူး။
“ကူးစက်တဲ့ရောဂါ၊ နူနာရောဂါတို့ စွဲကပ်နေတဲ့လူ အနီးအပါးကို မကပ်ချင်ကြသလိုပဲ ဒေါသဖြစ်နေတဲ့သူ၊
ဒေါသကြီးတဲ့သူရဲ့ အနီးအပါးလည်း မကပ်ချင်ကြဘူး ”
(မဟာစည်ဆရာတော်)

၁။ သေမင်းကိုကွဲ့၊ မိတ်ဆွေဟဲ့၊ ဖွဲ့၍မရချေ။
၂။ မသေလိုပြန်၊ လာဘ်ထိုးခံ၊ အမှန်မရချေ။
၃။ မရဏဆိုး၊ သေမင်းမျိုး၊ စစ်ထိုးမရချေ။
၎။ သေမင်းကိုမူ၊ ပြိုင်သည့်လူ၊ နိုင်သူမရှိချေ။
၅။ သေမင်းထံမှောက်၊ လူတိုင်ရောက်၊ သက်ပျောက်ဇီဝိန်ကြွေ။
( တေသကုဏဇာတ်)

နာတာထဲမှာ၊ ငါ မပါ၊ နာတာ သက်သက်သာ။
သိတာထဲမှာ၊ ငါ မပါ၊ သိတာ သက်သက်သာ။
နာသိ နာသိ၊ ငါ မရှိ၊ မှတ်သိ ဒိဋ္ဌိကွာ။
ဒိဋ္ဌိကွာရာ၊ ဉာဏ်ဝင်လာ၊ ရှုတာ ၀ိပဿနာ။

၁။ ကြီးငယ် နှစ်ပါး၊ ထိုလူများ၊ မမှား သေရမည်။
၂။ ဗာလ ပဏ္ဍိတ၊ ထိုနှစ်ဝ၊ မုချ သေရမည်။
၃။ ဆင်းရဲ ချမ်းသာ၊ ထိုနှစ်ဖြာ၊ မှန်စွာ သေရမည်။
၎။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ ချုပ်ပျောက် သေရမည်။
(ဒသရထဇာတ်)

“အလုံးစုံသော သတ္တ၀ါတွေ
ဘေးရန် ကင်းကြပါစေ၊
စိတ်ဆင်းရဲ ကင်းကြပါစေ၊
ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
မိမိတို့ခန္ဓာဝန်ကို
ချမ်းသာစွာနဲ့ ရွက်ဆောင်နိုင်ကြပါစေ ...”
လမ်းဘေးမှာ လူသားများစွန့် ပစ်ထားသော အမှိုက်ပုံ၌ ပေါက်ရောက်နေသော
ကြာပန်းသည်.
အမှိုက်၏ အညစ်အကြေးများ မငြိကပ်၊ မညစ်ပေပဲ မြင်ရသူတိုင်း
လိုချင်မက်မောလောက်အောင်
လွန်စွာမွှေးကြိုင်သောပင်ကိုယ်အနံ့ ဖြင့် လှပတင့်တယ်နေသကဲ့သို့ ၊
ထို့ အတူ ဘုရားရှင်၏တပည့်သည် လောကသားများနှင့် မငြိကပ်၊မရောထွေးပဲ
အကန်းသဖွယ်ဖြစ်သော ပုထုဇဉ်လူများအလယ်မှာ ကျယ်ပြန့် သောအသိဥာဏ်ဖြင့် လွန်စွာတင့်တယ်လှပေ၏ ။
အရှုင်ဇ၀န...
"တနိုင်သာသနာ..."
ဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။
(ပုဗ္ဗဏှသုတ်)

ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း။
(ပုဗ္ဗဏှသုတ်)

[ပြဿဒါး၊ရက်ရာဇာ မရွေးသင့်]
“နက္ခတ်ကောင်းမကောင်းတွက်ချက်စဉ်းစားနေသော လူမိုက်ကို အခွင့်အရေးအကျိုးစီးပွါးများက ကျော်လွန်သွားလေသည်။ အကျိုးစီးပွါးကိုလိုချင်သူအတွက် အကျိုးရှိသောအလုပ် သည်ပင်လျှင်နက္ခတ်ကောင်းဖြစ်၏။ ကောင်းကင်က ကြယ်တာရာတို့ကဘာလုပ်နိုင်ကြမည်နည်း။”
(ဇာတက၊နက္ခတ္တဇာတ်)
"လက်ရှိခန္ဓာ မတွယ်တာနှင့်၊ နောင်လာဘဝ၊ မတောင်းတဘဲ၊ ကြောင့်ကြစွဲဖြင့်၊ အမြဲမပြတ်၊ ဝိပဿနာ၊ လေ့လာကြိမ်ကြိမ်၊ အာစိဏ္ဏကံ၊ ဖြစ်ကြောင်းဖန်မူ၊ ထိုသည့်သူကား၊ အယူမလွဲ၊ ဂတိမြဲ၏။"
(မိုးကုတ်ဆရာတော်)
ရဟန္တာဟုတ်မဟုတ် ဘယ်လို အကဲခတ်မလဲ.
မဂ်လေးပါးက ဒုစရိုက်တရားဆယ်ပါး ကို ပယ်တဲ့ အခါမှာ……….
၁။ သောတာပတ္တိမဂ်က ကာယဒုစရိုက်သုံးပါး၊ မုသာဝါဒ ဆိုတဲ့ ၀စီဒုစရိုက် တစ်ပါး၊ မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ မနောဒုစရိုက်တစ်ပါး၊ အဲဒီး ငါးပါကိုသာ ပယ်နိုင်သေးတာ။
၂။ သကဒါဂါမိမဂ် က ပိသုဏ၀ါစာ နဲ့ ဖရုသ၀ါစာဆိုတဲ့ ၀စီဒုစရိုက် နှစ်ပါး၊ ဗျာပါဒဆိုတဲ့ မနောဒုစရိုက်တစ်ပါး၊ အဲဒီ ဒုစရိုက်သုံးပါးကို အားနည်းရုံသာပယ် နိုင်သေးတာ ဖြစ်တယ်။ ၃။ အနာဂါမ်မိမဂ်က ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ နဲ့ ဗျာပါဒ၊ အဲဒီ ဒုစရိုက်သုံးပါးကို လုံးဝပယ်လိုက် နိုင်တယ်။
၎။ အရဟတ္တမဂ်ကတော့ သမ္ဖပ္ပဆိုတဲ့ ၀စီဒုစရိုက်တစ်ပါး နဲ့ အဘိဇ္ဈာဆိုတဲ့ မနောဒုစရိုက် တစ်ပါး အဲဒီဒုစရိုက် နှစ်ပါးကို အကြွင်းမဲ့ ပယ်သတ် ပစ်လိုက်လို့ ရဟန္တာ များဟာ (တရားနဲ့ စပ် တဲ့ စကားမှတပါး အခြားသော) တိရစ္ဆာနကထာ ခေါ်တဲ့ အပိုစကားတွေကို မပြောကြားတော့ ဘူးလို့ မှတ်ပေတော့၊ အဲဒါဟာ ရဟန္တာ အကဲခတ်နည်းပဲ။
-------------------------- အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသ
မဂ်လေးပါးက ဒုစရိုက်တရားဆယ်ပါး ကို ပယ်တဲ့ အခါမှာ……….
၁။ သောတာပတ္တိမဂ်က ကာယဒုစရိုက်သုံးပါး၊ မုသာဝါဒ ဆိုတဲ့ ၀စီဒုစရိုက် တစ်ပါး၊ မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ မနောဒုစရိုက်တစ်ပါး၊ အဲဒီး ငါးပါကိုသာ ပယ်နိုင်သေးတာ။
၂။ သကဒါဂါမိမဂ် က ပိသုဏ၀ါစာ နဲ့ ဖရုသ၀ါစာဆိုတဲ့ ၀စီဒုစရိုက် နှစ်ပါး၊ ဗျာပါဒဆိုတဲ့ မနောဒုစရိုက်တစ်ပါး၊ အဲဒီ ဒုစရိုက်သုံးပါးကို အားနည်းရုံသာပယ် နိုင်သေးတာ ဖြစ်တယ်။
၎။ အရဟတ္တမဂ်ကတော့ သမ္ဖပ္ပဆိုတဲ့ ၀စီဒုစရိုက်တစ်ပါး နဲ့ အဘိဇ္ဈာဆိုတဲ့ မနောဒုစရိုက် တစ်ပါး အဲဒီဒုစရိုက် နှစ်ပါးကို အကြွင်းမဲ့ ပယ်သတ် ပစ်လိုက်လို့ ရဟန္တာ များဟာ (တရားနဲ့ စပ် တဲ့ စကားမှတပါး အခြားသော) တိရစ္ဆာနကထာ ခေါ်တဲ့ အပိုစကားတွေကို မပြောကြားတော့ ဘူးလို့ မှတ်ပေတော့၊ အဲဒါဟာ ရဟန္တာ အကဲခတ်နည်းပဲ။
-------------------------- အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသ

သူတစ်ပါးတို့အား မျက်ကွယ်တစောင်း ချောင်းမြောင်းကဲရဲ့
သူ့တည့်တည့်တွင်လည်း သူမခံချင် အပြစ်တင်စော
အလျင်အမြန် ကဲ့ရဲ့ပြောဆိုခြင်းကို မပြုကြဘဲ၊
မိမိ အပြစ်ကို သာ အမြဲ ရှု၍နေကြမှ
ပစ္စုပ္ပန် သံသရာ ချမ်းသာစွာနေရသည်။
--------------------------------- ညောင်ရွှေကန်ကြီး ဆရာတော်ဘုရား

“သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။”
(အရှင်ဇနကာဘိဝံသ)

“သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။”
(အရှင်ဇနကာဘိဝံသ)

“လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်။”
(အရှင်ဇနကာဘိဝံသ)

“များသောအားဖြင့် သတ္တ၀ါတွေဟာ ဒီဘ၀ကသေသွားရင် အပါယ်လေးပါးရောက်ကြရတာက များတယ်၊ အပါယ်လေးပါးရောက်ရတာက ပိုပြီးကြောက်စရာကောင်းတယ်၊ လူ့ဘ၀မှာ ဒုက္ခများစွာခံပြီး အပါယ်သွားရမယ်၊ သတ္တ၀ါတွေက ဒုက္ခကို ဒုက္ခမှန်း မသိကြဘူး၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေရင် သုခလို့ ထင်နေကြတယ်၊ အိမ်ကလေးနဲ့ တရားသဖြင့် သုခပါပဲ၊ ခုခေတ်က စိန်,နီလာ,ပိုးဖဲ,ကတ္ထီပါတွေ ၀တ်ဆင်လာကြရင် ချီးမွမ်းကြတယ်၊ သာယာကြတယ်၊ ဖျင်ကြမ်းကို ၀တ်နေရင်လည်း ဖြစ်တာပါပဲ၊ ဘာမှမထူးပါဘူး၊ ဒီလူ ဒီလူပါပဲ၊ အတူတူနဲ့ အနူနူချည်းပဲ။”
(အရှင်ဇနကာဘိဝံသ)

၁။ လူတို့နေရာ၊ ဤဌာနာ၊ တဏှာအုပ်စိုးသည်၊
၂။ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်၊
၃။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သား၊ မကယ်နိုင်ပြီ၊
၎။ ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမည်၊
၅။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကများလှပြီ၊
၆။ ခဏမဆဲ၊ အိုစမြဲ၊ ငါလဲသေဘက်နီးခဲ့ပြီ၊
၇။ ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြိုက်တော့မည်၊
၈။ မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်သည်၊
၉။ ဒါန၊ သီလ၊ ဘာဝနာ လမ်းသာထွင်လိမ့်မည်၊
၁၀။ မဂ္ဂင်ဖောင်ကြီး၊ အမြန်စီးခရီး၊ ထွက်တော့မည်၊
(အရှင်ဇနကာဘိဝံသ)
၂။ တဏှာစေရာ၊ မနေသာ၊ ဖွေရှာဆက်ရသည်၊
၃။ တကယ့်အရေး၊ တကယ့်ဘေး၊ ဘယ်သွေးဘယ်သား၊ မကယ်နိုင်ပြီ၊
၎။ ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွာသွားရမည်၊
၅။ ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကများလှပြီ၊
၆။ ခဏမဆဲ၊ အိုစမြဲ၊ ငါလဲသေဘက်နီးခဲ့ပြီ၊
၇။ ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြိုက်တော့မည်၊
၈။ မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်သည်၊
၉။ ဒါန၊ သီလ၊ ဘာဝနာ လမ်းသာထွင်လိမ့်မည်၊
၁၀။ မဂ္ဂင်ဖောင်ကြီး၊ အမြန်စီးခရီး၊ ထွက်တော့မည်၊
(အရှင်ဇနကာဘိဝံသ)

“ရှေးသူတော်ကောင်းတွေက ဒီခန္ဓာဝန်ကို ချုံ့ကြတယ်၊ ခုခေတ်လူတွေက ဒီခန္ဓာဝန်ကို ချဲ့နေကြတယ်၊ ဒီခန္ဓာဝန်ကို ဘယ်သူက ချဲ့တာလဲ၊ လက်သည်ရှာကြည့်တော့ အ၀ိဇ္ဇာ တဏှာကို တွေ့ရမယ်၊ အ၀ိဇ္ဇာ တဏှာနဲ့ ချဲ့နေတာပဲ၊ ခန္ဓာဝန်ကျယ်တာကို လူတွေက ချီးမွမ်းကြတယ်။”
“သူများသွားတဲ့ လမ်းကို လိုက်မနေကြနဲ့၊ မကောင်းဘူး၊ သံသရာမှာ ကိုယ့်လမ်းနဲ့ကိုယ်သွားးကြရမှာ၊ မကောင်းတဲ့လမ်းကျယ်ကြီးလိုက်နေရင် အပါယ်ရောက်ရမယ်၊ ဒီခန္ဓာဝန်ကြီးထမ်းနေရတာ မအေးဘူး၊”
(အရှင်ဇနကာဘိဝံသ)

"သူတော်ကောင်း အင်္ဂါ လေးပါး"
၁။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း) ကို မမေးလျှင် မပြော၊
မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောဆိုခြင်း။
၂။ သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးပဲနှင့်ပင် ပြောခြင်း၊
မေးလျှင်လည်း မထိန်ချန်ဘဲ ပြည့်စုံစွာ ပြောခြင်း။
၃။ မိမိ၏ ဂုဏ်ကျေးဇူးးမဲ့ (မကောင်းကြောင်း) ကို မမေးပဲနှင့်ပင် ပြောခြင်း၊

မေးလျှင်လည်း ထိန်ချန်မထားဘဲ ပြည့်စုံစွာ ပြောခြင်း။
၎။ မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးဘဲနှင့် မပြော၊
မေးလျှင်လည်း ချဲ့ကား၍ မပြောဘဲ လျှော့ပေါ့၍ ပြောခြင်း။
"သူယုတ်မာ အင်္ဂါ လေးပါး"
၁။သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ (မကောင်းကြောင်း) ကို မမေးဘဲနှင့်ပင် ပြောကြားတတ်ပြီး၊
မေးလျှင်လည်း ချဲ့ကား၍ ပြောတတ်ခြင်း။
၂။ သူတစ်ပါး၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးလျှင် မပြောဘဲ
မေးလျှင် လျှော့ပေါ့၍ ပြောခြင်း။
၃။ မိမိ၏ ဂုဏ်ကျေးဇူးးမဲ့ (မကောင်းကြောင်း) ကို မမေးလျှင် မပြော၊

မေးလျှင်လည်း လျှော့ပေါ့ထိန်ချန်၍ ပြောခြင်း။
၎။ မိမိ၏ ဂုဏ်ကျေးဇူး (ကောင်းကြောင်း) ကို မမေးဘဲနှင့် ပြောကြားတတ်သည်။
မေးလျှင် ချဲ့ကား၍ ပြောကြားတတ်ခြင်း။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ သပ္ပုရိသသုတ်)
မေတ္တာရှင်(ရွှေပြည်သာ)
မေတ္တာဖြင့်စီးပွါးရှာခြင်း စာ ၈၁

(မဟာဝိသုဒ္ဓါရုံဆရာတော်၏ လင်္ကာ)မင်းကွန်းဆရာတော်ကြီး (မဟာဗုဒ္ဓ၀င်)

ပစ္စည်းလေးပါ ဟူသည် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး တို့ပင်ဖြစ်သည်။ ထိုပစ္စည်းလေးပါးတို့ကို မသုံးစွဲပဲလည်းနေ၍မဖြစ်၊ သုံးစွဲရမည်သာဖြစ်သည်။ သုံးစွဲသော အခါ လောဘ၊ ဒေါသ စသော အကုသိုလ်တရားများ မ၀င်နိုင်အောင် ထိုပစ္စည်းတို့နှင့် ဆိုင်ရာ သဘောကို ဆင်ခြင်၍ သုံးဆောင်ရမည် ဟု ဆိုလိုသည်။
ဆင်ခြင်ဟန်ကား ……..
သင်္ကန်း
---------
ချမ်းပူကိုဖျက် ခြင်မှက်လေနေ ကင်းမြွေလွဲသုန်
ဟိရိဂုဏ်ကို ကုန်စေတတ်စွာ ကိုယ်အင်္ဂါကို
လုံပါစေလို ကိုယ်ကိုစမ္ပယ် ဆင်ပြင်မယ်ဟု
စိတ်ဝယ်မသန်း ဤသင်္ကန်းကို ဖုံးလွှမ်းသုံးဆောင်ပါ သတည်း။
ဆွမ်း
-----
ဤသည့်စားဖွယ် အမယ်မယ်ကို မြူးရယ်မာန်ကြွ
လှပရေဆင်း ပြည့်ဖြိုးခြင်းငှါ မသုံးပါဘူး
လေးဖြာဓာတ်ဆောင် ဤကိုယ်ကောင်သည် ရှည်အောင်တည်လျက်
အသက်မျှတမ်း မမောပန်းငြား ဘုရားသာသနာ
ကျင့်နှစ်ဖြာကို ကျင့်ပါနိုင်စေ ဝေဒနာဟောင်းသစ်
မဖြစ်စေရ ယာပိုက်မျှလစ် ခပ်သိမ်းပြစ်ကို
မဖြစ်လေအောင် ချမ်းမြေ့အောင်ဟု သုံးဆာင်မှီဝဲပါသတည်း။
ကျောင်း
---------
ချမ်းပူကိုဖျက် ခြင်မှက်လေနေ ကင်းမြွေဝေးမှု
ဥတုဘေးဘျမ်း မသန်းကင်းစင် စိတ်ကြည်လင်ကြောင်း
နေရာကျောင်းကို ကိန်းအောင်းမှီခိုပါသတည်း။
ဆေး
-----
ကျင်နာခံခက် နှိပ်စက်ဖိစီး ဖြစ်ပြီးဖြစ်လာ
ဝေဒနာကို စွန့်ခွါပယ်လျင်း ဆင်းရဲကင်း၍
လူမင်းမြတ်စွာ သာသနာကို ကြည်သာရွှင်လန်း
ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်းသုံးဆောင်ပါသတည်း။

လက်တွေ့လုပ်ပါ
-------------------
တရားဆိုတာ တရားအတိုင်းကျင့်မှ အကျိုးရတယ်၊ နို့မဟုတ်ရင် ဟင်းမွှေယောက်မကြီးနဲ့ အတူတူပဲ၊ သုဘရာဇာ တွေအဖို့ အသုဘတွေ့နေပါလျက်၊ ဆရာဝန်တွေလည်း သုံးဆယ့်နှစ် ကောဋ္ဌာသကို သိကြပါလျက်၊ နို့ပေမယ့် တွေ့တာသိတာပဲရှိတယ်။
Like a ladle
-------------
In practicing the Dhamma, you must take the Dhamma as such. Otherwise, you will be like the ladle that has contact will food but does not know it's taste. Cemetery workers have daily contact with dead bodies. Doctors have to deal with human anatomy. But they do not gain a deep conviction of the Dhamma.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

ပညာမာန်
စာပေတက်ကျွမ်းသူတို့၏ မာန်ကို ပညာမာန် ဟုခေါ်သည်။ စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကိုသင့်မှန်း သိဖို့ရာ အလိမ္မာပေးထားသော ပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရာ အလိမ္မာပေးသော ပညာတည်း။ သို့ပါလျက် ထိုပညာကို အကြောင်းပြု၍ မတော်မတရားကြီးမားသော မာန်မာနဖြစ်ရခြင်းမှာ လွန်စွာရှက်ဖွယ် ကောင်းလှ၏။ ယခုကာလ၌ သူများထံမှ တဆင့်သင်ယူ၍ တတ်သိရသော စာပေပညာလည်း ထူးခြားသော အတတ်မဟုတ်သေးပါ။ အကြောင်းညီညွတ်၍ ဆရာကောင်းထံ သင်ကြားရလျှင် အများပင် တတ်နိုင်ပါသည်။
သို့ဖြစ်၍ အကြောင်းမညီညွတ်သဖြင့် မသင်ကြရသူ၊ အထူးဥာဏ်ထိုင်းသူများကို တွေ့ရသောအခါ မောက်မော်ဝါကြွားမည့်အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တဆင့်သင်ပြပေးဖို့သာသင့်ပါသည်။ ရှေးတုန်းကအတော်ထင်ရှားသော ဆရာတော်တစ်ပါးသည် လွန်ခဲ့သောဘ၀က စိတ်ရှည် လက်ရှည် စာချဖူးသဖြင့် ယခုဘ၀မှာ လောကဓမ္မ ၂ ရပ်၌ ထင်ရှားကျော်ကြားသော ကျမ်တတ်ပုဂ္ဂိုလ်ကြီး တစ်ပါးဖြစ်လာရပါသတဲ့။ ထို့ကြောင့်တတ်သိသောပညာကို သံသရာအတွက် အသုံးပြုကြပါလေ။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)

စံကင်းဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်
------------------------------ -----------------
ဒီခန္ဓာကိုယ်ကြီးဟာ မရေမတွက်နိုင်တဲ့ ဘေးအန္တရာယ်တွေရှိတယ်။
အဆိပ်ပင်ကြီးနဲ့ ဥပမာတူတယ်…………
အလုံးစုံသော ဘေးရန်တွေရဲ့ စုဝေးတည်နေရာဖြစ်တယ်။
အမှန်စင်စစ်တော့ ဒုက္ခအစုအပုံကြီးပဲ။ ဒီခန္ဓာကိုယ်ကြီးရှိနေသမျှ ဘယ်သူမှ သံသရာဆင်းရဲတွေ မလွတ်နိုင်ဘူး………..
* ကိုယ့်ကိုကိုယ်သာ ဆုံးမရာ လွန်စွာအခက်ဆုံး။
* အရွယ်ရှိခိုက် လုံ့လစိုက် ကျင့်လိုက်ဥာဏ်ထက်တုန်း။
* မိုးကုန်ခါမှ ထွန်ကိုချ ဗလာနောက်ပိတ်ဆုံး။
* ဆင်ခြေဆင်လက် ချိန်ရွှေ့တွက် အခက်ကြုံကြအုံး။
* တဏှာလှဲ့သမျှ ငုံခံကြ ဘ၀သံသာလုံး။
* မေ့လျော့ပေါ့တန် အသေခံ တရံဘယ်မဆုံး။
* ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာ မှန်စွာဥာဏ်လက်သုံး။
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး
* အရွယ်ရှိခိုက် လုံ့လစိုက် ကျင့်လိုက်ဥာဏ်ထက်တုန်း။
* မိုးကုန်ခါမှ ထွန်ကိုချ ဗလာနောက်ပိတ်ဆုံး။
* ဆင်ခြေဆင်လက် ချိန်ရွှေ့တွက် အခက်ကြုံကြအုံး။
* တဏှာလှဲ့သမျှ ငုံခံကြ ဘ၀သံသာလုံး။
* မေ့လျော့ပေါ့တန် အသေခံ တရံဘယ်မဆုံး။
* ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာ မှန်စွာဥာဏ်လက်သုံး။
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး
“ဥဘော သဒ္ဓါ ၀ဒညူစ၊
သညတာ ဓမ္မဇီဝိနော၊
တေ ဟောန္တိ ဇာနိပတယော၊
အညမည ပိယံဝဒါ”
“ဇနီးမောင်နှံရယ်လို့ ဖြစ်လာရင် နှစ်ယောက်လုံး သဒ္ဓါတရား တူမျှရတယ်၊ အသိဥာဏ် တူမျှရတယ်၊ ကိုယ်ကျင့်သီလ ကောင်းရမယ်၊ တရားသဖြင့် ရောင်းဝယ်ဖောက်ကား စားသောက်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုရင်လည်း ချစ်ဖွယ်သောစကားကိုပဲ ပြောရမယ်”
(အရှင်ဇနကာဘိဝံသ၏ နံနက်ခင်းသြ၀ါဒများမှ)
သညတာ ဓမ္မဇီဝိနော၊
တေ ဟောန္တိ ဇာနိပတယော၊
အညမည ပိယံဝဒါ”
“ဇနီးမောင်နှံရယ်လို့ ဖြစ်လာရင် နှစ်ယောက်လုံး သဒ္ဓါတရား တူမျှရတယ်၊ အသိဥာဏ် တူမျှရတယ်၊ ကိုယ်ကျင့်သီလ ကောင်းရမယ်၊ တရားသဖြင့် ရောင်းဝယ်ဖောက်ကား စားသောက်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုရင်လည်း ချစ်ဖွယ်သောစကားကိုပဲ ပြောရမယ်”
(အရှင်ဇနကာဘိဝံသ၏ နံနက်ခင်းသြ၀ါဒများမှ)

- နာမ်လိမ္မာမှ ရုပ်သက်သာမည်။
- နာမ်မလိမ္မာ ရုပ်နာလိမ့်မည်။
- နာမ်မအေး ရုပ်ခွေးဖြစ်လိမ့်မည်။ (ဟံသာဝတီဆရာတော်ဘုရားကြီး)
- နာမ်မလိမ္မာ ရုပ်နာလိမ့်မည်။
- နာမ်မအေး ရုပ်ခွေးဖြစ်လိမ့်မည်။
ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်
-------------------------------------------------
- လောဘဖက်လျှင် ဒါနခက်သည်။
- မကြောက်မရှက်လျှင် သီလခက်သည်။
- သုတမဖက် မလေ့ကျက်လျှင် ၀ိပဿနာခက်သည်။
- မသိအစ၊ သိက အဆုံး၊ ကိစ္စတုံး၏။
- မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်။
- တွယ်ရင်လည်းဘေး၊ ပြယ်လျှင်အေးသည်။
- အမှန်ကျန နည်းကောင်းရလျှင် ယုံယုံ ကြည်ကြည်သာအားထုတ်၊
- သည့်ထက်ကောင်းသောအလုပ် တစ်လောကလုံးမှာ မရှိ။
-------------------------------------------------
- လောဘဖက်လျှင် ဒါနခက်သည်။
- မကြောက်မရှက်လျှင် သီလခက်သည်။
- သုတမဖက် မလေ့ကျက်လျှင် ၀ိပဿနာခက်သည်။
- မသိအစ၊ သိက အဆုံး၊ ကိစ္စတုံး၏။
- မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်။
- တွယ်ရင်လည်းဘေး၊ ပြယ်လျှင်အေးသည်။
- အမှန်ကျန နည်းကောင်းရလျှင် ယုံယုံ ကြည်ကြည်သာအားထုတ်၊
- သည့်ထက်ကောင်းသောအလုပ် တစ်လောကလုံးမှာ မရှိ။
မျက်ကန်းကြည်ညိုခြင်းသည် ဓမ္မမဟုတ်ပေ။ မျက်ကန်းယုံကြည်ခြင်းသည် ဓမ္မမဟုတ်ပေ။ အစဉ်းစား အဆင်ခြင်ဥာဏ် မပါသော သဒ္ဒါသည် ဓမ္မကိုပျက်စီးအောင်ပြုလုပ်သည်။
*************************
Blind devotion is not Dhamma, nor is blind belief. Faith that arises without understanding is the downfall of Dhamma. (ဦးဂိုအင်ကာ)

တရားအားထုတ်သူအတွက် အင်္ဂါ ၅-ပါး
၁။ ယုံကြည်မှု (သဒ္ဓါ ) တရားနှင့် ပြည့်စုံရပါမည်။
၂။ တရားအားထုတ် နိုင်စွမ်းသည် ကျန်းမာရေးနှင့်လည်း ပြည့်စုံရပါမည်။
၃။ ဖြောင့်မတ်မှန်ကန်သော စိတ်ထားရှိရမည်။
၎။ အားထုတ်နိုင်သည့် ၀ီရိယတရား ရှိရမည်။
၅။ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြားသိမြင်နိုင်စွမ်းသော ပညာနှင့်လည်း ပြည့်စုံရပါမည်။

ဖောင်းပိန်ဝါယောမှ မဂ်ဖိုလ်သို့
“ဘုန်းကြီးတို့ကတော့ ထိုင်နေဆဲမှာ အထင်ရှားဆုံးဖြစ်ပြီး ရှုမှတ်လို့လည်းလွယ်တဲ့ ဝမ်းဗိုက်ထဲက တွေ့ထိလှုပ်ရှားမှုက စပြီး ရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်။ ဝမ်းဗိုက်က တောင့်တင်းလှုပ်ရှားတာဟာ ဝါယောဓာတ်ပဲ။ အဲဒီ ဝါယောဓာတ်ကို အရပ်သုံးစကားဖြင့် ဖောင်းတယ်ပိန်တယ်လို့မှတ်ဖို့ ညွှန်ကြားနေပါတယ်။
ညွှန်ကြားတဲ့အတိုင်း ရိုသေစွာ ရှုမှတ်ကြတဲ့ ယောဂီတွေဟာ ခုနစ်ရက် အတွင်းလောက်မှာပင် သမာဓိ အားရှိပြီး စိတ္တဝိသုဒ္ဓိလည်း ပြည့်စုံသဖြင့် ရုပ်နာမ် နှစ်ပါးကိုလည်း ကိုယ်ပိုင် ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။
ဒါလောက်တွင်လည်း မကသေးပါဘူး။ အကြောင်းနဲ့ အကျိုးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိပြီးတော့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။
ဝိပဿနာဉဏ် ရင့်သန်တဲ့အခါ ဒွါရ ခြောက်ပါးက ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို ဖြစ်စဉ်အတိုင်း လိုက်၍ ရှုသိနိုင်တဲ့အပြင် ဝိပဿနာဉာဏ် ပြည့်စုံလို့ အရိယမဂ်ဖိုလ်ဉာဏ်ပါ ပြည့်စုံပြီလို့ ယုံကြည် စိတ်ချရလောက်တဲ့ ယောဂီတွေလည်း ထောင်ပေါင်းများစွာ ရှိနေပါပြီ။”
(မဟာစည် ဆရာတော်၊ သက္ကပဉှသုတ် စာ ၄၆)
“ဘုန်းကြီးတို့ကတော့ ထိုင်နေဆဲမှာ အထင်ရှားဆုံးဖြစ်ပြီး ရှုမှတ်လို့လည်းလွယ်တဲ့ ဝမ်းဗိုက်ထဲက တွေ့ထိလှုပ်ရှားမှုက စပြီး ရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်။ ဝမ်းဗိုက်က တောင့်တင်းလှုပ်ရှားတာဟာ ဝါယောဓာတ်ပဲ။ အဲဒီ ဝါယောဓာတ်ကို အရပ်သုံးစကားဖြင့် ဖောင်းတယ်ပိန်တယ်လို့မှတ်ဖို့ ညွှန်ကြားနေပါတယ်။
ညွှန်ကြားတဲ့အတိုင်း ရိုသေစွာ ရှုမှတ်ကြတဲ့ ယောဂီတွေဟာ ခုနစ်ရက် အတွင်းလောက်မှာပင် သမာဓိ အားရှိပြီး စိတ္တဝိသုဒ္ဓိလည်း ပြည့်စုံသဖြင့် ရုပ်နာမ် နှစ်ပါးကိုလည်း ကိုယ်ပိုင် ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။
ဒါလောက်တွင်လည်း မကသေးပါဘူး။ အကြောင်းနဲ့ အကျိုးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိပြီးတော့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။
ဝိပဿနာဉဏ် ရင့်သန်တဲ့အခါ ဒွါရ ခြောက်ပါးက ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို ဖြစ်စဉ်အတိုင်း လိုက်၍ ရှုသိနိုင်တဲ့အပြင် ဝိပဿနာဉာဏ် ပြည့်စုံလို့ အရိယမဂ်ဖိုလ်ဉာဏ်ပါ ပြည့်စုံပြီလို့ ယုံကြည် စိတ်ချရလောက်တဲ့ ယောဂီတွေလည်း ထောင်ပေါင်းများစွာ ရှိနေပါပြီ။”
(မဟာစည် ဆရာတော်၊ သက္ကပဉှသုတ် စာ ၄၆)

ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ
- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။ စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။ မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
- ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။ မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
- ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။ မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
- စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။ ၀ိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)
ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ
- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။ စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။ မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
- ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။ မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
- ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။ မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
- စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။ ၀ိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)
- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။ စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။ မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
- ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။ မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
- ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။ မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
- စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။ ၀ိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)

ချမ်းသာလိုလျှင် စိတ်ကိုပြင်
ရုပ်ကိုသာပြင်၊ နာမ်မပြင်၊ ရင်တွင်မအေးပါ။
ရုပ်ကိုမပြင်၊ နာမ်ကိုပြင်၊ ရင်တွင်အေးသည်သာ။
ရုပ်နာမ်ပေါ်တွင် ဥာဏ်ကယ်လျှင် အစဉ်အေးသည်သာ။ ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော် ကောက်နှုတ်ချက်များ)
ပါရမီမလို
ပါရမဆိုတာ ဘုရားအတွက်လိုတယ်၊ ပစ္စေကဗုဒ္ဓအတွက်လိုတယ်။
လက်ယာတော်ရံ၊ လက်ဝဲတော်ရံတွေအတွက်လည်း လိုတယ်။
အသီတိသာဝကတွေအတွက်လည်း လိုတယ်။
အဲဒီဆုကြီးတွေကို မပန်ဘူး၊ ရိုးရိုးသာဝကအဖြစ်နဲ့ နိဗ္ဗာန်ကိုယူမယ်ဆိုတဲ့သူတွေအတွက် ပါရမီတွေ နောက်ထပ်ဖြည့်ဖို့မလိုဘူး။ ပြည့်နေပြီ။ အလုပ်လုပ်တော့။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော် ကောက်နှုတ်ချက်များ)
အရှင်အာနန္ဒာ
---------------
အရှင်အာနန္ဒာသည်-
(၁) ဗဟုသုတရှိသော သာဝကတို့တွင် အသာဆုံးအမြတ်ဆုံး ဟူသော ဗဟုသုတဧတဒဂ်။
(၂) သတိရှိသော သာဝကတို့တွင် အသာဆုံးဟူသော သတိမန္တဧတဒဂ်။
(၃) အသိပညာရှိသော သာဝကတို့တွင် အသာဆုံးအမြတ်ဆုံး ဟူသော ဂတိမန္တဧတဒဂ်။
(၄) လုံလရှိသော သာဝကတို့တွင် အသာဆုံး အမြတ်ဆုံး ဟူသော ဓိတိမန္တဧတဒဂ်။
(၅) အလုပ် အကျွေး သာဝကတို့တွင် အသာဆုံး အမြတ်ဆုံး ဟူသော ဥပဋ္ဌာကဧတဒဂ်
ဟူ၍ ဧတဒဂ် ငါးတန်ကို ရတော်မူသည်။
ကောက်နုတ်ချက် (အပ္ပမာဒကထာ- ကျော်လှိုင်)
ကောင်းမှု ပြုနည်း
အရှင်အာနန္ဒာမထေရ်သည် ပရိတ်မရွတ်မှီ ဘုရားဂုဏ်တော်ကို အတော်စုံအောင်ဆင်ခြင်သည်ဆိုရာ တခြားပရိတ်ရွတ်သူများလည်း ဤအချက်ကို လေးနက်စွာ မှတ်သားလိုက်နာသင့်သည်။
ပရိတ်ရွတ်ရာ၌ သာမက မည်သည့်ကောင်းမှု ပြုရာ၌ မဆို ရှေးဦးစွာ ဘုရားရှင်ကို အောက်မေ့ခြင်းမှာ အစဉ်ပြုထိုက်သော တာဝန်တစ်ရပ် ပင်ဖြစ်ပေသည်။
သပြေကန် ဆရာတော်ကြီး

လူ့ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ။
လူ့ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ မေးလာရင် ကောင်းသည့်ဓာတ်များ တိုးပွားအောင် ကြိုးစား မိဖို့ အရေးကြီးပါတယ်။
ထိုဓာတ်များတိုးပွား လာသည်နှင့် အမျှ မိမိတို့၏ သန္တာန်တွင် ကောင်းသော ဓာတ်များအဖြစ်ဖြင့် ကိန်းအောင်းလိုက်ပါ၍ နောင်အကြောင်းညီညွတ်ပါက ကောင်းကျိုးချမ်းသာပေးပြီးလျှင် သာသနာတော်၌ နောက်ဆုံးအကောင်းဆုံးဖြစ်သော မဂ်ဖိုလ် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါလိမ့်မည်။
----------------------------------------------သပြေကန် ဆရာတော်ကြီး

စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို “ဥပုသ်စောင့်သည်” ဟုခေါ်၏။

ယောစ---------------အကြင်သူသည်ကား။
ဥဒယဗ္ဗယံ------------အဖြစ်အပျက်ကို၊
အပဿံ--------------မမြင်ပါပဲ၊
ဝဿသတံ---------- အနှစ်တစ်ရာတစ်သက်တာပတ်လုံး၊
ဇီဝေ----------------- ပကတိအတိုင်းသာ အသက်ရှင်လျက်နေရ၏၊
တဿ----------------ထိုသူ၏၊
တတော--------------ထိုအနှစ်တစ်ရာပတ်လုံး အသက်ရှင်ရသည်ထက်၊
ဥဒယဗ္ဗယံ------------အဖြစ်အပျက်ကို၊
ပဿတော-----------မြင်သောသူ၏၊
ဧကာဟံဇီဝိတံ-------တစ်နေ့တစ်ရက်မျှအသက်ရှင်ရခြင်းသည်၊
သေယျော------------သာ၍ကောင်းမြတ်ပေ၏။
(ဓမ္မပဒပါဠိတော်)
ဥဒယဗ္ဗယံ------------အဖြစ်အပျက်ကို၊
အပဿံ--------------မမြင်ပါပဲ၊
ဝဿသတံ---------- အနှစ်တစ်ရာတစ်သက်တာပတ်လုံး၊
ဇီဝေ----------------- ပကတိအတိုင်းသာ အသက်ရှင်လျက်နေရ၏၊
တဿ----------------ထိုသူ၏၊
တတော--------------ထိုအနှစ်တစ်ရာပတ်လုံး အသက်ရှင်ရသည်ထက်၊
ဥဒယဗ္ဗယံ------------အဖြစ်အပျက်ကို၊
ပဿတော-----------မြင်သောသူ၏၊
ဧကာဟံဇီဝိတံ-------တစ်နေ့တစ်ရက်မျှအသက်ရှင်ရခြင်းသည်၊
သေယျော------------သာ၍ကောင်းမြတ်ပေ၏။
(ဓမ္မပဒပါဠိတော်)

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿူပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
………………………………………..
အကုသိုလ်များ၊ ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား၊ ဖြစ်ပွားစုံစေ၊
မိမိစိတ်ဓာတ်၊ ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး၊ ဘုရားဆုံးမပေ။ (ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး)
ကုသလဿူပသမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
………………………………………..
အကုသိုလ်များ၊ ရှောင်ရှားပယ်လေ၊
ကုသိုလ်တရား၊ ဖြစ်ပွားစုံစေ၊
မိမိစိတ်ဓာတ်၊ ဆွတ်ဆွတ်ဖြူစေ၊
ဤသုံးပါး၊ ဘုရားဆုံးမပေ။

စိတ်ရှင်းရင်.......ဘ၀ရှင်းတယ် (ဆရာတော် ဦးဇောတိက)

“ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ။”
(ပထမလယ်တီဆရာတော်ကြီး)
“ကြည့်လိုက်မယ် ဆိုလို့ရှိယင်လေ၊ စိတ်က ငါ၊ ငါ့သားပဲ၊ ငါ့သမီးပဲ၊ ငါ့ဇနီးပဲ၊ ငါ့အရှင်ပဲ၊ ငါ့မြေးပဲလို့ ဆိုတဲ့ ဒီအမြဲ ဒီအစွဲတွေကြောင့် ရုပ်နာမ်ဓမ္မ သင်္ခါရကို မမြင်ဘဲနဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ သူ့ သဘာဝအတိုင်း ဖြစ်ပြီးလျှင် ချုပ်သွားကြတာတွေ ကြည့်ပြီးတော့ အမှန် စင်စစ်က ရုပ်နာမ်ဓမ္မတို့ ဖြစ်ကြ ချုပ်ကြတာကို ကိုယ်ကကြားကဝင်ပြီးတော့ ငါ့သားကွယ်လွန်တယ်၊ ငါ့သမီးကွယ်လွန်တယ်၊ ငါ့ဇနီး ကွယ်လွန်တယ်၊ ငါ့အမေ၊ ငါ့အဖေ ကွယ်လွန်တယ်၊ ငါ့အဘိုး အဘွား၊ သမီး၊ သား၊ ဇနီးမယားတွေ ထည့်ထည့်ပြီးတော့ စဉ်းစားလို့ ဆင်းရဲပြီးတော့ နေရတယ်။ ရုပ်နာမ်ဓမ္မ သင်္ခါရကို မြင်အောင်ကြည့်လို့ရှိယင်ဖြင့် သားသမီး ဆိုတာ မရှိဘူး၊ ဇနီးဆိုတာ မရှိဘူး၊ မိဘဆိုတာ မရှိဘူးလို့ ကောင်းကောင်းကြီး နားလည်သွားမယ်။”
(မင်းကွန်းဆရာတော်ဘုရား)
(မင်းကွန်းဆရာတော်ဘုရား)
ဒါနပြုခြင်းသည် စည်းစိမ်ရွှေငွေ၌ ကပ်ငြိတွယ်တာနေသော
လောဘကို သတ်ဖြတ်ပယ်ရှားပစ်ရန်အတွက်ဖြစ်သည်။
အလှူရှင်အဖြစ် ထင်ပေါ်လိုခြင်း၊ လူသိများလိုခြင်းသည်
လောဘတစ်မျိုးပင်ဖြစ်သည်။
စည်းစိမ်ရွှေငွေ၌ တွယ်တာကပ်ငြိသောလောဘကိုပယ်သတ်ပြီး
နာမည်ကြီးလိုသောလောဘကို ပြန်လည်ဖက်တွယ်ခြင်းသည်
မြင့်မြတ်သော ပါရမီရှင်တို့ ၏ ကျင့်စဉ်ဖြစ်သော
ဒါနကို ကုန်သည်ဆန်ဆန် အရောင်းအ၀ယ်လို သဘောထားရာ ရောက်ပေသည်။
အရှုင် ဇ၀န(ရွှေပြည်သာ)
လောဘကို သတ်ဖြတ်ပယ်ရှားပစ်ရန်အတွက်ဖြစ်သည်။
အလှူရှင်အဖြစ် ထင်ပေါ်လိုခြင်း၊ လူသိများလိုခြင်းသည်
လောဘတစ်မျိုးပင်ဖြစ်သည်။
စည်းစိမ်ရွှေငွေ၌ တွယ်တာကပ်ငြိသောလောဘကိုပယ်သတ်ပြီး
နာမည်ကြီးလိုသောလောဘကို ပြန်လည်ဖက်တွယ်ခြင်းသည်
မြင့်မြတ်သော ပါရမီရှင်တို့ ၏ ကျင့်စဉ်ဖြစ်သော
ဒါနကို ကုန်သည်ဆန်ဆန် အရောင်းအ၀ယ်လို သဘောထားရာ ရောက်ပေသည်။
အရှုင် ဇ၀န(ရွှေပြည်သာ)
ကလျာဏ ကာရီ ကလျာဏံ
ပါပကာရီ စ ပါပကံ။
ကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သောသူသည်
ကောင်းကျိုး ချမ်းသာသုခကို ရရှိ သုံးဆောင်ခံစားရ၏။
မကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သော သူသည် မကောင်းကျိုး
ဆင်းရဲ ဒုက္ခကို ရရှိသုံးဆောင် ခံစားရ၏။

(ဇာတက-ပါ-ပအုပ်၊ ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလဝဂ်)
ပါပကာရီ စ ပါပကံ။
ကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သောသူသည်
ကောင်းကျိုး ချမ်းသာသုခကို ရရှိ သုံးဆောင်ခံစားရ၏။
မကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်
ပြုလုပ် ပြောဆို ကြံစည်သော သူသည် မကောင်းကျိုး
ဆင်းရဲ ဒုက္ခကို ရရှိသုံးဆောင် ခံစားရ၏။

(ဇာတက-ပါ-ပအုပ်၊ ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလဝဂ်)
အတ္တာနမေဝ ပထမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။
ရှေးဦးစွာသာလျှင် မိမိကိုယ်ကို
သင့်လျှော်သောအကျင့်၌ တည်စေရာ၏။
ထိုနောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊
ပညာရှိသည် သူတစ်ပါး ကဲ့ရဲ့ခြင်းဖြင့်
မညစ်နွမ်းစေရာ။
(ဓမ္မပဒ၊ အတ္တဝဂ်။)
အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။
ရှေးဦးစွာသာလျှင် မိမိကိုယ်ကို
သင့်လျှော်သောအကျင့်၌ တည်စေရာ၏။
ထိုနောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊
ပညာရှိသည် သူတစ်ပါး ကဲ့ရဲ့ခြင်းဖြင့်
မညစ်နွမ်းစေရာ။
(ဓမ္မပဒ၊ အတ္တဝဂ်။)
တုံးတံတားလျှောက်စဉ်၊
အရပ်တစ်ပါးကို မကြည့်နှင့်
ချောက်ထဲ ကျလိမ့်မည်။
သံသရာတံတား လျှောက်စဉ်၊
သူတစ်ပါးအပြစ်ကို မကြည့်နှင့်၊
အပါယ်လေးပါး ချောက်ထဲသို့
ကျလိမ့်မည်။
(ရွှေကျင်ဆရာတော်)
အရပ်တစ်ပါးကို မကြည့်နှင့်
ချောက်ထဲ ကျလိမ့်မည်။
သံသရာတံတား လျှောက်စဉ်၊
သူတစ်ပါးအပြစ်ကို မကြည့်နှင့်၊
အပါယ်လေးပါး ချောက်ထဲသို့
ကျလိမ့်မည်။
(ရွှေကျင်ဆရာတော်)
မြတ်ဗုဒ္ဓ၏
ဓမ္မအနှစ်၊ တရားစစ်တို့
နွမ်းညစ်သေးသိမ်၊ မမှေးမှိန်ခင်
အလိမ်အညာ၊ မှားမိစ္ဆာတို့
များစွာထောင်သောင်း၊ အားမကောင်းခင်
ဘက်ပေါင်းစုံမှ၊ နည်းလမ်းချ၍
ဝါဒမှားယွင်း၊ အမိုက်သင်းကို
ပယ်ရှင်းချေမှုန်း၊ ပပျောက်သုဉ်းဖို့
အားလုံးတာဝန်ရှိသည်တကား။ ။

(အမှတ် ၇၃၊ ဓမ္မရံသီမဂ္ဂဇင်း၊ ချမ်းမြေ့သာရ၏ ကဗျာမှ )
ဓမ္မအနှစ်၊ တရားစစ်တို့
နွမ်းညစ်သေးသိမ်၊ မမှေးမှိန်ခင်
အလိမ်အညာ၊ မှားမိစ္ဆာတို့
များစွာထောင်သောင်း၊ အားမကောင်းခင်
ဘက်ပေါင်းစုံမှ၊ နည်းလမ်းချ၍
ဝါဒမှားယွင်း၊ အမိုက်သင်းကို
ပယ်ရှင်းချေမှုန်း၊ ပပျောက်သုဉ်းဖို့
အားလုံးတာဝန်ရှိသည်တကား။ ။

(အမှတ် ၇၃၊ ဓမ္မရံသီမဂ္ဂဇင်း၊ ချမ်းမြေ့သာရ၏ ကဗျာမှ )
- ပစ္စည်းနှင့် အဂါင်္ခြေလက် တစ်ခုခု အန္တရာယ်တွေ့လျှင်
အဂါင်္ခြေလက် အထိမခံနှင့်၊ ပစ္စည်း အပျက်ခံ။
- အဂါင်္ခြေလက် နှင့် အသက် တစ်ခုခုအန္တရာယ်တွေ့လျှင်
အသက်အထိမခံနှင့်၊ အဂါင်္ခြေလက် အပျက်ခံ။
- အသက်နှင့် သီလ တစ်ခုခု အန္တရာယ်တွေ့လျှင်
သီလ အထိမခံနှင့်၊ အသက် အပျက်ခံ။
…………………………………………………..(ဘုန်းတော်ကြီး ဦးသီလ)

ဘုရားစကား နားထောင်ပါ
ဘုရားစကား နားမထောင်ဘဲ၊ ဘုရားသာသနာ ၀င်ခိုရုံမျှဖြင့် ဘုရားမကယ်နိုင်။
********************************
Heed the Buddha's Words
The Buddha cannot save you if you take shelter in this Sasana without heeding His words.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
------------------------------------------------
ဘုရားစကား နားမထောင်ဘဲ၊ ဘုရားသာသနာ ၀င်ခိုရုံမျှဖြင့် ဘုရားမကယ်နိုင်။
********************************
Heed the Buddha's Words
The Buddha cannot save you if you take shelter in this Sasana without heeding His words.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
------------------------------------------------
လူဟူသည်
အကျိုးရှိ အကျိုးမဲ့ကို ခွဲခြားသိနိုင်မှ လူ၊
မသိရင် လူ မဟုတ်
************************
အပြစ်ရှိ အပြစ်မဲ့ကို ခွဲခြားသိနိုင်မှ လူ၊
မသိရင် လူမဟုတ်
************************
အကျိုးရှိ အပြစ်မဲ့ကို ကြံ၊ ပြော၊ လုပ် မှသာ အလံတံခွန်များ
လွှင့်တင်ထားသလို တလူလူ မြင့်တက်နိုင်လို့ လူ လို့ ခေါ်ရပါတယ်။
(မဟာဗောဓိမြိုင် ဆရာတော်)
"ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ တန်ခိုး တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊ ထိုနေ့တွက်၊ သက်သက်ဝမ်း နည်းဖွယ်။"
(မဟာဂန္ဓာရုံဆရာတော်)

စေတီထိုက်သော ပုဂ္ဂိုလ်လေးမျိုး
--------------------------------------ချစ်သား အာနန္ဒာ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် စေတီတည်ထိုက်ကုန်၏။ လေးမျိုးတို့ဟူသည်မှာ -
၁။ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားရှင်ကို စေတီတည်ထိုက်၏။
၂။ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။
၃။ မြတ်စွာဘုရား၏ သာဝက(အရိယာ) ကို စေတီ တည်ထိုက်၏။
၎။ စကြ၀တေးမင်းကို စေတီတည်ထိုက်၏။
ဤလေးမျိုးတို့ဖြစ်သည်။
မင်းကွန်းဆရာတော်ကြီး (မဟာဗုဒ္ဓ၀င်)
ဤကမ္ဘာလောကတွင် တစ်ဦးတစ်ယောက်သည် သီလဂုဏ်ကို ဖြူစင်သန့်ရှင်းအောင် သတိ ၀ီရိယ ဖြင့် ထိန်းကျောင်းသင့်သည်။ အဘယ့်ကြောင့်ဆိုသော် သီလဂုဏ်ကို ကောင်းစွာဖြည့်ကျင့်သောအခါ သီလဂုဏ်က အားလုံးသောအောင်မြင်မှုများကို လက်တစ်ကမ်းသို့ ယူဆောင်လာတော့သည်။
----------------------------------------------------------------------------
Here in the world one should train carefully to purify virtue; for virtue when will cultivated brings all success to hand.
-------------------------------------------- (Gemstones of the good Dhamma)
----------------------------------------------------------------------------
Here in the world one should train carefully to purify virtue; for virtue when will cultivated brings all success to hand.
-------------------------------------------- (Gemstones of the good Dhamma)
နွေးထွေးကြင်နာစွာ ဆွေးနွေးပါ
------------------------------ ----
------------------------------
ဒကာကြီးရယ်
သဘောထားကွဲလွဲမှု ဆိုတာက ဓမ္မတာအတိုင်း
လူ့လောကမှာ ရှိတာမျိုးပေါ့…
သူ့ဘက်၊ ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောကြရမှာပေါ့။
ဒါပေမယ့် ငယ်သူက ကြီးသူနဲ့ ပြောကြတဲ့အခါ သဘောကွဲလွဲချက်ပင် ဖြစ်စေကာမူ
ဂါရဝေါစနဲ့ ပြောရတယ်။
ကြီးသူကလည်း ငယ်သူနဲ့ပြောကြတဲ့အခါ သဘောထားကွဲလွဲချက်ပင်ဖြစ်စေကာမူ
ငါကအကြီးပဲဆိုပြီး အထက်စီးနဲ့မပြောရဘူး နိဝါတောစ နဲ့ပြောရတယ်
------------------------------

ချစ်တတ်ပါစေ မနှစ်ပါလေနှင့်
------------------------------ ---
မိဘကောင်းတို့သည် သားသမီးများကို ပစ္စည်းဥစ္စာထက် အလိမ္မာနှင့် ပညာကိုပေးကာ ချီးမြှောက်တတ်ကြ၏။
ဥစ္စာဟူသည် ပျက်စီးတတ်၏။ ပညာနှင့် အလိမ္မာတို့သည် မပျက်မစီး ထာဝရတည်၍ ကောင်းကျိုးကိုလည်း ရှည်ကြာစွာပေးတတ်၏။
ထို့ကြောင့်ထိုချီးမြှောက်မှုမှာ မှန်ကန်သော ချီးမြှောက်မှုဖြစ်သည်။
ထိုကဲ့သို့ ချီးမြှောက်သော မိဘတို့သည် သားသမီးတို့ ကို တကယ်ချစ်သော သားသမီးတို့၏ မိတ်ဆွေစစ်များတည်း။
သားသမီးတို့ကို အလိုလိုက်၍၊ မဆုံးမတတ်သော မိဘများသည် ချစ်ရာမရောက် နှစ်ရာရောက်၍ ရန်သူများမည်ပေသည်။
------------------------------ ----------------သပြေကန် ဆရာတော်ကြီး
------------------------------
မိဘကောင်းတို့သည် သားသမီးများကို ပစ္စည်းဥစ္စာထက် အလိမ္မာနှင့် ပညာကိုပေးကာ ချီးမြှောက်တတ်ကြ၏။
ဥစ္စာဟူသည် ပျက်စီးတတ်၏။ ပညာနှင့် အလိမ္မာတို့သည် မပျက်မစီး ထာဝရတည်၍ ကောင်းကျိုးကိုလည်း ရှည်ကြာစွာပေးတတ်၏။
ထို့ကြောင့်ထိုချီးမြှောက်မှုမှာ
ထိုကဲ့သို့ ချီးမြှောက်သော မိဘတို့သည် သားသမီးတို့ ကို တကယ်ချစ်သော သားသမီးတို့၏ မိတ်ဆွေစစ်များတည်း။
သားသမီးတို့ကို အလိုလိုက်၍၊ မဆုံးမတတ်သော မိဘများသည် ချစ်ရာမရောက် နှစ်ရာရောက်၍ ရန်သူများမည်ပေသည်။
------------------------------

- ကြိုက်သလောက်သာ ပေးလှူပါ၊ ကိုယ်သာ ပဓာန။
- နိုင်သလောက်သာ စောင့်ထိန်းပါ၊ ကိုယ်သာ အဓိက။
- လိုသလောက်သာ စူးစိုက်ပါ၊ ကိုယ့်မှာ အခွင့်ရ။
- မြင်သလောက်သာ ရှုပွားပါ၊ ကိုယ့်မှာ စွမ်းအားရ။
- ကိုယ့်ကိုယ်ကို မြှင့် လုပ်ပိုင်ခွင့်၊ လမ်းဖွင့် ကြိုးစားကြ။
------------------------------ ---------တိပိဋကဓရ (ယော) ဆရာတော်
- နိုင်သလောက်သာ စောင့်ထိန်းပါ၊ ကိုယ်သာ အဓိက။
- လိုသလောက်သာ စူးစိုက်ပါ၊ ကိုယ့်မှာ အခွင့်ရ။
- မြင်သလောက်သာ ရှုပွားပါ၊ ကိုယ့်မှာ စွမ်းအားရ။
- ကိုယ့်ကိုယ်ကို မြှင့် လုပ်ပိုင်ခွင့်၊ လမ်းဖွင့် ကြိုးစားကြ။
------------------------------

ပယ်ရန် အင်္ဂါငါးပါး
-------------------
၁။ နှစ်သက်လိုချင် ကြွေးမြီတင်၊ အလျင်ပယ်ဖျောက်လေ။
၂။ စိတ်ပျက် စိတ်ဆိုး ရောဂါမျိုး၊ နှိမ်ချိုးပယ်ဖျောက်လေ။
၃။ ထိုင်မှိုင်း ပျင်းရိ ချုပ်နှောင်မိ၊ မှတ်သိ ပယ်ဖျောက်လေ။
၎။ ပျံ့လွင့်ပူပန် သူ့ကျွန်ခံ၊ အမြန်ပယ်ဖျောက်လေ။
၅။ ယုံမှားဒွိဟ လမ်းနှစ်ခွ၊ တွေ့ကပယ်ဖျောက်လေ။
……………………………………................ .....(ကျေးဇူးရှင်မဟာစည်ဆရာတော် ဘုရားကြီး)
-------------------
၁။ နှစ်သက်လိုချင် ကြွေးမြီတင်၊ အလျင်ပယ်ဖျောက်လေ။
၂။ စိတ်ပျက် စိတ်ဆိုး ရောဂါမျိုး၊ နှိမ်ချိုးပယ်ဖျောက်လေ။
၃။ ထိုင်မှိုင်း ပျင်းရိ ချုပ်နှောင်မိ၊ မှတ်သိ ပယ်ဖျောက်လေ။
၎။ ပျံ့လွင့်ပူပန် သူ့ကျွန်ခံ၊ အမြန်ပယ်ဖျောက်လေ။
၅။ ယုံမှားဒွိဟ လမ်းနှစ်ခွ၊ တွေ့ကပယ်ဖျောက်လေ။
……………………………………................

အရူးလွယ်အိတ်
------------------
အရူးများဟာ သူတို့အိတ်ထောင်ထဲမှာ အထုပ်လေးတွေပြည့်လို့နေတယ်။ ဆေးလိပ်တို၊ အ၀တ်စုတ်၊ သံဘူး၊ သံခွက်၊ ငါးခြောက်မှီးတို၊ ခရမ်းချဉ်သီး၊ ငရုတ်သီးပုပ်က အစ မကောင်းဆိုးရွားတာမှန်သမျှ စုံရာကထပ်လို့ပဲ။
ဒီအရူးဟာ သူ့အထုပ်ကလေးတွေ ထမ်းပိုးပြီးလှည့်လည်သွားလာနေတာ ပဲ။ သူ့အထုပ်လေးတွေကို နှစ်ခြိုက်လွန်းလို့ လက်ကတောင်မချဘူး။ တခြားသူတွေက၊ လူကောင်းတွေက လုယူမယ်များလုပ်တော့ ဘယ့်နှယ့်များမှတ်နေမယ်ထင်လဲ။ မကြိုက်ဘူး၊ သဘောမကျနိုင်ဘူး၊ အလွန်စိတ်ဆိုးတယ်၊ လူကောင်းတွေကို သူကပြန်ပြီး ရန်မမူရင် ကံကောင်းလို့အောက်မေ့။
ဒီဥပမာလိုပဲ၊ ဒကာတို့တတွေလည်း ဒီအတိုင်းဘဲဆိုရင် မမှားပါဘူး။ ပုထုဇဉ်ဆိုတော့ အကာင်းကို မရှိဘူး။ တစ်ကိုယ်လုံးရူးနေတာပါ။ တစ်ကိုယ်လုံးရူးတော့ သားထုပ်၊ သမီးထုပ်၊ ပစ္စည်းထုပ်ကလေးတွေ ကိုယ်စီပိုက်ထားကြ၊ လုမယ်လုပ်ရင် မကြိုက်နိုင်ကြဘူးပေါ့ ရှင်းကြပလား။
-------------------------- အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး
------------------
အရူးများဟာ သူတို့အိတ်ထောင်ထဲမှာ အထုပ်လေးတွေပြည့်လို့နေတယ်။ ဆေးလိပ်တို၊ အ၀တ်စုတ်၊ သံဘူး၊ သံခွက်၊ ငါးခြောက်မှီးတို၊ ခရမ်းချဉ်သီး၊ ငရုတ်သီးပုပ်က အစ မကောင်းဆိုးရွားတာမှန်သမျှ စုံရာကထပ်လို့ပဲ။
ဒီအရူးဟာ သူ့အထုပ်ကလေးတွေ ထမ်းပိုးပြီးလှည့်လည်သွားလာနေတာ
ဒီဥပမာလိုပဲ၊ ဒကာတို့တတွေလည်း ဒီအတိုင်းဘဲဆိုရင် မမှားပါဘူး။ ပုထုဇဉ်ဆိုတော့ အကာင်းကို မရှိဘူး။ တစ်ကိုယ်လုံးရူးနေတာပါ။ တစ်ကိုယ်လုံးရူးတော့ သားထုပ်၊ သမီးထုပ်၊ ပစ္စည်းထုပ်ကလေးတွေ ကိုယ်စီပိုက်ထားကြ၊ လုမယ်လုပ်ရင် မကြိုက်နိုင်ကြဘူးပေါ့ ရှင်းကြပလား။
-------------------------- အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး

သူတော်ကောင်းတို့၏ လှူခြင်းငါးမျိုး
------------------------------ --------
၁။ လှူဘွယ်ဝတ္တုကို စင်ကြယ်ကောင်းမွန်အောင် စီမံပြုပြင်၍ လှူဒါန်းခြင်း။
၂။ စိတ်ထဲမှာ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း (လှူဘွယ်ဝတ္တုကို ဂရုတစိုက် စိတ်၌ ထား၍ လှူဒါန်းခြင်း)
၃။ မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း (အစမထင် သံသရာတခွင်၌ လက်ခြေကို မရသည့်ဘ၀ကား များလှပြီ၊ လက်ခြေအင်္ဂါပြည့်စုံသည့် ယခုဘ၀၀ယ် ရသောလက်ဖြင့် ဘ၀မှ လွတ်မြောက်ရေးကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင်ကိုင်တွယ်၍ လှူဒါန်းခြင်း)
၎။ ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးတို့ ကဲ့သို့ မဟုတ်ပဲ ဂရုတစိုက် လှူဒါန်းခြင်း။
၅။ ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာ ပညာရှေ့သွားပြု၍ လှူဒါန်းခြင်း။
------------------------------ -----------------------------မ င်းကွန်းဆရာတော်ကြီး (မဟာဗုဒ္ဓ၀င်)
------------------------------
၁။ လှူဘွယ်ဝတ္တုကို စင်ကြယ်ကောင်းမွန်အောင် စီမံပြုပြင်၍ လှူဒါန်းခြင်း။
၂။ စိတ်ထဲမှာ ရိုသေလေးမြတ်မှုရှိ၍ လှူဒါန်းခြင်း (လှူဘွယ်ဝတ္တုကို ဂရုတစိုက် စိတ်၌ ထား၍ လှူဒါန်းခြင်း)
၃။ မိမိကိုယ်တိုင် ကိုင်တွယ်လှူဒါန်းခြင်း (အစမထင် သံသရာတခွင်၌ လက်ခြေကို မရသည့်ဘ၀ကား များလှပြီ၊ လက်ခြေအင်္ဂါပြည့်စုံသည့် ယခုဘ၀၀ယ် ရသောလက်ဖြင့် ဘ၀မှ လွတ်မြောက်ရေးကို အားထုတ်မည်ဟု ဆင်ခြင်၍ ကိုယ်တိုင်ကိုင်တွယ်၍ လှူဒါန်းခြင်း)
၎။ ထမင်းကြွင်း ဟင်းကျန်စသည့် စွန့်ပစ်အပ်သော ပစ္စည်းမျိုးတို့ ကဲ့သို့ မဟုတ်ပဲ ဂရုတစိုက် လှူဒါန်းခြင်း။
၅။ ဤလှူဒါန်းမှုကြောင့် နောက်အခါဝယ် ကောင်းကျိုးဧကန် ရောက်လိမ့်မည်ဟု သိရှိသော ကမ္မဿကတာ ပညာရှေ့သွားပြု၍ လှူဒါန်းခြင်း။
------------------------------

အတင်းအဖျင်း ကင်းရှင်းပါစေ
------------------------------ --
မေတ္တာနှင့်
တစ်လောကလုံးကို ဖြန့်ပြီး
စိတ်ရှင်းရှင်းထား နေတတ်သူဟာ
အမှိုက်သရိုက်နဲ့တူတဲ့
သူ့ကြောင်းကိုယ်အကြောင်း
ရှုပ်ရှုပ် ယှက်ယှက် တွေကို
မစဉ်းစားဘူး။
ကိုယ့်လာပြောလည်း
နားမထောင်ဘူး
စိတ်ကိုရှင်းရှင်းထားမှ
ချမ်းသာတယ်။
---------------------- (အရှင် ဦးဥတ္တမသာရ ဆရာတော်ကြီး)
------------------------------
မေတ္တာနှင့်
တစ်လောကလုံးကို ဖြန့်ပြီး
စိတ်ရှင်းရှင်းထား နေတတ်သူဟာ
အမှိုက်သရိုက်နဲ့တူတဲ့
သူ့ကြောင်းကိုယ်အကြောင်း
ရှုပ်ရှုပ် ယှက်ယှက် တွေကို
မစဉ်းစားဘူး။
ကိုယ့်လာပြောလည်း
နားမထောင်ဘူး
စိတ်ကိုရှင်းရှင်းထားမှ
ချမ်းသာတယ်။
---------------------- (အရှင် ဦးဥတ္တမသာရ ဆရာတော်ကြီး)
ပ၀ိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။
တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။
Having tasted the flavor of Dhamma in seclusion and the flavor of peace in tranquility, one is without distress, free from the bad, drinking the flavor of the joys of Nibbana.
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။
တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။
Having tasted the flavor of Dhamma in seclusion and the flavor of peace in tranquility, one is without distress, free from the bad, drinking the flavor of the joys of Nibbana.

မိမိအပြစ်ပြသူကို ရွှေအိုးပေးလာသူဟုမှတ်
------------------------------ ------------------
အကြင်သူသည် ကိုယ့်အပြစ်ကို မြင်တတ်သောသူ ကို အကယ်၍သိနေငြားအံ့၊ ထိုသူကို "ကိုယ့်အပြစ် မြင်နိုင်ရန်အတွက်" ချဉ်းကပ်မှီဝဲရာ၏။ ထိုစကား သင့်လျော်၏။ အဘယ့်ကြောင့်နည်း။ ကိုယ့်အပြစ်ကို မြင်နိုင်ခဲသောကြောင့်တည်း။
သူတော်ကောင်းစိတ်ရှိသူသည် မြင်နိုင်ခဲသော ကိုယ့်အပြစ်ကို အကြင်သူတစ်ယောက်က ဖော်ပြပြောဆိုငြားအံ့။ "ထိုလူကား၊ ငါ့အား ရခဲသော ရတနာရွှေကို ပေးသူပါတကား" ဟု စိတ်ထားရာ၏။
--------------------- အရှင်တိဿရ မဟာထေရ်
------------------------------
အကြင်သူသည် ကိုယ့်အပြစ်ကို မြင်တတ်သောသူ ကို အကယ်၍သိနေငြားအံ့၊ ထိုသူကို "ကိုယ့်အပြစ် မြင်နိုင်ရန်အတွက်" ချဉ်းကပ်မှီဝဲရာ၏။ ထိုစကား သင့်လျော်၏။ အဘယ့်ကြောင့်နည်း။ ကိုယ့်အပြစ်ကို မြင်နိုင်ခဲသောကြောင့်တည်း။
သူတော်ကောင်းစိတ်ရှိသူသည် မြင်နိုင်ခဲသော ကိုယ့်အပြစ်ကို အကြင်သူတစ်ယောက်က ဖော်ပြပြောဆိုငြားအံ့။ "ထိုလူကား၊ ငါ့အား ရခဲသော ရတနာရွှေကို ပေးသူပါတကား" ဟု စိတ်ထားရာ၏။
--------------------- အရှင်တိဿရ မဟာထေရ်

ချစ်စရာဟာ ဒုက္ခ
-------------------
လောကမှာ အချစ်ဆုံးအရာဟာ ဒုက္ခအပေးဆုံး။
ချစ်စရာ တစ်ခုသာရှိရင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခလည်းများ၊ ချစ်စရာမရှိတော့ရင် ဒုက္ခမရှိတော့ ဟူ၍မှတ်…..
______________________________ _____________________
Love and Trouble
-----------------------
What one loves best gives one worst trouble. For every love-object there is trouble. Many love-objects, many troubles. No love-object, no trouble.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
-------------------
လောကမှာ အချစ်ဆုံးအရာဟာ ဒုက္ခအပေးဆုံး။
ချစ်စရာ တစ်ခုသာရှိရင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခလည်းများ၊ ချစ်စရာမရှိတော့ရင် ဒုက္ခမရှိတော့ ဟူ၍မှတ်…..
______________________________
Love and Trouble
-----------------------
What one loves best gives one worst trouble. For every love-object there is trouble. Many love-objects, many troubles. No love-object, no trouble.
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
ထိုခရီးအရှည်ကို ကြည့်တတ်ရင် တခါတခါ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ
အဆန်းမဟုတ်တော့ဘူး။
ဒါကြောင့် ခရီးစဉ်မပျက်အောင် သွားတတ်တဲ့ အသိဉာဏ်သာ အရေးကြီးတယ်။
တဘ၀ကလေး၊ တခဏကလေး မကြည့်နဲ့၊ နိဗ္ဗာန်အထိ သွားရမယ့် သံသရာဘ၀အရှည်ကြီးကို ကြည့်ပါ။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
အိမ်တို့သည်
ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
ပျင်းရိခြင်းသည်
အဆင်း-လှပခြင်း၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
မေ့လျော့ခြင်းသည်
စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
(ဓမ္မပဒ၊ မလ၀ဂ်၊ လာယုဒါယီဝတ္ထု)
မြေတစ်ပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၎င်း၊
နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊
တစ်လောကလုံးကို အစိုးရသည်ထက်၎င်း၊
သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
( ဓမ္မပဒ လောက၀ဂ်၊ အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)
နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊
တစ်လောကလုံးကို အစိုးရသည်ထက်၎င်း၊
သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
( ဓမ္မပဒ လောက၀ဂ်၊ အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)
သတိထားပြီး စိတ်ကို စောင့်ရှောက်ရမည်၊ အဘယ်အချက်လေးခုနည်း ဆိုသော်---

( ၁ ) တပ်မက်စရာအာရုံတို့၌ ငါ့စိတ်ကို မတပ်မက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( ၂ ) အမျက်ထွက်စရာကိစ္စတို့၌ ငါ့စိတ်သည် အမျက်မထွက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( ၃ ) တွေဝေစရာကိစ္စတို့၌ ငါ့စိတ်သည် မတွေဝေစေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( ၄ ) မာန်ယစ်စရာအကြောင်းတို့၌ ငါ့စိတ်သည် မာန်မယစ်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
ရဟန်းတို့ မိမိအကျိုးစီးပွားကို အလိုရှိသောသူသည် ဤအချက်လေးခု၌ မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( စတုက္ကအင်္ဂုတ္တိုရ်၊ တတိယပဏ္ဏာသက ၃-ကေသိဝဂ်၊ ၇-အာရက္ခသုတ် )
ရဟန်းတို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုး ရှိ၏။
၁။ အခါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောမည်။
၂။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ၊ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ ပြောမည်။
၃။ သိမ်သိမ်မွေ့မွေ့ ဖြစ်စေ၊ ကြမ်းကြမ်းထမ်းထမ်း ဖြစ်စေ ပြောမည်။
၎။ အကျိုးသင့် အကြောင်းသင့် ဖြစ်စေ၊ အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲဖြစ်စေ ပြောမည်။
၅။ မေတ္တာစိတ်ဖြင့် ဖြစ်စေ၊ ဒေါသစိတ်ဖြင့် ဖြစ်စေ ပြောမည်၊
ဤသို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုးရှိ၏။
ရဟန်းတို့ သင်တို့ကို ပြောဆိုသောသူတို့သည် အခါဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အခါမဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဟုတ်မှန်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
မဟုတ်မမှန်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
သိမ်မွေ့စွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ကြမ်းထမ်းစွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် အားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
မေတ္တာစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဒေါသစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ရဟန်းတို့ ထိုသို့ စကားပြောပုံ ပြောနည်း ငါးမျိုးဖြင့် ပြောဆိုရာ၌လည်း သင်တို့သည် ဤသို့ ကျင့်သုံးရမည်၊
သူ့ပြောဆိုချက်ကြောင့် ငါတို့သည် စိတ်တမျိုးတမည် မဖြစ်ကုန်အံ့၊
ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကုန်အံ့၊
သူ့အကျိုးစီးပွားကို ငဲ့ညှာလျက် မေတ္တာစိတ်ထားကာစိတ်မဆိုးဘဲ နေကြကုန်အံ့၊
ထိုပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ် ပို့လွှတ်၍ နေကုန်အံ့၊
ထိုပုဂ္ဂိုလ်ကို မူ-ထား၍ တလောကလုံးရှိ သတ္တ၀ါအားလုံးကို မေတ္တာစိတ်၏ အာရုံအဖြစ်ထားလျက်
အပိုင်းအခြားမရှိ ကျယ်ပြန့်သော ရန်ပြုလိုမှု၊ ဒုက္ခဖြစ်စေလိုမှု ကင်းသော မေတ္တာစိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့-ဟူ၍
ကျင့်သုံးရမည်။
( မူလပဏ္ဏာသ ၃-သြပမ္မ၀ဂ်၊ ၁-ကကစူပမသုတ် )
၁။ အခါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောမည်။
၂။ ဟုတ်မှန်သောအားဖြင့် ဖြစ်စေ၊ မဟုတ်မမှန်သောအားဖြင့် ဖြစ်စေ ပြောမည်။
၃။ သိမ်သိမ်မွေ့မွေ့ ဖြစ်စေ၊ ကြမ်းကြမ်းထမ်းထမ်း ဖြစ်စေ ပြောမည်။
၎။ အကျိုးသင့် အကြောင်းသင့် ဖြစ်စေ၊ အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲဖြစ်စေ ပြောမည်။
၅။ မေတ္တာစိတ်ဖြင့် ဖြစ်စေ၊ ဒေါသစိတ်ဖြင့် ဖြစ်စေ ပြောမည်၊
ဤသို့ သင်တို့ကို အခြားသူများက ပြောနိုင်သော စကားပြောပုံ ပြောနည်း ငါးမျိုးရှိ၏။
ရဟန်းတို့ သင်တို့ကို ပြောဆိုသောသူတို့သည် အခါဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အခါမဟုတ်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဟုတ်မှန်သောအားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
မဟုတ်မမှန်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
သိမ်မွေ့စွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ကြမ်းထမ်းစွာဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် အားဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
အကျိုးသင့် အကြောင်းသင့် မဟုတ်ဘဲသော်လည်း ပြောဆိုကုန်ရာ၏၊
မေတ္တာစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏၊
ဒေါသစိတ်ဖြင့်သော်လည်း ပြောဆိုကုန်ရာ၏။
ရဟန်းတို့ ထိုသို့ စကားပြောပုံ ပြောနည်း ငါးမျိုးဖြင့် ပြောဆိုရာ၌လည်း သင်တို့သည် ဤသို့ ကျင့်သုံးရမည်၊
သူ့ပြောဆိုချက်ကြောင့် ငါတို့သည် စိတ်တမျိုးတမည် မဖြစ်ကုန်အံ့၊
ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကုန်အံ့၊
သူ့အကျိုးစီးပွားကို ငဲ့ညှာလျက် မေတ္တာစိတ်ထားကာစိတ်မဆိုးဘဲ နေကြကုန်အံ့၊
ထိုပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ် ပို့လွှတ်၍ နေကုန်အံ့၊
ထိုပုဂ္ဂိုလ်ကို မူ-ထား၍ တလောကလုံးရှိ သတ္တ၀ါအားလုံးကို မေတ္တာစိတ်၏ အာရုံအဖြစ်ထားလျက်
အပိုင်းအခြားမရှိ ကျယ်ပြန့်သော ရန်ပြုလိုမှု၊ ဒုက္ခဖြစ်စေလိုမှု ကင်းသော မေတ္တာစိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့-ဟူ၍
ကျင့်သုံးရမည်။
( မူလပဏ္ဏာသ ၃-သြပမ္မ၀ဂ်၊ ၁-ကကစူပမသုတ် )
( အနိစ္စ၊ ဒုက္ခ၊ အနတ္တ )
Remember friends, as you pass by, as you are now,
so once were I, as I am now.
So You must be prepared yourselves and follow me'
မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။
နေမ၀င်ခင် ရိက္ခာပြင်ပါ။
Remember friends, as you pass by, as you are now,
so once were I, as I am now.
So You must be prepared yourselves and follow me'
မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။
နေမ၀င်ခင် ရိက္ခာပြင်ပါ။
၁။ သေမင်းကိုကွဲ့၊ မိတ်ဆွေဟဲ့၊ ဖွဲ့၍မရချေ။
၂။ မသေလိုပြန်၊ လာဘ်ထိုးခံ၊ အမှန်မရချေ။
၃။ မရဏဆိုး၊ သေမင်းမျိုး၊ စစ်ထိုးမရချေ။
၎။ သေမင်းကိုမူ၊ ပြိုင်သည့်လူ၊ နိုင်သူမရှိချေ။
၅။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ သက်ပျောက်ဇီဝိန်ကြွေ။
( တေသကုဏဇာတ်)
၂။ မသေလိုပြန်၊ လာဘ်ထိုးခံ၊ အမှန်မရချေ။
၃။ မရဏဆိုး၊ သေမင်းမျိုး၊ စစ်ထိုးမရချေ။
၎။ သေမင်းကိုမူ၊ ပြိုင်သည့်လူ၊ နိုင်သူမရှိချေ။
၅။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ သက်ပျောက်ဇီဝိန်ကြွေ။
( တေသကုဏဇာတ်)
နာတာထဲမှာ၊ ငါ မပါ၊ နာတာ သက်သက်သာ။
သိတာထဲမှာ၊ ငါ မပါ၊ သိတာ သက်သက်သာ။
နာသိ နာသိ၊ ငါ မရှိ၊ မှတ်သိ ဒိဋ္ဌိကွာ။
ဒိဋ္ဌိကွာရာ၊ ဉာဏ်ဝင်လာ၊ ရှုတာ ၀ိပဿနာ။
၁။ ကြီးငယ် နှစ်ပါး၊ ထိုလူများ၊ မမှား သေရမည်။
၂။ ဗာလ ပဏ္ဍိတ၊ ထိုနှစ်ဝ၊ မုချ သေရမည်။
၃။ ဆင်းရဲ ချမ်းသာ၊ ထိုနှစ်ဖြာ၊ မှန်စွာ သေရမည်။
၎။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ ချုပ်ပျောက် သေရမည်။
(ဒသရထဇာတ်)
၂။ ဗာလ ပဏ္ဍိတ၊ ထိုနှစ်ဝ၊ မုချ သေရမည်။
၃။ ဆင်းရဲ ချမ်းသာ၊ ထိုနှစ်ဖြာ၊ မှန်စွာ သေရမည်။
၎။ သေမင်းထံမှောက်၊ လူတိုင်းရောက်၊ ချုပ်ပျောက် သေရမည်။
(ဒသရထဇာတ်)

" မေတ္တာပွားရင် ဒေါသကိုဖယ်မယ်။
ကရုဏာပွားရင် သောကကိုဖယ်မယ်။
မုဒိတာပွားရင် ဣဿာကိုဖယ်မယ်။
ဥပေက္ခာပွားရင် စိတ်ထိခိုက်ခြင်း နဲ့
စိတ်ငြိကပ်ခြင်း ကို ဖယ်မယ်။ " - သီတဂူဆရာတော်
ကရုဏာပွားရင် သောကကိုဖယ်မယ်။
မုဒိတာပွားရင် ဣဿာကိုဖယ်မယ်။
ဥပေက္ခာပွားရင် စိတ်ထိခိုက်ခြင်း နဲ့
စိတ်ငြိကပ်ခြင်း ကို ဖယ်မယ်။ " - သီတဂူဆရာတော်
" ဗုဒ္ဓကို တပည့်များက ကြည်ညိုလေးစား
ရတဲ့ အချက် " - ဗုဒ္ဓ
---------------------------------------------
*- အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရားနှင့်ပြည့်စုံခြင်း။
*- ထူးခြားတဲ့ အသိအမြင်ရှိခြင်း။
*- ပညာဥာဏ်ကြီးမား ထက်မြတ်မှု့ရှိခြင်း။
*- သစ္စာတရားနဲ့ ပတ်သက်တဲ့ ဥာဏ်အမြင်
ရှင်လင်းတိကျပိုင်နိုင်ခြင်း။
*- စွမ်းရည်မြင့်မားသော တန်ခိုးသတ္တိတို့ဖြင့်
ပြည့်စုံခြင်း။ ကျင့်စဉ်ကို ပေါက်မြောက်အောင်
မြင်နိုင်အောင် လမ်းညွှန်ပြသပေးနိုင်ခြင်း။
- ဗုဒ္ဓ
* * *
" သတိပဋ္ဌာန်တရားကို ထိမိပေါက်မြောက်
အောင် ကျင့်သုံးနိုင်သူသည် ထူးခြားကဲမွန်
သော ဥာဏ်အမြင်တို့ကို ရရှိကာ (နိဗ္ဗာန်)
ပန်းတိုင်ကြီးကို ဆိုက်ရောက်နိုင်ပေ၏။ "
- ဗုဒ္ဓ
* * *
( ဗုဒ္ဓနှစ်-၂၆၀၀ ပြည့် ယမန်နေ့ည အထူး
ဓမ္မသဘင်တွင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဟောကြားတော်မူသော တရားတော်မှ
ကောက်နုတ်ဖော်ပြ ပူဇော်အပ်ပါသည်။ )
ရတဲ့ အချက် " - ဗုဒ္ဓ
---------------------------------------------
*- အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရားနှင့်ပြည့်စုံခြင်း။
*- ထူးခြားတဲ့ အသိအမြင်ရှိခြင်း။
*- ပညာဥာဏ်ကြီးမား ထက်မြတ်မှု့ရှိခြင်း။
*- သစ္စာတရားနဲ့ ပတ်သက်တဲ့ ဥာဏ်အမြင်
ရှင်လင်းတိကျပိုင်နိုင်ခြင်း။
*- စွမ်းရည်မြင့်မားသော တန်ခိုးသတ္တိတို့ဖြင့်
ပြည့်စုံခြင်း။ ကျင့်စဉ်ကို ပေါက်မြောက်အောင်
မြင်နိုင်အောင် လမ်းညွှန်ပြသပေးနိုင်ခြင်း။
- ဗုဒ္ဓ
* * *
" သတိပဋ္ဌာန်တရားကို ထိမိပေါက်မြောက်
အောင် ကျင့်သုံးနိုင်သူသည် ထူးခြားကဲမွန်
သော ဥာဏ်အမြင်တို့ကို ရရှိကာ (နိဗ္ဗာန်)
ပန်းတိုင်ကြီးကို ဆိုက်ရောက်နိုင်ပေ၏။ "
- ဗုဒ္ဓ
* * *
( ဗုဒ္ဓနှစ်-၂၆၀၀ ပြည့် ယမန်နေ့ည အထူး
ဓမ္မသဘင်တွင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဟောကြားတော်မူသော တရားတော်မှ
ကောက်နုတ်ဖော်ပြ ပူဇော်အပ်ပါသည်။ )
" ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့်
သိကြားမင်းသည် နတ်တကာတို့ထက်
မြတ်သောအကြီးအမှူး အဖြစ်သို့ရောက်၏။
ကုသိုလ်ကောင်းမှု၌ မမေ့လျော့သော
သတိတရားကိုပညာရှိတို့ ချီးမွမ်းကုန်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို
ပညာရှိတို့ အမြဲကဲ့ရဲ့ ကုန်၏။ " - ဗုဒ္ဓ
သိကြားမင်းသည် နတ်တကာတို့ထက်
မြတ်သောအကြီးအမှူး အဖြစ်သို့ရောက်၏။
ကုသိုလ်ကောင်းမှု၌ မမေ့လျော့သော
သတိတရားကိုပညာရှိတို့ ချီးမွမ်းကုန်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို
ပညာရှိတို့ အမြဲကဲ့ရဲ့ ကုန်၏။ " - ဗုဒ္ဓ
" တည်တံ့သော စိတ်လည်း မရှိ၊
သူတော်ကောင်းတရားကိုလည်း မသိ၊
ယုံကြည်ခြင်း တည်းဟူသော သဒ္ဓါတရားလည်း
မခိုင်မာသော သူမှာလောကီ လောကုတ္တရာပညာ
မပြည့်စုံလေ။ " - ဗုဒ္ဓ
သူတော်ကောင်းတရားကိုလည်း မသိ၊
ယုံကြည်ခြင်း တည်းဟူသော သဒ္ဓါတရားလည်း
မခိုင်မာသော သူမှာလောကီ လောကုတ္တရာပညာ
မပြည့်စုံလေ။ " - ဗုဒ္ဓ
" ဗုဒ္ဓရှင်တော်မြတ်၏ နောက်ဆုံးစကား "

" ပစ္စပ္ပန် အကျိုးလည်းမသိ၊
သံသရာအကျိုးလည်း နားမလည်ကြတဲ့
အသိဥာဏ်ပညာမဲ့ လူမိုက်ပုဂ္ဂိုလ်တွေဟာ
ကိုယ့်ကို ခါးစပ်ခံခက်တဲ့အကျိုးတွေ
ဆင်းရဲပင်ပန်းတဲ့ အကျိုးတွေပေးမယ့်
မကောင်းမှု အကုသိုလ်ကံတွေကို
စိတ်လိုလက်ရ ပြုလုပ်ရင်း
ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူသဖွယ်
အဖြစ်မျိုးနဲ့ ရှင်သန်လှည့်လည်နေကြပါတယ်။ " - ဗုဒ္ဓ

"တရားတွေ နှလုံးသွင်း အားထုတ် မထားသူ ဆိုလျင် တရားတွေ အကောင်းအဆိုး မသိ.. မသိတော့ မဟုတ်တာတွေ သဘောကျ တယ်။ အခုခေတ် အနေနဲ့ ဆိုလို့ရှိရင် ကြည့်ရင် ဗုဒ္ဓဘာသာ အပြင်ဘက်ကနေ ဝေဖန်တဲ့ စာတွေ ဘာတွေ ရှိပါတယ်။ ဟိုစာတွေ ဒီစာတွေ ။ အဲဒီဟာတွေကို သိပ်ပြီးတော့ သဘောကျကြ တယ်...ခေတ်မီတယ် ဆိုပြီးတော့ ... စာတွေကို သိပ်ပြီးတော့ လိုက်စားကြတယ်။ ဟိုဝါဒ ဒီဝါဒတွေ သိပ္ပံပညာတွေ ဘာတွေ.. ဒါတွေကို ..သိပ်ပြီးတော့ လိုက်စားကြတယ်..။ စီးပွားရေးအနေ အသက်မွေး ၀မ်းကျောင်း အနေနဲ့တော့ မလွှဲသာ မရှောင်သာရင်တော့ လိုက်ရမှာပေါ့။ ဘာမဟုတ်ဘဲနဲ့ ..တစ်ချို့က တကယ့်ကို အနှစ်သာရကြီး ထင်ပြီးတော့ လိုက်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်.။ အဲဒါတွေကတော့ တယ်နေရာမကျဘူး။ " - မဟာစည်ဆရာတော်
" သူတော်ကောင်းတို့နှင့် တစ်ကြိမ်တစ်ခါမျှ ဆုံဆည်းပေါင်းသင်းရခြင်းသည်
အလွန်ကောင်းမြတ်လှပေ၏။ ပေါင်းသင်းလိုက်ရသောသူကို သူတော်ကောင်း
တို့သည် အမြဲမပြတ်စောင့်ရှောက်၍ နေ၏။
သူယုတ်မာတို့နှင့် ကြိမ်ဖန်များစွာ ပေါင်းသင်းဆုံဆည်းရပါသော်လည်း
ထိုသူယုတ်မာတို့သည် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်။ " - ဗုဒ္ဓ
အလွန်ကောင်းမြတ်လှပေ၏။ ပေါင်းသင်းလိုက်ရသောသူကို သူတော်ကောင်း
တို့သည် အမြဲမပြတ်စောင့်ရှောက်၍ နေ၏။
သူယုတ်မာတို့နှင့် ကြိမ်ဖန်များစွာ ပေါင်းသင်းဆုံဆည်းရပါသော်လည်း
ထိုသူယုတ်မာတို့သည် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်။ " - ဗုဒ္ဓ
"၁ - ဘုရားအဆုံးအမတော်သည် မိမိ၌သာ တည်လျက် တစ်ပါးသူတို့အား
မဖြန့်ပါမူ သာသနာတည်သော်လည်း သန့်ကားသန့်၏။ ပြန့်မည်ကား မဟုတ်။
၂ - သူတစ်ပါးချည်းသာ တည်စေ၍ မိမိ၌မတည်သူကား ပြန့်ကားပြန့်၏။
တည်မည်မဟုတ်။ တည်သော်မှ ကြည်မည်မဟုတ်။ သန့်လည်း သန့်မည် မဟုတ်၊ ပြန့်ဖို့လည်း အခြေခံမကောင်းသဖြင့် မသေချာ။
၃ - မိမိ သူတစ်ပါး နှစ်ဦးသားလုံး၌ တည်စေသူကား တည်လည်းတည်၊ ပြန့်လည်းပြန့်၊ သန့်လည်းသန့်မည်သာတည်း။
၎- မိမိသူတစ်ပါး နှစ်ဦးသားလုံး၌ မတည်စေသူကား ၊ တည်မှမတည်သော သန့်ပြန့်ဖို့ကား စဉ်းစားဖို့ပင် မလိုတော့ချေ။
ဤကား (သာသန)၀န်ထမ်းလောက၏ အလွှာလေးမျိုးတည်း။ " - မဟာဗောဓိမြိုင်ဆရာတော်
မဖြန့်ပါမူ သာသနာတည်သော်လည်း သန့်ကားသန့်၏။ ပြန့်မည်ကား မဟုတ်။
၂ - သူတစ်ပါးချည်းသာ တည်စေ၍ မိမိ၌မတည်သူကား ပြန့်ကားပြန့်၏။
တည်မည်မဟုတ်။ တည်သော်မှ ကြည်မည်မဟုတ်။ သန့်လည်း သန့်မည် မဟုတ်၊ ပြန့်ဖို့လည်း အခြေခံမကောင်းသဖြင့် မသေချာ။
၃ - မိမိ သူတစ်ပါး နှစ်ဦးသားလုံး၌ တည်စေသူကား တည်လည်းတည်၊ ပြန့်လည်းပြန့်၊ သန့်လည်းသန့်မည်သာတည်း။
၎- မိမိသူတစ်ပါး နှစ်ဦးသားလုံး၌ မတည်စေသူကား ၊ တည်မှမတည်သော သန့်ပြန့်ဖို့ကား စဉ်းစားဖို့ပင် မလိုတော့ချေ။
ဤကား (သာသန)၀န်ထမ်းလောက၏ အလွှာလေးမျိုးတည်း။ " - မဟာဗောဓိမြိုင်ဆရာတော်
" သက်မဲ့သာသနာပြုလုပ်ငန်းဖြင့် သာသနာတည်ရန် ကြိုးစားရာ၌ သက်မဲ့သာသနာကား
ကိုယ်ပြုသလိုတည်မှာကား သေချာ၏။ သို့သော်လည်း ယင်းသက်မဲ့၌ သိတတ်သော အသိဥာဏ်၊ စေတနာဥာဏ်များ ကင်းမဲ့သဖြင့် သက်ရှိမပါနိုင်ပြီ။
အကယ်၍ သက်ရှိသာသနာပြုလုပ်ငန်း ပြုရာ၌ အောင်မြင်ပါမူကား သက်ရှိ၌ သာသနာတည်သလောက် အသိဥာဏ်၊ စေတနာဥာဏ်များ ဖွံ့ဖြိုးတိုးတက်လာ
စေပြီးဖြစ်သဖြင့် သက်ရှိမှ သက်မဲ့လည်းပါစေနိုင်သည်သာဖြစ်၏။ " - မဟာဗောဓိမြိုင်ဆရာတော်
ကိုယ်ပြုသလိုတည်မှာကား သေချာ၏။ သို့သော်လည်း ယင်းသက်မဲ့၌ သိတတ်သော အသိဥာဏ်၊ စေတနာဥာဏ်များ ကင်းမဲ့သဖြင့် သက်ရှိမပါနိုင်ပြီ။
အကယ်၍ သက်ရှိသာသနာပြုလုပ်ငန်း ပြုရာ၌ အောင်မြင်ပါမူကား သက်ရှိ၌ သာသနာတည်သလောက် အသိဥာဏ်၊ စေတနာဥာဏ်များ ဖွံ့ဖြိုးတိုးတက်လာ
စေပြီးဖြစ်သဖြင့် သက်ရှိမှ သက်မဲ့လည်းပါစေနိုင်သည်သာဖြစ်၏။ " - မဟာဗောဓိမြိုင်ဆရာတော်
ကိုယ့်စကားမှ ကိုယ်နားမထောင်ပါဘဲလျက် တစ်ဘက်သားကို နားထောင်ခိုင်းသည်မှာအလွန်မလွယ်ကူသော အလုပ်မျိုးပင် ဖြစ်၏။
သို့ကြောင့် - ကိုယ့်စကား ကိုယ်နားထောင်ပါ။ ပြီးမှ ကိုယ့်စကား သူများနားထောင်အောင် ကြိုးစားပါဟူ၏။ " - မဟာဗောဓိမြိုင်ဆရာတော်
သို့ကြောင့် - ကိုယ့်စကား ကိုယ်နားထောင်ပါ။ ပြီးမှ ကိုယ့်စကား သူများနားထောင်အောင် ကြိုးစားပါဟူ၏။ " - မဟာဗောဓိမြိုင်ဆရာတော်
" သာသနာပြုလုပ်ငန်းဟူသည် ဘုံဗိမာန် နန်းပြသာဒ်ကြီးများ ထီးထီးမားမား ပေါ်ပေါက်လာစေခြင်းလည်းမဟုတ်၊ လူစည်ကားစေခြင်း၊ ပစ္စည်းလာဘ်သပ်ပကာ ပေါများစေခြင်းလည်းမဟုတ်။ ဘုရားရှင်၏
အဆုံးအမဖြစ်သော သာသနာသုံးရပ်တို့ကို ကိုယ်တိုင်လည်း
ထိုးထွင်းသိ၊ တစ်ပါးသူတို့အားလည်း သိစေခြင်းဟု ဖြေဆိုအပ်၏။
ထိုသို့သိစေခြင်းဖြင့် - ဝေနေယျအစားစားတို့သည် မိမိ၏ အရိုင်းစိတ်ကို
သီလ၌ တည်လျက် ယဉ်လိုခြင်း၊ အယဉ်စိတ်ကို သမာဓိ၌တည်လျက် ငြိမ်လိုခြင်း၊ အငြိမ်စိတ်ကို ပညာ၌တည်လျက် သိလိုခြင်းများ တဖွားဖွားကိန်းစေနိုင်၏။ " - မဟာာဗောဓိမြိုင်ဆရာတော်
အဆုံးအမဖြစ်သော သာသနာသုံးရပ်တို့ကို ကိုယ်တိုင်လည်း
ထိုးထွင်းသိ၊ တစ်ပါးသူတို့အားလည်း သိစေခြင်းဟု ဖြေဆိုအပ်၏။
ထိုသို့သိစေခြင်းဖြင့် - ဝေနေယျအစားစားတို့သည် မိမိ၏ အရိုင်းစိတ်ကို
သီလ၌ တည်လျက် ယဉ်လိုခြင်း၊ အယဉ်စိတ်ကို သမာဓိ၌တည်လျက် ငြိမ်လိုခြင်း၊ အငြိမ်စိတ်ကို ပညာ၌တည်လျက် သိလိုခြင်းများ တဖွားဖွားကိန်းစေနိုင်၏။ " - မဟာာဗောဓိမြိုင်ဆရာတော်
"မဂ္ဂင် ၈-ပါးကိုလည်း သဘောတူပေါင်းရုံး၍ အကျဉ်းရုံးပြရချေသော်
သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးဆင့် မှန်သောကျင့်စဉ်သာတည်း။
၁- သီလသာသနာ - ကျင့်စဉ် မှန်ကန်စေရန် ဆုံးမထားသောစကား။
၂- သမာဓိသာသနာ - ကျင့်စဉ်၌ စိတ်တည်စေရန် ဆုံးမထားသောစကား။
၃- ပညာသာသနာ - ကျင့်စဉ်၌ ကွဲပြားစွာသိစေရန် ဆုံးမထားသောစကား။
ဤသိက္ခာသုံးပါး အကျင့်မြတ်ပေတည်း။ (ဤကား သာသနာတည်း )။ " - မဟာဗောဓိမြိုင်ဆရာတော်
သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးဆင့် မှန်သောကျင့်စဉ်သာတည်း။
၁- သီလသာသနာ - ကျင့်စဉ် မှန်ကန်စေရန် ဆုံးမထားသောစကား။
၂- သမာဓိသာသနာ - ကျင့်စဉ်၌ စိတ်တည်စေရန် ဆုံးမထားသောစကား။
၃- ပညာသာသနာ - ကျင့်စဉ်၌ ကွဲပြားစွာသိစေရန် ဆုံးမထားသောစကား။
ဤသိက္ခာသုံးပါး အကျင့်မြတ်ပေတည်း။ (ဤကား သာသနာတည်း )။ " - မဟာဗောဓိမြိုင်ဆရာတော်
" ကိုယ်ကျင့်သိက္ခာ ခိုင်မာအောင် တည်ဆောက်ရန် မကြိုးစားဘဲ ပညာတတ်ဖြစ်အောင် ကြိုးစားခြင်းသည် ဖြတ်လမ်းဖြစ်သဖြင့် လောကအတွက် ကြီးမားသော အန္တရယ်ကို ယူဆောင်ရာ ရောက်တတ်ပါ၏ ။ " - ဆရာကြီးဦးရွှေအောင်
0 comments:
Post a Comment