Pages

Subscribe:

Ads 468x60px

Tuesday, February 7, 2012

တပို့တွဲ့လပြည့် ( သြ၀ါဒပါတိမောက်အခါတော်နေ့ )

  




(ဤကျောက်စာတော်သည် ရွှေတိဂုံစေတီပြတိုက်ရှေ့တွင်ရှိသည်
ဦးဘသော်ကောင်းမှုဖြစ်သည် မင်္ဂလာဗြူဟာ၏မြန်မာပြန်မူဖြစ်သည် ၊
သွားတက္ကသိုလ်မှထုတ်ဝေ၍မေတ္တာဗြူဟာအဖွဲ့မှဖြန့်ဝေသည်
စေတီတော် သိမ်တော်တို့၌ထိုကျောက်စာကိုရေးထိုးပူဇော်ကြရန်တိုက်တွန်ထားပါသည် )

မြန်မာ့ တို့၏၁၂ လ ရာသီလများတွင်ဗုဒ္ဓနှင့်ပတ်သက်သော ထူးခြားသည့်အဖြစ်အပျက်
တခုပါရှိမြဲဖြစ်သည်၊ တပို့လပြည့်နေသည်လည်း ဗုဒ္ဓသာသနာတော်တွင်တိုက်ဆိုင်မှုနှင့်အလွန်
ထူးခြားသောအချက် ၄ ချက်ရှိခဲ့သည်၊
၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည့်-သြ၀ါဒပါတိမောက်ကိုဟောကြားတော်မူခြင်း
၂။ အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
၃။ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
၎၊ ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့သည်မည်သူမှပင့်ဘိတ်ထားခြင်းမရှိဘဲစုဝေးရောက်ရှိလာကြသည
့်အတွက်ထိုနေ့တွင်သြ၀ါဒပါတိမောက်ကို ဟောခြင်း
ဤသို့အင်္ဂါ ၄ ရပ်နှင့်ပြည်စုံသောကြောင့်တပို့တွဲလပြည်နေ့သည်နေ့ထူးနေ့မြတ်တနေ့ဖြစ်
ပါသည်၊ထိုနေ့တွင်သြ၀ါဒပါတိမောက်ဂါဌာကိုဟော်တော်မူသောကြောင့် တန်ပို့တွဲလပြည့်နေကို ”သြ၀ါဒပါတိမောက်”အခါတော်နေ့ဟုသတ်မှတ်ကြပါသည် ၊

သြ၀ါဒပါတိမောက် ပါဠိ
(၁) ခန္တီ ပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော

(၂) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

(၃) အနူပ ၀ါဒေါ အနူပ ဃာတော၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသမ္မိံ၊ ပန္တဉ္စ သယနာ သနံ၊
အဓိစိတ္တေစ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ .. ။

မြန်မာပြန်
(၁) လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

(၂) မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

(၃) သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

အကျဉ်းချုပ် ဆောင်ပုဒ်
* မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင် စိတ်ကိုထား။
* ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာ၍စကား။
* ခန္တီမူလ၊ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ်။ … ။
မြတ်စွာဘုရား၄၅ ၀ါပတ်လုံးဟောကြားသောတရားများကိုအနှစ်ချုပ်လိုက်လျှင်အထက်ပါ
ဆောင်ပုဒ်လင်္ကာလေးကိုရမည်ဖြစ်သည်၊
မကောင်းမှုရှောင် ကောင်းမှုဆောင် ဆိုသည်မှာ သီလပိုင်းကိုစောင့်ထိန်းခိုင်းခြင်းဖြစ်သည်
စိတ်ကိုဖြူအောင်ထားဆိုသည်မှာ (ဘာဝနာ) ၀ိပဿနာအားထုတ်ခြင်းကိုဆိုလိုပေသည်၊
သီလစောင့်လျှင် ကိုယ်နှင့် နှုတ်ကို မလွန်ကျူအောင် စောင့်ထိန်းနိုင်သည်
စိတ်ကို နိုင်အောင်ထိန်းရန်အတွက် စိတ်ကလေးဖြူအောင်ထားနိုင်ရန်အတွက် ဘာဝနာ
အလုပ် ဖြစ်သော ၀ိပဿနာဖြင့်သာစောင့်ထိန်း နိုင်မည်ဖြစ်သည် ၊
သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ
အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြ၀ါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာကျင့်ကြံ
နေထိုင်ကြပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည် ၊
မောင်သုည
ဝန်ခံချက် ၁
ကျွန်၏ဘလောက်တွင် လစဉ် မြန်မာ့ ၁၂ လရာသီ လများအကြောင်းကို လစဉ်တင်ပြလျက် ရှိခဲ့ရာတန်ပို့တွဲလအကြောင်းတင်ပြရာတွင် ထမနဲအကြောင်းကိုသာအဓိကထား တင်ပြမိခဲ့ပါသည်၊
မိမိ၏စိတ်ထဲတွင်မြန်မာ့ ၁၂ လရာသီပွဲတော်များတွင်ဗုဒ္ဓနှင့်ပတ်သက်သောထူးခြားသည်အကြောင်း
အရာတခုခုတော့ဖြစ်လေ့ရှိသည်ဟုသိထားမိသည် ၊ ကျွန်တော် ဘလောက်ကိုစတင်ရေးဖြစ်သော
အကြောင်းမှာလည်း ” သြ၀ါဒပါတိမောက် ” ဆိုသည့်စာလုံးကို ( Goole ) တွင် ရိုက်နှိပ်ရှာဖွေရာမှ
မြန်မာလူငယ်များ၏ဘလောက်များကိုစတင်တွေ့ရှိပြီး အားကျလာသဖြင့် ဘလောက်စရေးဖြစ်ခဲ့
သည် ၊ သြ၀ါဒပါတိမောက်နှင့်ပတ်သင်၍ဓမ္မမိတ်ဆွေများအား မျှဝေရန် ရှာဖွေစုဆောင်းထားသော
လက်ကမ်းစာရွှက်ကလေးများကိုလည်း ဓမ္မဖြူဟာအဖွဲ့မှ မိတ်ဆွေ ဦးအောင်ဆန်းမှာ ပေးထားပြီး
ဖြစ်ပါလျက် မေ့လျော့ခြင်းများစွာဖြင့် လပြည့်ကျော်တရက်မှတင်ဖြစ်ခဲ့သည် ၊
ဗုဒ္ဓက မမေ့မလျော့သတိနှင့်နေရစ်ကြဟုမှာတော်မူခဲု့သည်
မေ့လျော့ခြင်းသည်သေမင်းနိုင်ငံသို့ရောက်ကြောင်းတည်းဟု လည်း ဆရာတော်ဦဓမ္မသာရ
ဆုံးမလေ့ရှိပါသည်
ကျွန်နုပ်ကား မေ့ချက်ကောင်းလေစွ
ဝန်ခံချက် ၂
ဆေင်းပါး ပါအချက်အလက်များကို စုဆောင်းရာတွင်
ဝိမုတ္တိသုခ ဘလောက် နှင့်
တွေးမိတွေးရာ ဘလောက် ( မေဓါဝီ ) မှ အချက်အလက်များကိုမှီငြမ်းပါသည်
******************************************************
 တပို့တွဲ လပြည့် သြ၀ါဒ ပါတိမောက် အခါတော်နေ့ သိမှတ်ဖွယ်ရာများ
၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု ၍ ထိုနေ့ကို သြ၀ါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။
၂။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင်
• အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
• အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
• အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်း ပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ ဖြစ်ခြင်း
• ဘုရားရှင်တိုင်း သြ၀ါဒ ပါတိမောက် ပြတော်မူသောနေ့ ဖြစ်ခြင်း
ဤ ထူးခြားချက် လေးမျိုးကို တွေ့ရှိရပါသည်။

၃။ အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို သြ၀ါဒဟု ခေါ်ပါသည်။ ထိုသြ၀ါဒ မိန့်ကြားတော် မူခြင်းကို သြ၀ါဒ ပါတိမောက် ပြသည်ဟု ခေါ်ဆိုရပါသည်။
၎။ ပါတိမောက်သည် သြ၀ါဒ ပါတိမောက်နှင့် အာဏာ ပါတိမောက် ဟူ၍ နှစ်မျိုးရှိပါသည်။ သြ၀ါဒ ပါတိမောက်ကို မြတ်စွာ ဘုရားရှင် တို့သာ ပြတော်မူပါသည်။ တပည့်သံဃာများ ပြခွင့် မရှိပါ။ တပည့် သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့် ရှိပါသည်။
၅။ သက်တော်ရှည်သော မြတ်စွာဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်း တိုသော ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို ၀ါတော် ၂၀ အတွင်း မှာသာ ပြတော်မူကြပါသည်။ လောဘ ဒေါသ စသော စရိုက်များ ထူပြောချိန်တွင် သြ၀ါဒ တည်မြဲရန် ခဲယဉ်းသောကြောင့် ၀ါတော် ၂၀ ကျော်လျှင် တပည့်သံဃာတို့အား အာဏာ ပါတိမောက်ကို ပြစေရပါသည်။
၆။ ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို
• တပို့တွဲ လပြည့်နေ့ ကြုံကြိုက်ခြင်း
• ဧဟိဘိက္ခု ရဟန်းချည်းသာ ဖြစ်ခြင်း
• ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည့် ဖြစ်ခြင်း
• မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း
ဤအင်္ဂါ လေးရပ်နှင့် ပြည့်စုံမှ ပြုမြဲ ဖြစ်ပါသည်။
၇။ ဂေါတမ မြတ်စွာဘုရားသည် မဟာ သက္ကရာဇ် ၁၀၃ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံ သော ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာ သုံးပုဒ်ဖြင့် သြ၀ါဒ ပါတိမောက် ကို ပြတော်မူပါသည်။
၈။ သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြ၀ါဒ ပါတိမောက် ဂါထာအတိုင်း လိုက်နာ ကျင့်ကြံပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ကြပါသည်။

သြ၀ါဒ ပါတိမောက် ဂါထာတော်များ

၁။ ခန္တီကျင့်သုံး အမြတ်ဆုံး ရှေးထုံး လိုက်နာအပ်
၂။ နိဗ္ဗာန်ဓာတ်သား အမြတ်ထား ဘုရားမိန့်တော်မှတ်
၃။ ပဗ္ဗဇိတ မှန်တုံက လုံးဝ မညှင်းအပ်
၎။ ညှင်းဆဲပါက သမဏ လုံးဝ မခေါ်အပ်

အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထား
ဘုရားတိုင်းသာ ဟောမိန့်မှာ သုံးဖြာ သည်စကား
ဘုရားတပည့် ထားသတိ ပွားဘိ ဤတရား

၁။ သူ့ကို စွပ်စွဲ မပြုဘဲ နှုတ်လဲ စောင့်နိုင်စေ။
၂။ သူ့ကိုညှင်းဆဲ မသတ်ဘဲ ကိုယ်လဲ စောင့်နိုင်စေ။
၃။ ပါတိမောက်ထုံ ဣနြေ္ဒခြုံ လုံအောင် စောင့်နိုင်စေ။
၎။ စားသည့်အစာ တိုင်းအတာ မှန်စွာသိပါစေ။
၅။ နေသည့်အခါ ဆိတ်ငြိမ်ရာ မှန်စွာရှိပါစေ။
၆။ အဓိစိတ္တ၊ အာယောဂ လုံ့လရှိကြစေ။
၇။ ဗုဒ္ဓဆုံးမ သြ၀ါဒ လောကကျင့်နိုင်စေ။

(ဓမ္မပဒ၊ ဌ၊ ဒု၊ နှာ ၁၅၃)
(မှတ်ချက်။ နိုင်ငံတော် ပိဋကတ် တိုက်မှူး ဆရာတော် ဦးပညာသာမိ (မာဂဓီ-သာစည်) ရေးသား ပြုစုတော် မူသော အခါတော်နေ့များ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။) (စာအုပ် လက်ဆောင် ပေးပို့ လာသော မောင်ငယ် မင်းယွန်းသစ် အားလည်း ကျေးဇူး တင်အပ်ပါသည်။)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...