Pages

Subscribe:

Ads 468x60px

Monday, February 13, 2012

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီဆယ့်သုံး အား ဂုဏ်ပြုလျှက်


                          ပည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင်








2အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။


မွေးဖွားရာအချိန်နှင့် ဇာတိ
မြန်မာနိုင်ငံကိုချစ်တဲ့ မျိုးချစ်သူရဲကောင်း၊ တော်လှန်ရေးတွေမှာ အဆက်မပြတ် ပါဝင်ခဲ့တဲ့ 1 နိုင်ငံရေးကောင်း သမားတစ်ဦး ဖြစ်တယ် ဗိုလ်ချုပ် အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က  အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်ကတော့ ရှေ့နေဦးဖာ ဖြစ်ပြီး မွေးမိခင်ကတော့ ဒေါ်ခင်စု ဖြစ်ပါတယ်။ 3သူမွေးဖွားတဲ့ အချိန်မှာ ပထမ ကမ္ဘာစစ်ကြီးရဲ့ ဒုတိယနှစ် ထဲကို ရောက်နေ ပြီးတော့ ဂျာမနီက ရေငုပ် သင်္ဘောများနဲ့ ဗြိတိသျှ ရေတပ်ကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ အချိန် လည်းဖြစ်ပါတယ်။ အဲ့ဒီနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့၊ မြန်မာခုနှစ်အရ ၁၂၇၆ ခုနှစ် တပေါင်းလဆန်း တစ်ရက် စနေနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားလာခဲ့ပါတယ်။ နက္ခတ်ဗေဒင်ဆရာကြီး ကီရို ဟောပြောချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မွေးဖွားသူတို့က တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရထီးနန်းကို ဖြိုဖျက်နိုင်စွမ်းသူများကို မွေးဖွားတဲ့ဇာတာလို့ ဟောခဲ့ပါသေးတယ်။
အမည်နာမနှင့် မွေးချင်းမောင်နှမ
ဇာတာအရ မှည့်ထားတဲ့ နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ ထိန်လင်းလို့ ခေါ်လေ့ခေါ်ထမရှိဘဲ သူ့အကို ကိုအောင်သန်းရဲ့ နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ မောင်အောင်ဆန်း လို့သာ ခေါ်ကြတော့တယ်။ နောက်ပိုင်း ဒို့ဗမာ အစည်းအရုံးကို ၀င်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင် အောင်ဆန်းရဲ့ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျီ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ ဗန်ကောက် ရဲဘော် သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာကနေ ဗိုလ်တေဇဖြစ်လာခဲ့တယ်။ နောက်ဆုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့ နေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ သူအပါအ၀င် မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သူတို့တွေကတော့
1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန်
2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန်
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန်
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။


4
ငယ်ဘ၀အကျဉ်းချုပ်
5ဗိုလ်ချုပ်မွေးဖွားတုန်းက သိပ်မထူးဆန်းပေမယ့် ထိုင်နိုင်ထနိုင်တဲ့ ကလေးဘ၀ကစပြီး ထူးခြားခဲ့တယ်လို့ သိရပါတယ်။ တော်တော်လည်း ဂွကျသူဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ငယ်ငယ်တုန်းက တော်တော်နဲ့ စကား မပြောတာကြောင့် လူကြီးမိဘများက ဆွံ့အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြခဲ့ရပါတယ်။ ဗိုလ်ချုပ်က ငယ်ငယ် တုန်းက ချူချာတဲ့အပြင် အစားလည်းကြူးပြီး အမဲသား ငါးကို  အလွန်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းက မိခင်နဲ့ ဈေးဝယ်လိုက်သွားရင်း အမဲသားစိမ်းမြင်တာနဲ့ အတင်းလုစားမယ်လုပ်တယ်လို့ သူရဲ့မိခင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့သူတွေကို အမြင်မကြည်ဖြစ်ပြီး အဲ့လိုလူတွေကြားထဲမှာ သိပ်လည်းနေသားမကျခဲ့ပါဘူး။ ဗိုလ်ချုပ်နေချင်တဲ့ပုံစံက လူရိုင်းပြီး ကြမ်းတမ်းခက်ထန်ပေမယ့် တည်ကြည်ပြီး လွတ်လပ်သန်စွမ်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ 1-3ဗိုလ်ချုပ်ငယ်ငယ်တုန်းက အတီးအမှုတ်၊ အကအခုန် အတော် ၀ါသနာပါခဲ့တယ်။ အထူးသဖြင့် ဆိုင်းတီး တာကို အတော်ဝါသနာ ပါတယ်လို့ ပြောကြပါတယ်။ စားပွဲဖြစ်ဖြစ်၊ ခေါက်စရာတွေ့ရင် လက်ကွဲတဲ့အထိ အမြဲတမ်း ခေါက်နေလေ့ ရှိပါတယ်။ များသော အားဖြင့် ဣနြေ္ဒကြီးပြီး ချောင်တချောင် မှာကပ်ပြီး မှိုင်ကာ စဉ်းစားနေလေ့ရှိပြီး ကစားခုန်စား သိပ်လုပ်လေ့လုပ်ထ မရှိပေမယ့် ကစားတဲ့အခါ ကြမ်းတမ်းပြီး ကြမ်းတမ်းတဲ့ ကစားနည်းကိုမှ နှစ်သက်တတ်ပါတယ်။ မျက်နှာလို မျက်နှာရနဲ့ အထက်လူကြီးတွေကို တိုင်တောခြင်းကို ငယ်ငယ်ကတည်းက အထူးစက်ဆုပ် ရွံ့မုန်းခဲ့သူဖြစ်တယ်။

ကျောင်းသားဘဝ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘနှစ်ပါးလုံးမှာ ဥာဏ်ရည်ထက်မြတ်သောသူတွေ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ဖခင်က ရှေ့နေစာမေးပွဲမှာ ဗမာပြည်တပြည်လုံး တတိယစွဲခဲ့ပါတယ်။ အကိုများ၊ ၀မ်းကွဲညီအစ်ကိုများ နဲ့ ဦးလေးတွေကလည်း သူတို့ရဲ့ ကျောင်းစာမေးပွဲမှာ ထိပ်တန်းကျကျ အောင်မြင်ခဲ့ကြသူချည်းပါပဲ။ ဗိုလ်ချုပ်ရဲ့မိဘ များကလည်း ပညာရေးကို အထူးလိုလားကြတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အစ်ကိုတွေကိုငါးနှစ်သား အရွယ်ကစပြီး ကျောင်းထားခဲ့ကြသည်။ ဗိုလ်ချုပ်ကတော့ 6အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။
အထက်တန်းပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းတို့မှာ သင်ယူပြီးနောက် ရန်ကုန် တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံတို့ကိုလည်း သင်ယူခဲ့ပါသေးတယ်။။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့လာနိုင်တဲ့အတွက် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့ပြီး (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရပါသေးတယ်။ အဲ့ဒီနောက် (ဘီ-အယ်လ်) အတန်းကိုတက်တဲ့ အချိန်မှာတော့ အတန်းလည်းမှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ သူစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားခဲ့တာကြောင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေရာဇ၀င် ပထမမေးခွန်းမှာတော့ ဗိုလ်ချုပ်က ပထမရခဲ့ပါတယ်။ ဒုတိယ (ဘီ-အယ်လ်) နှစ်မှာတော့ နှစ်စေ့အောင် ကျောင်းမနေတော့ပါ။ အကြောင်းအရင်းကတော့ ဥရောပတိုက်မှာ မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မလို ဖြစ်နေတဲ့ခြေအနေနဲ့ ဗမာပြည်မှာလည်း အထိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် နှစ်ဝက်မှာကျောင်းထွက်ပြီး သခင်ဘ၀သို့ ကူးပြောင်းခဲ့ပါတော့တယ်။

78

နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ

9

11
ဗိုလ်ချုပ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဲ့ဒီအဖွဲ့ကထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလမှာ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးကို ရည်ညွှန်းထားတဲ့ ဆောင်းပါးဖြစ်တဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့ ဆောင်းပါးကို အမည်မဖော်ပြခဲ့တဲ့အတွက် ကိုနု (သခင်နု)နှင့် အတူတကွ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သမိုင်းမှာ ကျောင်းသားသပိတ်ဆိုပြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကထုတ်တဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်း ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားသပိတ် မန္တလေးကို ကူးစက်ပြီး နောက်ပိုင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံးမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသေးတယ်။ အဲ့ဒီနှစ်မှာပဲ အစိုးရက သူ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားရေးသို့ ကူးပြောင်းခဲ့ပြီး ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ ဒို့ဗမာအစည်းအရုံး ၀င်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် ၁၃၀၀ ပြည့် အရေးတော်ပုံလို့ လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့ပါတယ်။

ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊
10 နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။

12၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။




ဗိုလ်ချုပ်အောင်ဆန်ုးရဲ့မိသားစု
ဗိုလ်ချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၂ ခုနှစ် မှာ ဒေါ်ခင်ကြည်နှင့်14 လက်ထပ်ခဲ့ပြီး အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စတဲ့ သား(၂)ယောက်၊ သမီး(၁)ယောက် ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမကတော့ ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့သားအကြီးဆုံး ဦးအောင်ဆန်းဦးက အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိပြီး ဒုတိယမြောက်သား အောင်ဆန်းလင်းကတော့  ၈ နှစ်သား အရွယ်မှာ ခြံထဲကရေကန်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်လျှက်ရှိပါတယ်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။


13

ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်မင်္ဂလာကို Snap Shot ဂျာနယ်မှာ ဖော်ပြခဲ့တာကို အောက်ကပုံတွေ မှာ Click နှိပ်ပြီး ဖတ်နိုင်ပါတယ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ
15ဗိုလ်ချုပ်က ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားခဲ့ရုံသာမက ဘာသာရေးနဲ့သက်ဆိုင်တဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပါသေးတယ်။ ၁၉၃၅ခုနှစ် ဂန္ဓလောက မဂ္ဂဇင်း ဧပြီလထုတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး Burma and Buddhism ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားခဲ့ပါတယ်။ အသက် (၂၀)အရွယ်မှာ ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ ကျင့်သုံးနည်း' ဆိုတဲ့ဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါသေးတယ်။ စာပေနဲ့ပတ်သက်ပြီး အညာသားလေး ဆိုတဲ့ ကလောင်နာမည်နဲ့ သူရိယ မဂ္ဂဇင်းမှာ စာရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့အရေး ကောင်းကျိုးကို လိုလားတာကြာင့် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရပေမယ့် တကယ်တမ်းက စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလို့ သိရပါတယ်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့က ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ဖဆပလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ဆရာများ အစည်းအဝေးမှာ ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဆိုပြီး သူဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောခဲ့သေးတယ်။

ဗိုလ်ချုပ်မကွယ်လွန်ခင်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ
16တော်တော်များများကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ စာတွေကလည်း ဖတ်ရင် တိကျရှင်းလင်းပြီး ပေါ်ပေါ်လွင်လွင် ဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်က ‘တကမ္ဘာ လုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံ လိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီး ဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာ ဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ လို့ ပြောကြားခဲ့ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းဟာ အနိုင်မခံဆိုတဲ့ ကဗျာကိုလည်း ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်းရဲ့ အတွဲ ၆ အမှတ် ၁ တွင် ရေးသား ခဲ့ပါ သေးတယ်။

ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့်လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။
လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’
‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။
လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။
ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။
ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။

ဘ၀နိဂုံး
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့လေသည်။


(ဆရာဝင့်ထည်၏  ဆောင်းပါးတစ်ပုဒ်မှ သင့်နိုးရာရာ ကောက်နုတ်တင်ပြပါသည်။)


ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ဆုံးမစကား“ အတ္ထုပ္ပတ္တိအကျဉ်း


မကွေးခရိုင် နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဖွားမြင်ခဲ့သည်။ ကျေးလက်ပိုင်းရှိ ကြေးရည်တတ် လူကုံထံ မျိုးရိုးမှ ဆင်းသက်သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘေးများသည် ထင်ရှား ကျော်ကြားသော မျိုးချုစ် ပုဂ္ဂိုလ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဦးစွာ နတ်မောက်မြို့ မြန်မာ အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြား၍ အင်္ဂလိပ်စာပေ၊ ခေတ်မီသမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာများကိုယူကာ ဝိဇ္ဇာတန်းကို အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်ပင် ဥပဒေတန်းကို တက်ရောက် သင်ကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစောပိုင်းကာလ ပညာရေး ခရီးလမ်းသည် ဆုတံဆိပ်များ၊ ပညာသင်ဆုများ ဆွတ်ခူးနိုင်ခြင်းဖြင့် တောက်ပြောင်မှု ရှိခဲ့သော်လည်း တက္ဗသိုလ်သို့ ရောက်ရှိလာချိန်တွင်မှု တိုင်းပြည်တဝှမ်းလုံး၌ ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် နိုင်ငံရေး စိတ်ထက်သန်မှုနှင့် နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်လာခြင်းကြောင့် ပညာရေး ခရီးလမ်းမှာ မဖြောင့်ဖြူးဘဲ ဖြစ်ခဲ့ရသည်။ ကျောင်းသားတို့၏ ရပိုင်ခွင်များ၊ မကျေနပ်ချက်များ အတွက် လှုံ့ဆော်သောကြောင့် တက္ကသိုလ်မှ ထုတ်ပစ်မည် ဟူ၍ နှစ်ကြိမ်တိုင်တိုင် ခြိမ်းချောက် ခံခဲ့ရသည်။ အကယ်အားဖြင့်လည်း ရန်ကုန် တက္ကသိုလ်မှ သုံးနှစ်တာမျှ ယာယီ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ဤသို့ ထုတ်ပယ်ခံရခြင်းသည် ၁၉၃၆ ခုနှစ် အစောပိုင်း၌ တပြည်လုံးနှံ့ ကျောင်းသား သပိတ်ကြီး မှောက်ခဲ့ရမှု၏ လောလောဆယ် အကြောင်းရင်း တရပ် ဖြစ်သည်။ ယင်းကျောင်းသား သပိတ်ကြီးတွင် သူသည် ထင်ရှားသော ခေါင်းဆောင် တဦး ဖြစ်ပေသည်။ ယင်းသပိတ်ကြီးကြောင့် တနှစ် ပညာသင် ပျက်ခဲ့ရသည်။


ရန်ကုန် တက္ကသိုလ်တွင် ပညာသင် နို့သောက်စို့ရင်း သူသည် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ဗဌနှင့် ဥက္ဗဌ အဖြစ်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင် ထူထောင်သူ တဦးနှင့် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း အထူးထူးသော ကျောင်းသား အဖွဲ့အစည်းများ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသား အဖြစ်ဖြင့်ပင် ၁၉၁၈ ခုနှစ် အစောပိုင်းတွင် အစိုးရက ခန့်အပ်သော ယူနီဗာစီတီ အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ၌ အခြား ကျောင်းသား ကိုယ်စားလှယ် တဦးနှင့်အတူ ပါဝင်ခဲ့ပြီး ယူနီဗာစီတီ အက်ဥပဒေကို အတော်အတန် တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအက်ဥပဒေကို မြန်မာပြည် ဥပဒေပြု ကောင်စီက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအက်ဥပဒေကို ၁၉၂၀ ခုနှစ်နှင့် ၁၉၃၆ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သည် ပြည်လုံးနှံ့ ကျောင်းသား လှုပ်ရှားမှုများနှင့် သပိတ်မှောက်မှုများ၏ ရေသောက်မြစ်ပင် ဖြစ်ပေသည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘဝတွင် အင်္ဂလိပ် သတင်းစာ၊ မြန်မာ့ သတင်းစာများသို့ ဆောင်းပါးများ ပေးပို့ခဲ့သည်။ ထို့ပြင် ထိုစဉ်က ဗမာပိုင် ဗမာဦးစီး၍ အင်္ဂလိပ်ဘာသာဖြင့် ရက်သတ္တပတ်လျှင် သုံးကြိမ် ထုတ်ဝေသော အမျိုးသား စာစောင်ဖြစ်သည့် 'နယူးဘားမား' ဂျာနယ်၏ အယ်ဒီတာ အဖွဲ့တွင်လည်း အတန်ကြာ ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလတွင် သူသည် ဥပဒေတန်း တက်နေရာမှ ရုတ်တရက် ချက်ခြင်း ရပ်ပစ်လိုက်သည်။ ထိုသို့ ရပ်ပစ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ထိုစဉ်က တခုတည်းသော တက့်ကသည့်၊ အမျိုးသားစိတ် ပြင်းပြသည့် နိုင်ငံရေး ပါတီ ဖြစ်သော ဒို့ဗမာ အစည်းအရုံး (သခင်) ၌ ပါဝင်၍ အမျိုးသား လွတ်လပ်ရေးတည်း ဟူသော မျိုးချစ် လုပ်ငန်း အတွက် အလုပ်အကျွေး ပြုရန် ဖြစ်ပေသည်။


သူသည် ယင်းနိုင်ငံရေး ပါတီတွင်းသို့ ဝင်ရောက်ချိန်လောက်မှ စ၍ ၁၉၄၀ ခုနှစ်၊ သြဂုတ်လတွင် အဖမ်းမခံဘဲ တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်ရန် မြေလျှိုး သွားသည် အထိ ယင်းပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် သခင် ခေါင်းဆောင် တဦး အဖြစ် ၁၉၃၉ ခုနှစ် အစောပိုင်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသည်။ ထိုစဉ်က ထုတ်ပြန်သော အစိုးရ ကျေညာချက် အဆိုအရ 'အစိုးရအား အကြမ်းဖက်၍ တွန်းလှန် ဖြိုချရန် လုပ်ကြံမှု' ကို ခေါင်းဆောင်သူ တဦးအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သို့သော် များမကြာခင်မှာပင် ပြန်၍ လွတ်လာခဲ့သည်။ သခင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် သူအပြင်းအထန် လုပ်ခဲ့သည်မှာ သံသယ ဖြစ်စရာ မလိုပေ ဟူ၍ လည်းကောင်း၊ ဒို့ဗမာ အစည်းအရုံး (သခင်ပါတီ၏ တရားဝင် အမည်) အား ယခု လုပ်နေသည့် အဖျက်အဆီး အနှောင့်အရှက် လုပ်ငန်းမျိုးကို လုပ်ဆောင်နိုင်စေရန် ဖန်တီးခဲ့သူ သုံးဦး အနက် တဦးဖြစ်ပြီး၊ ပါတီ၏ အရေးကြီးသော ဆုံးဖြတ်ချက်နှင့် ပေါ်လစီပေါင်း များစွာကို ဖော်ထုတ်ရေး အတွက် တဝန်ယူခဲ့သည် ဟူ၍ လည်းကောင်း၊ ထိုစဉ်က အစိုးရ မှတ်တမ်းများ၌ ရေးသား ထားလေသည်။ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၏ အလုပ်အမှုဆောင် ကောင်မတီဝင် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၁၉၃၉-၄၀ ခုနှစ် အတွင်း ဒေါက်တာ ဗမော်နှင့် အတူ၊ ဗမာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်လိုကြသော ပါတီများ၊ အစိတ်အပိုင်များ စုစည်ထားသည့် ဗမာ့ ထွက်ရပ်ဂိုဏ်းကို ဦးဆောင် ဖွဲ့စည်းရာတွင် အဓိက ပုဂ္ဂိုလ် တဦး ဖြစ်သည်။ သူသည် ဗမာ့ ထွက်ရပ်ဂိုဏ်၏ အတွင်းရေးမှူး အဖြစ် မြေလျှိုး သွားခဲ့ရချိန် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ၏ ဖိတ်ကြားချက် အရ ယင်းပါတီ၏ ရမ်းဂါး ညီလာခံသို့ တက်ရောက်သည့် သခင် ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယပြည်ရှိ ဝါယာ၊ ဗာရာဏသီ၊ အလ႞ာဟာဘတ်၊ အဂ္ဂရာ၊ ဒေလီ၊ ပက်ရှဝါ၊ ခိုင်ဘာတောင်ကြား၊ လာအို၊ အမ်ရစ်ဆာ အာမက်ဒဘတ်၊ ဘုံဘေနှင့် ကာလ်ကတ္တားမြို့တို့သို့ ခရီးလှည့်ခဲ့သည်။ အိန္ဒိယပြည်မှ ပြန်လာခဲ့ရပြီးနောက် မြန်မာပြည် အတွင်း၌ နယ်ချဲ့ ဆန်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး လုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်ရင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ကိုယ်စားလှယ် အဖြစ်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင် အဖြစ် ကာလ အတန်ကြာ ဆောင်ရွက်ခဲ့သည်။ သူ့အား ဖမ်းဆီးရန် ဝရမ်း ထုတ်လိုက်ရာတွင် သူသည် ဝရမ်းကို တိမ်းရှောင်ကာ မြေလျှိုးခဲ့သည်။ ဤသို့ ဝရမ်းထုတ်သည့် အတွက် လူငယ်တို့ အတွင်း၌ မငြိမ်မသက် ဖြစ်မှုများ ပေါ်ထွက် လာရသောကြောင့် နောင်အခါတွင် ဝရမ်းကို ပြန်လည် ရုပ်သိမ်း ခဲ့စေကာမူ သူသည် မြေလျှိုး၍ပင် ဆောင်ရွက် နေခဲ့သည်။


သူသည် တရုတ်ပြည် အမွှိုင်မြို့သို့ တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲ အတွက် အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်နှင့် အကူအညီ ရရှိရန် ထွက်ခွာ သွားခဲ့ပြီး၊ ယင်းမြို့ရှိ အပြည်ပြည် ဆိုင်ရာ ဒေသတွင် နှစ်လခန့် နေထိုင်ခဲ့သည်။ ထို့နောက် မြန်မာပြည်ရှိ ရဲဘော်များ၏ စီစဉ်ပေးချက် အရ၊ ဂျပန်နှင့် အဆက်အသွယ်ရကာ ဂျပန်တို့က လာရောက်၍ သူ့အား တိုကျိုမြို့သို့ ခေါ်သွားခဲ့သည်။ တိုကျိုမြို့တွင် သုံးလခန့် နေရပြီးနောက် ဂျပန်တို့ ပေးအပ်လိုက်သော စီမံကိန်းကို မြန်မာပြည်ရှိ ရဲဘော်များ သိရှိစေရန် ၁၉၄၀ ခုနှစ် အစောပိုင်းတွင် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ များမကြာခင်တွင် သူသည် တိုကျိုသို့ ပြန်သွားခဲ့သည်။ မြန်မာပြည်တွင်း၌ တော်လှန် ထ့ကရေးကို ခေါင်းဆောင်နိုင်ရေး အတွက် ဂျပန်တို့၏ စစ်သင်တန်းသို့ တက်မည့် ပထမ အသုတ် လူငယ်တစုကို သူနှင့် တပါတည်း ခေါ်ဆောင် သွားခဲ့သည်။

၁၉၄၂ ခုနှစ် အစောပိုင်းတွင် သူသည် ဘန်ကောက်မြို့သို့ ရောက်ခဲ့ပြီး ဂျပန်တို့၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုမြို့၌ ဖွဲ့စည်းခဲ့သည်။ ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက် တိုက်ခိုက်သည့် အခါတွင် သူသည် ဂျပန်တို့နှင့် အတူ မြန်မာပြည်သို့ ချီတက် လာခဲ့သည်။ ဂျပန်ပြည်၌ ရှိစဉ်ကပင် သူနှင့် သူ့ရဲဘော်တို့သည် ဂျပန်တို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ကြသည် ဖြစ်ရာ ဂျပန်တို့ မြန်မာပြည်တွင်းသို့ ချီတက် ဝင်ရောက်ခဲ့ပြီး၊ မြန်မာပြည်သူတို့အား ပို၍ ပို၍ နှိပ်စက်ကလူ ပြုလာချိန်တွင်မူ ပဋိပက္ခ ဖြစ်မှုသည် ပိုမို ပြင်းထန် လာခဲ့လေသည်။ သူသည် မြန်မာပြည်တွင်းသို့ ပြန်မဝင်ခင်နှင့် ဂျပန်တို့ ရန်ကုန်ကို သိမ်းပိုက် ပြီးချိန်တို့တွင် ဂျပန် ဆန့်ကျင်ရေး လုပ်ငန်းကို စည်းရုံး လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း အထမမြောက်ခဲ့ချေ။ သို့သော် ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင်း၌ ဂျပန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှိနေကြောင်းကိုမူ တိုင်းပြည်က ကောင်းစွာ သိရှိ နေခဲ့ပေသည်။ ထိုအကြောင်းကြောင့် လည်းကောင်း၊ ထိုစဉ်က ဂျပန်စစ်ဗိုလ် ဦးစီးသော ဘီအိုင်အ၏ အာဏာသြဇာဖြင့် စစ်နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော 'ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့' အချို့၏ အလွန်အကျွံ ပြုမှုတို့ကို ချက်ကောင်းယူကာ ဘီအိုင်အေ အပေါ် ဆန့်ကျင်သည့် နိုင်ငံရေး ရန်သူများ၏ မသမာသော အကြံအစည် ပြုမူချက်များကြောင့် လည်းကောင်း၊ ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တပ်အင်အားကိုလည်း လျော့ချခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကြီး အဆင့်ဖြင့် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ကြီးမှူး ကွပ်ကဲ ခဲ့လေသည်။


၁၉၄၃ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါက်တာဗမော်တို့သည် အခြားပုဂ္ဂိုလ် နှစ်ဦးနှင့်အတူ၊ တိုကျိုမြို့သို့ လာရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ (မေဂျာဂျင်နရယ်) ဗိုလ်ချုပ်ကလေး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ဂျပန်ဘုရင်နှင့် တွေ့ဆုံခဲ့ရပြီး၊ တတိယအဆင့် တက်နေတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ တိုကျိုမြို့မှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်၊ တိုကျိုပြန်များအား ဂုဏ်ပြုသည့် ဧည့်ခံပွဲ တခုတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သို့ ရောက်ရှိလာတော့မည့် လွတ်လပ်ရေးသည် အနည်းနှင့် အများ အမည်ခံ လွတ်လပ်ရေး ဖြစ်လိမ့်မည် ဟူ၍ အရိပ်အ့မက်အားဖြင့် ပြောဆိုခဲ့သည်။ ထို့နောက် မြန်မာပြည် ကာကွယ်ရေးနှင့် သူကိုယ်တိုင် သေနာပတိ အဖြစ် ဆောင်ရွက်နေသော ဘီဒီအေတို့နှင့် ပတ်သက်သော ပြဿနာများကို တင်ပြရေး အတွက် လွတ်လပ်ရေး ပြင်ဆင်မှု ကော်မရှင်တွင် ပါဝင် ခန့်အပ်ခြင်း ခံရသည်။ ထိုနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးသည်ဆိုသော အခမ်းအနားတွင် သူသည် မေဂျာဂင်နရယ် (ဗိုလ်ချုပ်ကလေး) အဆင့်ဖြင့် စစ်ဝန်ကြီး ဖြစ်လာခဲ့ပြီး၊ လွတ်လပ်ရေး တနှစ်မြောက်သည့် နေ့တွင် ဂျပန်အစိုးရက အပ်နှင်းသော ပထမဆင့် ရတနာတံဆိပ်ကို အခြား ပုဂ္ဂိုလ်များနှင့်အတူ ရရှိခဲ့လေသည်။ သို့သော် ဗမာ့ လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမည်ခံ ဗမာ့ လွတ်လပ်ရေးကို ဖွင့်ဟ တိုက်ခိုက်ရင်း၊ ဂျပန် ဆန့်ကျင်ရေး မိန့်ခွန်းကို ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့လေသည်။ ထိုမိန့်ခွန်းသည် တိုကျိုမြို့ရှိ ဂျပန်အစိုးရ ရပ်ကွက်၌ပင် ဂယက်ရိုက် စေခဲ့သည်ဟု အဆို ရှိပေသည်။


၁၉၄၃ ခုနှစ်တွင် သူသည် ဂျပန် ဆန့်ကျင်ရေး၊ တော်လှန်ရေး လုပ်ငန်းကို စည်းရုံးရန် ထပ်မံ ကြံစည် အားထုတ်ခဲ့ရာ ၁၉၄၄ ခုနှစ်၊ သြဂုတ်လတွင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့လေသည်။ ၁၉၄၄ ခုနှစ် အကုန်လောက်တွင် သူသည် မဟာမိတ် စစ်ဌာနချုပ်နှင့် အဆက်အသွယ် ရခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် သူသည် ဂျပန် စစ်ဝါဒီတို့အား တိတိလင်းလင်း တော်လှန်သည်။ တော်လှန်ရေး တိုက်ပွဲကို ရှေ့ဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် ပုဂ္ဂိုလ် ၁၀ ဦးသည် ကန္ဒီမြို့သို့ သွား၍ ဗြိတိသျှ ဦးစီးမှု အောက်ရှိ မြန်မာ စစ်တပ်နှင့် (ပီဘီအက်ဖ်) ခေါ် မျိုးချစ် ဗမာ့ တပ်မတော် (ထိုစဉ်က ဂျပန်ကို တော်လှန်သည့် မြန်မာတို့၏ တပ်မတော်အမည်) ကို ပူးပေါင်းရေး အတွက် သဘောတူ စာချုပ် ခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ ကိုယ်စား လော့ဒီလူဝီမောင် ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဗမာ့ တပ်မတော် ဒုတိယ သေနာပတိချုပ် (ဒပျူတီ အင်စပက်တာ ဂျင်နရယ်) အဖြစ် ခန့်အပ်သည်။ သို့သော် သူသည် ရာထူးကို မိမိလက်ထောက် ပုဂ္ဂိုလ်များထဲမှ ပုဂ္ဂိုလ် တဦးအား ခန့်အပ်စေပြီး တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် ကြိုးပမ်းရန် တပ်မတော်မှ ထွက်ခဲ့လေသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် သူသည် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုနောက် တဖန် ကိုယ်စားလှယ် ပေါင်း ၁,၃၀၀ နှင့် စတင် ဖွင့်လှစ်သော နေ့တွင် လူထုပရိသတ် တသိန်းနီးပါး တက်ရောက်ခဲ့သော ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပသည့် ဖဆပလ အဖွဲ့ချုပ်၏ ပထမမြောက် ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ်ပင် အရွေးခံရပြန်သည်။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ၌ ပါဝင် ဆောင်ရွက်ရေး အတွက် ပုဂ္ဂိုလ် ၁၁ ဦး၏ အမည်ကို တင်သွင်းရန် အကြောင်းကြားခြင်း ခံခဲ့ရသည်။ သို့သော် ဘုရင်ခံထံမှ ကျေနပ်လောက်သော စည်းကမ်းချက်များကို မရသောကြောင့် သူသည် အမည် တင်သွင်းချက်ကို ပြန်လည် ရုပ်သိမ်း ခဲ့လေသည်။ သို့သော် ယင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်ခြင်းမှာ သူနှင့် သူဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ဖဆပလ အဖွဲ့ချုပ်တို့၏ နောက်ရှိ ပြည်သူတို့၏ အလိုအရ ဆောင်ရွက်ခြင်း ဖြစ်လေရာ၊ ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အစိုးရကပင်လျှင် ဖဆပလ အဖွဲ့ချုပ်၏ လူထု ထောက်ခံမှု ရရှိပုံကို ဗြိတိသျှ ပါလီမန် အတွင်း၌ မလွဲသာဘဲ ဝန်ခံခဲ့ရပြီး၊ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင်းသို့ ဝင်နိုင်စေရန် ဖဆပလ အတွက် တံခါးဖွင့်ထား နေသေးဆဲပင် ဖြစ်ပေသည်။

ယမင်းစာပေက နိုင်ငံရေး စာပေ ခွင့်ပြုချက် အမှတ် (၂၈၂) နဲ့ ပုံနှိပ် ဖြန့်ချိလိုက်တဲ့၊ မောင်မြဦး မြန်မာပြန်ခဲ့တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တဲ့ "မြန်မာ့ စိန်ခေါ်သံ" (Burma's Challenge by Aung San) စာအုပ်မှ "နိဒါန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း" ကို ပြန်လည် ကူးယူ လွှင့်ပေးလိုက်တာ ဖြစ်ပါတယ်။
-----------------------------------------------------------------

အသက် ၁၈ နှစ်ပြည့် ကျန်းမာရေးနှင့် ပြည့်စုံလျှင် လက်ခံရန် ရှိခြင်း


မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ် အောင်ဆန်းက အသံလွှင့် ဖြေဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း။


ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် ကျွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။


နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။


မငြင်းနိုင်သော အချက်တရပ်


အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။


ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။


လွတ်လပ်ရေး လက်တလှမ်း

သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။


ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး ကျွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။


ကိုယ်တွေ့ (မျက်မြင်တခု)


ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အင်္ကျီနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။


လခကို မမျှော်ရဟု ဆိုခြင်း


စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။

အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။


ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။


စစ်သားကို နီပွန်တို့ ရိုသေပုံ


နောက်ဆုံး ကျွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။


ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္တု ။
▪ - ¤ - ▪

၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်" မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

http://yinminkhine.multiply.com/journal/item/327

ဗိုလ်ချုပ်အောင်ဆန်း ဆုံးမစကား

ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်
ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။
ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ
ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့
အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က
ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့
အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား
နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ
ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား
အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း
မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့
ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့
စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊
အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့
တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး
ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး
အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ
နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။
စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ
မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို
ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ
မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။
နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ
အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို
ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။
ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့
ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ
ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို
ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊
လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။
ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ်
လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့
စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊
ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။
တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊
အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့်
စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့်
တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။
စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန်
ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ
ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ
တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊
မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ
မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ
ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့
နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ
ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ
ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။
အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့
ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို
ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို
သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို
ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့
ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင်
ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ
ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့
ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း
ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့
ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ
မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ
နောက်ဆုံးစကားပဲ။”

http://zakawar.multiply.com/journal/item/111



ဗိုလ်ချုပ်အောင်ဆန်း၏ လူသိနည်းသော မိန့်ခွန်း(သမိုင်း)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေး ဖတ်ရတော့ နှစ်သက်မိလွန်းလို့
ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတို့အတွက် အမှာစာလေး ကို
မှတ်စုထဲလှန်လှောပြီး ဖော်ပြခဲ့ပြီးပါပြီ။ဗိုလ်ချုပ်အောင်ဆန်းဟာ
မြန်မာလွတ်လပ်ရေးအတွက် အချိန်တိုင်း စဉ်းစားလုပ်ကိုင်ခဲ့တယ်ဆိုတာ ယုံမှာ
သံသယ ဖြစ်ဖွယ်မရှိခဲ့ပါဖူး။လွတ်လပ်ရေးအတွက် နိုင်ငံရေးသမားဘ၀ကိုစွန့်ကာ
မြန်မာတပ်မတော်ကို အုတ်မြစ်ချ မွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ ဦးစောရဲ့
အဆင်မချင် ရူးမိုက်စွာလုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း
အကြောင်းကို မကြားဖူး မမြင်ဖူးတဲ့ ကျေးရွာလူမိုက်တွေ လက်ထဲကို သေနက်အပ်ကာ
လုပ်ကြံခဲ့လို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်အောင်
ဆုံးရူံးခဲ့ရလေသည်။ဗိုလ်ချုပ်အောင်ဆန်းပြောလို့ပြီးတဲ့ စကားတခွန်း ကို
အခြားသူတယောက် အစားထိုးပြီး အခါတရာ ပြောလဲ မရနိုင်ပါ။ဗိုလ်ချုပ်ဟာ
အမျိုးသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို
လက်ရှိမြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့တဲ့ ဖခင်ပါ။ခုတော့ အဖေ ပေးတဲ့
မြေမှာ နေရင်း အဖေအကြောင်းလေးတွေ ရေးရင်း အဖေ့ ကို လွမ်းမိပါတယ်။အခုလဲ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိနည်းတဲ့ မိန့်ခွန်းလေး ကို
ကူးယူဖော်ပြလိုက်ပါတယ်။နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောလို့
နိုင်ငံရေးသမားလို့ ထင်တက်တဲ့ ခပ်ညံ့ညံ့ လူတွေထဲမှာ ညီကိုတို့ မပါဖူးလို့
ယုံကြည့်ထားပါ့မယ်။



သရက်ချောင်းရွာ မိန့်ခွန်း

စစ်ဝန်ကြီးနှင့် စစ်သေနာပတိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးသည်
တိုင်းအမှတ် ရ နယ်မြေဖြစ်သော သရက်ခရိုင်အတွင်းတွင် ဖွင့်လှစ်ထားသည်။
ဗိုလ်ချုပ်သည်အဆိုပါ စစ်ဌာနချုပ်စခန်းမှ နေကာ မြန်မာတပြည်လုံးရှိ
ဖတ်စစ်ဂျပန်စစ်ဆင်မှုများ ကို
ဦးစီးကွပ်ကဲလျှက်ရှိသည်။မျိုးချစ်မြန်မာ့ တပ်မတော် ပြည်သူတို့
အကူအညီဖြင့် ဖတ်ဆစ်ဂျပန်တို့ ကို တွေ့ရာ သချိင်္ုင်း ဓားမဆိုင်း
လိုက်လံတိုက်ခိုက်ခဲ့သည်။ အောင်ပွဲများလဲ
တစ်ခုပြီးတစ်ခုရရှိခဲ့သည်။ထိုအတောအတွင်း မဟာမိတ် များ၏ ထိုးစစ်ကလဲ
တဖြည်းဖြည်းမြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းအထိ
ထိုးဝင်ရောက်ရှိလာခဲ့သည်။မျိုးချစ်မြန်မာတပ်မတော်နဲ့ အင်္ဂလိပ်တပ်များမှာ
ပူုးတွဲစစ်ဆင်ရေးအတွက်
နားလည်မှုယူထားပြီးဖြစ်သည်။အဂ်လိပ်တပ်များေ၇ာက်ရှိလာခြင်းကို
မျိုးချစ်တပ်မတော် အတွင်းရှိ အချို့
အရာရှိများက မိမိတို့ ကိုယ်ရေး ကိုယ်တာ အတွက် ၀မ်းမြောက်
စိတ်ကူးယဉ်လာကြသည်။တာဝန်မကြေဖြစ်ကြသည်။မျိုးချစ်တပ်မတော်၏
လုပ်ငန်းစဉ်းများကို မေ့လျှော့လာကြသည်။
ထို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁၀ ရက်နေ့တွင်
သရက်ခရိုင်၊ ကံမမြို့ အပိုင်၊ သရက်ချောင်းရွာတွင် တပ်စခန်းချနေသော
ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဌာနချုပ်စခန်းရှိ အရာရှိ အကြပ်တပ်သားများကို
ညနေ ၅နာရီတွင် တန်းစီစေကာ တော်လှန်ရေးကာလအတွင်း အပြတ်သားဆုံးသော
မိန့်ခွန်း ကိုပြောကြားခဲ့ပေသည်။



......................................................................................

ရဲဘော်တို့............

ဒီနေ့ရဲဘော်တို့ ကိုဘာလို့တန်းစီးခိုင်းရသလဲဆိုရင်
အားလုံးရဲဘော်တွေရော ...ဗိုလ်ကြီးတွေ ...ဗိုလ်မှုးတွေဆိုတဲ့
ခေါင်းဆောင်ပိုင်းကပါ တာဝန်ယူထမ်းဆောင်ကြတဲ့ နေရာမှာ တော်တော့် ကိုပေါ့ဆဆ
လုပ်နေကြတာကို တွေ့ရမြင်ရ ကြားရလို့ဘဲ။
ပွဲဦးထွက် တော်လှန်ရေး အောင်ပွဲလေးတွေ ကိုရခဲ့ပြီး အဲ့ဒိအောင်ပွဲလေးတွေ
ဆင်နွှဲခဲ့နိုင်တာလောက်ကို တကယ်အောင်ပြွဲ့ကီးတွေလို့ထင်ပြီးအဲ့ဒိအောင်ပွဲ
အပေါ်တွေမှာ မိန်းမောနေတာ တွေ့ရတယ်။ ကိုယ်ကိုကိုယ် အထင်ကြီးပြီး
ဘ၀င်မြင့်နေတာ တွေ့ရတယ်။ရဲဘော်တို့ ......... ဒီလိုမိန်းမောနေရင်
အမှားကြီးမှားမယ်လို့ တိတိကျကျပြောရဲတယ်။
တချို့ကလဲ ဒီတော်လှန်ရေးပြီးရင် ' ပြီးပြီး ' လို့ထင်တဲ့ လူတွေက
ထင်ကြသေးတယ်။ဒါတင်မကဘူး။ အင်္ဂလိပ်စစ်တပ်တို့ ၊ အင်္ဂလိပ်အုပ်ချုပ်ရေးတို့
လာရင် ဗိုလ်တွေက ဗိုလ်ကြီး၊ ဗိုလ်ကြီးတွေက ဗိုလ်မှုး၊ ဗိုလ်မှုးတွေက
ဗိုလ်မှုးကြီးတွေဖြစ်ပြီး ၊ရာထူးတွေ အဆင့်အတန်းတွေ တိုးလားတော့မယ်
ထင်ပြီးတယောက်နဲ့တယောက် ခြေရာတိုင်းနေကြတယ်။ဒါတွေ ကိုကျုပ်သိတာ
အတော်ကြာပြီ၊ဒါပေမဲ့ ကျုပ်မပြောချင်သေးလို့ မသိဟန်ဆောင်နေခဲ့တယ်။စောင့်
ကြည့်ကြသေးတာပေါ့။ ရဲဘော်တို့ထင်သလို အရင်္ဂလိပ်လာရင် ရာထူးပဲတိုးကြမလား၊
သေနက်မောင်းပဲ ထပ်ချိုးကြရမလားဆိုတာ ဟိုအခါကျတော့ သိကြပါလိမ့်မယ်။
ဘယ်လောက်အထိတာဝန်မဲ့လုပ်နေကြသလဲဆိုရင် ဗိုလ်ဇေယျကိုကြည့ှ်၊ ကျုပ်က
တာဝန်နဲ့ လွတ်လိုက်တယ်။ ခုအထိပြန်မလာသေးဖူး။သူ့မယားရှိတဲ့
ဆားတွင်းတက်သွားတယ်လို့ ကြားရတယ်။ အဲ့ဒါသာကြည့်တော့။ ဟိုတနေ့ကလဲ
ဗိုလ်ဝင်းတယောက်ဟာ ရဲဘော် သုံးယောက်နဲ့ အမဲပစ်ထွက်တယ်။ သူတို့တွေဟာ
ပျော်ပွဲစားထွက်လာတယ်လို့များ ထင်နေကြလား မသိဖူး။အဲ့ဒါလောက်ထိအောင်
ရဲဘော်တွေဟာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပေါ့ပေါ့ဆဆ
ဖြစ်လာတာတွေ့ရတယ်။ရန်သူကို အထင်မကြီးသော်လဲ အထင်မသေးသင့်ဖူး ဆိုတာ အစဉ်
သတိချပ်စေချင်တယ်။အင်္ဂလိပ်အုပ်ချုပ်ရေးကိုမြော်ပြီး အတွေးလွန်မနေကြနဲ့။
နားအလယ် အလွယ်ဆုံးပြောလိုက်မယ် ''''''' အခုဂျပန်က ကျုပ်တို့တွေနဲ့
တိုင်းရင်းသား အားလုံးကို (.......) သွားပေမဲ့ ဆီဆွတ်လို့ တော်သေးတယ်။
အင်္ဂလိပ်လာယင် ဆီမဆွတ်ဘဲ (......) လိမ့်မယ် '''''''' ဒါဘဲ
ကျုပ်ပြောခဲ့မယ်။ ။
http://zakawar.multiply.com/journal/item/18





ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝ စရိုက်

“ကြည်
ပဲပြုတ်နဲ့ နံပြား စားချင်တယ်
အောင်ဆန်း”

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း
“အောင်ဆန်း” ဟု သူ၏နာမည်လက်မှတ် ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။
တစ်ခါက ဗိုလ်ချုပ်က သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်အား သူကြိုက်သော ပဲပြုတ်
နံပြား စားချင်ကြောင်း ပူစာလိုက်သည့် စာပင်ဖြစ်သည်။
“ ပူဆာ ” သည်ဟု ဆိုရခြင်းမှာ ‘ ဟေ့ ငါ ပဲပြုတ်နဲ့နံပြား
စားချင်တယ်၊မနက်စောစော အသင့်ဝယ်ထားလိုက် ‘ ဟု စစ်သူကြီး တစ်ဦးက စစ်သည်
ရဲဘော်ကလေး
အား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သှူု့ကို အလွန်
ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုး
ဖြစ်နေသောကြောင့် ပင်တည်း။
အထက်ဖော်ပြပါ စာတိုကလေးအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
စိတ်ဝင်စားသူ၊ လေ့လာသူ၊သူ့အကြောင်း ဟောပြောရေးသားသူမှန်သမျှ ကောင်းစွာ
သိကြပါသည်။
သို့သော် ယင်းစာတိုကလေးနှင့် ပတ်သက်၍
သဘောထားကွဲလွဲမှု၊အငြင်းပွားမှုများလည်း ရှိခဲ့ပါသည်။
သဘောထားကွဲလွဲမှု၊အငြင်းပွားမှု ဖြစ်စေမည့် အထက်ပါ ဗိုလ်ချုပ်အောင်ဆန်း၏
လက်ရေးဖြင့် စာတိုကလေးသည်ယနေ့တိုင်အောင် တက္ကသိုလ်သမိုင်းသုတေသန
ဌာန (သို့မဟုတ်) တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေမည်ဟု ထင်ရပါသည်။
ယင်းစာတိုကလေးနှင့် ပတ်သက်၍ အငြင်းပွားမှု အကြောင်း အနည်းငယ်မျှ ရှင်းပြလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် ရေးထားသော စာတိုကလေးတွင်
ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည် မှန်သော်လည်းစာပါအကြောင်းအရာက
နိုင်ငံရေး၊စစ်ရေး
နှင့် ဘာမှမဆိုင်။သူ၏တွေးခေါ်မျှော်မြင်ရေး ဒဿနဆိုင်ရာ
သုံးသပ်ချက်လည်းမဟုတ်။ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်သည်။ထို့ကြောင့်
သည်လိုကိုယ်ရေးကိုယ်တာ ကိစ္စမျိုး
တွေကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
ရေးသားပြုစုခြင်း၊ဟောပြောခြင်းများမလုပ်သင့်၊နိုင်ငံရေး၊စစ်ရေး သို့မဟုတ်
အတွေးအခေါ်ပိုင်းဆိုင်ရာသဘောတရားမျိုးသာလျှင်
မှတ်တမ်းတင် ရေးသားသင့်သည်။ဟောပြောသင့်သည်။
ဥပမာ ဇူလိုင်၊၉၄ထုတ် နွယ်နီမဂ္ဂဇင်းမှ ကျွန်တော်၏ “ ငါးမူးတန်းမှ
ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း” ဆောင်းပါးဆိုလျှင်လည်း
အထက်ပါယူဆချက်အရ
ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား
ဟောပြောရာ၌ အသုံးမပြုသင့်ဟု အဓိပ္ပါယ် သက်ရောက်နေပါသည်။
ဝါရင့် သမိုင်းပညာရှင်ကြီးတစ်ဦးကမူ ယင်းအယူအဆကို လက်မခံပါ။
“ ဒီလိုလဲ ဘယ်ဟုတ်မလဲဗျ၊ကိုယ်ရေးကိုယ်တာကိစ္စ အကေးအဖွဲလေးတွေဆိုပြီး
ပစ်ပယ်လို့ မရဘူး။ဒါမျိုးတွေက ကာယကံရှင် ပုဂ္ဂိုလ်ရဲ့ ပင်ကိုယ်သဘာဝ စရိုက်
Character ကိုပေါ်လွင်စေတယ်။သူ့ရဲ့စိတ်ဓာတ်
အတွေးအခေါ်တွေအမြှော်အမြင်၊အယူအဆတွေကို ခန့်မှန်းလို့ရတယ်။သူဟာ
ဘယ်လိုလူစားမျိုးလည်းဆိုတာ ရုပ်လုံးဖော်ရာမှာ
အထောက်အကူဖြစ်စေနိုင်တယ်။ကျုပ်သဘောထားကိုပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့
ပတ်သက်လို့ နောင်လာနောက်သားတွေ မျိုးဆက်သစ်လူငယ်တွေ လေ့လာမှတ်သား
နိုင်အောင် စောစောက ပြောတဲ့ ကိုယ်ရေးကိုယ်တာကိစ္စ အသေးအဖွဲကလေးတွေကအစ
မှတ်တမ်းတင် ရေးသားသင့်တယ်လို့ ယူဆတယ်”
ဤသို့ သမိုင်းပညာရှင်ကြီးက ထုတ်ဖော် ပြောခဲ့ပုံကို ကြားနာမှတ်သားရဖူးပါသည်။
ထို့ကြောင့် ဤဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာဝစရိုက်ကို
ခန့်မှန်း၍ရနိုင်မည့် ကျွန်တော်၏ကိုယ်တွေ့ ဖြစ်ရပ်အချို့ကို
ဖော်ထုတ်တင်ပြလိုက်ရပါ
သည်။
ဥပမာဆိုလျှင်-
* ………….*…………….*…………….*
၁၉၄၆ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှ
ဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွဲပြောင်းလက်ခံယူပြီးနောက် ရန်ကုန်မြို့
ဗိုလ်အောင်
ကျော်လမ်းရှိအတွင်းဝန်ရုံး(ယခု ၀န်ကြီးများရုံး)သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင်အခေါ်အဝေါ်)မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဌ
ဖြစ်ပါသည်။( ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံမ
တက်ပါ။ဒုတိယဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ
ဦးဆောင်စည်းဝေးရပါသည်။လွတ်လပ်ရေးမရသေးမီကာလဖြစ်၍ “ ဘုရင်ခံ၏
အမှုဆောင်ကောင်စီ”ဟုခေါ်သော်လည်း
စင်စစ်အားဖြင့် အစိုးရအဖွဲ့(ကတ်ဘိနက်)ပင်ဖြစ်ပါသည်။ဗိုလ်ချုပ်၏တာဝန်က
ဝန်ကြီးချုပ်၊ကာကွယ်ရေးဝန်ကြီး၊နိုင်ငံခြားရေး ၀န်ကြီးအဖြစ်
ဝန်ကြီးဌာနသုံးခုကို တာဝန်ယူရ
သဖြင့် အလွန်အလုပ်များလှပါသည်။
တစ်နေ့သ၌ဗိုလ်ချုပ်သည် မွန်းလွဲသုံးနာရီခန့်တွင် ကျွန်တော့်အား လျှပ်စစ်
ခေါင်းလောင်းတီး၍ ခေါ်သဖြင့် ကျွန်တော်လည်း ချက်ခြင်းပင်
သူ၏ရုံးခန်းတွင်းသို့
လျင်မြန်သွက်လက်စွာ ၀င်သွးလိုက်ပါသည်။
ထိုနေ့အဖို့ မျက်နှာဖြူအတွင်းဝန်က သူ့ထံတင်ပြဆုံးဖြတ်ချက် ရယူသည့်
ဖိုင်တွဲများအားလုံး လေ့လာ၍ဆုံးဖြတ်ချက် ချပေးပြီး သူ၏စားပွဲတွင်
စာရွက်စာတမ်းများ
ဖိုင်တွဲများရှင်းနေပြီ ဖြစ်သည်။
“ ဘာများလဲ ဗိုလ်ချုပ် ”
ကျွန်တော်က ထုံးစံအတိုင်း သတင်းပို့ရင်း မေးလိုက်ရာ ဗိုလ်ချုပ်သည်
ဝန်ကြီးတစ်ဦးက သူ့ပီအေ(အပါးတော်မြဲ)ကို ပြောသည့် ဟန်မျိုးမဟုတ်ဘဲ
ရင်းနှီးသော ကျောင်းနေ
ဘက်သူငယ်ချင်းကို ရင်ဖွင့်ပြောသလို ဟန်မျိုးဖြင့်
“ ငါအခုဗိုက်ဆာလို့ တစ်ခုခု စားချင်တယ်ကွာ ”ဟုပြောပါသည်။
ဗိုလ်ချုပ်က ဘာကြောင့် ဤသို့ပြောသည်ကို ကျွန်တော် ချက်ချင်းရိပ်မိလိုက်ပါပြီ။
ထိုနေ့နံနက်က ရုံးသို့မလာမီ ကျွန်တော်တို့ဆရာတပည့် နှစ်ဦးအား
နံနက်စာထမင်းကျွေးရာတွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က
(ထိုအချိန်ကဈေးအပေါဆုံး ဟင်း
လျာတစ်ခုဖြစ်သည့်)ဘဲဥ ဟင်းနှင့် ကျွေးခဲ့ပါသည်။ဗိုလ်ချုပ်သည် ဘဲဥဟင်းကို
မကြိုက်၍ဘဲလားမသိ။ထမင်းမြိန်ပုံမရဘဲ တစ်ပန်းကန်သာ စားပြီး စားပွဲမှ
ထလိုက်သဖြင့်
ကျွန်တော်လည်း ကဗျာကယာ လက်ဆေး၍ ရုံးသွားရန်ပြင်ဆင်ခဲ့ရပါသည်။နံနက် ၁၀
နာရီခန့် အတွင်းဝန်ရုံးသို့ ရောက်ပြီးနောက် ဗိုလ်ချုပ်သည်
တစ်နေကုန်နီးပါး ဆက်တိုက်
အလုပ်လုပ်နေရချိန်တွင် ဘာမျှမစားမသောက်ရသောကြောင့် ဆာလောင်ပြီး
ကျွန်တော့်အား တစ်ခုခုစားချင်ကြောင်း ပြောခြင်းဖြစ်ပါသည်။
{မှတ်ချက်……ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ၀န်ကြီးလစာရသည် မှန်သော်လည်း
ယင်းလစာငွေကိုကိုင်ပြီး ၀င်ငွေထွက်ငွေ မျှတအောင် သို့မဟုတ် ဘတ်ဂျက်
မအောက်အောင်
စိစစ်သုံးစွဲရရှာသူ ဒေါ်ခင်ကြည်အဖို့ မလွယ်ကူပါ။နေ့စဉ်နဲ့အမျှ လာရောက်သော
ဧည့်သည်များ၊ရဲဘော်များအားလည်း ဧည်ံခံကျွေးမွေးရသောကြောင့်
လကုန်ခါနီးရက်များ
ဆိုလျှင် အထူးခြိုးခြံ ချွေတာရသောကြောင့် လကုန်ခါနီးရက်များဆိုလျှင်
အထူးခြိုးခြံချွေတာရပါသည်။ထို့ကြောင့် ကျွန်တော်တို့အား
ဘဲဥဟင်းတစ်မယ်တည်း ချက်ကျွေးသည်
ကိုလည်း မည်သို့မျှ အပြစ်မဆိုသာပါချေ။စာရေးသူ )
ကျွန်တော်သည် ဗိုလ်ချုပ်ကို ကြည့်ပြီး စိတ်ထဲမှ သနားသွားမိပါသည်။သူ့ခမျာ
တကယ်ပင် ဆာလောင်၍ ပြောမှန်းသိ၍လည်း တစ်ခုခု ၀ယ်ကျွေးချင်စိတ်
ဖြစ်ပေါ်လာမိပါ
သည်။
“ ဗိုလ်ချုပ် ဘာများ စားချင်လို့လဲ”
ကျွန်တော်က မေးလိုက်ရာ ဗိုလ်ချုပ်သည် ၀မ်းသာသလို ဖြစ်သွားပြီးမှ
တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ပြန်မေးခွန်းထုတ်ပြန်သည်။
“ဘာလဲ ၊မင်းကငါ့ကို ၀ယ်ကျွေးမလို့လား၊၀ယ်ကျွေးရအောင် မင်းမှာ
ပိုက်ဆံကောရှိလို့လား ”
သာမန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား လိမ်ပြောလေ့မရှိပါ။သူသည်
လိမ်ပြောခြင်းကို လုံးဝမကြိုက်။မှန်ရာကိုသာ ပြောမှ သဘောကျသူဖြစ်၍
ကျွန်တော်တို့
လူငယ်တွေကလည်း သူ့အားလိမ်မပြောဝံ့ကြပါ။သို့ရာတွင် ထိုနေ့ကတော့ သူဗိုက်ဆာ၍
တစ်ခုခုစားချင်ကြောင်းကို ကလေးငယ်တစ်ယောက်လို ပြောသဖြင့် ကျွန်တော်သည်
ဘာဘဲဖြစ်ဖြစ် သည်တစ်ခါတော့ အမှန်ကို မပြောမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော့်မှာ ပိုက်ဆံပါ ပါတယ်၊ ဗိုလ်ချုပ်ဘာစားချင်တယ်ဆိုတာသာ ပြောပါ ”
ကျွန်တော်က ခပ်တည်တည်နှင့် အင်္ကျီအိတ်ကို လက်ဖြင့် ပုတ်ရင်း
ပြောလိုက်ပါသည်။အမှန်က ကျွန်တော်၏ အကျ င်္ီအိတ်ထဲတွင် ငွေ ၅ ကျပ်တန်
တစ်ရွက်နှင့်
ကျပ်တန်နှစ်ရွက် စုစုပေါင်း ငွေ ၇ ကျပ်သာ ရှိပါသည်။သို့သော် ကျွန်တော်က
မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်လည်း ယုံကြည်သွားပုံရပါသည်။
“ ဟုတ်လား ၊ မင်းတတ်နိုင်ရင်တော့ မဂိုလမ်း( ရွှေဘုံသာလမ်း)က ပလာတာနဲ့ ခပတ်
စားချင်တယ်ကွာ ”
“ ဟုတ်ကဲ့၊ ဒါဆိုရင် ရပါတယ် ၊ကျွန်တော့်မှာ
ပါတဲ့ငွေနဲ့လုံလောက်ပါတယ်၊ရုံးကနေ မဂိုလမ်း (ရွှေဘုံသာလမ်း)သွားစားပြီးမှ
အိမ်ပြန်ကြတာပေါ့၊ကိုင်း လာပါ ဗိုလ်ချုပ် ”
ပြောပြောဆိုဆို ကျွန်တော်သည် ဗိုလ်ချုပ်၏ ရုံးခန်းဝတွင် စောင့်နေသူ ရုံးလုလင်အား
“ ဟေ့ ငါတို့ ရုံးဆင်းတော့မယ်၊ ၄ နာရီထိုးရင် တံခါးတွေပိတ်လိုက်တော့” ဟု
ညွန်ကြားပြီး ဗိုလ်ချုပ်အားခေါ်၍ ရုံး အောက်သို့ ဆင်းခဲ့ပါသည်။
ထိုနေ့က ဗိုလ်ချုပ်ကား မောင်းသူ ရဲဘော်ကျော်စိန် နေမကောင်းသဖြင့်
အိမ်မှရုံးသို့အလာတွင် ကျွန်တော်ကပင် ကားမောင်းခဲ့ရပါသည်။ထို့ကြောင့်
အပြန်လည်း
ကျွန်တော်ကပင် ဗိုလ်ချုပ်ကို ကားပေါ်တင်၍ မဂိုလမ်း(
ရွှေဘုံသာလမ်း)၊ဒါလဟိုဇီလမ်း(မဟာဗန္ဒုလလမ်းထိပ်)အနီး ဗလီကြီးအောက်ရှိ
ပလာတာဆိုင်သို့ တိုက်ရိုက် မောင်းသွား
လိုက်ပါသည်။
ကျွန်တော်သည် ကားမောင်းသွားရင်း စိတ်ထဲမှ ဗိုလ်ချုပ်အား သူစားချင်သော
ပလာတာနှင့် ခပတ်ကိုကျွေးရန်မည်သို့မည်ပုံ ပရိယာယ်ဆင်ရမည်ကို ကြိုတင်
အကွက်ချပြီး
ဖြစ်သည်။
မဂိုလမ်း (ရွှေဘုံသာလမ်း)ဗလီကြီးအောက်ရှိ ပလာတာနှင့် ဒံပေါက်ဆိုင်မှာ
ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က မကြာခဏ၀င်စားလေ့ရှိသော
ဆိုင်ဖြစ်ပြီး ဆိုင်
ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်။ယင်းအချက်ကို အားကိုးပြီး
ကျွန်တော်က ထိုဆိုင်သို့ ရဲဝံ့စွာဖြင့် လာခဲ့ခြင်း ဖြစ်ပါသည်။
ထုံးစံအတိုင်း ဆိုင်ရှိ လူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့်
ခရီးဦး ကြိုပြုကာ နေရာထိုင်ခင်း ပေးကြရာ ကျွန်တော်တို့လည်း
စားပွဲတစ်လုံးတွင် ၀င်ထိုင်ပြီး တစ်
ယောက်လျင် ပလာတာနှစ်ချပ်နှင့် ဆိတ်သားခပတ် တစ်ပွဲစီနှစ်ယောက်အတွက်
နှစ်ပွဲမှာလိုက်ပါသည်။ ပြီးတော့မှ ကျွန်တော်သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့်
ငွေသိမ်းကောင်တာ
တွင် ထိုင်နေသူ ဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်ပါသည်။
“ ဒီမယ် ခင်ဗျား ကျုပ်ကို သိတယ်မဟုတ်လား၊ဒီဆိုင်မှာ စားနေကျ
ဖောက်သည်တစ်ယောက်ပဲ၊ဟိုမှာထိုင်နေတဲ့ လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ
ခင်ဗျားသိမှာပေါ့၊အခု
သူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်၊ခက်တာက ကျုပ်မှာ
ပိုက်ဆံအလုံအလောက် မပါဘူး။ဒါကြောင့် ကျုပ်တို့အခုစားလို့ ကျသင့်တဲ့ငွေကို
နက်ဖြန်ကျ
မှ ကျုပ်လာပေးပါရစေ၊ နောက်ပြီး ကျုပ်တို့ ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင်
ပိုက်ဆံရှင်းပြီးပါပြီလို့လည်း ပြောပေးပါ၊ကျုပ်မှာ ပိုက်ဆံမပါတာကို
သူမသိစေချင်ဘူး ”
ကျွန်တော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလားသည် ဗိုလ်ချုပ်အား
တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။
“ စိတ်ချပါ ဆပ်၊ကျသင့်တဲ့ငွေကို ဆပ်တို့ကြုံတော့မှ ၀င်ပေးပါ၊ရပါတယ်၊
ဗိုလ်ချုပ်မေးရင်လည်း ငွေရှင်းပြီးပြီလို့ ဖြေပါ့မယ်”
ဤသို့ပြောတော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ဗိုလ်ချုပ်ရှိရာသို့
ပြန်လာခဲ့ပါသည်။
ပလာတာနှင့်ခပတ် နှစ်ပွဲ ရောက်လာသောအခါ ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့်
စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရ စားပါတော့သည်။ကျွန်တော်လည်း ကိုယ့်
ပန်းကန်မှ နှိုက်စားရင်း ဗိုလ်ချုပ်ကို ကြည့်ပြီး ၀မ်းသာမိသည်နှင့်အမျှ
မြန်မာ့လွတ်လပ်ရေးကို မရရအောင် ကြိုးပမ်းယူရန် အားမာန်အပြည့်နှင့်
ဆုံးဖြတ်ထားသူ ကျွန်တော်တို့
၏ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသားတစ်ယောက် အနေဖြင့် သနားစရာ
ကောင်းလှပါသည်တကားဟု စိတ်ထဲမှ ကျိတ်၍မှတ်ချက်ချမိပါသည်။
သူစားပြီးသွားသည်နှင့် ကျွန်တော်လည်း ခပ်မြန်မြန်ပင် စားလိုက်ရပါသည်။
ကျွန်တော်စားပြီးသည်ကို မြင်လျှင် ဗိုလ်ချုပ်သည်
“ဟေ့ကောင် ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်” ဟု ပြောရာ ကျွန်တော်လည်း
ရှင်းပြီးပါပြီ ဗိုလ်ချုပ်၊ စောစောက စားစရာမှာရင်း တစ်ခါတည်း
ငွေရှင်းပေးခဲ့ပါတယ် ” ဟုပြောပြောဆိုဆို ဆိုင်ရှင်ကုလားနှင့်
စီစဉ်ထားသည့်အတိုင်း အချက်ပြ
ခေါ်လိုက်ရာ ဆိုင်ရှင်သည် ခပ်သွက်သွက် လျှောက်လာပြီး ဗိုလ်ချုပ်အား
ရိုသေစွာဆလံပေး အလေးပြုရင်း
“ပိုက်ဆံရှင်းပြီးပါပြီ” ဟု ပြုံး၍ ပြောပါသည်။
သည်တော့မှ ဗိုလ်ချုပ်သည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြီး ထိုင်ရာမှ ထလိုက်ပါသည်။
“ဘယ့်နှယ့်လဲ ဗိုလ်ချုပ် စားလို့ ကောင်းပါရဲ့လား ”
ကျွန်တော်က ဆိုင်ရှင်ရှေ့တွင်ပင် မေးလိုက်သောအခါ ဗိုလ်ချုပ်လည်း
“ အေးကွ၊ မစားရတာကြာလို့လားမသိဘူး၊အလွန်စားလို့ကောင်းတယ် ” ဟု
ပြုံး၍ပြောသည်ကို ဆိုင်ရှင်ကုလားသည် သဘောကျသွားပုံရပါသည်။
ထို့နောက် ဆရာတပည့်နှစ်ဦး ကားပေါ်တက်ကြပြီး ကျွန်တော်သည် ဗဟန်း
တာဝါလိန်းလမ်း(နတ်မောက်လမ်း) နေအိမ်သို့ မောင်းပြန်လာခဲ့ပါသည်။
နောက်တစ်နေ့နံနက်ကျမှ ကျွန်တော်သည် ရုံးချိန်မတိုင်မီ မဂိုလမ်း
ပလာတာဆိုင်သို့ အမြန်သွားပြီး ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ စားခဲ့သော
ပလာတာနှင့်ခပတ်ဖိုး
ကျသင့်ငွေကို ရှင်းပေးလိုက်ရပါသည်။


*………………..* ………………………*
၁၉၄၆ခုနှစ်၊မတ်လက ဗိုလ်ချုပ် အောင်ဆန်းသည် သခင်မြ၊ဟင်္သာတ ဦးမြ၊
ဦးအောင်ဇံဝေစသော ဖဆပလအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ
စည်းရုံးရေးခရီး
ထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍ ပြန်လည် ဖော်ထုတ်တင်ပြလိုပါသည်။
ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့ အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော
အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ
တိုင်းခန်းလှည့်လည်သလို လေယာဉ်၊ မော်တော်ယာဉ်၊မီးရထား၊ မီးသဘောင်္ စသည့်
အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲပင်ပန်းစွာ
သွားခဲ့ရပါသည်။သို့
သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းဆင်းရဲစွာ ခရီးသွားရသည်ကို
လုံးဝမငြီးငြူဘဲ ရွှင်လန်းတက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျုးဖွယ်
ကောင်းလှပါသည်။စစ်အတွင်းဂပန်
ခေတ်က သူသည် တပ်မတော် သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် မောရစ် ၂၅ အမျိုးအစား
အနက်ရောင် ဆလွန်းကားကြီးကို အလံ ၃ ခု ဆင့်လွှင့်လျက် ဒီးနင်းသွားလာခဲ့ရသည်
ကိုလည်း ပြန်လည်သတိမရ၊မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား
ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း၊ရခိုင်ဘက်တွင်လည်း
နွားလှည်းတစ်လှည့်၊ခြေကျင်
တစ်ခါသွားလာပြီး စည်းရုံး ဟောပြောရခြင်းကို လုံးဝ စိတ်ဓာတ်မကျဘဲ
ပျော်ရွှင် ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။
( မှတ်ချက်…အလံ၃ ဆင့် ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏
မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့
ဗိုလ်ချုပ်အောင်ဆန်း၏ ကားတွင်လည်း စစ်ဖက်ရာထူး
မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)အလံ၊တပ်မတော်သေနာပတိ အလံနှင့် အစိုးရအဖွဲ့ဝင်
စစ်ဝန်ကြီးအလံဟူ၍ အလံ ၃ခု ဆင့်၍
လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည်။စာရေးသူ)
ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့ ပတ်ဝန်းကျင်တစ်ဝိုက်
နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့
မပြန်မီ တောင်ဘက်သံတွဲ
တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌
ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ
ပါမောက္ခ
ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ်၊သံတွဲဒေသတွင်
ရေလမ်းမှ ခရီးသွားခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ
ဦးကျော်ရင်
က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့် လှည့်လည်ဟောပြောရန်
သဘောတူလိုက်ပါသည်။
သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြသည့်နေ့ နံနက်ပိုင်းတွင် ဒေသခံ
ပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများ ပြင်ဆင်နေကြစဉ်
ဗိုလ်ချုပ်သည်
ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ ခေါ်၍ ခပ်တိုးတိုးမေးပါသည်။
“ဟေ့ကောင် ငါတို့အခုသွားရမယ့် ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား”
ဟုတ်ကဲ့ဗိုလ်ချုပ်၊ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံး ရေတိမ်ပြီး
ကမ်းနဲ့နီးနီးနေရာက သွားမှာပါ၊ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကို
ဖြတ်သွားရပါ
မယ်၊ဘေးအန္တရာယ်တော့မရှိပါဘူး၊ရာသီဥတုကလည်း သာယာပြီး လှိုင်းလေငြိမ်တဲ့
ရာသီမို့ အဆင်ပြေမှာပါ
ကျွန်တော်ကခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကို ပြောလိုက်ပါသည်။
“ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆိုရင် မဖြစ်ဘူး ထင်တယ်ကွ ”
“ဘာဖြစ်လို့လဲ ဗိုလ်ချုပ် ”
“ဘာဖြစ်ရမှာလဲ၊ ငါက ရေမကူးတတ်ဘူးကွ၊ မတော်တဆ လှေမှောက်ရင် ဘယ်နှယ့်လုပ်မလဲ ”
ဗိုလ်ချုပ်က ခပ်တိုးတိုး ပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး
စိတ်မကောင်းဖြစ်သွားမိပါသည်။
ရေမကူးတတ်သူများအနေဖြင့် ရေလမ်းခရီးသွားရမှာ ကြောက်ခြင်းသည်
မဆန်းပါ။အထူးသဖြင့် ကမ်းနှင့်ဝေးဝေး ပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို
စိုးရိမ်မည်
ဆိုရင်လည်း စိုးရိမ်မိသည်မှာ သဘာဝကျပါသည်။
သို့သော် ခရီးက မသွား၍မဖြစ်။ဦးကျော်ရင်နှင့် ဒေသခံပုဂ္ဂိုလ်များက
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေငြာထားပြီးနေပြီ။
ကျွန်တော်
လည်း စဉ်းစားရင်း အကြံတစ်ခု ရမိသဖြင့်
“ ဗိုလ်ချုပ် ဒီမှာဘဲ ခဏစောင့်ပါ၊ ခရီးစဉ်ပြောင်းလို့ရရင်
ပြောင်းပြီးသွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ် ” ဟု
ပြောပြီး ကျွန်တော်သည် တော်လှန်
ရေး ရဲဘော်ကြီး ဥိးကျော်ရင်တို့ လူစုရှိရာသို့ လျှောက်သွားလိုက်ပါသည်။
အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ကျွန်တော်ကသာ စိတ်ကူးရသည့် အကြံကို
ခပ်တိုးတိုး
ပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်ပြပါသည်။
ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ် ပြန်လျှောက်သွားလိုက်သည်။
” ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာမရှိဘူး။ ကိုကျော်ရင်တို့အဖွဲ့နဲ့
တိုင်ပင်ပြီးပါပြီ၊ သွားမယ့်ခရီးစဉ်ကို လမ်းပြောင်းပြီး
သွားကြမယ်။အတွင်းဘက် ချောင်းငယ်တစ်ခုက
တဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့ ပိုဝေးလို့ အချိန်ပိုကြာမယ်။ဒါပေမယ့်
ပင်လယ်ပြင် ဖြတ်စရာ မလိုတော့ဘူး ကျွန်တော်တို့ စိတ်ချလက်ချ
သွားနိုင်ကြပါမယ်၊ကဲ လှေ
တွေလည်း အသင့်ဖြစ်နေပြီ၊ သွားကြရအောင် ”
ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့
ခေါ်သွားလိုက်ပါသည်။ လှေဟာ တံငါလှေဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက
ဗိုလ်ချုပ်စီးသည့်အခါ
နေပူသက်သာအောင်ဆိုပြီး “ ပေါင်းမိုး” လှေဝမ်းအပေါ်တွင်
အမိုးတပ်ဆင်ထားပါသည်။ ယင်းအစီအစဉ်ကြောင့် ပင်လျှင် ကျွန်တော်၏ အကြံအစည်
ချောမော အစဉ်ပြေသွားပါ
သည်။
လှေ၏ အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာ များရှိရာ ကျွန်တော်က
လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထား
လိုက်ပါသည်။
လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည် ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက်—-
‘ ဗိုလ်ချုပ် အခု သွားရမယ့် ရေလမ်းက နည်းနည်း ပိုဝေးလို့
အတော်ကြာကြာသွးရမယ်၊ ဒီအတိုင်း ထိုင်လိုက် သွားရင်လည်း ပျင်းစရာကောင်း
လိမ့်မယ်ဒီတော့
ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း၊ညတုန်းကလဲ စကားပြောနေကြတာ ညဉ့်နက်သွားလို့
အိပ်ရေးပျက်ခဲ့တယ် မဟုတ်လား၊ အခု အချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေး
တစ်ရေးလောက် အိပ်လိုက်ပါ၊အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့
ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ် ‘ ဟု ပြောပြောဆိုဆို
ကျွန်တော်
ကိုယ်တိုင် ဇွတ်အတင်းပင် အိပ်ခိုင်းလိုက်ပါသည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာ
နိုင်ငံရေး၊ စစ်ရေး ကိစ္စများတွင်သာ
သူကိုယ်တိုင်အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း
အခြားအသေးအဖွဲ လူမှုရေးကိစ္စများတွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ
ကျွန်တော်တို့ စီစဉ်ပေးသလိုသာ လုပ်လေ့ရှိ ခြင်းပင် ဖြစ်ပါသည်။
ပြည်တွင်းပြည်ပ ခရီးသွားလာရာ
တွင် ဆိုလျှင်လည်း ဘယ်အခန်းနားမျိုးကျလျှင် ဘယ်လို ၀တ်စားရမည်ကိုပင် သူမသိသဖြင့်-
“ ဟေ့ကောင် လုပ်စမ်းပါဦးကွ၊ ငါဘယ်လိုဝတ်ရမှာလဲ ” ဟုမေးလျင် ကျွန်တော်က
ဝတ်ရမည့် အ၀တ်အစားများ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။
ဗိုလ်ချုပ်သည်
ဘာမျှမပြောဘဲ ကျွန်တော် ပေးသောအ၀တ်အစားများကိုသာ ၀တ်လေ့ရှိပါသည်။
တစ်ခါတစ်ရံ နက်ကတိုင် လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင်
ကျွန်တော်ကပင်
ပုံကျအောင် စည်းပေးရပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်သည်
နိုင်ငံရေးကိစ္စကလွဲလျင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။
ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေး
သည့်အတိုင်း လိုက်လုပ်တတ်ပါသည်။
ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမော
အိပ်ရင်းအနားယူပါဟု ပြောတော့လည်း သူသည်ဘာမှမပြောဘဲ လှအိပ်ချလိုက်ရာ
ပင်ပန်း၍လား
မပြောတတ်၊ ချက်ချင်းကိုပင် အိပ်ပျော်သွားရှာပါသည်။
သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ၊လှော်ခတ်သူ လူငယ်များအား
စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကို ဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။
ဗိုလ်ချုပ်ခမျာ ဘာမျှမသိ၊ ကျွန်တော်ပြောသလို
ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းလေးထဲက ဖြတ်လှော်သွားသည်ဟုသာ ထင်လျက်
စိတ်ချလက်ချ အိပ်ပျော် သွားရှာပါ
သည်။
မြစ်ဝကျွန်းပေါ်လိုနေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင် ရေထဲဆင်းဆော့ကစားရာမှ
ရေကူးတတ်ရုံမက ကျင်လည်စွာ ကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်
ရေရှား၊အင်းအိုင် မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း
နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ
မဆန်းပါ။တက္ကသိုလ်ရောက်
တော့ ရေကူးကန်၊ရေကူးအသင်း (Swimming Club)လည်းရှိသဖြင့် အသင်းဝင်ပြီး
ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏ သို့ရာတွင် တက္ကသိုလ် သမဂ္ဂနှင့်
နိုင်ငံရေးကိုသာ စိတ်ဝင်
စားပြီး အချိန်ပြည့်လှုပ်ရှားနေသူ ကောလိပ်ကျောင်းသား ကိုအောင်ဆန်း
အနေဖြင့် ရေကူးအသင်းဝင်ပြီး ရေကူးရန် အချိန်မပေးနိုင်ခဲ့ပါချေ။
ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို
မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။
တပ်မတော်သေနာပတိ စစ်သူကြီးတစ်ဦး ဖြစ်ခြင်းကြောင့် ရေမကူးးတတ်ဘဲ
ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍ မရပါ။ယင်းကိစ္စနှင့်
ပတ်သက်၍ ကျွန်တော် သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည်
ကျွန်တော်တို့အား ထပ်တလဲလဲ ပြောလေ့ရှိသော…
“ လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို
မြတ်နိုးမှုပဲဖြစ်တယ်၊အခြေအနေအချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ
ပြောဝံ့တဲ့သတ္တိ ရှိရမယ်”
ဟူသော သွန်သင်ဆုံးမချက်၊အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့်(
Character and Love of Truth) ဟု ပြောခဲ့သည့် အတိုင်း ယခုလည်း
သူသွန်သင်ဆုံးမသလို ကိုယ်တိုင် လက်တွေ့လုပ်ပြသွားခြင်း ဖြစ်သည်ပါတကား ဟူ၍ပင် ဖြစ်ပါသည်။
*……………………*…………………….*
ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီး ပြောသလို
အသေးအဖွဲကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာ
ဝစရိုက်ကို ပေါ်လွင်စေသည် ဟူသော အဆိုအမိန့်ကို ဤ ဆောင်းပါးဖြင့် အလေးအနက်
ထောက်ခံလိုက်ရပါသည်။


အင်တာနက်ချစ်သူဝက်ဆိုဒ်(၀သုန်ဦးထံမှကူးယူတင်ပြသည်။)


ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးထိုက်တန်သော စကားတစ်ခွန်း

ဗိုလ်ချုပ်၏ မိန့်ခွန်းများ၊ သူ့စာသား၊ သူ့စကား အရ ဗိုလ်ချုပ်၏ စိတ်ဓါတ်မြင့်မြတ်မှုနှင့် လေးစားအား ကျအတုယူဖွယ်လုပ်ဆောင်ချက်၊ ခံယူချက်များကို တွေ့ရပါသည်။
ဗိုလ်ချုပ်က သူ၏သားသမီးသဖွယ်ဖြစ်သော တပ်မတော်သားများကို မိန့်ခွန်းပေးရာတွင် တကယ့်ခေါင်းဆောင် ကောင်းပီသစွာ လမ်းညွှန်မှုပေး နိုင် ခဲ့သည်။ ဗိုလ်ချုပ်၏ တပ်မတော်သားများအပေါ်ထားတဲ့ မေတ္တာစိတ်၊ သူ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးသိက္ခာရှိပြီး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အမှန်တကယ် စောင့်ရှောက်ကာကွယ်ပေးနိုင်သော တပ်မတော်ကြီးဖြစ်စေလိုသော ဆန္ဒကို သူ၏မိန့်ခွန်းများတွင် အထင်အရှား တွေ့ နိုင်သည်။ သူ၏ မိန့်ခွန်းများ၌ မြန်မာ့တပ်မတော်တွင် အမှုထမ်းနေသော တပ်မတော်သားများပါမက အား လုံးသော ပြည်သူပြည်သားများအတွက်ပါ အဖိုးတန်အကျိုးရှိလှသည်။

စားရေးဆရာမှူးသမိန်ရေးထားသော စာအုပ်တစ်အုပ်တွင် ဗိုလ်ချုပ်က သူတို့ ဂျပန်နိုင်ငံတွင် စစ်ပညာသင်နေ စဉ်အတွင်း လျှို့ဝှက်စာလှမ်းရေးပြီး အားပေးစကားပြောရာတွင် ငါ့သားကြီးများ ပြန်လာမှ စကားလုံး ဟု ပါ ရှိသည်ကို ကျနော်သတိထားမိလိုက်သည်။ ကာယကံရှင်တပ်မတော်သားကြီးများမှာ အားတတ်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်သေသေ ပေးဆပ်မည်ဟု စိတ်ဓါတ်များဖြစ်ပေါ်သွား မည်ဟု ကျနော် တထစ်ကျယုံ ကြည်သည်။ ဗိုလ်ချုပ်၏ စကားလုံးတိုင်းသည် ရိုးသားမှုရှိသည်။ မေတ္တာပါသည်။ ဗိုလ်ချုပ်၏ စကားတိုင်းတွင် ဆန္ဒ အမှန်ပါသည်။ ဗိုလ်ချုပ်၏ စိတ်သည် ပြည်သူအတွက်ဖြစ်သည်။ ဗိုလ်ချုပ်၏အသက်နှင့်သွေးသည် တိုင်း ပြည်နှင့်လူမျိုးအတွက် ပေးဆပ်ဖို့အသင့်ရှိ သည်ကို သူ၏စကားနှင့်မိန့်ခွန်းများတွင် အထင်အရှားတွေ့နိုင်သည်။ ဒါကြောင့်သာ ဗိုလ်ချုပ်ကျဆုံးပြီး ဆယ်စုနှစ် ၆ ခုနီးပါးကြာသော်လည်း အမြဲမှန် ကန်ထိရောက်အသုံးဝင်ခဲ့သည်။ အသက်ဝင်ဆဲဖြစ်သည်။ ဗိုလ်ချုပ်၏မိန့်ခွန်းတိုင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် တကယ်ပေးဆပ်နေသော သူများ အဖို့ လိုတရဓါတ်လုံးရသလိုပင်ဖြစ်သည်။ အာဇာနည်များ၏ စိတ်ဓါတ်နှင့်လုပ်ရပ်ကား အံ့သြလေးစား ကြည်ညိုစရာပင်ဖြစ်သည်။


ကျနော့်၏ နှလုံးသားနှင့်အသိတရားကို နှိုးဆွပေးလိုက်သော ဗိုလ်ချုပ်၏ မိန့်ခွန်းတစ်ခွန်းမှာ -
လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့် မည်။ ဟု ဆိုတာဘဲဖြစ်ပါသည်။ ဒီစကားလုံးကို တွေ့မြင်ရပြီး ကျနော်တော်တော်ခံစားလိုက်ရပါသည်။ ဒါ့အပြင် ကျနော့်အာရုံထဲကမှန်းပြီး အဲ့ဒီအချိန်က လူထုလေးစားချစ်ခင် အား ကိုးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြည် နှင့်လူမျိုးအတွက် တကယ်ပေးဆပ်ဖို့ တိုက်ပွဲဝင်ရဲသော တပ်မတော်သားကြီးများကိုပါ မြင်မိပါ တော့ သည်။
သြော် ….. ဒို့နိုင်ငံဟာအရတော်လေစွ၊ ဗိုလ်ချုပ်လိုလူမျိုးကိုမွေးထုတ်နိုင်ခဲ့တာဟာ ဆုလာဘ်ကောင်းကြီးဘဲလို့ လည်း ဂုဏ်ယူမိပါတော့သည်။ ဗိုလ်ချုပ်၏ စကားလုံးတစ်ခုချင်းစီ၏ အဓိပ္ပါယ်ကိုလည်း တစ်ခုချင်းစီဆန့်ထုတ် တွေးတောဆင်ခြင်မိပါတော့သည်။
ဗိုလ်ချုပ်ကသတ္တိနှင့်သစ္စာကို အလေးထားးပြောသွားခဲ့ပါသည်။ တိုက်ပွဲဝင်ရန်နီးကပ်နေပြီဖြစ်သော ရဲဘော်များ အတွက် အတိုဆုံးနှင့်အထိရောက်ဆုံး စကားလုံးများကို အခြေအနေ၊ အချိန်အခါ နှင့် တစ်ထပ်တည်းကျအောင် သုံးနိုင်သော ဗိုလ်ချုပ်၏ ဥာဏ်ပညာကြီးမားပုံနှင့် အသိပညာကား အတုယူ ဖွယ်၊ အားကျဖွယ်ပင်ဖြစ်သည်။ 
နောက်ဆုံး ပြောသွားသည့် ဗိုလ်ချုပ် မိန့်ခွန်း
ယခုကောက် နုတ်ဖော်ပြမည့် စကားများမှာ ဗိုလ်ချုပ် လုပ်ကြံမခံရမီ တစ်ပတ်ခန့်အလိုက ရန်ကုန် မြို့ မြို့တော်ခန်း မှ လူထု ပရိသတ်ကြီးကို နောက်ဆုံး ဟောပြော သွားသော ဗိုလ်ချုပ် ၏မိန့်ခွန်း စကားများဖြစ်၏။ ထိုနေ့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နံနက် အချိန်တွင်ဖြစ်သည်။
(မြန်မာပြည်သူလူထု အားလုံးကို သတိပေးလမ်း ညွှန် ဟောကြားသွားသော နောက်ဆုံး မိန့်ခွန်းဖြစ်သည့် အတွက် အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။)
“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင်အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်လာတာမဟုတ်ဘူး၊ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေ တာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိ ဘူး၊ မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊ ထွက်မှာပါပဲ၊ သို့သော် လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့် ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာဘယ်လို လူစားတွေလဲ၊ ရာဇ၀င်ထဲအရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ် တိုင်သိလာပါလိမ့်မယ်”
“ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကိုပြောရအုံးမယ်။ လွတ်လပ်ရေး ဆိုတိုင်း ပဒေသာပင် မြေကမပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ရှင်းပြခဲ့ချင်တယ်။ ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့ မယ်ဆိုရင် စိတ်ကူး က ဘယ့်နှယ့် စိတ်ကူးကြ သလဲ။ ပဒေသာပင် နေ့ချင်းညချင်း ပေါက် တော့မလို ခင်ဗျား တို့က ထင်ကြလိမ့်မယ်။ တချို့ကလည်း ဂျပန်ခေတ်တုန်းက လွတ် လပ်ရေးရပြီဆိုပြီး ဘာလုပ်ကြ သလဲဆိုရင် ဟင်္သာတနယ် ဘက်မှာ တွေ့ခဲ့တယ်။ လွတ် လပ်ရေး ရတယ်ဆိုပြီး လူတကာသွားတဲ့ လမ်းပေါ်မှာ ဆေးလှန်း တယ်။ အဲဒါလွတ် လပ်ရေး မဟုတ်ဘူး၊ အဲဒီဟာ ကလမ်းသွား လမ်းလာ လုပ်တဲ့ သူတွေကို နှောင့်ယှက်ရာ ရောက်တယ်။ လွတ်လပ်ရေး ဆိုတဲ့အဓိပ္ပာယ် က ကိုယ်တစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ လူတစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ၊ အခြား သူတွေရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့ လွတ်လွတ် လပ်လပ် ကိုယ့်ကျိုး အတွက်လုပ်နိုင်တာလွတ် လပ်ရေးပဲ။ ကိုယ့်စီးပွားရေး လုပ်တဲ့နေရာမှာ အခြား လူတွေရဲ့ အနှောင့်အယှက် မရှိစေရ ဘူး။ တခြား လူတွေရဲ့ အကျိုးကိုလည်း မထိ ခိုက်ဘူး၊ တိုင်းပြည်ကို လည်း မထိခိုက်ဘူးဆို ရင် လွတ်လွတ် လပ်လပ်လုပ်နိုင်တဲ့ အခြေ အနေမျိုးရှိရမယ်။ အဲဒီတော့ တခြားလူတွေ ကိုနှောင့်ယှက်တဲ့ လွတ်လပ်ရေးဟာ လွတ် လပ်ရေး မဟုတ်ဘူး။ အဲဒါကို (liconse) ရမ်းကားမှုလို့ခေါ်တယ်။ အဲဒီတော့ လွတ်လပ် ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမ ဟုတ်ဘူး။ စည်းနဲ့ ကမ်းနဲ့ သဘောဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့အခါ တိုင်းပြည်မှာပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ စည်းနဲ့ကမ်းနဲ့လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်”
“ကျွန်တော်တို့ မြန်မာတွေမှာ ချို့ယွင်း ချက် တစ်ခုရှိတယ်။ ဘာလဲဆိုရင် ဒါကလည်း ပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ ရတဲ့အတွက် ဖြစ် ချင်မှဖြစ်မယ်။ ဘာဖြစ်လို့ လဲဆိုရင် ကျွန် တော် ဂျပန်ခေတ် တုန်းကပုသိမ် ဘက်ကိုသွား တဲ့အခါမှာ လှေ ပြိုင်ပွဲတစ်ခု ကြည့်ခဲ့ ရတယ်။ လှေပြိုင်ပွဲ လုပ်တဲ့အခါမှာ ပန်းတိုင်ကို မရောက် သေးဘူး၊ ရှေ့ကိုနည်းနည်း နိုင်လာ ပြီဆိုရင် နိုင်တဲ့လှေက တက်ကိုထောင်တယ်။ ရှုံးတဲ့ လှေကလည်း ပန်းတိုင် မရောက်သေး ဘူး။ ကြိုးစားမယ် ဆိုရင် ကြိုးစား နိုင်သေး တယ်။ မကြိုးစားချင် တော့ဘူး။ ရှုံးမှာပါပဲ ကွာဆိုပြီးတော့ခြေပစ် လက်ပစ်နဲ့ တက်မ ခတ်ချင် တော့ဘူး။ အဲဒါဟာ တိုင်းပြည်ထူ ထောင်တဲ့ နေရာမှာ အဲဒါက လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ဒါက ကျွန်ဖြစ်မယ့် စိတ်ဓာတ်မျိုးပဲ။ ဒီစိတ် ဓာတ်မျိုးရှိနေသမျှ ကာလပတ်လုံး ကျုပ်တို့ မြန်မာတွေ ကျွန်ဖြစ်နေမှာပဲ။ လွတ်လပ် ရေး ရသည့်တိုင် အောင် မြန်မြန်ပြန်ပြီးတော့ ကျွန်ဖြစ်မှာပဲ။ ကျွန်မဖြစ်သည့် တိုင်အောင် ညံ့ဖျင်းတဲ့ လွတ်လပ်ရေး ဖြစ်မှာပဲ။ အဲဒီ လှေပြိုင်ပွဲ တုန်းက လှေတစ်လှေ ဟာ တက် ထောင်မိတာနဲ့ပွဲတစ်ပွဲမှာ ရှုံးသွားတယ်။
ဘောလုံးကန်ကြတဲ့အခါမှာလည်း ကိုယ်ကစပြီးတော့ ဂိုးသွင်းရရင် အတော်ပဲ အားတက်လာတယ်။ နောက်တစ်ခါတော် တော်လေးဂိုးများလာတယ်ဆိုရင် လျှော့ လျှော့ပေါ့ပေါ့ကန်ချင်လာတယ်။ တစ် ဖက်ကလည်း နောက်ဆုံးအပြီးသတ်ကြ တော့မှ ကပ်ပြီးဂိုးသွင်းသွားလို့ ရှုံးတာတွေ၊ သရေဖြစ်တာတွေ ဘောလုံးပွဲရာဇ၀င်မှာ ပြန်စဉ်းစားကြည့်ရင်တွေ့ရမှာပဲ။ ဒါတင် မကသေးဘူး။ သူတို့လှေတွေက ပထမ နာရီဝက်မှာ ရှုံးသွားရင်တော်သေးတယ်။ ဒုတိယနာရီဝက်မှာ ၁၀ မိနစ်လောက်ကြာ တော့ တော်တော်လေးကန်မိလို့ ဂိုးပြန် မသွင်းနိုင်သေးဘူးဆိုရင်လူကို ပြန်ချတာ ပဲ။ ကျွန်တော်တို့ မြန်မာပြည်မှာ အဲဒါ (sporting spirit) မရှိဘူး။ ဒါဘာလဲ ဆိုရင် ကျွန်တော်တို့လည်း မြန်မာတွေ ရဲ့ စိတ်ဓာတ် ထက်မြက် တယ်ဆိုတာ တလွဲမှာ ဆံပင်ကောင်း နေတာပဲ။ တကယ့် နေရာကျတော့ အသုံး မကျဘူး။ မြန်မာပြည် လွတ်လပ် ရေးလုပ်တဲ့နေရာမှာ အသုံးမကျ ဘူး။ မြန်မာမြန်မာ ချဖို့ လုပ်ချင် တယ်။ ပြန်လည် ထူထောင်ရေးလုပ် တဲ့နေရာမှာ အသုံးမချချင် ဘူး။ ဒါတွေလုပ်ချင်ရင် ဘယ်တော့မှ အကျိုး ခံစားခွင့်ရှိမှာ မဟုတ်ဘူး။ ဒီတိုင်းပြည် ပြန်လည်မထူ ထောင်နိုင်ဘူး။ နာလန် မထူ နိုင်ဘူး။ လွတ်လပ်ရေး လည်း ကျကျနန လုပ်လို့မဖြစ်ဘူး။ အဲဒီ လိုစိတ်ဓာတ်မျိုးကို လုံးဝဖျောက် ဖျက်ပစ်ဖို့ လိုတယ်။ ကျွန်တော်ဘာ လုပ်လုပ် နောက်ဆုံး တစ်နေ့ပြီးတဲ့ အထိရှုံးမယ်ထင်သည်ဖြစ်စေ၊ နိုင်မယ် ထင်သည်ဖြစ်စေ၊ မလျှော့တမ်း ဇွဲနဲ့လုပ် သွားမယ်”
“ခင်ဗျားတို့ ဟာ လွတ်လပ်ရေး ကိုလို ချင်ရင်ရနိုင်တဲ့စည်းကမ်းရှိကြပါ။ လွတ်လပ် ရေးကိုလိုချင်ရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ ညီညွတ်မှုကိုထိန်းသိမ်းထားပါ။ လွတ်လပ် ရေးကိုလိုချင်ရင်ရနိုင်လောက်တဲ့ထူ ထောင် မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက် လည်းပဲ ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားချင်တယ်၊ ခံစားချင်တယ်ဆိုရင် အလုပ် လုပ်ဖို့ စည်းကမ်းရှိကြဖို့ ခင်ဗျား တို့အခုက တည်းက ခင်ဗျား တို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်း တွေကို ပြင်ကြဖို့လိုပြီ၊ ဖျောက်သင့်ပြီ ဆိုတာ ကျွန်တော်ဒီနေ့ပြော ခဲ့ချင် ပါတယ်။
(လက်ခုပ်သံများ)
စာကိုး
၁။ မေ့ပျောက်၍မရသောအောင်ဆန်း (ကလောင်စုံ)
၂၊ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့လဲ (သတင်းစာဆရာ ဦးပုကလေး)
 
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ ကဗျာများ 


ဗိုလ်ချုပ်ရေးခဲ့တဲ့ ကဗျာလေးနဲ့ ဂုဏ်ပြုရင်း ……….
http://mandalaygazette.com/wp-content/uploads/2011/02/aung-sans-poem.jpg

 ဗိုလ်ချုပ် ဘာသာပြန်ခဲ့သော ကဗျာတစ်ပုဒ် (English & Burmese version)


အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။

"Invictus"

Out of the night that covers me,

Black as the Pit from pole to pole,

I thank whatever gods may be

For my unconquerable soul.

In the fell clutch of circumstance

I have not winced nor cried aloud.

Under the bludgeoning s of chance

My head is bloody, but unbowed.

Beyond this place of wrath and tears

Lies but the horror of the shade,

And yet the menace of the years

Finds, and shall find me, unafraid.

It matters not how strait the gate,

How charged with punishments the scroll,

I am the master of my fate:

I am the captain of my soul.

Engrave this quote in Our Store! Rate this Quote! Tell a Friend.

William Ernest Henley (23 August 1849 – 11 July 1903)

“မိမိရေးလိုက်သည့် စာပေသည် အမြဲတမ်း ရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘော ပါစေရမည်၊ ခေတ်မီ၍ ပြုပြင် ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ
ညံ့မသွားစေဘဲ ပို၍ ကောင်းမွန် လာစေရမည်၊ ခေတ်အလိုက် လူ့ လောက
တိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ
့ထက်တစ်နေ့ တိုးတက်ကြီးပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ”

သခင်အောင်ဆန်း



အောင်ဆန်းဇာနည်



ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ

ဗိုလ်ချုပ်မွေးနေ့ပါ၊

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး

ရှေ့နေ ဦးဖာ သား။

ဇာတိနတ်မောက် မကွေးခရိုင်

သိကြများ ခုတိုင်၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား

မိခင်ဒေါ်စု သား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်

ပြောင်းကြွ တမလွန်၊

မျက်ရည်သွန်လို့ ဘ၀င်ညှိုး

ဇူလိုင်တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ်တို့ဖခင်၊

ကောင်းစေချင်တဲ့မှာစကား

ငါတို့ မမေ့အား ။ ။

အောင်ဆန်းပေးတဲ့ မြန်မာပြည်
လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇

နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း...
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်....။

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးးခံ
ခေါင်းအမာဆုံး
ဇွဲအရှိ့ဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား...။

သူမသိနားမလည်တာတွေက အများသား
ရေမကူးတက်ဘူး...
စက်ဘီးမစီးတက်ဘူး...
စန္ဒရားမတီးတက်ဘူး...
သီချင်းကောင်းကောင်းနားမထောင်ခဲ့ရဘူး...
မိန်းမမပိုးတတ်ဘူး...။

ဘိလပ်ပြန်သန်းကို မေရှင်သီချင်းဆိုခိုင်းခဲ့သူ..
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ပိုးခဲ့ရသူ..
VIP ဆိုတဲ့စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ..
လမ်းဘေးမှာ..
ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်..
မင်္ဂလာဆောင်မှာ..
ခဲဖိုးတောင်းတာနားမလည်တဲ့သူ...
လွတ်လပ်ရေးကိုစဉ်းစားရင်း..
စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ..
လွတ်လပ်ရေးကိုစဉ်းစားရင်း..
ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ...
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ဝန်ကြီးချုပ်....
သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
ခံယူတဲ့ဝန်ကြီးချုပ်....။

ပြည်သူတွေကြားမှာ
ဝင့်ဝင့်ထွားထွား
သူရဲကောင်းပေမဲ့
အိမ်ထောင်ရှင်ဖခင်
ဇနီးကို ချစ်တတ်တဲ့သူ......။

" ကြည်.....ပဲပြုပ်နဲ့နံပြားရရင် စားချင်တယ် "
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့အမှားနဲ့
သာမန်ရဲဘော် အဆင့်ရဲ့အမှန်ကို
ကွဲကွဲပြားပြားသိသူ
လူငယ်ဘဝ ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ
ခံစားဖို့အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှု့မှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိရိုးစင်း သန့်စင်ခဲ့တဲ့သူ
သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်
" အောင်ဆန်း(သို့) အရိုင်း" တဲ့...။

လုပ်သက်ကခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘဝတွေကအဖုံဖုံ
အသက်က၃၀မရှိ့တရှိ့...။

စစ်ပြီးရင်
မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးရင်
သူလုပ်ချင်တာက
လူရယ်ချင်စရာဗျာ
စာရေးဆရာ...တဲ့......။

လွတ်လပ်ရေးရရင် အနားယူ
ကဗျာတွေ ၊ စာတွေရေးမယ်..တဲ့
အားရင်အားသလို
သတင်းစာတွေ ၊မဂ္ဂဇင်းတွေမှာ
ဆောင်းပါးတွေ ၊ စာတွေရေးနေတဲ့သူ...
ကြည်ညိုလို့ရော..
စာကောင်းလို့ရော..
ထိုခေတ်က ဆောင်းပါးကြေး
အမြင့်ဆုံးရတဲ့လူ.......။

ကြမ်းတမ်းရင့်ထော်
လူစိတ်မှ ရှိရဲ့လားလို့
အထင်မမှားပါနဲ့...
လွတ်လပ်ရေးအတွက်
သူ ရဲရင့်ရပေမဲ့..
စတုတ္ထမြောက်ရင်သွေး
သမီးကလေး
ရက်သားလေးနဲ့ ကြွေလွင့်ခဲ့ရတော့
မျက်ရည်တွေဝဲ
သူ စိတ်ဆင်းရဲခဲ့ဖူးတယ်....။

ဒီ အောင်ဆန်းလက်တောက်လေးကို
ဘာကြောင့်
နေမဝင်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ........။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုက်
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့မြန်မာတွေထက်
ပိုသတ္တိရှိ့တဲ့အောင်ဆန်း
ဒီလိုအောင်ဆန်း
သူ့သွေးသားအရိုးအချည်တွေအားလုံး
လွတ်လပ်ရေးတခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့အောင်ဆန်း
တကယ့်အရိုးခံအောင်ဆန်းပေါ့.....

ရိုးတာမှအလွန်ရိုး
ဂျပန်မှာ ဗိုလ်ကြီး ဆူဇူကီးက
မိန်းမခေါ်ဦးမလား ဆိုလို့
ရှက်သွေးဖြာခဲ့ဖူးတဲ့သူ.......။

ပိုက်ဆံမရှိလို့
ထမင်းအကြွေးမစားဖူးတဲ့ဆိုင်မရှိ..
ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတယ်..
ကားပျက်နေတာတောင်
အခွင့်အရေးတောင်းသူတွေကိုမုန်းလို့
သူတို့ကားအကူအညီ မယူပဲ
ရုံးကို လမ်းလျှောက်သွားတဲ့သူ.........။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲမြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း ၊ မြ ၊ ချို တို့ကအစ
"ငါတို့ အားကိုးပါရစေ" ဆိုလာကြ...
ရှေးဘိုးဘွားမိဘပြည်သူတွေက
"ငါတို့ကယ်မယ့်မင်းလောင်းပေါ်ပြီ" "ပြုံးပျော်ကြ"
လူငယ်သွေးသောက်မြန်မာတွေက...
" ငါတို့စွန်ပါရစေ " ဆိုပြီးရှေ့ထွက်လာကြ
စုကြ ၊ ရုံးကြ ၊ စည်းရုံးကြ
တကယ့်ဗမာတွေ........
မဟာအောင်ဆန်းနောက်က
ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့
တဝုန်းဝုန်းရိုက်ခတ်သံဟာ
အဲဒီအချိန်က
ဝိတိုရိယဘုရင်မကြီးကိုတောင်
အိမ်မက်တွေအေးခဲစေခဲ့သပေါ့....။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ...
ကချင်တွေကလည်း ကချင်စကားမဟကြ...
အောင်းဆန်းကိုယုံကြည်စွာနဲ့
သူတို့သခင်အဖြစ် အသိမှတ်ပြုကြ
အားလုံးသောတိုင်းရင်းသားတွေ....

ဒီပြည်လုံးကျွတ် အားကိုးစုစည်းနိုင်ခဲ့လို့လည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်း
လက်တောက်လောက်နဲ့
တစ်စားပွဲထဲ ဝိုင်းထိုင်ခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မှီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့မတိုက်ဝံ့ကြ...
မျက်နှာမပျက် အောင်မြင်စွာဆုက်ခွာမယ့်လမ်းကို
သူတို့ရွေးခဲ့ကြ....
အောင်ဆန်းနဲ့အတွေ့မှာပေါ့......

ယုံကြည်အားတဲ့
မျက်လုံးပေါင်းသန်း၆၀
အောင်ဆန်းမှာရှိ့တယ်.၊
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိ့တယ်..၊
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို
ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံးအရည်ပျော်သွားခဲ့ကြ......။

ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလည်း
ဂျပန်ဆိုတာ မနှုးမနပ်မဟုက်ဘူး။
အင်္ဂလိပ်ဆိုတာဝေလာဝေး
သူငယ်နှပ်စားမဟုက်ဘူး။
ဒင်းတို့တွေတောင်
ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကိုမလို
ဒါပေမယ့် " ရရင်ရ မရရင်ချ "ဆိုတာ
အောင်ဆန်းဝါဒ....
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်သီးတည်းသောကိုယ်စားလှယ်
ငါတို့အောင်ဆန်းပေါ့.....။

ဗိုလ်ရူးလို့ပြောတဲ့လူတွေကို
ဂရုမစိုက်ပဲ
မြန်မာနိုင်ငံသားတွေကို
အင်္ဂလိပ်စာတတ်စေချင်ခဲ့လူ
သူ ကိုယ်တိုင်..
အမျိုးသားကျောင်းထွက်
ဒါပေမဲ့ အင်္ဂလိပ်စာကို
ထုံးလိုချေ ၊ ရေလိုနှောက်တဲ့သူ.....။

အင်္ဂလိပ်စာတတ်ရင်
ဘာထူးလဲလို့မေးတဲ့လူတွေကို
စေ့စေ့ကြည့်ရင်း
"အနည်းဆုံး အင်္ဂလိပ်တွေကို
အင်္ဂလိပ်လို ဆဲလို့ရတာပေါ့ "
လို့
ခပ်ရင့်ရင်ပြောခဲ့တဲ့သူ........

မြန်မာမှာရော
ကမ္ဘာမှာပါ..
ရှာမှရှား အမျိုးသား
အင်္ဂလိပ်လိုရေးပြီး
ဒီမိန့်ခွန်းကို ကြည့်ပြီး
မြန်မာလို လက်တန်းပြောခဲ့တဲ့သူ......။

ဗိုလ်အောင်ဆန်း
ဒီအချိန်ဆို (၉၃)နှစ်ရှိ့ပြီ
(အောင်ဆန်းပြောမယ်)
အဘိုးရဲ့စကားနားထောင်......။

"မမေ့နဲ့......မင်းတို့ကနေ့ရှုတေဲ့လေဟာ
ငါတို့....မနေ့က ချွေးစက်တွေဆိုတာ...မမေ့နဲ့...

မင်းတို့မြန်မာဆိုတဲ့ စကားတခွန်းရဖို့

ငါတို့.... ဗုံးပေါလအော ကျဆုံးပေးခဲ့ရတာ...
မမေ့နဲ့....
မင်းတို့ကမ္ဘာ့မြေပုံ
ပေါ်တက်နိုင်ဖို့
ငါတို့.....အလောင်းကောင်တွေဆင့်
ပြီး
ထမ်းတင်ပေးခဲ့တာ.... မမေ့နဲ့...........။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိ့တယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့.....။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းမြစ်ပေါ့
သူ့အဘိုးကို သူလွမ်းတက်နေပြီ...၊
သူ့သားကြရင်လည်း သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ်မှာထားရအုံးမယ်။ ။



ကိုဇော်

 
အာရုဏ်ဦးက ကြယ်နီ ဖြာ
ဗိုလ်ချုပ် အောင်ဆန်းပါ ..

တို့ဗမာပြည် အမှောင်ခွင်း
သူခေါင်းဆောင်လို့ လင်း ..

စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ် အာဇာနည် ..

တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူ့ဂုဏ်ဘယ်မညှိုး ..

ရိုးသား ဖြောင့်မတ် သူ့မူယာ
ငယ်ငယ်တည်းက ပါ ..

ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ် ဦးအောင်ဆန်း ..

(ဦးတင်မိုး)

 

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ပုံရိမ်များ






မြန်မာဝတ်စုံပြည့်နဲ့ မြန်မာဆန်တဲ့ ဗိုလ်ချူပ်




တိုင်းရင်းသားတွေနဲ့ ချစ်ချစ်ကြည်ကြည် ရင်းရင်းနီးနှီး လက်ရေတပြင်တည်းဗိုလ်ချူပ်မှာ ရှိတဲ့ တစ်ထည်တည်းသော ၀တ်စုံကောင်းတစ်စုံတဲ့ London ရောက် ပုံရိပ် (၁၉၄၇ ဇန်န၀ါရီ)စကားလက်ဆုံကျနေတဲ့ ဗိုလ်ချူပ်
ဗိုလ်ချူပ်ရဲ့ ပွင့်လင်းရိုးသားတဲ့ အပြုံး
ပြည်သူကို သားသမီးပမာ ရင်ဝယ်ထားပြီး တစ်သားတည်းနေတဲ့ ဗိုလ်ချူပ်


ပြည်သူချစ်တဲ့ဒို့ဗိုလ်ချူပ်




ဗိုလ်ချုပ်ရဲ့ဟန်ပန်တွေ



                              ပင်လုံမှာ လက်မှတ်ရေးထိုးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဗိုလ်ချုပ်တို့မိသားစု အေးအတူပူအမျ နေခဲ့တဲ့ အိမ်လေးဗိုလ်ချူပ်နဲ့ လက်တွဲဖော်


သားတို့ရုပ်ရည် သီတာ မြည်သား ရေကြည် ချမ်းမြ တစ်ပေါက်လေး ကျရုံမျဖြင့်


ပါရမီဖြည့်ဖက်နဲ့ ရင်သွေးလေးတွေ
မိသားစုနဲ့ အတူ



ဗိုလ်ချူပ် ချစ်တဲ့ မြတ်နိုးတဲ့ တွယ်တာတဲ့ မိသားစုရင်သွေးလေးတွေနဲ့ ဗိုလ်ချူပ်


ဗိုလ်ချူပ်ကို လေးစားတန်ဖိုးထားကြတဲ့ သင်္ကေတ





  
 


ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာ



ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် ဇယား
 
လွတ်လပ်ရေးဗိသုကာဖခင်ကြီးအားဂုဏ်ပြုထားသောတေးသီချင်းများ


“ကားပျက်၍ ခြေလျင် လျှောက်ခဲ့သော ဗိုလ်ချုပ်”

ဗိုလ်ချူပ်ရဲ့  ကိုယ်ရေးအရာရှိ (PA) တစ်ဦး ဖြစ်သူ တက္ကသိုလ် နေ၀င်း ရေးသားထားတဲ့ “ဗိုလ်ချူပ်အောင်ဆန်းနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း” စာအုပ်မှ အတုယူ လေးစားဖွယ် ဗိုလ်ချူပ်ရဲ့  စိတ်ဓါတ်ကို ထုတ်နှုတ် တင်ပြလိုက်ပါတယ်။
၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့မှ ပြန်လည် စတင်ရမည် ဖြစ်ပါသည်။ ထိုနေ့သည် မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ အရေးပါသော မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။ အကြောင်းမူကား လန်ဒန်မြို့ ရှိ ဗြိတိသျှ အစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလန် ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား အုပ်ချုပ်ရေး အာဏာ လွှဲပြောင်းပေးခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း။

တနည်းအားဖြင့် ၂၆-၉-၄၆ နေ့သည် ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရေး အာဏာ ရရှိကာ ၀န်ကြီးများအဖွဲ့ (ကက်ဘိနက်) ခေါင်းဆောင် ဖြစ်လာသည့်နေ့ပင် ဖြစ်ပါသည်။ ထိုနေ့နံနက် ရန်ကုန်မြို့  အလုံလမ်းရှိ အင်္ဂလိပ် ဘုရင်ခံ အိမ်တော် (ယနေ့ ပြည်သူ့ လွှတ်တော်တည်ရာ) သို့ သွား၍ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ ခေါင်းဆောင် တာဝန်ကို လက်မှတ်ရေးထိုး ရယူပြီးနောက် ဗဟန်း၊ တာဝါလိန်းလမ်းရှိ သူ၏နေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်) သို့ ပြန်ရောက်ရောက်ချင်း ကျွန်တော့်အား ခေါ်၍ အရေးကြီးစကား ပြောခဲ့ပါသည်။

“ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ (ကက်ဘိနက်) ခေါင်းဆောင် ဖြစ်လာပြီ၊ မင်းကလည်း ငါ့ရဲ့  ပီအေ (အပါးတော်မြဲ) အဖြစ် တစ်ရက်နှစ်ရက်အတွင်း တရားဝင် ပြန်တမ်းထွက်လာလိမ့်မယ်၊ ဒီတော့ ငါတို့မှာ အဆောင်ယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်၊ အာဏာရလာတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ် အကူအညီ တောင်းတာတွေ လာလိမ့်မယ်၊ ငါ့ရဲ့  ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ ပတ်သက်တဲ့ အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး၊ သူတို့ အကူအညီ တောင်းတာကို လုပ်မပေးရဘူး၊ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူရဘူး၊ အခွင့်အရေး မယူရဘူး။”

ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ ပြောခဲ့ရာ တနည်းအားဖြင့် သူ၏ သဘောထား ဆန္ဒ နှင့် လမ်းညွှန်ချက် ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပါမည်။

“ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး၊ အခွင့်အရေး မယူရဘူး” ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့အထိ မမေ့နိုင်ပါ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူအမိန့်ပေး ညွှန်ကြားသလို သူကိုယ်တိုင်လည်း လိုက်နာ ကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည်။

ကြုံတွေ့ခဲ့ရပုံမှာ ဤသို့ ဖြစ်ပါသည်။ ထိုအချိန်က “ဘုရင်ခံ၏ အမှုဆောင်ကောင်စီ” ဟုခေါ်သော အစိုးရအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၀န်ကြီးအဖြစ် စီးခဲ့သည့် မော်တော်ယာဉ်မှာ အင်္ဂလန်ပြည်လုပ် “၀ူစလီ” အမျိုးအစား အနက်ရောင် ဆလွန်းကား အမှတ် RA/2874 ဖြစ်ပါသည်။

ဗိုလ်ချုပ်၏ အိမ်တွင် ထိုကားတစ်စီးမှ လွဲ၍ အခြား မော်တော်ကား မရှိခဲ့ပါ။ ဗိုလ်ချုပ်မှာ အစိုးရ အဖွဲ့ တာဝန် အပြင် နိုင်ငံရေး အဖွဲ့အစည်း (ဖဆပလ အဖွဲ့ချုပ်) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား၍ အလွန်အလုပ်များနေရာ သူလှုပ်ရှားသွားလာရာ၌ အထက်ဖော်ပြပါ မော်တော်ကား တစ်စီးနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်နှင့် သားသမီးများ အနေဖြင့် မော်တော်ကား စီးခွင့်သိပ်မရကြရှာပါ။ ရံဖန်ရံခါ ရုံးပိတ်ရက် တနင်္ဂနွေနေ့ ညနေဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့်ကလေးများကိုပါ ခေါ်ပြီး ကန်တော်ကြီး တပတ် ကားလျှောက်စီးသည့် အခါလောက်တွင်သာ စီးခွင့်ရကြပါသည်။

“ဗိုလ်ကြီး၊ ကားဘာဖြစ်တယ် မသိဘူး၊ စက်နှိုးလို့ မရဘူး၊ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုး ကြိုးစားပြင်ကြည့်တယ်၊ ဘယ်လိုမှ နှိုးလို့ မရဖြစ်နေတယ်၊”

“ဟေ.. ဟုတ်လား၊ မင်း သေသေချာချာ လုပ်ကြည့်ပြီးပြီလား” ကျွန်တော်က ဤသို့ ပြန်မေးရခြင်းမှာ ရဲဘော် ကျော်စိန်သည် ကားမောင်းတတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့် တတ်ထားသူ ဖြစ်၍ မေးလိုက်ခြင်း ဖြစ်ပါသည်။

“ဟုတ်ကဲ့၊ ကျွန်တော် အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ၊ လုံးဝ စက်နှိုးလို့ မရပါဘူး၊”

ရဲဘော်ကျော်စိန် ပြန်ပြောချိန်တွင် ကျွန်တော်သည် လက်ပတ်နာရီကို ကြည့်လိုက်ရာ မနက် (၉) နာရီခွဲ ကျော်နေပြီ ဖြစ်ကြောင်း တွေ့ရသဖြင့် မျက်လုံး ပြူးသွားမိပါသည်။ ထိုနေ့ မနက် (၁၀)နာရီတွင် အတွင်းဝန် ရုံး၌ ဗိုလ်ချုပ်က ၀န်ကြီးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ထားသဖြင့် ကျွန်တော်တို့ ရုံးကို (၁၀) နာရီ အရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်သွားမိခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်လည်း ချက်ချင်းပင် ဗိုလ်ချုပ်အား အကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်ကာ ဗိုလ်ချုပ် ရှိရာ အိမ်အောက်ထပ် ဧည့်ခန်းသို့ ခပ်သုတ်သုတ် သွားလိုက်ပါသည်။ ဗိုလ်ချုပ်က ကျွန်တော့်အား မြင်လျှင် သူ့အား ရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် “ဘာလဲဟေ့.. ငါတို့ သွားကြတော့မလား” ဟု မေးပြီး ထိုင်နေရာမှ “ထ” လိုက်ပါသည်။ ဒီတော့မှ ကျွန်တော်က မော်တော်ကား အခြေအနေကို ပြောပြလိုက် ရပါသည်။

“ဗိုလ်ချုပ် ရုံးသွားလို့ မဖြစ်သေးဘူး၊ ဒီနေ့ မော်တော်ကား ပျက်နေတယ်၊ ရဲဘော် ကျော်စိန် အမျိုးမျိုး ကြိုးစားပြီး နှိုးကြည့်တာဘဲ၊ ဒါပေမဲ့ ဘယ်လိုမှ စက်နှိုးလို့ မရဘူး။ ကျွန်တော်တို့ ကားတွေ ပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်း ပို့ဆောင်ရေး ဌာန ၀ပ်ရှော့ကို ပို့ပြီး ပြင်မှ ဖြစ်မယ်။”

“ဟုတ်လား. ကားက လုံးဝ မောင်းလို့ မရတော့ဘူးလားကွ”

“ဟုတ်ကဲ့ လုံးဝ စက်နှိုးလို့ မရဘူးဖြစ်နေတယ်၊ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့ အစည်းအဝေးက (၁၀) နာရီ စဖို့ ရှိနေတယ်၊ အခု (၉) နာရီခွဲ ကျော်နေပြီ၊ ဒါကြောင့် ကျွန်တော်တို့ ရုံးကို အချိန်မှီ သွားနိုင်အောင် တယောက်ယောက်စီက မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းလိုက်မယ်။” ပြောပြောဆိုဆို ကျွန်တော်သည် အိမ်ပေါ်ထပ် တက်သည့် လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည်။

“ဟေ့ကောင်.. မင်းက တယ်လီဖုန်းဆက်ပြီး မော်တော်ကား တောင်းမလို့ မဟုတ်လား” ဗိုလ်ချုပ်၏ လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက်မလျှောက်တော့ဘဲ ဗိုလ်ချုပ် ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည်။

“ဟုတ်ကဲ့ ဒါမှ ကျွန်တော်တို့ ရုံးကို မြန်မြန်သွားနိုင်မှာ မဟုတ်လား” ကျွန်တော်က အမှန်အတိုင်း ပြန်ပြောလိုက်ရာ ဗိုလ်ချုပ်သည် ပို၍ လေသံပြင်းစွာဖြင့် ကျွန်တော့်အား အပြစ်တင်ပါလေတော့သည်။

“မင်းက တော်တော် ညံ့သေးတာဘဲ၊ တယ်လီဖုန်း ဆက်ပြီး မော်တော်ကားတောင်းဖို့ တခုတည်းဘဲ မင်း တွေးမိတာကိုး၊ မင်းတို့ ငါတို့ အနေနဲ့ အခုနေအခါ မော်တော်ကား လှမ်းတောင်းလိုက်ရင် တစ်စီးမဟုတ်ဘဲ (၁၀) စီးလည်း ရနိုင်တယ်၊ အဲဒါ ဆက်စပ်ပြီး စဉ်းစားကြည့်မှာပေါ့၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ငါတို့ကို မော်တော်ကားပေး ကူညီတာကို အကြောင်းပြုပြီး သူတို့က ငါတို့ဆီက မတရား အခွင့်အရေးတွေ တောင်းလာမှာ ကိုတော့ မင်း မတွေးမိဘူး မဟုတ်လား၊ မင်းကို ငါ အစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား၊ မင်းတို့ ငါတို့ အနေနဲ့ ဘယ်သူ့ဆီကမှ ဘာ အကူအညီမှ မယူရဘူး၊ အခု မင်းက မော်တော်ကား လှမ်းတောင်းတာ ဟာလည်း အခွင့်အရေး ယူတာဘဲ၊ ဒါကြောင့် မင်း စောစောက စိတ်ကူးသလို တယ်လီဖုန်း ဆက်ပြီး မော်တော်ကား မတောင်းရဘူး။”

“ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ရမလဲ ဗိုလ်ချုပ်”

“ဘာမှ လုပ်မနေနဲ့ ငါတို့ ကားပျက်နေတယ် မဟုတ်လား၊ ဒီတော့ မင်းနဲ့ငါ ရုံးကို လမ်းလျှောက်သွားကြမယ်၊ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေး ဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေ လာဆွဲယူဖို့နဲ့ ပြင်ပေးဖို့ ပြောပေါ့၊ ကဲ ပြောနေတာ ကြာတယ်ကွာ သွားကြစို့”

ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူ ပီပီ သူကိုင်နေကျ မိုးကာ အင်္ကျီကို လက်မောင်းတွင် ခေါက်တင်လျှက် အိမ်ရှေ့ လှေကားမှာ ဆင်း လျှောက်သွားပါတော့သည်။ ကျွန်တော်လည်း မည်သို့မှ မတတ်နိုင်ဘဲ သူ၏ နောက်မှ ခပ်သုတ်သုတ် ပြေးလိုက်သွားရပါသည်။

သူ အစိုးရ အဖွဲ့ အာဏာရယူသည့် နေ့က ပြောခဲ့သော “ဘယ်သူ့ဆီကမှ အကူအညီ မယူရဘူး၊ အခွင့်အရေး မယူရဘူး” ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင် လိုက်နာ ကျင့်သုံးနေပါသည် တကား ဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည်။

သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှ ထွက်၍ နတ်မောက်လမ်း၊ ဗဟန်းလမ်း အတိုင်း လျှောက်ပြီး ဗဟန်း အ၀ိုင်းကို ဖြတ်ကျော်ကာ တိရစ္ဆာန်ရုံ ဘေးရှိ ပလက်ဖောင်းသို့ပင် ရောက်သွားကြပါသည်။

ဗိုလ်ချုပ်က ရှေ့ မှ ခြေလှမ်းသွက်စွာဖြင့် လျှောက်ပြီး ကျွန်တော်က နောက်မှ လိုက်သွားရာ အော်စတင် အမျိုးအစား မော်တော်ကားငယ် တစ်စီး ကျွန်တော့်အနီးတွင် ထိုးစိုက်လာသဖြင့် ကျွန်တော်လည်း အံ့အားသင့်စွာ လှမ်းကြည့်မိပါသည်။

ုထိုကားကလေးကို မောင်းလာသူမှာ မြန်မာ့ရုပ်ရှင်ကို စတင်တီထွင်သူ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုံးမောင် ဖြစ်နေပါသည်။ ထိုအချိန်က သူသည် ဗဟန်း ၀င်္ကပါလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေ ဘုရားလမ်းရှိ သူ၏ ဓာတ်ပုံတိုက်နှင့် ရုပ်ရှင် ကုမ္ပဏီ ရှိရာသို့ ကိုယ်တိုင် ကားမောင်းသွားခြင်းဖြစ်ဟန် တူပါသည်။ ကျွန်တော်သည် ကျောင်းသားဘ၀က ရုပ်ရှင်ဝါသနာ ပါသဖြင့် ရုပ်ရှင် စတူဒီယိုများသို့ ရံဖန်ရံခါ သွားရောက်လေ့လာရင်း ဦးအုံးမောင်နှင့် သိကျွမ်းနေပါသည်။

“ဟေ့ မောင်ရင်.. ခဏလာပါဦးကွယ့်” ဦးအုံးမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် သူခေါ်ရာသို့ ချဉ်းကပ်သွား ပါသည်။ ဗိုလ်ချုပ်က လုံးဝ လှည့်မကြည့်ဘဲ ဆက်လျှောက်သွားပါသည်။

“နေစမ်းပါဦး၊ မောင်တို့ ဆရာတပည့် ဘယ်လို ဖြစ်လာတာလဲ၊ လမ်းမပေါ် ခြေကျင် လျှောက်ရသလား၊ မော်တော်ကား ကောကွယ့်” ဦးအုံးမောင်က မေးသဖြင့် ကျွန်တော်ကလည်း “ဗိုလ်ချုပ်ရဲ့ ကား ပျက်နေလို့ စက်နှိုးမရတာနဲ့ အိမ်မှာဘဲ ထားပစ်ခဲ့ရပါတယ်” လို့ ပြန်ပြောလိုက်ပါသည်။

“ဖြစ်မှ ဖြစ်ရလေ မောင်ရင်ရယ်၊ ကားပျက်ရင်လည်း တစ်ယောက်ယောက်စီက ကားတစ်စီး ခဏတောင်းပြီး စီးသွားရောပေါ့၊ မောင်ရင့်ဆရာ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်က လမ်းဘေး ပလက်ဖောင်းမှာ ခြေလျှင် လျှောက်နေရတာ မသင့်တော်ပါဘူး။”

“ကျွန်တော်လည်း ဦးလေး ပြောသလိုဘဲ မော်တော်ကား တစ်စီး ဖုန်းဆက်တောင်းမလို့ဘဲ၊ ဒါပေမဲ့ ဗိုလ်ချုပ်က မတောင်းရဘူးတဲ့၊ ဗိုလ်ချုပ်စီးဖို့ မော်တော်ကား ကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရား အခွင့်အရေးတွေ တောင်းလာလိမ့်မယ်၊ စီးပွားရေးသမားတွေဟာ အဲဒီလို လုပ်တတ်တယ်လို့ ဆိုပြီး အတွင်းဝန် ရုံး ရောက်အောင် ခြေလျှင် လျှောက်ကြမယ် လို့ ပြောပါတယ်။”

ကျွန်တော်က ရှင်းပြသည်ကို လန်ဒန်အတ် ဦးအုံးမောင်သည် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးပြီး ခေါင်းညိတ် လိုက်ပါသည်။

“အေးပါ၊ ဗိုလ်ချုပ်ပြောတာကို ဦးလည်း သဘောပေါက်ပါတယ်၊ ကိုင်း.. မောင်ရင့် ဆရာဆီ ခပ်မြန်မြန် ပြေးလိုက်ပြီး ပြောစမ်းပါ။ လန်ဒန်အတ် ဦးအုံးမောင်က မြို့ ထဲက အလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ပို့ပေးပါရစေလို့ ကျုပ်က ရုပ်ရှင်သမားမို့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး။ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင်တစ်ဦး လမ်းမပေါ် ခြေလျှင် လျှောက်နေ တာလည်း ကြည့်မကောင်းပါဘူး။ ဒါကြောင့် ကျုပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက် ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ်”

ဦးအုံးမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာ ဗိုလ်ချုပ်ဆီ ပြေးလိုက်ပြီး သူ့၏ လက်မောင်း တဖက်ကို အသာဆွဲလိုက်ပါသည်။

“ဟေ့ကောင်. ဘာလုပ်တာလဲကွ” ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ငေါက်သဖြင့် ကျွန်တော် ဦးအုံးမောင်၏ မော်တော်ကား ရပ်ထားရာကို ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည်။

“ဗိုလ်ချုပ် ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ်မဟုတ်လား၊ ဆရာဒီးဒုတ် ဦးဘချိုရဲ့  မိတ်ဆွေရင်း လန်ဒန်အတ် ဦးအုံးမောင်ပါ၊ သူက ဆူးလေဘုရားလမ်း သူ့ရဲ့  အလုပ်တိုက်ကို သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံး ရောက်အောင် ပို့ပေးပါရစေလို့ ပြောပါတယ်၊ ပြီးတော့ သူဟာ ရုပ်ရှင်သမားမို့ စီးပွားရေးသမား ကုန်သည်ကြီး တွေလို ဘာအခွင့်အရေးတွေမှ မတောင်းပါဘူးလို့လည်း ပြောပါတယ်၊ နောက်တခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့  ဒို့ဗမာ အစည်းအရုံးကို လျှို့ ဝှက်ကူညီ ထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်၊ သူက ကားရပ်ပြီး ခေါ်တာကို ငြင်းရင် အားနာစရာ ကောင်းပါတယ် ဗိုလ်ချုပ်” ကျွန်တော်၏ စကားအဆုံးတွင် ဗိုလ်ချုပ်သည် လန်ဒန်အတ် ဦးအုံးမောင်ဘက်သို့ လှမ်းကြည့်လိုက်ပါသည်။

ဦးအုံးမောင်သည် ဆရာ ဦးဘချို နှင့် ခင်မင်ရင်းနှီးနေသော မိတ်ဆွေ ဖြစ်သည့်အပြင် ဦးဘချို ကဲ့သို့ပင် ဆံပင်ရှည် သျှောင်ထုံးနှင့် တဘက်ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီး တစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ် အလွန်ကောင်းသူလည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် ဦးအုံးမောင်ကို ကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်း မပြုတော့ဘဲ အော်စတင် ကားလေး ရပ်ထားရာသို့ လျှောက်သွားကာ ဦးအုံးမောင်အား ပြုံး၍ နှုတ်ဆက်ပါသည်။

သို့နှင့်ပင် ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ် ဦးအုံးမောင်၏ ကားကြုံ စီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဦးအုံးမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် လေးစား၍ တစ်ကြောင်း၊ ၀ိသမ လောဘသား စီးပွားရေးသမား မဟုတ်သဖြင့် အခွင့်အရေး မတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍ တစ်ကြောင်း၊ ကားကြုံ လိုက်စီး ခဲ့ခြင်းပင် ဖြစ်ပါသတည်း။

မရောက်သွားသောစာ



၁၉၄၅ ခုနှစ်၊ မတ်လ ၊ ရန်ကုန်မှ သရက်ဧရိယာ ရှေ့တန်းဌာနချုပ်သို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ထွက်ခွာသော အခါတွင် ဂျပန်စစ်တပ်၏ ဓားစာခံ အဖြစ် ရန်ကုန်၌ ကျန်ရစ်ခဲ့သော ဒေါက်တာဘမော်ထံ ရေးသားခဲ့သော စာ ဖြစ်ပါသည်။ ရှေ့တန်း စစ်မျက်နှာတွင် ကမန်းကတန်း ရေးခြစ်ရသောကြောင့်လား၊ အကြမ်းရေးထားသည့် အတိုင်း ပေးပို့လိုက်သည်လားတော့ မပြောတတ်။ ဗိုလ်ချုပ်၏ မူရင်းလက်ရေးလက်သား ဖြစ်သောကြောင့် အမှတ်တရ တင်ရှိလိုက်ပါသည်။ ယင်းစာကို ဗိုလ်ချုပ်က ဆက်သား တစ်ယောက်ကို ပေး၍ စေလွှတ်လိုက်သည် ဟု အဆိုရှိသည်။ သို့သော် စာမှာ ဒေါက်တာ ဘမော်ထံ မရောက်ခဲ့။ စာပေဗိမာန်အသင်းမှ ဦးထင်ကြီးတို့ အဖွဲ့နှင့် ရန်ကုန်၊ ဦးအောင်ကြည်တို့ ကောင်းမှုကြောင့် ကာကွယ်ရေးဌာန ပြတိုက်သို့ ရောက်ရှိလာခဲ့သည်ဟု ပါရှိသည်။
တင်ရှိထားသော ဗိုလ်ချုပ်၏ မူရင်းလက်ရေး ဓာတ်ပုံတွင် အလယ်ပိုင်းမှ စာသား အချို့ ပြတ်လျက်ရှိပါသည်။ ယင်းပြတ်နေသော စာသားကို Dr. Maung Maung ၏ Aung San of Burma ကို ကိုးကား၍ ကျနော် ထည့်သွင်းထားသည်။
ဇေယျ
………………………………………
မူရင်းစာနှင့် ဖြည့်စွက်

My dear Adipadigyi,
I am sorry that I was unable to meet you before I came out here as I had promised you. Conditions were such that I had to do things in a hurry. Sometimes I am afraid you might misunderstand me. I shall be coming back to Rangoon and if conditions do not worsen so unexpectedly, I hope to meet you again. Meantime I wish to send you some report.
As I said in my speech I would do my best to save the situation. But as you would also understand, there are ( dark days for us. The Japanese troops are with drawing to all intents and purposes.And I shall not be surprised if, before monsoon,the war in Burma is over.Anyway, I think I don’t blame the japanese too, for from the stategical point of view, if you might understand, this is the only wisest and sound course for them to do. Never the less there is still hope for us, I suppose of course, we shall have to be prepared to sturggle alone for sometime.But I have every confidence that our course will win ultimately.
War or no war, peace or no peace,) the struggle for our independence must go on till it ends in victory. And I well do my best. You might misunderstand me now perhaps. But believe me, after sometime, you will see whether I mean what I say. As present I have to fix up many things because there are so many angles to be straightened. Meantime I wish you to be prepared for the worst to do whatever possible in your line.
Yours
Aung San
………………………
( ယင်းစာကို ဆီလျော်သလို ပြန်ဆိုပါသည်။ )
………………………
လေးစားရပါသော အဓိပတိကြီးခင်ဗျား
ကျနော် ထွက်မလာခင် အဓိပတိကြီးနဲ့ တွေ့မယ်လို့ ကျနော် ကတိပေးထားတဲ့ အတိုင်း ဖြစ်မလာတာ စိတ်မကောင်းပါ။ အခြေအနေတွေက အလျှင်စလို လုပ်နေရမယ့် အနေအထား တွေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်ရံ ကျနော့အပေါ် နားလည်မှု လွဲမှာ စိုးရိမ်မိတယ်။ ကျနော် ရန်ကုန်ကို ပြန်လာပါမယ်။ အခြေအနေတွေက မျှော်လင့်မထားဘဲ ဖြစ်လာတာမျိုး၊ ဆိုးဆိုးရွာရွားမျိုးတွေသာ မရှိဘူး ဆိုရင် အဓိပတိကြီးနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။ ဒီအတောအတွင်း အခြေအနေ အစီရင်ခံစာ အချို့ကို ကျနော် ပေးပို့ပါမယ်။
ကျုပ်စကားမှာ ပြောထားတဲ့အတိုင်း အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျနော်တို့အတွက် အခွင့်မသာတဲ့ နေ့တွေ ရှိနေဆဲပဲ ဆိုတာ အဓိပတိကြီး နားလည်မယ်။ ဂျပန်စစ်တပ်တွေ လမ်းကြောင်းအမျိုးမျိုး၊ ဦးတည်ချက်အမျိုးမျိုးနဲ့ ဆုတ်ခွာနေပါပြီ။ ဒါကြောင့်မို့ ဒီမိုးမကုန်ခင် မြန်မာပြည်မှာ စစ်ပွဲ ပြီးသွားမယ် ဆိုရင်လည်း အံ့ဩစရာတော့ မရှိဘူး။ ဘယ်လိုနည်းနဲ့ စဉ်းစား စဉ်းစား ဂျပန်တွေကို အပြစ်တင်စရာတော့ မရှိဘူး။ သူတို့ရဲ့ မဟာဗျူဟာ ရှုထောင့်က ကြည့်ရင် ခုလို လုပ်တာကလည်း သူတို့အတွက် အကောင်းဆုံး ၊ အသင့်မြတ်ဆုံးပဲဆိုတာ အဓိပတိကြီး သဘောပေါက် ပါလိမ့်မယ်။ ဆိုလိုတာ ကတော့ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့မှာ မျှော်လင့်ချက် ရှိနေတုန်းပဲ။ ဒီခဏ အတောအတွင်းမှာ ကျုပ်တို့ချည်း ရုန်းကန်သွားရဖို့တော့ ပြင်ဆင်ထားရလိမ့်မယ်။ ကျုပ်တို့ရဲ့ တိုက်ပွဲ – အပြီးသတ်မှာ အနိုင်ရ ရမယ်လို့ ကျုပ်ယုံကြည်တယ်။
စစ် နဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရရ မရရ ကျုပ်တို့ လွတ်လပ်ရေး တိုက်ပွဲကို အပြီးသတ် အောင်ပွဲရ တဲ့ အထိ လုပ်ရမှာပဲ။ ကျုပ်ကတော့ အကောင်းဆုံး လုပ်မှာပဲ။ အဓိပတိ ကြီး အနေနဲ့ ကျုပ်အပေါ် နားလည်မှု လွဲကောင်း လွဲနေနိုင်မယ်။ ဒါပေမယ့် မကြာခင်မှာ ကျုပ်ပြောတဲ့အတိုင်း ဖြစ်တယ် မဖြစ်တယ်ကို မြင်ရမယ် ဆိုတာ ယုံထားပါ။ လောလောဆယ် ကာလ ၊ ဘက်ပေါင်းစုံက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းသွားရဦးမယ်။ အဓိပတိကြီးအနေနဲ့ ကိုယ့်ကဏ္ဍကို ကိုယ် အတတ်နိုင်ဆုံး ကြိုးပမ်းရင်း အဆိုးဆုံးတွေအတွက်လည်း ပြင်ဆင်ထားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားစွာဖြင့်
အောင်ဆန်း
…………………………


"တမလွန်မှ ဗိုလ်အောင်ဆန်းပြောမည့်စကားများ"
အောင်ဆန်းရဲ့ ဓါတ်ပုံကို ချိတ်ထားရုံနဲ့
အောင်ဆန်းကို ""တ"" နေရုံနဲ့
... ခင်ဗျားတို့တွေ လွတ်လပ်မလာဘူး၊အဲ့ဒီတော့......
အောင်ဆန်းလို...... ကျင့်
အောင်ဆန်းလို..... စွန့်လွှတ်
အောင်ဆန်းလို.......... ကြိုးစား
အောင်ဆန်းလို............... ဖြောင့်မတ်
အောင်ဆန်းလို..... ပြည်သူနဲ့ တစ်သားတည်းနေ၊
ခင်ဗျားတို့နေတဲ့တိုင်းပြည် လွတ်လပ်မယ်
ခင်ဗျားတို့တိုင်းပြည် တိုးတက်မယ်၊
ခင်ဗျားတို့အတွက် အသက်စွန့်ခဲ့ရတဲ့ကျုပ်က
ခင်ဗျားတို့တွေ တိုင်းပြည်အပေါ်
ဘယ်လောက်သစ္စာရှိမလဲ
မျိုးဆက်သစ်တွေအတွက်
ဘယ်လောက်ပေးဆပ်မလဲ ဆိုတာ
စောင့်ကြည့်နေမယ်။ ။
 ( သူရဲကောင်းမည်သည် ဘယ်တော့မှမသေ ...)

ဗိုလ်ချုပ်မွေးနေ့ မှာ လက်လှမ်းမှီသမျှ ၊ စုဆောင်းထားတာတွေထဲက နေ တင်ပြပေးလိုက်ပါတယ် ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...