အိုဘယ့်မြန်မာ အိုမြန်မာတို့
သေချာစေ့ငှ ရှေးရူ့ကြလော့
စားမူနေမူ အစုစုကြောင့်
သူ့ရပ်ဌာနေ ငါတို့နေစဉ်
ဒို့ပြေဒို့ရွာ ဒို့သာသနာနဲ့
ဒို့ရဲ့ဘာသာ ဒို့မြန်မာကို
သိက္ခာနွမ်းညိုး အဖြစ်မျိုးတွေ
မပြုလေနဲ့။
အိုဘယ့်မြန်မာ အိုမြန်မာတို့
တွေးကာကြံလေ ကြံပါလေ
မပြေလည်သေး စီးပွားရေးကြောင့်
မိဝေးဖဝေး နေရပါလည်း
ကိုယ့်စာရိတ္တ မပျက်ရအောင်
ထိန်းသိမ်းကြလေ ထိန်းပါလေ။
အိုဘယ့်မြန်မာ အိုမြန်မာတို့
မြန်မာတို့တွေ မျိုးနွယ်ဆွေနဲ့
တိုင်းပြေကိုယ်စား သင်ကားမည်၏
သင်၏လုပ်ရပ် အဆိုးဖက်လျှင်
ဂုဏ်ပျက်မည်မှာ သင့်တိုင်းရွာတည်း။
ထို့ကြောင့်သင်တို့ သင့်တိုင်းမြို့ကို
မချို့ဂုဏ်ပါ ထွန်းတောက်ဖြာအောင်
ပြည်မွန်သားကောင်း ပီသဖို့။
ကြိုးစားပါလေ မိတ်ဆွေတို့
ဝန်ခံချက်။ယခုကဗျာကို၂၅ရက်၁၂ပိုင်း၂၀၀၉တုန်းကပီနန်မြို့စာပေဟောပြောပွဲမှာဆရာချစ်ဦးညို ပြောသောကဗျာရေးမယ်ဆိုရင်ကိုယ့်ရေးမယ့်အကြောင်းအရာကိုကြည့်ရတယ်ဆိုသောစကားနှင့်ဆရာဇော်ဂျီ၏ဒို့တိုင်းပြည်ကဗျာအားဖတ်ပြီးအတွေးပွားမိသမျှ ရေးသားခြင်းဖြစ်ပါသည်။
0 comments:
Post a Comment