Friday, March 16, 2012
Friday, March 9, 2012
ကမ္ဘာကြီးပေါ်၌ အချမ်းသာဆုံး သူ(ဘီလ်ကိတ်(bill gates)) ၏အကြောင်း
ဘီလ်ကိတ်(bill gates)

ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ်၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။ သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို
ဆက်ကြည့်လိုက်လျှင် လနှင့် ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု
ဆိုပါသည်။ သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန်
ငွေစက္ကုတစ်ရွတ်ကျနေမည် ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု
ဆိုကြပြန်ပါသည်။ သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက်
ကြာညောင်းမည် ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ
ရှိနေတော့ တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ
၃၄၅၆၀၀၊ ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူအဖြစ် ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာဆော့ဝဲလ်သူဌေးကြီး Bill Gates ။
Labels:
ဗဟုသုတများ
Tuesday, March 6, 2012
တပေါင်းလပြည့်( မြတ်ဗုဒ္ဓ ကပိလ၀တ် ပြည်တော်ဝင် အခါတော်နေ့)
နောက်တစ်ရက်တွင် ကပိလ၀တ်မြို့တော်အတွင်းသို့ ဆွမ်ခံဝင်လာသော မြတ်စွာဘုရားအား ယသော်ဓရာနှင့် သားတော် ရာဟုလာ နန်းတော်လေသာဆောင်မှ ဖူးမြှော်နေကြပုံ
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓ၀င် အကြောင်းအရာများ များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။ အဘယ့်ကြောင့် ဆိုသော် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း အပါအ၀င် တနိုင်ငံလုံးတွင် မအေးလွန်း မပူလွန်းသော တပေါင်းလပြည့် နေ့၌ ဘုရားပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရားပွဲ၊ ၀ိပဿနာ ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့် အမျိုးပေါင်းစုံလင်သော ကုသိုလ်ကောင်းမှုပွဲတော်များကို ဘိုးဘေးဘီဘင် လက်ထက်များကတည်းက နေရာ အနှံ့ ကျင်းပလေ့ရှိခဲ့ကြပြီး ယနေ့အထိတိုင် ကုသိုလ်ကောင်းမှုများ ကြိုးစားနေကြသည်ကို တွေ့မြင်ရသည်မှာကြည်နူး စရာအတိ ဖြစ်ပါသည်။
Labels:
နေ့ထူးနေ့မြတ်များ
Friday, March 2, 2012
မှတ်သားဖွယ်ရာ ဓမ္မဒေသနာ အပိုင်း(၂)
ဒီနေရာမှာတော့ တရားဓမ္မစာစုလေးတွေ ဖော်ပြသွားပေးပါ့မယ်။
ချီးမွမ်းတာကို
သိပ်ဝမ်းသာလွန်းရင် နောင်အခါ ကဲ့ရဲ့တာကြားရရင် စိတ်မချမ်းမသာဖြစ်မှာပါပဲ။
မည်သည့်အလုပ်ပဲ လုပ်လုပ် သူများချီးကျူးတာခံချင်လို့ သူများအကောင်းပြောတာ
ခံချင်လို့ ထိုအလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ထိုပုဂ္ဂိုလ်ဟာ ကျွန်စိတ်ရှိတဲ့သူပဲ
ဖြစ်နေမှာပါ၊ အလုပ်တစ်ခုခုကို တကယ်လုပ်သင့် လုပ်ထိုက်လို့ဆိုပြီး အသိစိတ်ရှိရှိ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နေတယ်ဆိုရင် ထိုစိတ်မျိုးဟာ သခင်စိတ် လို့
သတ်မှတ်ကြပါတယ်။
အရှင်ဝရသာမိ(မုံရွာ)
ချီးမွမ်းတာကို
သိပ်ဝမ်းသာလွန်းရင် နောင်အခါ ကဲ့ရဲ့တာကြားရရင် စိတ်မချမ်းမသာဖြစ်မှာပါပဲ။
မည်သည့်အလုပ်ပဲ လုပ်လုပ် သူများချီးကျူးတာခံချင်လို့ သူများအကောင်းပြောတာ
ခံချင်လို့ ထိုအလုပ်ကို လုပ်နေတယ်ဆိုရင်လည်း ထိုပုဂ္ဂိုလ်ဟာ ကျွန်စိတ်ရှိတဲ့သူပဲ
ဖြစ်နေမှာပါ၊ အလုပ်တစ်ခုခုကို တကယ်လုပ်သင့် လုပ်ထိုက်လို့ဆိုပြီး အသိစိတ်ရှိရှိ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်နေတယ်ဆိုရင် ထိုစိတ်မျိုးဟာ သခင်စိတ် လို့
သတ်မှတ်ကြပါတယ်။
အရှင်ဝရသာမိ(မုံရွာ)
Labels:
ဓမ္မစာပေများ
Thursday, March 1, 2012
Subscribe to:
Posts (Atom)