Pages

Pages

Sunday, February 12, 2012

ပြည်ထောင်စုနေ့(ဖေဖော်ဝါရီလ ၁၂ ရက်နေ)


ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ 

သမိုင်း
မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာဘုရင့်နောင်အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။
ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ လွင်ပြင်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။
ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း လွင်ပြင်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။
၁၉၄၆-ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံဘုရား ကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နုဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှု​​ကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက် သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများ နှင့် လွင်ပြင်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။
ဗိလပ်တွင် ​ဆွေး​နွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ် သက်ဝင်သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။
ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီ ရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။ 
အထိမ်းအမှတ်ပွဲများ ကျင်းပ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ‘‘ပြည်ထောင်စုနေ့’‘ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ ‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် ‘‘ပြည်ထောင်စုနေ့’‘ သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ကချင်၊ ရှမ်း၊ ကရင်၊​ ချင်း၊ နာဂ၊ ကယား၊ ဆလုံစသော ပြည်နယ်အသီးသီးမှ ဧည့်သည်တော်များကို ဖိတ်ကြား တက်ရောက်စေသည်။ ထိုဧည့်သည်တော်များကလည်း မိမိတို့၏ ယဉ်ကျေးမှု အကများဖြင့် ပြန်လည်ဧည့်ခံကြသည်။
၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့သည်။


"ကချင် . ကယာ . ကရင် . ချင်း . မွန် . ဗမာ . ရခိုင် . ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် .. တိုင်းရင်းသားတွေ စုပေါင်းညီညာ ချစ်ကြည်ရင်းနှီးစွာ နေနေသမျှ ကာလပတ်လုံး .. ပြည်ထောင်စုနေ့ဆိုတာ မေ့စရာမဟုတ်"



ပင်လုံကျောက်တိုင်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ တတိယတန်းကျောင်းသားဘ၀ မှသည် ယခုအချိန်အထိ ဖတ်မှတ်သိရှိခဲ့ရသော သမိုင်းစာမျက်နှာများမှ မြန်မာတို့ ချုပ်ဆိုခဲ့ကြသောစာချုပ်များစွာရှိခဲ့ကြသည်။ ၁၈၂၄ ခုနှစ် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် ကုန်းဘောင်ခေတ်တွင် စတင်ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အတွက် ၁၈၂၆ ခုနှစ် ရန္တပိုရ်စာချုပ် မှ မြန်မာနိုင်ငံသမိုင်းတွင် အထူးအရေးပါခဲ့သောစာချုပ်များစွာအနက် ပင်လုံစာချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအတွက် အထူးအရေးပါသော စာချုပ်ဖြစ်လေသည်။

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး မြန်မာတို့ သူ့ကျွန်ဘ၀သို့ လုံးလုံးကျရောက်ခဲ့ရသည်မှာ မြန်မာနိုင်ငံသားတိုင်း သိရှိကြပြီးဖြစ်သည်။ သူတစ်ပါးဖိနှိပ်ချုပ်ချယ်မှုကို မခံချင်သော မျိုးချစ်မြန်မာသူရဲကောင်းများစွာတို့ လွတ်လပ်ရေးအတွက် အသက်သွေးချွေးတို့ ပေးဆပ်ခဲ့ကြရသည်။ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံတို့ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းအားထုတ်ခဲ့ကြသည် ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်မျိုးချစ်မြန်မာလူငယ်တို့ ကြိုးပမ်းအားထုတ်မှုဖြင့် ဂျပန်တို့နှင့်ပူးပေါင်းကာ အင်္ဂလိပ်တို့ကို မြန်မာမြေပေါ်မှ စွန့်ခွာစေနိုင်ခဲ့သည်။ သို့ပေတည့် ဂျပန်တို့သည်လည်း မြန်မာတို့အပေါ် မတရားနှိပ်ဆက်ညှင်းပမ်းခဲ့ကြပေသည်။ ဂျပန်တို့ကိုလည်း မြန်မာမြေပေါ်မှ စွန့်ခွါစေနိုင်ခဲ့သည့်နောက် မြန်မာပြည် လုံးဝလွတ်လပ်ရေးရရန်အတွက် ဗိုလ်ချုပ်နှင့်မြန်မာ့ခေါင်းဆောင်ကြီးတို့ အပတ်တကုတ်ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးရာတွင် ပြည်နယ် ပြည်မ ခွဲခြားလိုသည်။ မြန်မာ့ခေါင်းဆောင်များက ပြည်နယ်ပြည်မ မခွဲခြားဘဲ တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေးကို ရယူလိုကြသည်။ ၁၉၄၆ ခုနှစ် ဇန္န၀ါရီလ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်များက ရွှေတိဂုံ အလယ်ပစ္စယံလူထု အစည်းအဝေးပွဲ၌ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးလက်တွဲ၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက်ချမှတ် ကြိုးပမ်းခဲ့ကြသည်။


အလယ်ပစ္စယံ လူထုအစည်းအဝေး

၁၉၄၆ ခုနှစ် ဇန္န၀ါရီလအတွင်းမှာပင် ရှမ်းပြည်မြောက်ပိုင်း ၊ ပင်လုံမြို့တွင်ကျင်းပသော ရှမ်းစော်ဘွားများညီလာခံသို့ မြန်မာ့ခေါင်းဆောင်များဖြစ်သော သခင်နု ၊ ဦးဘဂျမ်း နှင့် မန်းဘခိုင်တို့ တက်ရောက်ကာ အင်္ဂလိပ်တို့ ၀ါဒဖြန့်မှုကြောင့်တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအားရှင်းလင်းပြောဆိုခဲ့ကြသည်။


အင်္ဂလန်သို့ သွားရောက်စဉ်က

၁၉၄၇ ခုနှစ် ဇန္န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့သွားရောက်၍ မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုကြရာ အင်္ဂလိပ်တို့က တောင်တန်းဒေသများက ပြည်မနှင့်ပူးပေါင်းရန်သဘောတူပါက တပြိုင်တည်း လွတ်လပ်ရေးပေးမည်ဟုပြောဆိုကာ အောင်ဆန်း-အက်တလီ စာချုပ် ကို ချုပ်ဆိုခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်အဖွဲ့တို့ မြန်မာပြည်သို့ပြန်လည်ရောက်ရှိကာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံသို့တက်ရောက်၍ ပြည်နယ်နှင့်တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ညတွင် တိုင်းရင်းသားပေါင်းစုံတို့ ညီညွတ်မှုရရှိခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁) ဦး တို့ ပြည်နယ်ပြည်မပူးပေါင်းရေး သဘောတူသော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ ( ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ) ကို “ ပြည်ထောင်စုနေ့ ” ဟု ခေါ်ဝေါ်ခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်လေသည်။


တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ


တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ


ပင်လုံစာချုပ်


ပင်လုံစာချုပ် လက်မှတ်ရေးထိုးနေစဉ်

ပြည်ထောင်စုနေ့ကို နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုကာ နှစ်စဉ်နှစ်တိုင်း အခမ်းအနားများကျင်းပခဲ့ကြသည်။ ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ် များတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြသည်။ ပြည်နယ်အသီးသီးမှ ဧည့်သည်တော်ကိုယ်စားများတက်ရောက်၍ တခမ်းတနားကျင်းပကာ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေကြသည်။ ၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စုအလံကို အလှည့်ကျပြည်နယ်များမှ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန်အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ အပ်နှင်းခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းတွင် အထူးအရေးပါသော လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူ အုတ်မြစ်ချနိုင်ခဲ့သော “ ပြည်ထောင်စုနေ့ ” ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကား မြန်မာပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်
PinLon Agreement 12 Feb 1947



[SCAN0048.JPG]
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကော်မတီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့(တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ် တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက်ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကိုပေးအပ်ရမည်။
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိရအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာအခြားနယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့ ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးကြသည့် အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
၅။ အထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခုနယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း
၁၂-၂- ၄၇
ကချင်ကော်မတီ
(ပုံ) ဆမားဒူဝါးဆင်ဝါးနောင်
မြစ်ကြီးနား။
(ပုံ) ဇော်ရစ်
မြစ်ကြီးနား။
(ပုံ) ဒိန်ရတန်
မြစ်ကြီးနား။
(ပုံ) ဇော်လ
ဗန်းမော်။
(ပုံ) ဇော်လွန်း
ဗန်းမော်။
(ပုံ) လဗန်းဂရောင်း
ဗန်းမော်။
ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း
အေတီအမ်၊ အိုင်တီအက်စ် အမ်၊ ဖလမ်း။
(ပုံ) ဦးသောင်ဇာခပ်
အေတီအမ်း၊ တီးတိန်။
(ပုံ) ဦးကွယ်မန်း
အေတီအမ်၊ ဟားခါး။
ရှမ်းကော်မတီ
(ပုံ) ခွန်းပန်စိန်။
တောင်ပိုင်းစပ်ဖလုံ။
(ပုံ) စပ်ရွှေသိုက်
ညောင်ရွှေစပ်ဖလုံ။
(ပုံ) စပ်ဟုံဖ
မြောက်ပိုင်းသိန္နီစပ်ဖလုံ။
(ပုံ) စပ်နွံ
လဲချားစပ်ဖလုံ။
(ပုံ) စပ်စံထွန်း
မိုင်းပွန်စပ်ဖလုံ။
(ပုံ) စပ်ထန်အေး
သာမိုင်းခမ်းစပ်ဖလုံ။
(ပုံ) ဦးဖြူ
သထုံ စပ်ဖလုံ၏ ကိုယ်စားလှယ်။
(ပုံ) ခွန်းဖုံး
မြောက်ပိုင်း သိန္နီ
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ) စပ်ရစ်ဖ။
(ပုံ) ဦးခွန်ထီး။
—— ———– ——- ——- ——– ———
THE PANGLONG AGREEMENT
1947
Dated the12th February 1947,
Panglong,
A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills:
The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government:
1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor for Frontier Areas shall be given executive authority by similar means.
2. The said Counsellor shall also be appointed a Member of the Governor’s Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defence and External Affairs. The Counsellor for Frontier Areas shall be given executive authority by similar means.
3. The said Counsellor shall be assisted by two Deputy Counsellors representing races of which he is not a member. While the two Deputy Counsellors should deal in the first instance with the affairs of their respective areas and the Counsellor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility.
4. While the Counsellor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counsellors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed.
5. Though the Governor’s Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle.
6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.
7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries.
8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States.
9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Exeutive Council will examine with the Frontier Areas Counsellor and Deputy Counsellors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States.
Burmese Government.
(Signed) Aung San
Kachin Committee.
(Signed) Sinwa Naw, Myitkyina
(Signed) Zaurip, Myitkyina
(Signed) Dinra Tang, Myitkyina
(Signed) Zau La, Bhamo
(Signed) Zau Lawn, Bhamo
(Signed) Labang Grong, Bhamo
Chin Committee
(Signed) U Hlur Hmung, Falam
(Signed) U Thawng Za Khup, Tiddim
(Signed) U Kio Mang, Haka
Shan Committee
(Signed) Saohpalong of Tawngpeng State.
(Signed) Saohpalong of Yawnghwe State.
(Signed) Saohpalong of North Hsenwi State.
(Signed) Saohpalong of Laihka State.
(Signed) Saohpalong of Mong Pawn State.
(Signed) Saohpalong of Hsamonghkam State
(Signed) Representative of Hsahtung Saohpalong. Hkun Pung
(Signed) U Tin E
(Signed) U Htun Myint
(Signed) U Kya Bu
(Signed) Hkun Saw
(Signed) Sao Yape Hpa
(Signed) Hkun Htee


ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းများ။

 


 ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းများကို ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် စာတိုက်နှင့် ကြေးနန်းဌာနမှ ထုတ်ဝေခဲ့ပါသည်။
 
မြန်မာနိုင်ငံ၏ တံဆိပ်ခေါင်းများ ထုတ်ဝေခြင်း မှတ်တမ်းအရ လွတ်လပ်သောမြန်မာနိုင်ငံ၏ ထုတ်ဝေခြင်း အမှတ်စဉ် (၃၂) ဖြစ်သည်။

အမျိုးအမည် စုစုပေါင်း ၃ မျိုး ထုတ်ဝေခဲ့ပါသည်။

 ၁။      ၁၅ ပြား     
 ၂။      ၅၀ ပြား       
 ၃။        ၁ ကျပ်    


“မြန်မာပြည်ရဲ့ ဖေဖော်ဝါရီ” စာအုပ်ထဲက ကဗျာတချို့နဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီကဗျာ လေးက စာအုပ်ထဲမှာ ဗိုလ်ချုပ်ဓာတ်ပုံနဲ့တကွ ထည့်သွင်းထားတဲ့ ကဗျာ လေးပါ။

နှလုံးသားထဲက အို...ဖခင်
တို့ပြည် တို့မြေ ကျူးကျော်သူ
ငါတို့ရဲ့ ရန်သူ။
တို့ပြည် တို့မြေ သိမ်းပိုက်သွား
နယ်ချဲ့ရန်သူ ငရဲသား။
တို့ပြည် တို့မြေ သိမ်းပိုက်ရန်
ယုတ်မာပက်စက် သူတို့ကြံ။
တို့ပြည် တို့မြေ သိမ်းပိုက်ဖို့
ဉာဏ်မျိုးစုံနဲ့ နယ်ချဲတို့။
နယ်ချဲ့တွေကို တော်လှန်ရာ
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ
လွတ်လပ်ဖို့ရေး ကြိုးပမ်းကြ
ဗိုလ်ချုပ်အောင်ဆန်း နည်းလမ်းပြ။
ပြည်ထောင်စုနေ့ အောင်လံထူ
ဗိုလ်ချုပ်ဦးဆောင်များဗိုလ်လူ။
လွတ်လပ်ဖို့ရာ ကြိုးပမ်းမှု
ဗိုလ်ချုပ်ခေါင်းဆောင် ညီနောင်တစ်စု။
အနစ်နာခံလည်း မစံရပါ
ဗိုလ်ချုပ်အောင်ဆန်း သူ့ကြမ္မာ
နိုင်ငံ့ဖခင် ပမာအလား။
ကိန်းအောင်းနေဆဲ တို့ နှလုံးသား။ ။
ကျော်စိုးဝင်း


နောက်ထပ် ကဗျာတစ်ပုဒ်နဲ့ မိတ်ဆက်ချင်ပါ သေးတယ်။ ဒီကဗျာကို ဖတ်မိသူ ၇၀ ရာခိုင်နှုန်း လောက်က ကြိုက်တယ်လို့ ဆိုပါတယ်။

လေးစားထိုက်သူမို့
ပြည်သူအားလုံး စွဲချစ်ခင်
ဗိုလ်ချုပ်အောင်ဆန်း တို့ဖခင်
တိုင်းပြည်အကျိုး ရည်မျှော်မှန်း
သက်စွန့်ကာသာ သူ ကြိုးပမ်း
မီးခဲပြာဖုံး သခင်စိတ်တွေ
နိုးကြားတက်ကြွ မြင့်မားစေ
နယ်ချဲ့လူဖြူ ဉာဏ်လက်သစ်
မျိုးချစ်စိတ်နဲ့ တိုက်ဖျက်ပစ်
နယ်ချဲ့လွန်သော် တစ်ဗိုလ်ပေါ်
ဖက်ဆစ် ယုတ်တဲ့နော်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြု
အောင်ပွဲအလီလီ ရသည့်ဆု
သူ ပျိုးခဲ့သည့် လမ်းစပမာ
ပန်းတိုင်အနီး ရောက်မှသာ
မျက်ရည်မနိုင် ပြည်သူများ
ဗိုလ်ချုပ်အောင်ဆန်း ခွဲခွာသွား။
ပြည်ထောင်စုနေ့ ရောက်လေလျှင်
သတိရမိ သည်ဖြစ်အင်
မြန်မာမျိုးတို့ လွတ်လပ်ဖို့
အသက်ပေးဆပ်ခဲ့သူမို့
ဦးညွတ်ကာသာ အလေးပြုစို့။ ။
နိုင်ထွန်းလင်း၊မြို့သစ်၊


စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် (ဇော်ဝင်းထွဋ်)
စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် (ကော်နီ)

ကိုးကားချက်များ


ပြည်ထောင်စုနေ့ Myanmar online
ဓါတ်ပုံများကို Online မှ ကူးယူထားခြင်းဖြစ်ပါသည်။ 

No comments:

Post a Comment