Pages

Pages

Monday, January 9, 2012

အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ၀ယ်ယူမလဲ(၄) technical point of view

 
၎)Zoom
Sony HX100V with animal image in background
 
 http://g-ecx.images-amazon.com/images/G/02/uk-electronics/shops/olympus/2011/SP-810UZ_36xZoom.jpg
 36x ultra-wide optical zoom
 
Zoom ကတော့ အထူးပြောစရာ လိုမယ်မထင်ဘူးဗျာ ..များလေကောင်းလေပေါ့ .. 








 
အထက်ကပြောခဲ့တဲ့ lens နဲ့ အတော်လေး ဆက်စပ်နေတာတွေ့တယ်ဗျ.
 
 
Zoomဆွဲလေလေ ကင်မလာ ရှေ့က အ၀ိုင်းလိုက်အကွင်း ကြီးတွေ ဖုထွက် 
တက်လာလေပဲ မဟုတ်လား..
lens အပိုင်းမှာ ချန်ခဲ့တဲ့အပိုင်း ကိုပြန်ကောက်ပါမယ်..ဟုတ်ကဲ့ Zoom ၂မျိုးရှိပါတယ် ..
 
 
 
optical zoom နဲ့ digital zoom ပါ
 
Digital zoom ပါ

Full resolution(752 × 1,500 pixels, file size: 1.83 MB, MIME type: image/png)
 
 
 Optical zoom ဆိုတာ lens နဲ့ ချိန်ညှိပြီး ဆွဲလို့ရတဲ့ zoomပါ ..
 

Simplified zoom lens in operation
Capture More Of Your Life   
အထက်ကပြောခဲ့တဲ့ lens မှာရေးထားတဲ့  5.0mm~25.0mm ဆိုတာ Optical zoomပါ.
အဲ့သည့် camera catalog မှာ 8x လို့ ရေးထားမယ်ဆို ကျန်တဲ့ 3x ဟာ
digital zoom ကို ဆိုလိုပါတယ်
(အချို့ catalog များလည်း optical နဲ့  digital ကိုသီးခြားခွဲရေးလေ့ ရှိပါတယ်) 
digital zoom မပါတဲ့ model တွေလည်း ရှိပါတယ် ဒါပေမယ့်  digital zoom ပါတဲ့ 
compact camera တိုင်းရဲ့ တူညီတဲ့အချက် ကတော့ optical zoom 
အရင်ဆွဲပြီးတော့မှ digital zoom ကိုဆွဲတာပါ.
 Zoom-comparison-560
 
ဒါကတော့zoom systemရဲ့သဘောတရားလေးတွေပါ။
 

Movement of lenses in an afocal zoom system
 
 
သူငယ်ချင်းတို့ camera မှာ zoom ဆွဲတဲ့အခါ LCD monitor မှာ 
barလေးတခုပေါ်လာတာကြည့်ဖူးမယ်ထင်ပါတယ် ..
 
 
 
အဲ့သည့် bar ရဲ့ 2/3 ဒါမှမဟုတ် 3/4 လောက်မှာ ကန့်လန့်ဖြတ် လိုင်းလေးတခု
ပါတာ ကြည့်ဖူးမှာပါ 
canon_viewfinder.jpg
 
အဲ့line လေးရောက်တဲ့အခါမှာzoom ဆွဲနေတဲ့ speed ပြောင်းသွား
(နှေးသွား တာ ခံစားမိမယ် ထင်ပါတယ်..)
အဲ့ဒါ optical ကနေ digital zoom ကို ပြောင်းလဲသွားတာပါ.. 
line လေး အထိက optical zoom(generated by lens) ဖြစ်ပြီး
optical zoom ကုန်သွားတဲ့အချိန်ကျမှသာ digital zoom(by sensor) 
ကို စဆွဲတာ ဖြစ်ပါတယ်
သိပ်မသိကြသေးတဲ့အချက်ကတော့  line ရဲ့ သည်ဘက်အခြမ်း(digital zoom)
ကိုဆွဲတဲ့အခါမှာများများဆွဲလေ image resolutionကျလေ ပါပဲခင်ဗျား ..
14.1 Mp ရေးထားပေမယ့် zoom တဆုံးဆွဲထားတဲ့ image ဟာ 14.1Mp 
အပြည့် မထွက်တော့ ပါ 12လောက်10 လောက်ထိ ကျဆင်းသွားပါတယ်.. 
computer ပေါ်မှာ 100% zoom ရှိတဲ့ picture တခုကို 120%, 150% ချဲ့ကြည့်တာနဲ့
သဘောတရားချင်း အတူတူပါပဲခင်ဗျား။
Detail test 
 
ဒါကြောင့် ဈေးနှုန်းချင်းတူပြီး other features ချင်းလဲတူတဲ့ camera ၂လုံး ရှိတယ်
Zoom ကိစ္စပဲ ယှဉ်ရမယ်ဆိုရင်15x Zoom (10x Optical+5x digital) ပါတဲ့model ထက်
14x Zoom (12x Optical + 2x digital )က
total zoomမှာနည်းပေမယ့် ပိုရွေးသင့်တဲ့ model ဆိုတာ အကြံပြုလိုက်ပါသည်။

The Voigtländer Zoomar, 36–82 mm f/2.8

Nikkor 28-200 mm zoom lens, extended to 200 mm at left and collapsed to 28 mm focal length at right
(ဆောင်းပါး ပထမပိုင်းက Portability Vs Powerfulness ကို ပြန်ကောက်ရရင် 
ကင်မရာ ပေါက်စလေး ကိုင်ချင်တဲ့Style ကျချင် လှချင်တဲ့ 
ကိုကို/မမ တွေ သည်နေရာမှာကွိုင်တက်တော့တာပါပဲ ... 
တခုကိုလိုချင်ရင် တခုကို ဆုံးရှုံးရမှာ ဓမ္မတာပါ ...
၂ခုလုံးကောင်းချင်တယ်ဆိုရင်တော့  ဒါဟာ supra natural product ဖြစ်သွားပါပြီ ..
supra natural priceနဲ့ charge လုပ်ခံရမှာ သတိပြုပါ .)
ဆက်ရန်- 

No comments:

Post a Comment