ဖွင့်ထားသော အားကစားရုံ များအကြောင်း ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို စာရေးသူ သည် စာစောင်တစ်ခုတွင် အမှတ် မထင်ဖတ်လိုက်ရပါသည်။ ဖွင့်ထား သော အားကစားလေ့ကျင့်ရုံ အလွန် များကြောင်း၊ ထိုဖွင့်ထားသော အား ကစားရုံများတွင်တတ်ကျွမ်းနားလည် သောနည်းပြဆရာမရှိကြောင်း၊ အချို့အားကစားရုံများ မှ နည်းပြဆရာများသည် ဗယ် လီကိုတောင်မရိုက်တတ် ကြောင်းစသည်တို့ကို အကျယ်တဝင့်တိုင်တည်သည့်သ ဘော ရေးသားထားခြင်းဖြစ်သည့် အတွက်အဆိုပါ ဆောင်းပါးကိုထပ်မံ ဖြည့်စွက်ရေးလိုက်ခြင်းဖြစ်ပါ၏။
အားကစားရုံတစ်ခုတွင် ရှိနေရ မည့် အင်္ဂါရပ်များ
၁။ အားကစားရုံ(လူအများ လေ့ကျင့်နိုင်သော ကျယ်ဝန်းသည့် အားကစားရုံဖြစ်ရမည်)။
၂။ လေ့ကျင့်သည့်ပစ္စည်း ကိရိယာ(လူအများလေ့ကျင့်နိုင်သော အားကစားလေ့ကျင့်သည့် ပစ္စည်း ကိရိယာရှိရမည်)။
၃။ နည်းပြဆရာ(လာရောက် လေ့ကျင့်သူများကို စနစ်တကျ လေ့ကျင့်ပေးနိုင်သော တတ်ကျွမ်း နားလည်သည့်နည်းပြဆရာရှိရမည်)။
အထက်ပါ ၃ ခုသည် အား ကစားရုံတစ်ခုတွင် ရှိနေရမည့် အင်္ဂါ ရပ်များဖြစ်ပါသည်။ ထိုအင်္ဂါရပ် ၃ ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေသဖြင့် အင်္ဂါရပ်တစ်ခုတွင် အား နည်းခြင်း၊ ပျက်ကွက်ခြင်းများရှိနေ ပါလျှင်လေ့ကျင့်မှုသည်အရာမရောက်၊ အကျိုးမရှိဖြစ်သွားတတ်ပါသည်။
ဆိုလိုရင်းမှာ-
(၁)အားကစားရုံ ကျယ်ဝန်း သည်။
(၂) လေ့ကျင့်သည့် ပစ္စည်း ကိရိယာ အလုံအလောက်ရှိသော် လည်း နံပါတ် (၃) အချက်ဖြစ်သော တတ်ကျွမ်းနားလည်သည့် နည်းပြ ဆရာမရှိလျှင် ဤရုံတွင်လေ့ကျင့် သူများသည် မိမိလိုအင်ဆန္ဒအတိုင်း ဖြစ်လာမည် မဟုတ်တော့ပါ။
လေ့ကျင့်သူများ၏ အလိုဆန္ဒ
စာရေးသူ၏ အတွေ့အကြုံ အရ အားကစားရုံသို့ လာရောက် လေ့ကျင့်သူများသည် ပုသူ ရှည်၊ ပိန်သူ ဝ၊ ဝသူ ပိန် အမျိုးသားများ အနေဖြင့် ကိုယ်ခန္ဓာထွားကြိုင်းကြံ့ ခိုင်လာအောင် မောင်ပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်လိုသူများ၊ အမျိုး သမီးများအနေဖြင့် ကြီးငယ်မဟူ ကိုယ်ခန္ဓာအချိုးကျကျ လှပစေဖို့ ပင်ဖြစ်ပါသည်။ ထိုသို့ လေ့ကျင့် သူ များ၏ လိုအင်ဆန္ဒပြည့်ဝစေရန်မှာ အားကစားရုံ၏ တာဝန်ဖြစ်ပါသည်။ အားကစားရုံတွင် တတ်ကျွမ်းနား လည်သော နည်းပြဆရာမထားဘဲ၊ နည်းစနစ်ကို မသိဘဲ၊ စက်ကိုတစ်လုံး ပြီးတစ်လုံးဖွင့်ပေးပြီးဆွဲခိုင်း၊ ပြေး ခိုင်းမည်ဆိုပါက လေ့ကျင့်သူများ၏ လိုအင်ဆန္ဒပြည့်ဝမည် မဟုတ်ပါ။
ကာယဗလကာယအလှအားကစား နည်း၏ နည်းစနစ်အကြောင်း
သိကောင်းစရာ
ကာယဗလအားကစားနည်း သည် အထက်တွင်ရေးသားထား သော သက်ငယ်၊ သက်ကြီး၊ အမျိုး သား၊ အမျိုးသမီးများရလဒ်အတိုင်း ဖြစ်သည်မှာ လူ၏ကိုယ် ခန္ဓာတစ်ခု လုံးရှိ ကြွက်သားအစိတ်အပိုင်းများ အားလုံးကို တစ်ခုချင်းစီအလိုက် ကြီးထွားစေသော၊ သေးငယ်စေ သော၊ လိုအပ်သလို ချိန်ညှိပေးနိုင် သောနည်း စနစ်များပါရှိခြင်းကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ-(ဥပမာ အမျိုးသမီးတစ်ဦးသည် ဗိုက်ပူ၊ ခါးတုတ်၊ တင်ပါးရှူးနေလျှင် ကြည့် ကောင်းမည်မဟုတ်ပါ။) ပူသော ဗိုက်နှင့် ကြီးသောခါးကို ချပ်သော၊ သေးငယ်သော လေ့ကျင့်နည်းဖြင့် လည်းကောင်း၊ ရှူးနေသော တင်ပါး ကို ကြီးထွားပြည့်ဝစေသော လေ့ ကျင့်နည်း ဖြင့်လည်း ကောင်း ချိန် ညှိလေ့ကျင့်ပေးလိုက်လျှင် ဗိုက်ချပ်၊ ခါးသေး၊ တင်ပါးကြီးထွားသွား သဖြင့် ကြည့်ကောင်းသွားမည်ဖြစ်ပါ သည်။ကာယဗလ ကာယအလှ အားကစား လေ့ကျင့်နည်းသည် ကြီးထွားစေသည်၊ သေးငယ်သွား စေသည်ဆိုရာတွင် ကြည့်မကောင်း အောင် ဝလာခြင်း၊ ကြည့်မကောင်း အောင် ပိန်သွားခြင်းမျိုးမဟုတ်ပါ။ ကာယဗလ ကာယအလှ အား ကစားနည်းဆိုသည့်အတိုင်း အချိုး ကျကျဝလာခြင်း၊ အချိုးကျကျပိန် သွားခြင်းမျိုးဖြစ်ပါသည်။
ရုံပိုင်ရှင်များကို အကြံပြုခြင်း
အားကစားလေ့ကျင့်ရုံများ ဖွင့်ကြရာတွင်၂မျိုး ၂ စားရှိပါသည်။
(၁) မောင်ဘွဲ့/မယ်ဘွဲ့များ ကို ရရှိပြီး ကိုယ်ပိုင်ရုံဖွင့်သူ။
(၂) နည်းပြဆရာငှား၍ ရုံဖွင့် သူ။ ထို ၂ မျိုးတွင် နံပါတ် (၁) အမျိုးအစားကိုတော့ အကြံပေးရေး သားရန် မလိုပါ။ နံပါတ် (၂) အမျိုး အစားတွင် နည်းပြဆရာ ငှားရမ်း ပြုလုပ်စေသော်လည်း ပိုင်ရှင် သို့ မဟုတ်တာဝန်ပေးထားသူအနေဖြင့် အားကစားနည်းစနစ်အကြောင်း သိထားဖို့၊ တတ်ကျွမ်းထားဖို့ လို အပ်ပါသည်။ သို့မှသာ ငှားရမ်း ထားသည့် နည်းပြဆရာ၏ တတ် ကျွမ်းမှုပြသပုံ၊ အဆိုးအကောင်း မှန် မမှန်ကို သိရှိနိုင်မည့်အပြင် နည်းပြ ဆရာများ အခက်အခဲရှိပါက ကိုယ် တိုင်ဦးဆောင် လေ့ကျင့်ပေးနိုင် မည်ဖြစ်ပါသည်။
မောင်းသူမရှိလျှင် လိုရာခရီး မရောက်နိုင်
အားကစားသည် လူတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင် မှု၊ အကျင့်စာရိတ္တကောင်းမွန်မှုကို ပေးစွမ်းနိုင်သည့်အပြင် အားကစား ထူးချွန်အောင်မြင်မှုဖြင့် တိုင်း ပြည် နှင့်လူမျိုးတို့၏ ဂုဏ်သိက္ခာကို မြှင့် တင်ရာလည်း ရောက်ပါသည်။ စာရေးသူသည် ကာယဗလ ကာယ အလှ အားကစားနည်းသာမက အခြားအားကစား နည်းများကိုပါ ချစ်မြတ်နိုးပါသည်။ စာရေးသူ၏ စိတ်ထဲတွင် ယနေ့လူငယ်အမျိုး သား၊အမျိုးသမီးအားလုံး မိမိနှစ် သက်ရာ အားကစားနည်း တစ်ခုခုကို လေ့ကျင့်မှု ပြုလုပ်စေလိုပါသည်။ အမျိုးသား၊ အမျိုးသမီးအားလုံး အားကစားသမားဖြစ်စေလိုပါသည်။ ထိုသို့ဖြစ်လာရန်မှာ အင်္ဂါရပ်နှင့် ပြည့်စုံသော အားကစားလေ့ကျင့်ရုံ၊ လေ့ကျင့်ရေးစခန်းများများရှိဖို့လိုပါ သည်။ အားကစားရုံတစ်ခုတွင် တတ်ကျွမ်းသော နည်းပြဆရာမရှိပါ က မောင်းသူမဲ့သော ခရီးသည်ပို့ ဆောင်သည့် ဘတ်(စ်) ကားကြီးနှင့် တူပါသည်။ လူအများစီးနိုင်သော အကျယ်အဝန်း ရှိသည်၊ ဆိုဖာထိုင်ခုံ၊ လေအေးစက်၊ ကောင်းမွန်သော အင်ဂျင်ရှိနေသော်လည်း မောင်း သူမရှိလျှင် ခရီးသည်များကို လိုရာ ခရီးသို့ အရောက်မပို့နိုင်သကဲ့သို့ ဖြစ်ရပါကြောင်း ဖွင့်ထားသော အားကစား ရုံများအကြောင်း ဆောင်းပါးကို ထပ်ဆင့်ဖြည့်စွက် ရေးသားတင်ပြလိုက်ရပါ၏။
မောင်ဗမာစိန်မောင်
No comments:
Post a Comment