Pages

Subscribe:

Ads 468x60px

Sunday, February 26, 2012

ကြုံတောင့်ကြုံခဲ ရွှေတိဂုံ နှစ် ၂၆ဝဝ ပြည့် ပူဇော်ပွဲ(၂၂.၂.၂၀၁၂ မှ ၇.၃.၂၀၁၂ ထိ)

ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်သည့် နှစ်(၂၆၀၀)ပြည့် အထိမ်းအမှတ် ကိုပွဲတော်ကို ၂၀၁၂ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ (၇) ရက်နေ့အထိ ၁၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqNzFiMf0RfkajL34bi4ec_tHO9oVQBeEUVFROJ54KpjLO5ENsC8INK_6X2mhJ1JQjrUjYqJR6s_0GMcVU2MbWQElhgOF7cMpgQmWjt5T3wtdHhy3NzU77yaM4GDB78cim5j3LJjGl6NI/s400/www.myanmarexpress.net+%25289%2529.jpg
 
တည်နေရာ- ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
         ဉာဏ်တော်- ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေ
                  ကျော်ကြားမှု- အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်)

Saturday, February 25, 2012

တပေါင်းလ

 
တပေါင်းလသည် မြန်မာပြက္ခဒိန်၏ နောက်ဆုံးလ။ တပေါင်းလတွင် ၃၀ ရက်ရှိသည် (ရက်စုံ)။ တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်ပါသည်။

ပွဲတော်
တပေါင်းလတွင် ထင်ရှားသောပွဲတော်မှာ တပေါင်းပွဲတော် ဖြစ်သည်။ 


ဒါနဥပပါရမီ သွေးလှူဒါန်းရန်နိုးဆော်လွှာ

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJQOYqXNErDi94-qXdp6AI2v0s77Zq_eVh5GxyMjmEq5jsWo9xxQejfBa-IVlkt-eSwffSXi5BnjXZl5AHqEXuNkCFGh7rbPT3N8trtZ1J1XGPSq_r5pBLyzqq5USRzzaR5c-jDvQ-lw/s400/Donate+Blood.jpg
ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။
စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။
ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။
ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။
အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။

Related Posts Plugin for WordPress, Blogger...