Pages

Pages

Sunday, November 13, 2011

အရေးပါလှ ကာယဗလ



သူငယ်ချင်းတို့ရေ .......
ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတ ဆိုင်ရာ ပို့စ်လေးတွေ အများအပြားတင်ထားကြတဲ့သူတွေ ပေါများလှ ပါတယ်....
ဒါလေးကတော့ မြန်မာ့ယဉ်ကျေးမှုတွင် ဗလငါးတန်ရှိသည့်အနက် “ကာယဗလ“ “Physical Strength" လေးပါ...
ကာယဗလဆိုသည်မှာလည်း ကျန်းမာရေး တွင် အခြေခံပါသည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး “Health is Wealth" ဟုပင် ဗုဒ္ဓက ဟောပြဆုံးမ ခဲ့ပါသည်။
ကျန်းမာရေးမရှိက ပျော်ရွှင်မှုလည်းမရှိ အောင်မြင်မှုလည်း နတ္ထိဖြစ်ပေမည်။ ထို့ကြောင့်ပင် အင်္ဂလိပ်အခေါ်အဝေါ်အရ Without health, there is no happiness nor success ဟုဆိုကြပါသေးသည်။ မည်သို့ပင် ဆိုပါစေ ကျန်းမာမှုမရှိက ဘာမျှမရှိနိုင်တော့ဘူးဆိုတာ သူငယ်ချင်းတို့လဲ သိနိုင်မှာပါ။
ကာယဗလနှင့် ပြည့်စုံရန်မှာ ကျန်းမာရေးနှင့် ညီညွှတ်အောင်နေထိုင်တတ်ရမည်။ တွေရာစား၍ မရ။ ကြုံရာသောက်၍လည်း မဖြစ်ပေ။ မြန်မာစကားပုံ အဆိုအရ “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဆိုစကားရှိသည်မဟုတ်ပါလား။
Don't dig you grave with your teeth.မဆင်မခြင်စားပါက မိမိသေတွင်း မိမိတူးသည်နှင့် တူတတ်ပါသည်။ သဗ္ဗေသတ္တာ အာဟာရဌိတိကာ ရုပ်ကို အာဟာရကစောင့်ပါသည်။ သို့ဖြစ်၍ စားတတ်ဖို့ အရေးကြီးပါသည်။


အသက်ရှင်ဖို့အတွက် စားပါ၊ စားဖို့အတွက် အသက်မရှင် (Eat to live,not live to eat) နှင့်ဟူသော ဆုံးမစကားလည်းရှိပါသေးသည်။ စားသည်ဆိုရာ၌ ပါးစပ်အကျင့် ၀မ်းအချင့်ဟု ဆိုပြန်ရာ (Overeating brings on many diseases.) စားကောင်းတိုင်းသာ စားလို့ကတော့ ရောဂါကိုဖိတ်ခေါ်သလို ဖြစ်နေပါလိမ့်မည်။ ချင့်ချင့်ချိန်ချိန်စား၍ အသက်ရှည်အောင်နေပါ ထိုအချက်ကို အထူးသတိပြုသင့်ပါသည်။
လောကနီတိကျမ်းကလည်း ယခုလို ဆိုထားရာ
၁။ အစားအစာကို ကြေညက်မှ သာ ချီးမွမ်းရာ၏ ။
၂။ ဇနီးကို အရွယ်လွန်မှ ချီးမွမ်းရာ၏ ။
၃။ စစ်သည်ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏ ။
၎။ ကောက်နှံစပါးကို ကျီသို့ ရောက်ပြီးမှ ချီးမွမ်းရာ၏ ။
လူအများမှာ ပစ္စည်းတစ်ခု၏ တန်ဖိုးကို ထိုပစ္စည်းအား လိုအပ်လာတော့မှ သိကြရသည်။
အလားတူ ကျန်းမာရေး ဆုံးရှုံးတော့မှ ကျန်းမာရေး၏ တန်ဖိုးကိုသိလာကြရသည်။
ကာယဗလပြည့်စုံရေးအတွက် ကျန်းမာရေးကို ဘယ်လိုထိန်းကြမလဲ?
ကျန်းမာရေး စည်းကမ်းများကို လိုက်နာခြင်းဖြင့်သာ မိမိကျန်းမာရေးကို စောင့်ရှောက်နိုင်ပါသည်။
ပထမဦးစွာ သန့်ရှင်းလတ်ဆတ်သော အစာကို စားကြရမည်။
ဒုတိယ လေကောင်းလေသန့် လုံလောက်စွာ ရရှိရမည်။
တတိယ ကိုယ်လက်လှုပ်ရှား ပုံမှန်ကစားရမည်။
စတုတ္ထ လုံလောက်စွာ အိပ်စက်အနားယူရမည်။
နောက်ဆုံး ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး စသည့် မကောင်းသော အကျင့်ဆိုးများရှောင် ကြဉ်ရမည်။
ဤနည်းများဖြင့်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါမည်။
ကာယဗလနှင့် စပ်လျဉ်း၍ ဆင်ခြင်ဖွယ် ဆိုရိုးစကားများကိုလည်း အနည်းငယ် ဖော်ပြလိုပါသည်။
၁။ တစ်နေ့တစ်လုံး ဌက်ပျောသီးစား ဆရာဝန်အနားတို့ မသွား-
၂။ ပျော်ရွှင်နှလုံးသား - ဆေးစားသည်နှင့် မခြား-
၃။ ကျန်းမာခြင်းသည် ချမ်းမြေ့ပျော်ရွှင်ခြင်း၏ အရင်းခံ....-
၎။ ကျန်းမာခြင်းနှင့် နားလည်မှု၊ ဘ၀မင်္ဂလာနှစ်ခု။
၅။ ပျော်ရွှင်မှုနှင့် ၀မ်းနည်းခြင်း၊ ကပ်လျက်အိမ်နီးချင်း။
၆။ ခေါင်းကို အေးအေး၊ ခြေနွေးနွေး၊ ဆာမှ စားပေး၊ သက်ရှည်ဆေး-
၇။ ကျန်းမာသုခ ခံစားမှ ဘ၀ပီသ ရှင်သန်ရ။
၈။ ပျော်ပျော်ရွှင်ရွှင် လှုပ်ရှားပေး၊ သက်ရှည်ကျန်းမာ ချမ်းသာရေး။
၉။ အာရုံပြောင်းခြင်းကား ကောင်းသော အနားယူခြင်းနှင့် မခြားပေ။
၁၀။ အပြောင်းအလဲ ဟူသမျှ ဘ၀ရသ ထူးခြားလှ...။ 

No comments:

Post a Comment