Pages

Subscribe:

Ads 468x60px

Tuesday, February 7, 2012

တပို့တွဲ့လပြည့် ( သြ၀ါဒပါတိမောက်အခါတော်နေ့ )

  




(ဤကျောက်စာတော်သည် ရွှေတိဂုံစေတီပြတိုက်ရှေ့တွင်ရှိသည်
ဦးဘသော်ကောင်းမှုဖြစ်သည် မင်္ဂလာဗြူဟာ၏မြန်မာပြန်မူဖြစ်သည် ၊
သွားတက္ကသိုလ်မှထုတ်ဝေ၍မေတ္တာဗြူဟာအဖွဲ့မှဖြန့်ဝေသည်
စေတီတော် သိမ်တော်တို့၌ထိုကျောက်စာကိုရေးထိုးပူဇော်ကြရန်တိုက်တွန်ထားပါသည် )

မြန်မာ့ တို့၏၁၂ လ ရာသီလများတွင်ဗုဒ္ဓနှင့်ပတ်သက်သော ထူးခြားသည့်အဖြစ်အပျက်
တခုပါရှိမြဲဖြစ်သည်၊ တပို့လပြည့်နေသည်လည်း ဗုဒ္ဓသာသနာတော်တွင်တိုက်ဆိုင်မှုနှင့်အလွန်
ထူးခြားသောအချက် ၄ ချက်ရှိခဲ့သည်၊
၁။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည့်-သြ၀ါဒပါတိမောက်ကိုဟောကြားတော်မူခြင်း
၂။ အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း
၃။ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
၎၊ ကဿပညီနော် ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀
စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့သည်မည်သူမှပင့်ဘိတ်ထားခြင်းမရှိဘဲစုဝေးရောက်ရှိလာကြသည
့်အတွက်ထိုနေ့တွင်သြ၀ါဒပါတိမောက်ကို ဟောခြင်း
ဤသို့အင်္ဂါ ၄ ရပ်နှင့်ပြည်စုံသောကြောင့်တပို့တွဲလပြည်နေ့သည်နေ့ထူးနေ့မြတ်တနေ့ဖြစ်
ပါသည်၊ထိုနေ့တွင်သြ၀ါဒပါတိမောက်ဂါဌာကိုဟော်တော်မူသောကြောင့် တန်ပို့တွဲလပြည့်နေကို ”သြ၀ါဒပါတိမောက်”အခါတော်နေ့ဟုသတ်မှတ်ကြပါသည် ၊

တပို့တွဲလ

တပို့တွဲ တပို့တွဲလ


ငွေနှင်းပွင့်ဖြန့်ကျဲ
ကုမ်ရာသီနှင့် ပွင့်ပေါက်လဲ
လမြတ်တပို့တွဲ..။






တပို.တွဲသည် မြန်မာပြက္ခဒိန်၏ ဧကာဒသမလ။ တပို့တွဲလတွင် ၂၉ ရက်ရှိသည်​ (ရက်မစုံ)။
တပိုဝ်တွဲ (တပို့တွဲ) သည် ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ကိုရည်ညွှန်းသည်ကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်း ( Butea monosperma) ဖြစ်ပေသည်။
ပွဲတော်
တပို့တွဲလတွင် ထင်ရှားသော ပွဲတော်မှာ ထမနဲပွဲ ဖြစ်သည်။ ဗုဒ္ဓဘုရားကို နံသာများမီးရှို့၍ပူဇော်သော မီးပုံပွဲရှိသည်။

operating system (OS) 64 bit နှင့် 32 bit OS များ၏ စွမ်းဆောင်ရည်များ

တကယ်လို့ ကျွန်တော်တို့တွေဟာ လတ်တလော အခြေအနေမှာ ရှိနေတဲ့ operating system (OS)  တွေရဲ့ 64-bit နဲ့ 32-bit အကြောင်းကို တိတိကျကျ သိရှိမထားလို့ သူတို့ ( ၂ ) ဦးမှာ ဘယ်ဟာက ဘယ်သူ့ထက်ပိုကောင်းသလဲ ဆိုတာ ခွဲခြားရခက်နေမယ့် အခြေအနေမျိုး ရှိနေပြီဆိုရင် ဒီ မရေရာနဲ့ အသိစိတ်နဲ့ အတူ တဆက်တစပ်တည်း ပူးတွဲခံစားလာရတဲ့ မေးခွန်းတစ်ခုက " 64-bit version Windows ကို တကယ်ရော ကျွန်တော်တို့ အသုံးပြုသင့်ရဲ့လား ? " ဆိုတဲ့ မေးခွန်းပါ။ တကယ်လို့ အသုံးပြုသင့်ပြီ ဆိုရင်ရော " ဘာကြောင့် 64-bit version Windows ကို အသုံးပြုသင့်တာလဲ ? " ။ ဒီမေးခွန်းတွေအတွက် သင့်တော်မယ့် အဖြေတစ်ခုဆီ ကျွန်တော်တို့ချဉ်းကပ်ကြည့်ပါမယ်။

Sunday, February 5, 2012

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတာ.......


အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။

Related Posts Plugin for WordPress, Blogger...