Pages

Subscribe:

Ads 468x60px

Saturday, January 7, 2012

စိတ်ကြည်လင်စေဖို့ အကောင်းဆုံး Website များ



ယနေ့ခေတ်ကြီးဟာ ပြိုင်ဆိုင်မှုခေတ် (Hyper Competition Age)ကြီး ဖြစ်တာနဲ့အညီ လူတိုင်းလူတိုင်းဟာ နေ့စဉ်ဘ၀၊ နေ့စဉ်လုပ်ငန်းခွင်တွေမှာ စိတ်ဖိစီးမှု (Pressures) များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို များမြှောင်လှတဲ့ လူမှုကိစ္စတွေကြားမှာ မိမိတို့ရဲ့ စိတ်ကို ခေတ္တအနားပေးလိုကြသူတွေအတွက် ဒီတစ်လ Internet Travelling ကဏ္ဍမှာ ကမ္ဘာ့အကောင်းဆုံး Fresh Mind Websites လေးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကဲ ကိုယ့်ရဲ့စိတ်တွေကို Fresh-up လုပ်လိုက်ကြရအောင်။
www.ahajokes.com
ဟာသအတိုအထွာလေးတွေ အားတက်စရာ အဆို အမိန့်လေးတွေ၊ Funny Photo လေးတွေ၊ တိရိစ္ဆာန်တွေ၊ ကလေး လေးတွေရဲ့ ချစ်စဖွယ်အသံလေးတွေကို ကြည့်ရှုနားဆင်နိုင်ကြ မယ့် ကမ္ဘာ့အကောင်းဆုံး website ပါ။ ဥပမာ- IBM ရဲ့ Chairman Thomcs Waston ရဲ့ ၁၉၄၃ ခုနှစ်က ဟာသအမြောက်ဆုံး ခုလို Quotation လေးတွေကိုလည်း ရယ်ရွှင်သုတဖြစ်ဖွယ် ဖတ်ရှု ကြရမှာပါ။

ဆယ်ကျော်သက်တို့အတွက် အကောင်းဆုံး TEEN ၀က်ဘ်ဆိုဒ်များ



ယနေ့ ...လူငယ်၊ နောင်ဝယ် ...လူကြီးလို့ဆိုတဲ့အတိုင်း ဆယ်ကျော်သက် လူငယ်လူရွယ် (Teens) တွေဟာ တိုင်းပြည်ရဲ့အနာ ဂတ်အင်အား (Future Force) တွေ ဖြစ်ပါတယ်။ အထူးသဖြင့် စာရေး သူတို့နိုင်ငံမှာ online Media, Internet ကို အများဆုံးထိတွေ့သုံးစွဲနေ တာလည်း ဆယ်ကျော်သက် လူငယ်လူရွယ်တွေပါပဲ။ အင်တနာက်ဆို တာကလည်း လူငယ်လူရွယ်တွေအတွက် အကျိုးရှိစရာတွေများသလို အကျိုးယုတ်စရာ အန္တရာယ်တွေကလည်း ဒုနဲ့ဒေးမို့ ဒီတစ်လ Knoledge Bridge ပရိသတ်လူငယ်တွေအတွက် ကမ္ဘာ့အကောင်းဆုံး Teen Websites များကို တင်ပြပေးလိုက်ရပါတယ်။




နာမည်နဲ့အညီ ဆယ်ကျော်ဆက် Teen တွေအတွက် ဗဟို Center Help Line အနေနဲ့ Service ပေးထားတဲ့ Website တစ်ခုပါ။ လူငယ်လူရွယ်တွေ ကိုယ်တိုင်ပါဝင်ရေးသား လုပ်ဆောင်လို့ရတဲ့ အစီ အစဉ်ပေါင်းများစွာကို တင်ဆက်ပေးထားပါတယ်။ လူငယ်များနဲ့ပါတ် သက်ပြီး ကမ္ဘာ့အကောင်းဆုံး Teen Website တစ်ခုပါ။

ရွေးချယ်ဝယ်ယူဖို့ အကောင်းဆုံး USB Flash Drive များ


usb flash driveUSB Flash Drive များဟာ ယနေ့ခေတ်တွင် လူတိုင်း ရင်းနှီးနေကြသော ပစ္စည်းတစ်ခု ဖြစ်သည်။ အချက်အလက်တွေ သယ်ဆောင်သွားဖို့ အတွက်အရှိမဖြစ် အရေးပါတဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်။
ဝယ်ယူလိုတဲ့အခါမှာ ဝယ်ယူအသုံးပြုသူတွေ အနေနဲ့ ဘယ်လိုအမျိုးအစားတွေကို ရွေးချယ် ဝယ်ယူသင့်တယ် ဆိုတာတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ USB Drive ထပ်မံဝယ်ယူတဲ့အခါ အဓိကရွေးချယ်သင့်တဲ့ အမျိုအစား ဆယ်မျိုးကို ဖော်ပြပေးလိုပါတယ်။
တကယ်တော့ USB Flash Drive ဆိုတာဟာ USB 1.1 သို့မဟုတ် 2.0 နည်းပညာကို ထည့်သွင်းအသုံးပြုထားတဲ့ Memory Storage Device တစ်ခုပဲ ဖြစ်ပါတယ်။ USB Drive တွေဟာ ယခင်အသုံးပြုနေတဲ့ Floppy Disk တွေထက် ပိုမို အရွယ်အစား သေးငယ်ပြီး မြောက်များစွာသော Data တွေကို ထည့်သွင်းသိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင်ရွေ့ပြောင်းလိုအပ်တဲ့ အချက်အလက်၊ ရုပ်ပုံ၊ သီချင်းနဲ့ အခြားအရာတွေကို Drive ထဲသို့ ဖြစ်စေ Drive ထဲမှဖြစ်စေ ရွှေ့ပြောင်းနိုင်တယ် ဆိုတာကိုတော့ သိပြီး ဖြစ်ပါလိမ့်မယ်။
ကောင်းကျိုးတွေ အနေနဲ့ဆိုရင်တော့ သယ်ဆောင်ရလွယ်ကူပြီး စွမ်းဆောင်ရည် ပြည့်ဝတာကို အဓိကထား ပြောဆိုရမှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အလွန်ပေါ့ပါးပြီး 1GB မှ 64GB ထိ သင်နှစ်သက်လိုအပ်ရာ ပမာဏထိ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့လည်း USB Drive တွေ အနေနဲ့ အမျိုးအစားနဲ့ သိုလှောင်သိမ်းဆည်းနိုင်မှု ပမာဏပေါ် မူတည် ပြီး ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါတယ်။ အခြား Storage Device တွေလိုပဲ Data ပျက်စီး ဆုံးရှုံးမှု အန္တရာယ်ကတော့ ရှိနေပြီး ၎င်းတို့ဟာ အလွန်ပေါ့ပါး သေးငယ် တာကြောင့် အလွယ်တကူ ပျက်စီးဆုံးရှုံး နိုင်ပါတယ်။
အကောင်းဆုံး အနေနဲ့ကတော့ Memory Device တွေကိုသာ အဓိကထားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်တွေကို သာရွေးချယ်ဝယ် ယူသင့်ပါတယ်။ အောက်မှာ ဖော်ပြတဲ့ အမျိုးအစားတွေကိုတော့ သင် USB Drive ဝယ်ယူမယ်ဆိုရင် အဓိက ရွေးချယ် သင့်ပါတယ်။

ကမ္ဘာ့ပထမဆုံးသောအရာများ...

ကမ္ဘာ့ပထမဆုံးအရာများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

World’s First Digital Camera (1975): Created by Kodak's engineer Steve Sasson 
In December 1975, Kodak engineer Steve Sasson invented something that would, decades later, revolutionize photography: the world’s first digital camera. It was the size of a toaster, and captured black and white images at a resolution of 100×100 - or 0.01 megapixels in today’s marketing terminology. The images were stored on cassette tape, taking 23 seconds to write. The camera uses an ADC from Motorola, a bog-standard (for the 1970s) lens from a Kodak movie camera, and a CCD chip from Fairchild Semiconductor - the same technology that digital cameras still use today. To playback the images, a special computer and tape reader setup (pictured below) was built, outputting the grainy images on a standard TV. It took a further 23 seconds to read each image from tape. 
Worlds First See what was the First in the World 


Related Posts Plugin for WordPress, Blogger...